< သုတ္တံကျမ်း 8 >
1 ၁ ဥာဏ်ပညာသည်ခေါ်၍ မိမိအသံကို လွှင့်သည် မဟုတ်လော။
A OLE anei i hea mai ka naauao? Aole anei i pane mai ka ike i kona leo?
2 ၂ မြင့်သောအရပ်ထိပ်၌၎င်း၊ လမ်းခရီးအနား၌ ၎င်းရပ်နေ၏။
Maluna o na wahi kiekie, ma ke ala, Ma kahi o na alanui, ku ae la oia.
3 ၃ ကြီးသောတံခါးဝ၊ မြို့တံခါး၊ အိမ်တံခါးဝမှာ ကြွေးကြော်၍၊
Ma na ipuka, ma ke alo o ke kulanakauhale, Ma na wahi e komo ai, kahea mai la oia.
4 ၄ အချင်းလူတို့၊ သင်တို့အားငါခေါ်၏။ လူသားတို့ အား အသံကို ငါလွှင့်၏။
Ke hea aku nei au ia oukou, e na kanaka; O ko'u leo hoi i na keiki a kanaka.
5 ၅ ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။
E na mea ike ole, e ike oukou i ke akamai; E hoonaauao hoi oukou, e ka poe naaupo.
6 ၆ နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။
E hoolohe mai, no ka mea, e hai ana au i na mea maikai; O ka oaka ana hoi o ko'u mau lehelehe ma na mea pono ia.
7 ၇ ငါ့နှုတ်ထွက်စကားသည် သမ္မာတရားနှင့်သာ ဆိုင်၍၊ ငါ့နှုတ်ခမ်းတို့သည် ဒုစရိုက်ကို စက်ဆုပ်ရွံ့ရှာ၏။
No ka mea, e hoike mai kuu waha i ka oiaio; He mea hoopailua ka hewa i ko'u mau lehelehe.
8 ၈ ငါဟောပြောသမျှသော စကားတို့သည် ဖြောင့် မတ်၍၊ ကောက်သောသဘော၊ ဖောက်ပြန်သောသဘော နှင့် ကင်းစင်ကြ၏။
Ma ka pono na olelo a pau a ko'u waha; Aole wahahee, aohe mea kekee malaila.
9 ၉ နားလည်သောသူ၌ အလုံးစုံရှင်းလင်း၍၊ ပညာကိုရသော သူတို့အား ဟုတ်မှန်ကြ၏။
Pau loa no ia i ka pololei i ka mea naauao, Ua kupono hoi i ka poe i loaa ka ike.
10 ၁၀ ငွေအရင်၊ ငါ့နည်းကို၎င်း၊ မြတ်သောရွှေအရင်၊ ပညာအတတ်ကို၎င်း ခံယူကြလော့။
E koho oukou i ke aoia mai, aole ke kala, A me ka ike hoi mamua o ke gula maikai.
11 ၁၁ အကြောင်းမူကား၊ ပညာသည် ပတ္တမြားထက် သာ၍မြတ်၏။ နှစ်သက်ဘွယ်သမျှသော အရာတို့သည် ထိုရတနာကို မပြိုင်နိုင်ကြ။
No ka mea, ua maikai ka naauao mamua o na momi; A o na mea i makemakeia a pau, aole i like me ia.
12 ၁၂ ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။
Owau hoi, o ka naauao, ke pili nei i ke akamai, Ua loaa ia'u ka ike i na mea e naauao ai.
13 ၁၃ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကား၊ ဒုစရိုက်ကိုမုန်းသောသဘောတည်း။ မာနထောင်လွှား ခြင်း၊ စော်ကားခြင်း၊ မကောင်းသော လမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့်ပြောဆိုခြင်းတို့ကို ငါမုန်း၏။
O ka makau ia Iehova, oia ke inaina aku i ka hewa; O ka haaheo, o ka hookiekie, o ka aoao ino, O ka waha aaka, oia ka'u i hoowahawaha aku ai.
14 ၁၄ အကြံပေးနိုင်သော အခွင့်နှင့်ပညာရတနာသည် ငါ၌ရှိ၏။ ငါသည်ဥာဏ်ဖြစ်၍ အစွမ်းသတ္တိနှင့်ပြည့်စုံ၏။
Ia'u ka ike a me ke akamai; Owau no ka noonoo, ia'u hoi ka ikaika.
