< သုတ္တံကျမ်း 6 >

1 ငါ့သား၊ သင်သည် အဆွေခင်ပွန်းအတွက် အာမခံမိသော်၎င်း၊ သူတပါးနှင့်လက်ဝါးချင်း ရိုက်မိ သော်၎င်း၊
Mwana wanga, ngati wamuperekera mnansi wako chikole, ngati walonjeza kumulipirira mlendo,
2 ကိုယ်နှုတ်ထွက်စကားဖြင့် ကျော်မိပြီ။ ကိုယ် ပြောသောစကားကြောင့် အမှုရောက်လေပြီ။
ngati wagwidwa ndi zimene iwe unanena, wakodwa ndi mawu a mʼkamwa mwako.
3 ငါ့သား၊ သင်သည် အဆွေခင်ပွန်းလက်သို့ ရောက်မိလျှင်၊ ကိုယ်ကို နှုတ်အံ့သောငှါ အဘယ်သို့ ပြုရမည်နည်းဟူမူကား၊ အဆွေခင်ပွန်းထံသို့ သွား၍၊ ကိုယ်ကိုနှိမ့်ချလျက်သူ့ကို နှိုးဆော်လော့။
Tsono popeza iwe mwana wanga wadziponya mʼmanja mwa mnansi wako, chita izi kuti udzipulumutse: pita msanga ukamupemphe mnansi wako; kuti akumasule!
4 အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။
Usagone tulo, usawodzere.
5 မုဆိုးလက်မှ သမင်ဒရယ်ကို၎င်း၊ ငှက်ကို၎င်း နှုတ်ရသကဲ့သို့ ကိုယ်ကိုနှုတ်လော့။
Dzipulumutse monga imachitira mphoyo mʼdzanja la mlenje, ndi monga imachitira mbalame mu msampha wa munthu wosaka.
6 အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသို့သွား၍၊ သူ၏ အပြုအမူတို့ကို ဆင်ခြင်သဖြင့် ပညာရှိစေလော့။
Pita kwa nyerere, mlesi iwe; kaonetsetse njira zake kuti uphunzirepo kanthu!
7 ပရွတ်ဆိတ်သည်ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက်၊
Zilibe mfumu, zilibe woyangʼanira kapena wolamulira,
8 နွေကာလနှင့် စပါးရိတ်ရာကာလ၌ မိမိ စားစရာအစာကို ရှာဖွေသိုထားတတ်၏။
komabe zimasungiratu chakudya chake nthawi ya chilimwe ndipo zimatuta chakudyacho nthawi yokolola.
9 အိုလူပျင်း၊ သင်သည် အဘယ်မျှကာလပတ်လုံး အိပ်လျက်နေလိမ့်မည်နည်း။ အဘယ်သော အခါနိုးလိမ့်မည် နည်း။
Kodi uzingogonabe pamenepo mpaka liti mlesi iwe? Kodi tulo tako tidzatha liti?
10 ၁၀ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော် အံ့သောငှါ ခဏလက်ချင်းပိုက်လျက် နေစဉ်တွင်၊
Ukati ndingogona pangʼono, ndingowodzera pangʼono ndingopinda manjawa pangʼono kuti ndipumule,
11 ၁၁ ဆင်းရဲခြင်းသည် ခရီးသွားသော သူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာ လိမ့်မည်။
umphawi udzakugwira ngati mbala ndipo usiwa udzafika ngati munthu wachifwamba.
12 ၁၂ ဆိုးယုတ်သော သူနှင့်မတရားသောသူသည် ကောက်လိမ်သော စကား၌ ကျင်လည်တတ်၏။
Munthu wachabechabe, munthu woyipa, amangoyendayenda ndi kumayankhula zoyipa,
13 ၁၃ မျက်တောင်ခတ်လျက်၊ ခြေဖြင့် အမှတ်ပေး လျက်၊ လက်ချောင်းတို့ဖြင့် သွန်သင်လျက် ပြုတတ်၏။
amatsinzinira maso ake, namakwakwaza mapazi ake ndi kulozaloza ndi zala zake,
14 ၁၄ ကောက်သော စိတ်သဘောနှင့် ပြည့်စုံ၍၊ မကောင်းသော အကြံကို အစဉ်ကြံစည်တတ်၏။ သူတပါးချင်းရန်တွေ့စေခြင်းငှါ ပြုတတ်၏။
amalingalira zoyipa ndi mtima wake wachinyengo ndipo nthawi zonse amangokhalira kuyambitsa mikangano pakati pa anthu.
