< သုတ္တံကျမ်း 9 >
1 ၁ ဥာဏ်ပညာသည်အိမ်တိုင်ခုနစ်တိုင်ကိုခုတ်၍၊ မိမိနေရာအိမ်ကို ဆောက်လေပြီ။
Visdomsmøyi hev bygt seg hus, hev hogge til sine stolpar sju.
2 ၂ သူ၏အကောင်များကိုသတ်၍၊ စပျစ်ရည်ကို ဘော်ပြီးမှ စားပွဲကို ခင်းလေပြီ။
Ho hev slagta sitt slagt og blanda sin vin og attåt duka sitt bord.
3 ၃ ကျွန်မတို့ကိုစေလွှတ်၍၊ မြို့တွင် အမြင့်ဆုံးသော အရပ်တို့၌ ကြွေးကြော်လေသည်ကား၊
Sine ternor hev ho sendt ut, og ropar ovan frå haugarne i byen:
4 ၄ ဥာဏ်တိမ်သောသူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
«Den som er fåkunnig, vende seg hit!» Til den vitlause segjer ho:
5 ၅ လာလော့။ ငါ့မုန့်ကိုစားလော့။ ငါဘော်သော စပျစ်ရည်ကို သောက်လော့။
«Kom, og et av mitt brød og drikk av den vin eg hev blanda!»
6 ၆ မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။
Lat fåkunna fara so de kann liva og vandra på vegen til vit!
7 ၇ မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။
Den som refser ein spottar, fær skam yver seg, den som lastar ein gudlaus, fær seg ein flekk.
8 ၈ မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။
Lasta’kje spottaren, han vil hata deg! Lasta den vise, han vil elska deg!
9 ၉ ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံအတတ်တိုးပွါးလိမ့်မည်။
Gjev ein vismann, so aukar hans visdom, lær ein rettferdig, so lærar han meir.
10 ၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘော သည် ပညာ၏မူလအမြစ် ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကိုသိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
Otte for Herren er upphav til visdom, og vit er å kjenna den Heilage.
11 ၁၁ အကြောင်းမူကား၊ ငါ့ကိုအမှီပြု၍၊ သင်၏ နေ့ရက်ကာလနှင့် အသတ်အပိုင်းအခြား နှစ်ပေါင်း ကာလ တိုးပွါးလိမ့်မည်။
«For ved meg dine dagar skal aukast, og fleire livs-år fær du.»
12 ၁၂ သင်သည်ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရ လိမ့်မည်။ မထီမဲ့ပြုလျှင် ကိုယ်တိုင်သာအပြစ်ကို ခံရလိမ့် မည်။
Er du vis, so gagnar det deg sjølv, spottar du, so lyt du bera det åleine.
13 ၁၃ မိုက်သောမိန်းမသည် စကားသံကျယ်၍ ဥာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။
Fru dårskap fer med ståk, fåkunnig som ho er og ingen ting veit.
14 ၁၄ မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊
Ho sit attmed husdøri si, på ein stol høgt uppe i byen,
15 ၁၅ လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊
og bed inn dei som ferdast på vegen, som gjeng sine stigar beint fram:
16 ၁၆ ဥာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊
«Den som er fåkunnig, vende seg hit!» Ja, til den vitlause segjer ho:
17 ၁၇ ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။
«Stole vatn er søtt, og ljuvlegt er løyn-ete brød.»
18 ၁၈ ထိုအရပ်၌ သင်္ချိုင်းသားရှိကြောင်း၊ ထိုမိန်းမ၏ ဧည့်သည်တို့သည် မရဏနိုင်ငံအနက်ဆုံး၌နေကြောင်း ကို ထိုယောက်ျားသည်မသိမမှတ်။ (Sheol )
Og han veit’kje at der bur daudingar, at hennar gjester er i helheims djup. (Sheol )