< ဆာလံ 105 >
1 ၁ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ကြလော့။ နာမတော်ကို ပဌနာပြုကြလော့။ အမှုတော် တို့ကို လူများတို့အား ပြသကြလော့။
Agradecei ao SENHOR, chamai o seu nome; anunciai suas obras entre os povos.
2 ၂ ထာဝရဘုရားကို သီချင်းဆိုကြလော့။ ဆာလံ သီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတော်အပေါင်း တို့ကို ဟောပြောကြလော့။
Cantai a ele, tocai músicas para ele; falai de todas as suas maravilhas.
3 ၃ သန့်ရှင်းသောနာမတော်၌ ဝါကြွား ဝမ်းမြောက် ကြလော့။ ထာဝရဘုရားကို ရှာသောသူတို့သည် စိတ်နှလုံး ရွှင်လန်းကြစေ။
Tende orgulho de seu santo nome; alegre-se o coração dos que buscam ao SENHOR.
4 ၄ ထာဝရဘုရားနှင့် တန်ခိုးတော်ကို ရှာကြလော့။ မျက်နှာတော်ကို အစဉ်မပြတ် ရှာကြလော့။
Buscai ao SENHOR e à sua força; buscai a presença dele continuamente.
5 ၅ စီရင်တော်မူသော အံ့ဩဘွယ်တို့ကို၎င်း၊ ထူးဆန်းသော အမှုတော်တို့နှင့် နှုတ်ထွက်ပညတ်တို့ကို၎င်း အောက်မေ့ကြလော့။
Lembrai-vos de suas maravilhas, que ele fez; de seus milagres, e dos juízos de sua boca.
6 ၆ ထာဝရဘုရား၏ကျွန်အာဗြဟံအမျိုး၊ ရွေး ကောက်တော်မူသော ယာကုပ်အနွှယ်တို့၊
Vós, [que sois da] semente de seu servo Abraão; vós, filhos de Jacó, seus escolhidos.
7 ၇ ကိုယ်တော်မြတ် ထာဝရဘုရားသည် ငါတို့ ဘုရားသခင်ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံး၌ တရား စီရင်ပိုင်တော်မူ၏။
Ele é o SENHOR, nosso Deus; seus juízos [estão] em toda a terra.
8 ၈ ငါသည်သင်တို့ အမွေခံရာဘို့ခါ နာန်ပြည်ကို သင်၌ပေးမည်ဟု ငါတို့အမျိုးသည် အရေအတွက် အားဖြင့် မများ၊
Ele se lembra para sempre de seu pacto, da palavra que ele mandou até mil gerações;
9 ၉ အလွန်နည်း၍ ထိုပြည်၌ ဧည့်သည် ဖြစ်လျက်နေသောအခါ၊
O qual ele firmou com Abraão, e de seu juramento a Isaque.
10 ၁၀ အာဗြဟံ၌ဂတိထား၍၊ ဣဇာက် ၌ ကျိန်ဆိုတော်မူလျက်၊
O qual também confirmou a Jacó como estatuto, a Israel como pacto eterno.
11 ၁၁ ယာကုပ်၌ မြဲမြံသောတရား၊ ဣသရေလ၌ နိစ္စထာဝရပဋိညာဉ်ဖြစ်စေခြင်းငှါ၊
Dizendo: A ti darei a terra de Canaã, a porção de vossa herança.
12 ၁၂ လူမျိုး အဆက် တထောင်တိုင်အောင် မိန့်မြွက်တော်မူသော နှုတ်ကပတ်တည်းဟူသော ဝန်ခံခြင်းတရားတော်ကို အစဉ်အမြဲ အောက်မေ့တော်မူ၏။
Sendo eles poucos em número; [eram] poucos, e estrangeiros nela.
13 ၁၃ သူတို့သည် တမြို့မှတမြို့သို့၎င်း၊တနိုင်ငံမှ တနိုင်ငံသို့၎င်း၊ လှည့်လည်၍ သွားကြသောအခါ၊
E andaram de nação em nação, de um reino a outro povo.
14 ၁၄ သူတို့ကို ညှဉ်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ။ သူတို့အတွက်လည်းရှင်ဘုရင်တို့ကို ဆုံးမလျက်၊
Ele não permitiu a ninguém que os oprimisse; e por causa deles repreendeu a reis,
15 ၁၅ ငါ့ထံ၌ ဘိသိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။
[Dizendo]: Não toqueis nos meus ungidos, e não façais mal a meus profetas.