15 ၁၅ ထိုကြောင့်သူသည် အမှတ်တမဲ့အမှုရောက်၍၊ ကိုးကွယ်စရာဘဲ ချက်ခြင်းကျိုးပဲ့ပျက်စီးရလိမ့်မည်။
Nʼchifukwa chake tsoka lidzamugwera modzidzimutsa; adzawonongeka msangamsanga popanda chomupulumutsa.
16 ၁၆ ထာဝရဘုရား မုန်းတော်မူသော အရာ ခြောက် ပါးမက၊ စက်ဆုပ်ရွံ့ရှာတော်မူသောအရာ ခုနစ်ပါး ဟူမူကား၊
Pali zinthu zisanu ndi chimodzi zimene Yehova amadana nazo, zinthu zisanu ndi ziwiri zimene zimamunyansa:
17 ၁၇ ထောင်လွှားသော မျက်နှာတပါး၊ မုသာ၌ ကျင် လည်သော လျှာတပါး၊ အပြစ်မရှိသောသူ၏ အသက်ကို သတ်သော လက်တပါး၊
maso onyada, pakamwa pabodza, manja akupha munthu wosalakwa,
18 ၁၈ မကောင်းသော အကြံကို ကြံစည်သော နှလုံး တပါး၊ အပြစ်ပြုရာသို့ အလျင်အမြန် ပြေးတတ်သော ခြေတပါး၊
mtima wokonzekera kuchita zoyipa, mapazi othamangira msanga ku zoyipa,
19 ၁၉ မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
mboni yonama yoyankhula mabodza komanso munthu amene amayambitsa mikangano pakati pa abale.
20 ၂၀ ငါ့သား၊ အဘ၏ပညတ်စကားကို နားထောင် လော့။ အမိပေးသော တရားကို မပယ်နှင့်။
Mwana wanga, usunge malamulo a abambo ako; ndipo usataye zimene anakuphunzitsa amayi ako.
21 ၂၁ နှလုံးပေါ်မှာ အမြဲချည်၍ လည်ပင်း၌ ဆွဲထား လော့။
Zimenezi uzimatirire pa mtima pako masiku onse, uzimangirire mʼkhosi mwako.
22 ၂၂ သင်သည် အခြားသို့ သွားသောအခါ၊ ထိုပညတ် တရားသည် လမ်းပြလိမ့်မည်။ အိပ်သောအခါ သင့်ကို စောင့်လိမ့်မည်။ နိုးသောအခါ သင်နှင့် နှုတ်ဆက် လိမ့်မည်။
Ukamayenda, zidzakulozera njira; ukugona, zidzakulondera; ukudzuka, zidzakuyankhula.
23 ၂၃ အကြောင်းမူကား၊ ပညတ်တော်သည် မီးခွက် ဖြစ်၏။ တရားတော်သည် အလင်းဖြစ်၏။ အပြစ်ကို ပြတတ်သော ဩဝါဒစကားသည် အသက်လမ်းဖြစ်၏။
Paja malamulo awa ali ngati nyale, malangizowa ali ngati kuwunika, ndipo chidzudzulo cha mwambo ndiwo moyo weniweni,
24 ၂၄ ဆိုးသောမိန်းမနှင့်၎င်း၊ အမျိုးပျက်သော မိန်းမ ချော့မော့တတ်သော နှုတ်နှင့်၎င်းလွတ်စေခြင်းငှါ၊ သင့်ကို စောင့်ဘို့ရာဖြစ်သတည်း။
kukupulumutsa kwa mkazi wadama, zimenezi zidzakutchinjiriza kwa mkazi wadama, ndi kukuthandiza kuti usamvere mawu oshashalika a mkazi wachiwerewere.
