< ဆာလံ 108 >

1 အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။
အိုဘုရား သခင်၊ အကျွန်ုပ် နှလုံး သည် တည်ကြည် ပါ၏။ သီချင်း ဆိုပါမည်။ ဝိညာဉ် ပါ လျက် ချီးမွမ်း ထောမနာပြုပါမည်။
2 တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။
တယော နှင့် စောင်း တို့၊ နိုး ကြလော့။ ငါလည်း စောစော နိုး မည်။
3 အို ထာဝရဘုရား၊ ပရိတ်သတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည်။
အို ထာဝရဘုရား ၊ ပရိတ်သတ် အလယ် ၌ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ လူမျိုး တို့တွင် ကိုယ်တော် အား ထောမနာသီချင်း ဆိုပါမည်။
4 အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
အကြောင်း မူကား၊ ကရုဏာ တော်သည် ကောင်းကင် သို့ ၎င်း၊ သစ္စာ တော်သည် မိုဃ်းတိမ် သို့ ၎င်း မှီပါ၏။
5 အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။
အို ဘုရား သခင်၊ ကောင်းကင် မြင့်သည်ထက် ကိုယ်တော် ကြီးမြင့် တော်မူစေသတည်း။ မြေကြီး တပြင်လုံး ကို ဘုန်း တော်လွှမ်းမိုးပါစေသတည်း။
6 ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည် အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင် တော်မူပါ။
7 သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည်။
သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ၊ ဘုရား သခင် သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။
8 ဂိလဒ်ပြည်ကိုငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏ အစွမ်းဖြစ်ရ ၏။ ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။
ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကိုလည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား ငါ့ ဦးခေါင်း ၏ အစွမ်း ဖြစ်ရ ၏။ ယုဒ ပြည်ကား ငါ ၏လွှတ်တော် ဖြစ်ရ၏။
9 မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာဖြစ်ရ၏။ ဖိလိတ္တိပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော်မည်။
မောဘ ပြည်ကား ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား ငါ့ ခြေနင်း ရာဖြစ်ရ၏။ ဖိလိတ္တိ ပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။
10 ၁၀ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြ မည်နည်း။
၁၀အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ်သူ သွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ် သူလမ်း ပြ မည်နည်း။
11 ၁၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
၁၁အိုဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူ သောကိုယ်တော်သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော် မ မူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
12 ၁၂ ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
၁၂ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါမ တတ်နိုင်ကြပါ။
13 ၁၃ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။
၁၃ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။

< ဆာလံ 108 >