16 ၁၆ တဖန်တုံ၊ ထိုပြည်၌ မွတ်သိပ်ခြင်းဘေးကို ခေါ်၍၊ အစာအာဟာရတည်းဟူသော အထောက်အပင့် ရှိသမျှကို ချိုးဖျက်တော်မူသောအခါ၊
E chamou a fome sobre a terra; ele interrompeu toda fonte de alimento;
17 ၁၇ ကျွန်ဖြစ်စေဘို့ အရောင်းခံရသော ယောသပ် ကို သူတို့ရှေ့မှာ စေလွှတ်တော်မူ၏။
Enviou um homem adiante deles: José, [que] foi vendido como escravo.
18 ၁၈ သူ့ကိုခြေချင်းခတ်၍ သံနှင့်ညှဉ်းဆဲကြ၏။
Amarraram seus pés em correntes; ele foi preso com ferros;
19 ၁၉ သူ၏စကား မပြည့်စုံမှီတိုင်အောင်၊ ထာဝရ ဘုရား၏ အမိန့်တော်အတိုင်း စုံစမ်းခြင်းကို ခံရ၏။
Até o tempo que sua mensagem chegou, a palavra do SENHOR provou o valor que ele tinha.
20 ၂၀ လူတို့ကို အစိုးရသော အရှင်တည်းဟူသော ရှင်ဘုရင်သည် စေလွှတ်၍ သူ့ကိုနှုတ်ပြီးမှ ချမ်းသာ ပေးတော်မူ၏။
O rei mandou que ele fosse solto; o governante de povos o libertou.
21 ၂၁ သူသည် မိမိအလိုရှိသည်အတိုင်း မင်းအရာရှိ တို့ကို ချည်နှောင်၍၊
Ele o pôs como senhor de sua casa, e por chefe de todos os seus bens,
22 ၂၂ မှူးတော်မတ်တော်တို့ကို ဆုံးမပိုင် သော အခွင့်နှင့် နန်းတော်အုပ်၊ နိုင်ငံတော်အုပ်အရာ၌ ထိုသူကို ခန့်ထားတော်မူ၏။
Para dar ordens a suas autoridades, e instruir a seus anciãos.
23 ၂၃ ဣသရေလသည်လည်း အဲဂုတ္တုပြည်သို့ ရောက် လာ၍၊ ယာကုပ်သည် ဟာမအမျိုးနေရာပြည်၌ တည်းခို၏။
Então Israel entrou no Egito; Jacó peregrinou na terra de Cam.
24 ၂၄ ဘုရားသခင်သည် မိမိလူတို့ကို အလွန်များပြား စေ၍၊ ရန်သူတို့ထက် အားကြီးစေတော်မူ၏။
E fez seu povo crescer muito, e o fez mais poderoso que seus adversários.
25 ၂၅ မိမိလူတို့ကို ရန်သူတို့သည်မုန်း၍၊ မိမိကျွန်တို့ကို ပရိယာယ်ပြုမည် အကြောင်း၊ ထိုသူတို့ စိတ်နှလုံးကို ပြောင်းလဲစေတော် မူ၏။
E mudou o coração [dos outros], para que odiassem ao seu povo, para que tratassem mal a seus servos.
26 ၂၆ တဖန်မိမိကျွန် မောရှေနှင့်ရွေးကောက်တော်မူသော အာရုန်ကို စေလွှတ်တော်မူ၏။
[Então] enviou seu servo Moisés, e a Arão, a quem tinha escolhido;
27 ၂၇ အဲဂုတ္တုပြည်သားတို့တွင်၊ လက္ခဏာသက်သေ တော်တို့ကိုပြ၍၊ ဟာမအမျိုးနေရာပြည်၌ အံ့ဘွယ်သော အမှုတို့ကို ပြုကြ၏။
[Que] fizeram entre eles os sinais anunciados, e coisas sobrenaturais na terra de Cam.
28 ၂၈ မှောင်မိုက်ကိုစေလွှတ်၍၊ မိုက်မဲစေတော်မူ၏။ သူတို့သည် နှုတ်ကပတ်တော်ကို ဆန့်ကျင်ဘက်မပြုရကြ။
Ele mandou trevas, e fez escurecer; e não foram rebeldes a sua palavra.
29 ၂၉ သူတို့ရေများကို အသွေးဖြစ်စေ၍၊ ငါးများကို သေစေတော်မူ၏။
Ele transformou suas águas em sangue, e matou a seus peixes.
30 ၃၀ သူတို့မြေသည် များစွာသော ဘားတို့ကို မင်းအိပ်ရာအခန်းတို့ ၌ပင်ဘွားလေ၏။
A terra deles produziu rãs em abundância, [até] nos quartos de seus reis.
31 ၃၁ အမိန့်တော်ရှိ၍ ယင်ရဲနှင့်ခြင်တို့သည် တပြည် လုံးကို နှံ့ပြား ကြ၏။
Ele falou, e vieram vários bichos [e] piolhos em todos os seus limites.
