< ဆာလံ 104 >
1 ၁ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ် တော်သည် အလွန်ကြီးမြတ်တော်မူ၏။ ဘုန်းတန်ခိုးအာနု ဘော်နှင့် တန်ဆာဆင်တော်မူ၏။
Binecuvântează pe DOMNUL, suflete al meu. DOAMNE Dumnezeul meu, tu ești foarte mare; tu ești îmbrăcat cu onoare și maiestate.
2 ၂ အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုဃ်းကောင်းကင်ကို မျက်နှာကြက် ကဲ့သို့ ကြက်တော်မူထသော၊
Cel care se acoperă cu lumină precum cu o haină, cel care întinde cerurile ca pe o perdea,
3 ၃ နေတော်မူရာအထက်ခန်း၊ အမြစ်ကိုရေ၌ တည် တော်မူထသော၊ မိုဃ်းတိမ်ရထားကို စီး၍၊ လေအတောင် တို့ဖြင့် ကြွသွားတော်မူထသော၊
Cel care pune bârnele cămărilor lui în ape, cel care face din nori carul său; cel care umblă pe aripile vântului;
4 ၄ မိမိတမန်တို့ကို လေကဲ့သို့၎င်း၊ မိမိအစေအပါး တို့ကို မီးလျှံကဲ့သို့၎င်း ဖြစ်စေတော်မူထသော၊
Cel care face îngerii lui duhuri; pe servitorii lui un foc arzând;
5 ၅ မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ် စေခြင်းငှါ၊ တည်တော်မူသော ဘုရားပေတည်း။
Care a pus fundațiile pământului, ca să nu fie clintit niciodată.
6 ၆ ကိုယ်တော်သည် မြေကြီးကို အဝတ်နှင့် ဖုံးသကဲ့ သို့၊ ပင်လယ်နှင့် ဖုံးတော်မူ၍၊ ရေတို့သည် တောင်များ အပေါ်မှာ ရပ်နေကြပါ၏။
Tu l-ai acoperit cu adâncul precum cu o haină, apele au stat deasupra munților.
7 ၇ တဖန် ဆုံးမတော်မူ၍ သူတို့သည် ပြေးကြပါ၏။ မိုဃ်းချုန်းတော်မူသံကိုကြား၍၊ အလျင်အမြန် ပြန်သွား ကြပါ၏။
La mustrarea ta ele au fugit; la vocea tunetului tău au plecat în grabă.
8 ၈ တောင်တို့သည် တက်လျက်၊ ချိုင့်တို့သည် ဆင်း လျက်၊ သူတို့ဘို့ ခွဲခန့်တော်မူသော အရပ်သို့ ရောက်ကြ ပါ၏။
Ele urcă pe munți; coboară pe văi spre locul pe care tu l-ai întemeiat pentru ele.
9 ၉ ရေတို့သည် ပြန်လာ၍ မြေကြီးကို မလွှမ်းမိုး စေခြင်းငှါ၊ မကျော်ရသော နယ်စပ်ကိုပိုင်းခြားတော်မူ၏။
Ai așezat un hotar ca ele să nu treacă peste el, ca să nu se întoarcă din nou să acopere pământul.
10 ၁၀ ထာဝရဘုရားသည် ချိုင့်များထဲသို့ စမ်းရေကို လွှတ်တော်မူ၍၊ ရေသည် တောင်တို့တွင် စီးလျက်၊
El trimite izvoarele în văile care aleargă printre dealuri.
11 ၁၁ မြေတိရစ္ဆာန် အပေါင်းတို့အား သောက်ရသော အခွင့်ကို ပေး၏။ မြည်းရိုင်းတို့သည် အငတ်ပြေရကြ၏။
Ele adapă fiecare fiară a câmpului, măgarii sălbatici își astâmpără setea.
12 ၁၂ ထိုရေအနားမှာ မိုဃ်းကောင်းကင်ငှက်တို့သည် နေရာကျ၍၊ သစ်ပင်အခက်အလက်တို့တွင် ကြွေးကြော် ကြ၏။
Prin ele păsările cerului, care cântă printre ramuri, își vor avea locuințele.
