< သုတ္တံကျမ်း 5 >
1 ၁ ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာ ကိုမှတ်ကျုံး၍၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့။
Poikani, kuuntele minun viisauttani, kallista korvasi minun taidolleni
ottaaksesi vaarin taidollisuudesta, ja huulesi säilyttäkööt tiedon.
3 ၃ အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း၊
Sillä hunajaa tiukkuvat vieraan vaimon huulet, hänen suunsa on öljyä liukkaampi.
4 ၄ အဆုံး၌ကား၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။
Mutta lopulta hän on karvas kuin koiruoho, terävä kuin kaksiteräinen miekka.
5 ၅ သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ (Sheol )
Hänen jalkansa kulkevat alas kuolemaan, tuonelaan vetävät hänen askeleensa. (Sheol )
6 ၆ သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
Ei käy hän elämän tasaista polkua, hänen tiensä horjuvat hänen huomaamattaan.
7 ၇ သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြ လော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။
Niinpä, lapset, kuulkaa minua, älkää väistykö minun suuni sanoista.
8 ၈ ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။
Pidä tiesi kaukana tuollaisesta äläkä lähesty hänen majansa ovea,
9 ၉ သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူ တပါး၌၎င်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌ ၎င်း အပ်လိမ့်မည်။
ettet antaisi muille kunniaasi etkä vuosiasi armottomalle,
10 ၁၀ တပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ်သို့ ရောက်လိမ့်မည်။
ettei sinun tavarasi ravitsisi vieraita, sinun vaivannäkösi joutuisi toisen taloon
11 ၁၁ နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ၊
ja ettet lopulta päätyisi huokailemaan ruumiisi ja lihasi riutuessa
12 ၁၂ ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
ja sanomaan: "Miksi minä kuritusta vihasin ja sydämeni halveksui nuhdetta?
13 ၁၃ ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။
Miksi en kuullut neuvojaini ääntä, kallistanut korvaani opettajilleni?
14 ၁၄ စည်းဝေးသော ပရိတ်သတ်များအလယ်၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီ တကားဟု မြည်တမ်းရလိမ့်မည်။
Olin joutua kokonaan turmion omaksi keskellä seurakunnan ja kansankokouksen."
15 ၁၅ ကိုယ်ဆိုင်သော ရေအိုးကို သုံး၍၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့။
Juo vettä omasta säiliöstäsi, sitä, mikä omasta kaivostasi juoksee.
16 ၁၆ သင်၏ စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့။
Vuotaisivatko sinun lähteesi kadulle, toreille sinun vesiojasi!
17 ၁၇ တပါးအမျိုးသားနှင့် ပေါင်းဘက်၍ မဆိုင်စေဘဲ၊ ကိုယ်တပါးတည်းသာ ဆိုင်စေလော့။
Olkoot ne sinun omasi yksin, älkööt vierasten sinun ohessasi.
18 ၁၈ သင်၏စမ်းရေတွင်း၌မင်္ဂလာရှိစေ၍၊ အသက် အရွယ်ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယားနှင့်အတူ ပျော်မွေ့လော့။
Olkoon sinun lähteesi siunattu, ja iloitse nuoruutesi vaimosta.
19 ၁၉ သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
Armas peura, suloinen vuorikauris-hänen rintansa sinua aina riemulla ravitkoot, hurmautuos alati hänen rakkaudestaan.
20 ၂၀ ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
Miksi, poikani, hurmautuisit irstaaseen naiseen ja syleilisit vieraan vaimon povea?
21 ၂၁ လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။
Sillä Herran silmien edessä ovat miehen tiet, ja hän tutkii kaikki hänen polkunsa.
22 ၂၂ အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
Jumalattoman vangitsevat hänen rikoksensa, ja hän tarttuu oman syntinsä pauloihin.
23 ၂၃ သူသည် အလွန်မိုက်သောကြောင့်မှားယွင်း၍၊ သွန်သင်ခြင်းကို မခံရဘဲသေသွားရလိမ့်မည်။
Kurittomuuteensa hän kuolee ja suistuu harhaan suuressa hulluudessaan.