32 ၃၂ မိုဃ်းရေအစား မိုဃ်းသီးကို၎င်း၊ သူတို့မြေပေါ် မှာ မီးလျှံကို၎င်း ပေးတော်မူ၏။
Tornou suas chuvas em saraiva; [pôs] fogo ardente em sua terra.
33 ၃၃ သူတို့စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကို ထိခိုက်၍၊ တပြည်လုံး၌ရှိသော သစ်ပင်များကို ချိုးတော် မူ၏။
E feriu suas vinhas e seus figueirais; e quebrou as árvores de seus territórios.
34 ၃၄ အမိန့်တော်ရှိ၍ မရေတွက်နိုင်အောင်၊ အရာ ဘကျိုင်းနှင့် ယာလက်ကျိုင်းတို့သည် လာ၍၊
Ele falou, e vieram gafanhotos, e incontáveis pulgões;
35 ၃၅ သူတို့ပြည်မှာ ဟင်းသီးဟင်းရွက်ရှိသမျှတို့ကို၎င်း၊ မြေဩဇာ အသီးအနှံတို့ကို၎င်းကိုက်စားကြ၏။
E comeram toda a erva de sua terra; e devoraram o fruto de seus campos.
36 ၃၆ သူတို့အစွမ်းသတ္တိ အထွဋ်အမြတ်တည်းဟူသော သူတို့ပြည်မှာ သားဦးအပေါင်းတို့ကို ဒဏ်ခတ်တော်မူ၏။
Também feriu a todos os primogênitos em sua terra; os primeiros de todas as suas forças.
37 ၃၇ မိမိလူတို့ကို ရွှေငွေပါလျက် ထုတ်ဆောင်တော် မူ၍၊ သူတို့အစုစု၌ အားနည်းသော သူတယောက်မျှမရှိ။
E os tirou [dali] com prata e ouro; e dentre suas tribos não houve quem tropeçasse.
38 ၃၈ အဲဂုတ္တုပြည်သည် သူတို့ကို ကြောက်သော ကြောင့်၊ သူတို့သည် ထွက်သွားသောအခါ တပြည်လုံး ဝမ်းမြောက်၏။
[Até] o Egito se alegrou com a saída deles, porque seu temor tinha caído sobre eles.
39 ၃၉ သူတို့အပေါ်မှာ မိုဃ်းတိမ်ကိုဖြန့်မိုး၍၊ ညဉ့်အခါ လင်းစရာဘို့ မီးကိုပေးတော်မူ၏။
Ele estendeu uma nuvem como cobertor, e um fogo para iluminar a noite.
40 ၄၀ သူတို့သည် တောင်းသောအခါ ငုံးများကို ဆောင်ခဲ့တော်မူ၍၊ သူတို့ကို ကောင်းကင်မုန့်နှင့် ရောင့်ရဲ စေတော်မူ၏။
Eles pediram, e fez vir codornizes; e os fartou com pão do céu.
41 ၄၁ ကျောက်ကိုလည်း ဖွင့်လှစ်တော်မူသဖြင့်၊ ရေ သည် ထွက်၍ သွေ့ခြောက်သောအရပ်၌ မြစ်ကဲ့သို့စီးသွား လေ၏။
Ele abriu uma rocha, e dela saíram águas; [e] correram [como] um rio pelos lugares secos;
42 ၄၂ အကြောင်းမူကား၊ မိမိကျွန် အာဗြဟံ၌ ထားခဲ့ ဘူးသော သန့်ရှင်းသော ဂတိတော်ကို အောက်မေ့တော် မူ၏။
Porque se lembrou de sua santa palavra, e de seu servo Abraão.
43 ၄၃ ရွေးကောက်တော်မူသော မိမိလူတို့ကို ဝမ်း မြောက်ရွှင်လန်းခြင်းနှင့်တကွ ထုတ်ဆောင်တော်မူ၏။
Então ele tirou [dali] a seu povo com alegria; e seus eleitos com celebração.
44 ၄၄ သူတို့သည် အထုံးအဖွဲ့တော်တို့အတိုင်း ကျင့်၍၊ ပညတ်တရားတော်ကို စောင့်ရှောက်မည်အကြောင်း၊ တပါးအမျိုးသားတို့၏မြေကို ပေးတော်မူသဖြင့်၊ သူတို့ သည် အခြားသောလူတို့၏ အလုပ်ထဲသို့ ဝင်စားရကြ၏။ ဟာလေလုယ။
E lhes deu as terras das nações; e do trabalho das nações tomaram posse;
Para que guardassem seus estatutos, e obedecessem a leis dele. Aleluia!