< ဆာလံ 108 >
1 ၁ အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည် ကြည်ပါ၏။ သီချင်းဆိုပါမည်။ ဝိညာဉ်ပါလျက် ချီးမွမ်း ထောမနာပြုပါမည်။
A Song, a Psalm of David. My heart is fixed, O God: I will sing, yea, I will sing psalms, even [with] my glory.
2 ၂ တယောနှင့် စောင်းတို့၊ နိုးကြလော့။ ငါလည်း စောစောနိုးမည်။
Awake, lute and harp: I will wake the dawn.
3 ၃ အို ထာဝရဘုရား၊ ပရိတ်သတ်အလယ်၌ ကိုယ်တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော် အား ထောမနာသီချင်းဆိုပါမည်။
I will give thee thanks among the peoples, O Jehovah; of thee will I sing psalms among the nations:
4 ၄ အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
For thy loving-kindness is great above the heavens, and thy truth is unto the clouds.
5 ၅ အို ဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။
Be thou exalted above the heavens, O God, and thy glory above all the earth.
6 ၆ ချစ်တော်မူသော သူတို့သည် ချမ်းသာရမည် အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာ လက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
That thy beloved ones may be delivered: save with thy right hand, and answer me.
7 ၇ သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍၊ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ် လယ်ပြင်ကို တိုင်းထွာမည်။
God hath spoken in his holiness: I will exult, I will divide Shechem, and mete out the valley of Succoth.
8 ၈ ဂိလဒ်ပြည်ကိုငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား ငါ့ဦးခေါင်း၏ အစွမ်းဖြစ်ရ ၏။ ယုဒပြည်ကား ငါ၏လွှတ်တော်ဖြစ်ရ၏။
Gilead is mine, Manasseh is mine, and Ephraim is the strength of my head; Judah is my law-giver;
9 ၉ မောဘပြည်ကား ငါ့ရေချိုးအိုး ဖြစ်ရ၏။ ဧဒုံပြည်ကား ငါ့ခြေနင်းရာဖြစ်ရ၏။ ဖိလိတ္တိပြည် အပေါ် မှာ အောင်သံနှင့် ကြွေးကြော်မည်။
Moab is my wash-pot; upon Edom will I cast my sandal; over Philistia will I shout aloud.
10 ၁၀ အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူ သွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါ့ကို အဘယ်သူလမ်းပြ မည်နည်း။
Who will bring me into the strong city? who will lead me unto Edom?
11 ၁၁ အိုဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော် မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော် မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
[Wilt] not [thou], O God, who didst cast us off? and didst not go forth, O God, with our armies?
12 ၁၂ ဒုက္ခနှင့်ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
Give us help from trouble; for vain is man's deliverance.
13 ၁၃ ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။
Through God we shall do valiantly; and he it is that will tread down our adversaries.