< သုတ္တံကျမ်း 9 >
1 ၁ ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
Uchenjeri hwakavaka imba yahwo; hwakaveza mbiru dzahwo nomwe.
2 ၂ သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
Hwakabika nyama yahwo; uye hukagadzira waini yahwo; hwakagadzirawo tafura yahwo.
3 ၃ ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
Hwakatuma varandakadzi vahwo, uye hunodanidzira kubva panzvimbo yakakwirira kwazvo yeguta.
4 ၄ ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
Kuna avo vanoshayiwa njere hunoti, “Vose vasina uchenjeri ngavauye muno!
5 ၅ လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
Uyai, mudye zvokudya zvangu munwe waini yandagadzira.
6 ၆ မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
Siyai nzira dzenyu dzisina mano mugorarama; fambai munzira yokunzwisisa.
7 ၇ မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
“Ani naani anorayira mudadi anozvitsvakira kutukwa; ani naani anotsiura munhu akaipa anozviwanira kutukwa.
8 ၈ မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
Usatsiura mudadi kuti arege kukuvenga; tsiura munhu akachenjera uye achakuda.
9 ၉ ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
Rayira munhu akachenjera uye achawedzera uchenjeri hwake; dzidzisa munhu akarurama uye achawedzera kudzidza kwake.
10 ၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
“Kutya Jehovha ndiwo mavambo ouchenjeri, uye kuziva Iye Mutsvene ndiko kunzwisisa.
11 ၁၁ အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
Nokuti neni mazuva ako achava mazhinji, uye makore achawedzerwa kuupenyu hwako.
12 ၁၂ သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
Kana uri wakachenjera, uchenjeri hwako huchakupa mubayiro; kana uri mudadi, iwe woga ndiwe uchatambura.”
13 ၁၃ မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
Mukadzi benzi ane ruzha; haana kudzikama uye haana zivo.
14 ၁၄ မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
Anogara pamusuo wemba yake, napachigaro chiri panzvimbo yakakwiririsa yeguta,
15 ၁၅ လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
achidanidzira kuna avo vanenge vachipfuura napo, vaya vanofamba zvakarurama nenzira yavo.
16 ၁၆ ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
Anoti kuna vaya vasina njere, “Vose vasina mano ngavauye muno!
17 ၁၇ ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
Mvura yakabiwa inozipa; zvokudya zvinodyirwa muchivande zvinonaka!”
18 ၁၈ ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol )
Asi zvavasingazivi ndezvokuti mune vakafa, uye kuti vanomushanyira vari mukati kati meguva. (Sheol )