< ဆာလံ 103 >
1 ၁ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။
[Псалом] Давида. Благослови, душе моя, Господа, і все нутро моє [прослав] святе ім’я Його!
2 ၂ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
Благослови, душе моя, Господа, і не забувай усіх добрих діянь Його!
3 ၃ သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
Він прощає всі беззаконня твої, зцілює всі твої хвороби,
4 ၄ သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
визволяє від безодні смерті життя твоє; Хто вінчає тебе милістю й щедротами,
5 ၅ သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
задовольняє бажання твої добром – [тоді] оновлюється, немов орел, юність твоя.
6 ၆ ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
Господь творить справедливість і правосуддя всім пригніченим.
7 ၇ ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။
Він показав шляхи Свої Мойсею і діяння Свої – синам Ізраїлевим.
8 ၈ ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
Милостивий і милосердний Господь, довготерпеливий і щедрий на доброту.
9 ၉ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
Він не буде постійно вести судову суперечку й [гнів] триматиме не вічно.
10 ၁၀ ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
Не за нашими гріхами Він вчинив нам і віддячив нам не так, як ми заслужили нашими переступами.
11 ၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
Адже як високо небо над землею, так звеличилася милість Його над тими, хто Його боїться.
12 ၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။
Як далеко схід від заходу, так віддалив Він від нас наші беззаконня.
13 ၁၃ အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ၏။
Як милує батько синів, так милує Господь тих, хто боїться Його.
14 ၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ၏။
Бо Він знає нашу сутність, пам’ятає, що ми – порох.
15 ၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ်၏။
Дні людини – немов трава; як цвіт польовий, так цвіте вона.
16 ၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။
Як тільки вітер пронесеться над ним, не стане його, і більше не впізнає його місце, [де він ріс].
17 ၁၇ ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ်၏။
А милість Господа споконвіку й навіки над тими, хто боїться Його, і праведність Його – на синах синів,
18 ၁၈ သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
що бережуть Його Завіт і пам’ятають настанови Його, щоб їх виконувати.
19 ၁၉ ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
Господь на небесах утвердив престол Свій, і Царство Його панує над усім.
20 ၂၀ တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
Благословіть Господа, ангели Його, могутні силою, що виконують сказане Ним, слухаючись голосу Його слова!
21 ၂၁ အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
Благословіть Господа, усі воїнства Його, слуги Його, що виконують Його волю!
22 ၂၂ နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
Прославте Господа, усі діяння Його, на всіх місцях Його панування! Благослови, душе моя, Господа!