13 ၁၃ အထက်ခန်းတော်ထဲက တောင်များကို ရေပေး တော်မူ၏။ စီရင်ပြုပြင်တော်မူခြင်းအကျိုးကြောင့်၊ မြေကြီးသည် ရောင့်ရဲလျက်ရှိ၏။
El adapă dealurile din cămările lui, pământul este săturat cu rodul lucrărilor tale.
14 ၁၄ တိရစ္ဆာန်ဘို့ မြက်ပင်ကို၎င်း၊ လူသုံးဘို့ စပါးပင်ကို၎င်း ပေါက်စေတော်မူသဖြင့်၊ မြေကြီးထဲက မုန့်ကို ထုတ်ဘော်တော်မူ၏။
El face să crească iarba pentru vite și verdeață pentru folosul omului, ca să aducă hrană din pământ;
15 ၁၅ စပျစ်ရည်သည်လည်း လူတို့ကို ရွှင်လန်းစေ၏။ ဆီအားဖြင့်လည်း သူတို့မျက်နှာကို ပြောင်စေတော်မူ၏။ မုန့်သည်လည်း၊ သူတို့နှလုံးကို ထောက်မ၏။
Și vin, care face inima omului veselă, și untdelemn pentru a face fața lui să strălucească și pâine care întărește inima omului.
16 ၁၆ ထာဝရဘုရား၏သစ်ပင်၊ စိုက်တော်မူသော လေဗနုန်အာရဇ်ပင်တို့သည်လည်း ရောင့်ရဲလျက်ရှိကြ၏။
Copacii DOMNULUI sunt plini de sevă; cedrii Libanului, pe care i-a sădit,
17 ၁၇ ထိုအပင်တို့၌ ငှက်တို့သည် အသိုက်လုပ်တတ် ကြ၏။ ထင်းရူးပင်တို့၌ တောငန်းတို့သည် နေရာကျ တတ်ကြ၏။
Unde păsările își fac cuiburile; cât despre barză, brazii sunt casa ei.
18 ၁၈ မြင့်သောတောင်တို့သည် တောဆိတ်များမှီခိုရာ၊ ကျောက်တို့သည် ရှာဖန်ယုန်များ မှီခိုရာ ဖြစ်ကြ၏။
Dealurile înalte sunt un loc de scăpare pentru caprele sălbatice; și stâncile pentru iepuri.
19 ၁၉ ချိန်းချက်သောအချိန်ဘို့၊ လကို ဖန်းဆင်းတော် မူပြီ။ နေသည်လည်း၊ မိမိဝင်ရသော အချိန်ကိုသိ၏။
El a rânduit luna pentru anotimpuri, soarele își cunoaște apusul.
20 ၂၀ ကိုယ်တော်သည် မှောင်မိုက်ကို စီရင်တော်မူ၍ ညဉ့်ဖြစ်ပါ၏။ ထိုအချိန်၌ တောတိရစ္ဆာန်အပေါင်းတို့ သည် တွားလျက် ထွက်တတ်ကြပါ၏။
Tu faci întuneric și este noapte, în care toate fiarele pădurii se furișează.
21 ၂၁ ခြင်္သေ့ပျိုတို့သည် လုယက်ခြင်းအလိုငှါ ဟောက် ၍၊ ဘုရားသခင့်ထံမှာ အစာကို ရှာကြပါ၏။
Leii tineri răcnesc după prada lor și își caută hrana de la Dumnezeu.
22 ၂၂ တဖန်နေထွက်ပြန်လျှင်၊ သူတို့သည် ဆုတ်သွား ၍ နေမြဲတွင်းတို့၌ အိပ်နေကြပါ၏။
Soarele răsare, ei se adună și se culcă în vizuinile lor.
23 ၂၃ လူသည်လည်း လုပ်ဆောင်ပြုမူခြင်းငှါ ညဦး တိုင်အောင် ထွက်သွားပါ၏။
Omul iese la lucrarea lui și la munca lui până seara.
24 ၂၄ အို ထာဝရဘုရား၊ ကိုယ်တော်စီရင် ပြုပြင်တော် မူသော အရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှ တို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီး သည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။
DOAMNE, cât de multe sunt lucrările tale! În înțelepciune le-ai făcut pe toate, pământul este plin de bogățiile tale.
