< ဆာလံ 100 >
1 ၁ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။
Psalam. Zahvalnica. Kliči Jahvi, zemljo sva!
2 ၂ ထာဝရဘုရား၏ အမှုတော်ကို ဝမ်းမြောက်စွာ ဆောင်ရွက်ကြလော့။ ရွှင်လန်းစွာ သီချင်းဆိုလျက်၊ အထံတော်သို့ ဝင်ကြလော့။
Služite Jahvi u veselju! Pred lice mu dođite s radosnim klicanjem!
3 ၃ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ သည်ဟု သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကို ဖန်ဆင်းတော်မူ၍၊ ငါတို့၏အရှင် ဖြစ်တော်မူ၏။ ငါတို့ သည်လည်း၊ ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏။
Znajte da je Jahve Bog: on nas stvori, i mi smo njegovi, njegov smo narod i ovce paše njegove.
4 ၄ ကျေးဇူးတော် ကြီးပါသည်ဟု ဝန်ခံလျက်၊ တံခါး တော်တို့ကို၎င်း၊ ဂုဏ်တော်ကိုချီးမွမ်းလျက် တန်တိုင်း တော်တို့ကို၎င်း ဝင်ကြလော့။ ကျေးဇူး တော်ကိုချီးမွမ်း၍ နာမတော်ကို ကောင်းကြီးပေးကြလော့။
Uđite s hvalama na vrata njegova, u dvore njegove s pjesmama; hvalite ga, ime mu slavite!
5 ၅ အကြောင်းမူကား၊ ထာဝရဘုရားသည် ကောင်း မြတ်တော်မူ၏။ ကရုဏာတော်သည် အစဉ်အမြဲရှိ၍၊ သစ္စာတော်သည် ကာလအဆက်ဆက် တည်လေ သတည်း။
Jer dobar je Jahve, dovijeka je ljubav njegova, od koljena do koljena vjernost njegova.