25 ၂၅ ထိုသို့သောမိန်းမသည် အဆင်းလှသော်လည်း၊ တပ်မက်သော စိတ်မရှိနှင့်။ သူသည် မျက်ခမ်းတို့ဖြင့် သင့်ကိုမကျော့မိစေနှင့်။
Mu mtima wako usakhumbire kukongola kwake, asakukope ndi zikope zake,
26 ၂၆ အကြောင်းမူကား၊ ပြည်တန်ဆာမကို မှီဝဲသော ယောက်ျားသည် ဆင်းရဲ၍၊ မုန့်တလုံးကိုသာ ရတတ်၏။ မျောက်မထားသော မိန်းမသည်လည်း မြတ်သောအသက် ကို ဘမ်းတတ်၏။
paja mkazi wadama amakusandutsa kukhala ngati nyenyeswa za buledi ndipo mkazi wa mwini wake amasokonezeratu moyo wako wonse.
27 ၂၇ လူသည်အဝတ်မလောင်ဘဲ မီးကို ပိုက်ဘက်နိုင် သလော။
Kodi munthu angathe kutenga moto zovala zake osapsa?
28 ၂၈ ခြေမလောင်ဘဲမီးခဲပေါ်မှာ နင်းနိုင်သလော။
Kodi munthu angathe kuyenda pa makala amoto mapazi ake osapserera?
29 ၂၉ သူ့မယားထံသို့ဝင်သောသူသည် ထိုနည်းတူ ဖြစ်၏။ သူ့မယားကို ပြစ်မှားသော သူမည်သည်ကား၊ အပြစ် နှင့် မကင်းမလွတ်နိုင်ရာ၊
Ndizo zimachitikira munthu amene amagonana ndi mkazi wa munthu wina. Aliyense wokhudza mkazi wotere adzalangidwa.
30 ၃၀ မွတ်သိပ်သော စိတ်ပြေစေခြင်းငှါ၊ ခိုးသောသူ ပင် အပြစ်မလွတ်ရ။
Paja anthu sayinyoza mbala ikaba chifukwa chakuti ili ndi njala.
31 ၃၁ တွေ့မိလျှင် ခုနစ်ဆပြန်ပေးရမည်။ ကိုယ်အိမ်၌ ရှိသမျှသော ဥစ္စာတို့ကို လျော်ရမည်။
Komabe ngati mbalayo igwidwa iyenera kulipira kasanu nʼkawiri, ngakhale kulandidwa katundu wa mʼnyumba mwake.
32 ၃၂ သူ့မယားကိုပြစ်မှားသော သူသည် ဥာဏ်မရှိ။ ထိုသို့ပြုသော သူသည် မိမိအသက်ကို ဖျက်ဆီးတတ်၏။
Munthu wochita chigololo ndi wopanda nzeru. Wochita zimenezi amangodziwononga yekha.
33 ၃၃ နာကျင်စွာ ထိခိုက်ခြင်းနှင့် အသရေရှုတ်ချခြင်း ကို ခံရလိမ့်မည်။ သူ၏အရှက်ကွဲခြင်းသည် မပြေနိုင်။
Adzalandira mabala ndi mʼnyozo, ndipo manyazi ake sadzamuchokera.
34 ၃၄ အကြောင်းမူကား၊ ယောက်ျားသည် မယားကို မယုံသောစိတ်ရှိလျှင်၊ ပြင်းထန်စွာ အမျက်ထွက်တတ်၏။ အပြစ်ပေးချိန်ရောက်သောအခါ သနားခြင်းမရှိတတ်။
Paja nsanje imachititsa mwini mkaziyo kukalipa, ndipo sadzachita chifundo pobwezera.
35 ၃၅ လျော်ပြစ်ငွေမည်မျှကို ပမာဏမပြုတတ်။ များစွာသော လက်ဆောင်တို့ကိုပေးသော်လည်း စိတ် မပြေတတ်။
Iye savomera dipo lililonse; sangapepeseke ngakhale umupatse mphatso zochuluka motani.

< သုတ္တံကျမ်း 6 >