15 ၁၅ ငါ့အားဖြင့် ရှင်ဘုရင်တို့သည် စိုးစံရသော အခွင့်၊ မင်းအရာရှိတို့သည် ဆုံးဖြတ်ရသော အခွင့်ရှိ ကြ၏။
Ma o'u nei no e nohoalii ai na alii, A e kau aku ai no hoi na kaukaualii i ke kanawai pono.
16 ၁၆ ငါ့အားဖြင့် မင်းသား၊ မှူးမတ်၊ တရားသူကြီး အပေါင်းတို့သည် အစိုးရသောအခွင့် ရှိကြ၏။
Ma o'u nei no hoi e hoomalu ai na kiaaina, A me na'lii, a me na lunakanawai a pau o ka honua.
17 ၁၇ ငါ့ကိုချစ်သော သူတို့ကို ငါချစ်၏။ ငါ့ကိုကြိုးစား ၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏။
He aloha ko'u i ka poe e aloha mai ia'u; O ka poe imi pono mai, o lakou ke loaa ia'u.
18 ၁၈ ငါ၌စည်းစိမ်နှင့်ဂုဏ်အသရေရှိ၏။ မြဲသော စည်းစိမ်နှင့် ဖြောင့်မတ်ခြင်းပါရမီရှိ၏။
Me au ka waiwai a me ka hanohano; O ka waiwai e mau ana hoi a me ka pono.
19 ၁၉ ငါပေးသောအကျိုးသည် ရွှေထက်မက၊ ရွှေစင် ထက်သာ၍မြတ်၏။ ငါကြောင့်ရသောအခွန်ဘဏ္ဍာသည် ငွေတော်ထက်သာ၍ မြတ်၏။
Ua maikai ko'u hua mamua o ke gula a me ke gula maikai; He mea kohoia hoi ka waiwai ma o'u nei mamua o ke kala.
20 ၂၀ ငါသည် ဖြောင့်မတ်ခြင်းလမ်း၊ တရားသဖြင့် စီရင်ခြင်းလမ်းအလယ်၌ ရှောက်သွားသည်ဖြစ်၍၊
Ma ke ala o ka pono ka'u e alakai ai, Mawaena hoi o na alanui o ka hoopono:
21 ၂၁ ငါ့ကိုချစ်သော သူတို့သည် အမွေခံရသော အခွင့်နှင့်၊ သူတို့ဘဏ္ဍာတိုက်ပြည့်ဝစေသော အခွင့်ကို ငါပေးတတ်၏။
I hooili au i ka waiwai no ka poe aloha mai ia'u, A e hoopiha au i ko lakou waihona waiwai.
22 ၂၂ ထာဝရဘုရားသည် ရှေးအမှုတော်ကို မပြုမှီ ထွက်ကြွတော်မူစကပင် ငါ့ကို ပိုင်တော်မူ၏။
Na Iehova no wau i kinohou o kona noho ana, Mamua o kana hana ana i ka wa kahiko.
23 ၂၃ မြေကြီးမဖြစ်မှီ၊ ရှေ့ဦးစွာသော ကာလ၊ အနန္တ ကာလမှစ၍ ငါသည် ဘိသိက်ခံပြီ။
Mai ka po mai ua hoonohoia au, Mai kinohi mai, mamua hoi o ka honua.
24 ၂၄ နက်နဲသောပင်လယ်မဖြစ်၊ ရေနှင့်ကြွယ်ဝသော စမ်းရေတွင်းမဖြစ်မှီ ငါ့ကိုဖြစ်ဘွားစေတော်မူ၏။
I ka wa i ole ai na wahi hohonu, ua hanau no au, I wa i ole ai na puuawai i piha i ka wai.
25 ၂၅ တောင်ကြီးမတည်၊ တောင်ငယ်မဖြစ်မှီ၊
Mamua o ka hoonoho ana i na mauna, Mamua o na kuahiwi ua hanau au:
26 ၂၆ မြေကြီးနှင့်လယ်တောများကို မဖန်ဆင်း၊ အဦး ဆုံးသော မြေမှုန့်ကိုမျှ မဖန်ဆင်းမှီ၊ ငါ့ကိုဖြစ်ဘွားစေ တော်မူ၏။
Aole hoi oia i hana i ka honua a me na kula, A me kahi huna lepo iki o ka honua.
