< ဆာလံ 103 >

1 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေး လော့။ ငါ၏ အထဲမှာ ရှိသမျှတို့၊ သန့်ရှင်းသော နာမတော် ကို ကောင်းကြီးပေးကြလော့။
E HOOMAIKAI ia Iehova, e kuu uhane, A me kona inoa hoano hoi, e ko loko o'u a pau.
2 အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီး ပေးလော့။ ကျေးဇူးတော်အပေါင်းကို မမေ့လျော့နှင့်။
E hoomaikai ia Iehova, e kuu uhane, Aole hoi e hoopoina i kona lokomaikai a pau;
3 သင်၏အပြစ်အလုံးစုံတို့ကို ဖြေလွှတ်၍၊ သင်၏ အနာရောဂါရှိသမျှတို့ကိုလည်း ပျောက်စေတော်မူ၏။
Ka mea i kala mai i ko'u hala a pau, Ka mea i hoola i kou mau mai a pau;
4 သင်၏အသက်ကို ဖျက်ဆီးခြင်းထဲက ရွေး၍ ကျေးဇူးတော်၊ ကရုဏာတော်များနှင့် သင်၏ခေါင်းကို ပတ်ရစ်တော်မူ၏။
Ka mea i hoola panai i kou ola mai ka lua mai; Ka mea i kau maluna ou i ka leialii o ka lokomaikai, a me ke aloha:
5 သင့်ကို အသက်ကြီးစဉ်၊ ကောင်းသောအရာနှင့် ရောင့်ရဲစေတော်မူသဖြင့်၊ သင်၏အရွယ်သည် ရွှေလင်းတ ၏အရွယ်ကဲ့သို့ ပြုပြင်ခြင်းရှိ၏။
Ka mea hoomaona i kou uhane i ka maikai; A hoihoiia mai kou wa opiopio, me he aito la.
6 ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကို ခံရသမျှ သော သူတို့အဘို့ တရားပေး၍ စီရင်ဆုံးဖြတ်တော်မူ၏။
Ke hana mai nei o Iehova i ka pololei, A me ka hoopono no ka poe a pau i hooluhiia.
7 ဘာသာဓလေ့တော်တို့ကို မောရှေ၌၎င်း၊ စီရင် တော်မူသော အမှုအရာတို့ကို ဣသရေလအမျိုးသားတို့၌ ၎င်း ပြတော်မူပြီ။
Hoike mai la oia i kona mau aoao ia Mose, A me kana mau hana mana i na mamo a lseraela.
8 ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။
He lokomaikai o Iehova, he aloha hoi, He lohi ka huhu, a ua nui hoi ke aloha.
9 အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။
Aole ia e hoomau i ka huhu mai; Aole hoi ia e hookaulua mau loa.
10 ၁၀ ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်၊
Aole ia i hana mai ia kakou e like me ko kakou hewa. Aole hoi i hoopai mai ia kakou e like me ko kakou hala.
11 ၁၁ မြေကြီးပေါ်တွင် ကောင်းကင်အမြင့်ရှိသည် အတိုင်း၊ ထာဝရဘုရားကို ကြောက်ရွံသော သူတို့၌ ကရုဏာတော်သည် အားကြီးပေ၏။
No ka mea, e like me ke kiekie o ka lani maluna o ka honua, Pela no ka nui o kona lokomaikai i ka poe i makau aku ia ia.
12 ၁၂ အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်း နှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေ တော်မူ၏။
E like me ka loihi, mai ka hikina a i ke komohana, Ua hookaawale aku oia i ko kakou hewa mai o kakou aku.
13 ၁၃ အဘသည်သားတို့ကို သနားစုံမက်သည်နည်းတူ၊ ထာဝရဘုရားသည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက် တော်မူ၏။
Me ka makua e aloha ana i kana keiki, Pela no o Iehova e aloha'i i ka poe e makau aku ia ia.
14 ၁၄ အကြောင်းမူကား၊ ငါတို့ကိုယ်ခန္ဓာကို သိတော် မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော် မူ၏။
No ka mea, ua ike mai oia i ko kakou ano; Ke hoomanao nei no hoi he lepo kakou.
15 ၁၅ လူတို့၏ နေ့ရက်ကာလသည် မြက်ပင်ကဲ့သို့ ဖြစ်၏။ လူသည် လယ်ပြင်၌ရှိသော ပန်းပွင့်ကဲ့သို့ ပွင့် တတ်၏။
O na kanaka, ua like ko lakou mau la me ka mauu; Me ka pua hoi o ke kula, pela no kona pua ana.
16 ၁၆ လေသည် လွန်သွားလျှင် အပွင့်ပျောက်၍၊ သူ၏နေရာသည် နောက်တဖန် သူ့ကိုမသိရာ။
No ka mea, pa mai la ka makani maluna ona, a ua ole ia; Aole e manao hou mai kona wahi ia ia.
17 ၁၇ ထာဝရဘုရား၏ကရုဏာတော်မူကား၊ ကြောက် ရွံ့သော သူတို့အပေါ်သို့ ကာလအစဉ်အဆက် သက် ရောက်တတ်၏။
Aka, o ka lokomaikai o Iehova, mai kahiko loa mai ia, a mau loa aku no, Maluna o ka poe i makau aku ia ia, A me kona pono hoi, maluna o na keiki a na keiki:
18 ၁၈ သစ္စာတော်ကိုစောင့်၍ ပညတ်တော်တို့ကို ကျင့် ခြင်းငှါ၊ သတိပြုသောသူတို့၏ သားစဉ်မြေးဆက်တို့သည် ကုသလတရားတော်နှင့် ဆိုင်ရကြ၏။
Maluna hoi o ka poe e malama i kona berita, A me ka poe hoomanao i kana mau kauoha, e hana malaila.
19 ၁၉ ထာဝရဘုရားသည် ပလ္လင်တော်ကို ကောင်း ကင်ဘုံ၌ တည်တော်မူ၍၊ အာဏာတော်သည် ခပ်သိမ်း သော အရပ်တို့ကို နှံ့ပြား၏။
Ua hoonoho paa o Iehova i kona nohoalii ma ka lani; A noho alii hoi kona aupuni maluna o na mea a pau.
20 ၂၀ တန်ခိုးကြီး၍ နှုတ်ကပတ်တော်အသံကို နား ထောင်လျက်၊ အမိန့်တော်အတိုင်း ဆောင်ရွက်သော ကောင်းကင်တမန်တော်တို့၊ ထာဝရဘုရားကို ကောင်းကြီး ပေးကြလော့။
E hoomaikai oukou ia Iehova, e kona poe anela, Na mea ikaika loa, a ua hana hoi ma kana mau kauoha, A ua hoolohe i ka leo o kana olelo.
21 ၂၁ အလိုတော်သို့လိုက်သော အမှုတော်ထမ်း၊ ကောင်းကင်ဗိုလ်ခြေတော်အပေါင်းတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။
E hoomaikai oukou ia Iehova, e kona poe kauwa a pau, Na mea lawelawe nana, a hana hoi i kona makemake.
22 ၂၂ နိုင်ငံတော်အရပ်ရပ်၌ စီရင်ဖန်ဆင်းတော်မူ သမျှတို့၊ ထာဝရဘုရားကို ကောင်းကြီးပေးကြလော့။ အို ငါ့ဝိညာဉ်၊ ထာဝရဘုရားကို ကောင်းကြီးပေးလော့။
E hoomaikai oukou ia Iehova, e na mea a pau ana i hana'i. Ma na wahi a pau o kona aupuni: E hoomaikai ia Iehova, e kuu uhane.

< ဆာလံ 103 >