25 ၂၅ မရေတွက်နိုင်အောင် တွားတတ်သော တိရစ္ဆာန် အစရှိသော တိရစ္ဆာန်အကြီးအငယ်များတို့နေရာ ကြီးမား ကျယ်ဝန်းသော သမုဒ္ဒရာလည်း ရှိပါသေး၏။
Așa este această măreață și largă mare, în care sunt nenumărate lucruri furișându-se, deopotrivă fiare mici și mari.
26 ၂၆ ထိုအရပ်၌ သင်္ဘောတို့သည် သွားလာကြပါ၏။ ထိုအရပ်၌ ကွန့်မြူးစေခြင်းငှါ ဖန်ဆင်းတော်မူသော ငါးကြီးလဝိသန်သည်လည်း ရှိပါ၏။
Acolo merg corăbiile, acolo este acel leviatan, tu l-ai făcut să se joace în ea.
27 ၂၇ ထိုသို့သော တိရစ္ဆာန်အပေါင်းတို့သည် အချိန် တန်လျှင် အစာကျွေးတော်မူစေခြင်းငှါ၊ ကိုယ်တော်ကို မြော်လင့်လျက် နေကြပါ၏။
Acestea toate te așteptă, ca să le dai hrana la timpul cuvenit.
28 ၂၈ ကိုယ်တော်ချထားတော်မူသည်အတိုင်း သူတို့ သည် သိမ်းယူကြပါ၏။ လက်တော်ကို ဖွင့်တော်မူသော အားဖြင့်၊ သူတို့သည် ကောင်းသောအရာနှင့် ရောင့်ရဲကြ ပါ၏။
Ce le dai, ele adună, tu îți deschizi mâna, ele se umplă cu bunătăți.
29 ၂၉ မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့အသက်ကို ရုပ်သိမ်းတော်မူလျှင်၊ သူတို့သည် သေ၍ မိမိတို့မြေမှုန့်ထဲသို့ ပြန်သွားကြပါ၏။
Îți ascunzi fața, ele se tulbură; le iei suflarea, ele mor și se întorc în țărâna lor.
30 ၃၀ တဖန်ဝိညာဉ်တော်ကို လွှတ်၍၊ သူတို့ကို ဖန်ဆင်းတော်မူသဖြင့်၊ မြေကြီးမျက်နှာကို အသစ်ပြုပြင် တော်မူ၏။
Trimiți duhul tău, ele sunt create și înnoiești fața pământului.
31 ၃၁ ထာဝရဘုရား၏ဘုန်းတော်သည် နိစ္စအမြဲ တည်၏။ ထာဝရဘုရားသည် မိမိအမှုတော်တို့တွင် ဝမ်းမြောက်တော်မူ၏။
Gloria DOMNULUI va dăinui pentru totdeauna, DOMNUL se va bucura în lucrările lui.
32 ၃၂ မြေကြီးကို ကြည့်ရှုတော်မူ၍ သူသည် တုန်လှုပ် တတ်၏။ တောင်တို့ကို တို့တော်မူ၍၊ သူတို့သည် မီးခိုး ထွက်တတ်ကြပါ၏။
El se uită pe pământ și acesta tremură, atinge dealurile și ele fumegă.
33 ၃၃ ငါသည် အသက်ရှင်စဉ်၊ ထာဝရဘုရားကို သီချင်းဆိုမည်။ ငါဖြစ်သည် ကာလပတ်လုံး၊ ငါ၏ ဘုရား သခင်ကို ထောမနာသီချင်းဆိုမည်။
Voi cânta DOMNULUI cât timp trăiesc, voi cânta laudă Dumnezeului meu cât timp voi fi.
34 ၃၄ ငါဥဒါန်းကျူးခြင်းအသံသည် နှစ်သက်တော်မူ ဘွယ်ဖြစ်၍၊ ထာဝရဘုရား၌ ငါရွှင်လန်းလိမ့်မည်။
Meditația mea despre el va fi dulce, mă voi veseli în DOMNUL.
35 ၃၅ ပြစ်မှားသောသူတို့ကို မြေကြီးမှ သုတ်သင် ပယ်ရှင်း၍၊ မတရားသော သူတို့သည် နောက်တဖန် မဖြစ်ရကြ။ အိုငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ဟာလေလုယ။
Să fie mistuiți păcătoșii de pe pământ și să nu mai fie cei stricați. Binecuvântează pe DOMNUL, suflete al meu. Lăudați pe DOMNUL.