27 ၂၇ မိုဃ်းကောင်းကင်ကို ပြင်တော်မူသော အခါငါရှိ ၏။ သမုဒ္ဒရာမျက်နှာကို ကန့်ကွက်သောအမှု၊
I kona hohola ana i ka lani, owau no kekahi malaila, I kona kau ana i ke kanawai maluna o ka hohonu;
28 ၂၈ အထက်မိုဃ်းတိမ်ကို တည်စေသောအမှု၊ နက်နဲ သောအရပ်၌ စမ်းရေပေါက်တို့ကို ခိုင်ခံ့စေသောအမှု၊
I kona hoolewalewa ana i na ao maluna, I kona hoonoho ana i na punawai o ka hohonu;
29 ၂၉ သမုဒ္ဒရာ၌ ကန့်ကွက်သောအပိုင်းအခြားကို ရေ မလွှမ်းရမည်အကြောင်း စီရင်သောအမှု၊ မြေကြီးတိုက် မြစ်တည်သော အမှုတို့ကို ပြီးစီးစေတော်မူသောအခါ၊
I kona kau ana i ke kanawai no ka moana, I ole e hu wale aku na kai mamua ona; I kona hookumu paa ana i ka honua:
30 ၃၀ ငါသည်ကျွေးမွေးတော်မူသော သားကဲ့သို့၊ အထံတော်ပါးတွင် နေ၍၊ အစဉ်မပြတ်မွေ့လျော်တော်မူရာ ဖြစ်၏။ ရှေ့တော်၌ အစဉ် မပြတ် ကစားလျက်၊
Alaila, owau pu kekahi me ia me he keiki hiwahiwa la; O kona olioli no au i kela la i keia la, E hauoli mau ana hoi imua o kona alo;
31 ၃၁ ဖန်ဆင်းတော်မူသော မြေကြီးတပြင်လုံးတွင် ရွှင်လန်းလျက်၊ လူသားတို့နှင့်ပေါင်းဘော်၍ ပျော်ပါးလျက် နေ၏။
E hauoli ana i na wahi i noho ai na kanaka o ka honua ona; O ko'u olioli nui hoi, aia me na keiki a kanaka.
32 ၃၂ သို့ဖြစ်၍ ငါ့သားတို့၊ငါ့စကားကို နားထောင်ကြ လော့။ ငါ၏လမ်းများကို စောင့်ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
Ano la, e na keiki, e hoolohe mai ia'u; Pomaikai ka poe i malama mai i ko'u aoao.
33 ၃၃ ငါဆုံးမခြင်းကို မပယ်ကြနှင့်။ နားထောင်၍ ပညာရှိကြလော့။
E hoolohe mai i ke ao ana a e hoomanao iho, Mai pale ae oukou.
34 ၃၄ ငါ့စကားကိုကြား၍ ငါ့တံခါးနားမှာ နေ့တိုင်း စောင့်လျက်၊ တံခါးတိုင်နားမှာ မြော်လင့်လျက်နေသော သူသည်မင်္ဂလာရှိ၏။
Pomaikai ke kanaka ke lohe mai i ka'u, He kiai hoi oia, i ko'u mau puka i kela la i keia la, Ke kakali hoi oia ma na kia o ko'u mau puka.
35 ၃၅ ငါ့ကိုရှာ၍တွေ့သောသူသည်အသက်ကိုတွေ့၏။ ထာဝရဘုရား၏ကျေးဇူးတော်ကိုလည်းခံရ၏။
No ka mea, o ka mea o'u i loaa ai, ua loaa ia ia ke ola, E loaa hoi ia ia ka lokomaikaiia mai e Iehova.
36 ၃၆ ငါ့ကိုပြစ်မှားသော သူမူကား၊ မိမိအသက် ဝိညာဉ်ကိုပြစ်မှား၏။ ငါ့ကိုမုန်းသောသူအပေါင်းတို့သည် သေခြင်းကိုချစ်ကြ၏။
Aka, o ka mea i hana ino mai ia'u, ua pepehi oia i kona uhane iho; O ka poe inaina mai ia'u oia ka i koho i ka make.