< သုတ္တံကျမ်း 28 >

1 လိုက်သောသူမရှိသော်လည်း၊ မတရားသောသူ သည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့ သို့ ရဲရင့်တတ်၏။
Ababi babaleka kungekho umzingeli, kodwa abalungileyo balesibindi njengebhongo lesilwane.
2 ပြည်သူပြည်သားအပြစ်ကြောင့်၊ မင်းတို့သည် များပြားတတ်ကြ၏။ ဥာဏ်ပညာနှင့် ပြည့်စုံသောသူအား ဖြင့် နိုင်ငံတည်တတ်၏။
Ngesiphambeko sesizwe ababusi baso banengi; kodwa ngomuntu olokuqedisisa ololwazi ukuqonda kwaso kuyelulwa.
3 ဆင်းရဲသားတို့ကို ညှဉ်းဆဲသော ဆင်းရဲသား သည် အဘယ်စားစရာမျှ မကြွင်းစေဘဲ၊ သုတ်သင်ပယ် ရှင်းသော မိုဃ်းရေနှင့်တူ၏။
Umuntu ongumyanga ocindezela abayanga ulizulu elikhukhulayo ukuze kungabi lokudla.
4 တရားကိုဖျက်သောသူသည် မတရားသောသူ တို့ကို ချီးမွမ်းတတ်၏။ တရားကို စောင့်သောသူမူကား၊ သူတို့နှင့် ဆန့်ကျင်ဘက်ပြုတတ်၏။
Abadela umlayo badumisa ababi, kodwa labo abagcina umlayo balwa labo.
5 အဓမ္မလူသည် တရားစီရင်ခြင်းကို နားမလည် တတ်။ ထာဝရဘုရားကို ရှာသောသူမူကား၊ ခပ်သိမ်း သော စီရင်ခြင်းကို နားလည်တတ်၏။
Abantu ababi kabaqedisisi ukulunga, kodwa abadinga iNkosi baqedisisa konke.
6 မမှန်သောအမှုကို ပြုသောသူသည် ငွေရတတ် သော်လည်း၊ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သော ဆင်းရဲ သားသည် သာ၍မြတ်၏။
Kungcono umyanga ohamba ngobuqotho bakhe kulophambene ngezindlela lanxa enothile.
7 တရားကိုစောင့်သောသူသည် ပညာရှိသော သားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဘော်သောသူ မူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
Ogcina umlayo uyindodana eqedisisayo, kodwa ozihlanganisa lezigangi uyangisa uyise.
8 အတိုးစား၍ မတရားသော အမြတ်အားဖြင့် ဥစ္စာကို ဆည်းဖူးသောသူသည် ဆင်းရဲသားတို့ကို သနား သောသူအဘို့သာ ဆည်းဖူးတတ်၏။
Owandisa inotho yakhe ngenzalo langenzuzo uyibuthela olomusa kubayanga.
9 တရားမနာ၊ လွှဲသွားသောသူသည် ဆုတောင်း သော်လည်း၊ သူ၏ပဌနာစကားသည် စက်ဆုပ်ရွံရှာဘွယ် ဖြစ်၏။
Ophambula indlebe yakhe ekulaleleni umlayo, lomkhuleko wakhe uzakuba yisinengiso.
10 ၁၀ ဖြောင့်မတ်သောသူကို လမ်းလွှဲ၍၊ မကောင်း သော လမ်းထဲသို့ သွေးဆောင်သောသူသည် မိမိတူးသော တွင်းထဲသို့ မိမိကျလိမ့်မည်။ သဘောဖြောင့်သောသူ မူကား၊ ကောင်းသောအရာတို့ကို အမွေခံရလိမ့်မည်။
Oduhisela abaqotho endleleni embi yena uzawela emgodini wakhe, kodwa abaqotho bazakudla ilifa lokuhle.
11 ၁၁ ငွေရတတ်သောသူက။ ငါသည်ပညာရှိ၏ဟု ကိုယ်ကို ထင်တတ်၏။ ဥာဏ်ကောင်းသော ဆင်းရဲသား မူကား၊ ထိုသူကို စစ်ကြောတတ်၏။
Indoda enothileyo ihlakaniphile emehlweni ayo, kodwa umyanga oqedisisayo uzayihlola.
12 ၁၂ ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်သော အခါ ဘုန်းကြီးတတ်၏။ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ လူတို့သည် ပုန်း ရှောင်၍ နေတတ်ကြ၏။
Lapho abalungileyo bethokoza, kulenkazimulo enkulu; kodwa nxa ababi bephakama, umuntu uyadingwa.
13 ၁၃ မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သော သူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။
Osibekela iziphambeko zakhe kayikuphumelela, kodwa ozivumayo azitshiye, uzahawukelwa.
14 ၁၄ အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာ ရှိ၏။ မိမိစိတ်နှလုံးကို ခိုင်မာစေသောသူမူကား၊ ဘေး ဥပဒ်နှင့်တွေ့လိမ့်မည်။
Ubusisiwe umuntu owesaba njalonjalo, kodwa owenza inhliziyo yakhe ibe lukhuni uzawela ebubini.
15 ၁၅ ဆင်းရဲသားတို့ကို အုပ်စိုးသော အဓမ္မမင်းသည် ဟောက်သောခြင်္သေ့၊ လှည့်လည်သောဝံနှင့်တူ၏။
Umbusi okhohlakeleyo phezu kwabantu abangabayanga uyisilwane esibhongayo lebhere elizingelayo.
16 ၁၆ ဥာဏ်မရှိသောမင်းသည် ပြင်းစွာညှဉ်းဆဲတတ် ၏။ လောဘကို မုန်းသောမင်းမူကား၊ အသက်တာရှည်လိမ့် မည်။
Umbusi oswele ukuqedisisa konke wandisa lencindezelo; ozonda inzuzo embi uzakwelula insuku.
17 ၁၇ လူအသက်ကို ညှဉ်းဆဲသောသူသည် သင်္ချိုင်း တွင်းသို့ ပြေးပါလေစေ။ အဘယ်သူမျှ မဆီးတားစေနှင့်။
Umuntu ocindezelwe ligazi lomphefumulo uzabalekela emgodini; kabangamsekeli.
18 ၁၈ ဖြောင့်သောလမ်းသို့ လိုက်သောသူသည် ဘေး လွတ်လိမ့်မည်။ ကောက်သောလမ်းသို့ လိုက်သောသူမူကား၊ ချက်ခြင်းလဲလိမ့်မည်။
Ohamba ngobuqotho uzasindiswa, kodwa ophambene ngendlela ezimbili uzahle awe.
19 ၁၉ လယ်လုပ်သောသူသည် ဝစွာစားရ၏။ အချည်း နှီးသောအမှုကို စောင့်သောသူမူကား၊ ဆင်းရဲခြင်းနှင့် ဝလိမ့်မည်။
Olima umhlaba wakhe uzasutha ukudla, kodwa olandela abayize uzasutha ubuyanga.
20 ၂၀ သစ္စာစောင့်သောသူသည် ကောင်းကြီးမင်္ဂလာ နှင့် ကြွယ်ဝလိမ့်မည်။ ငွေရတတ်ခြင်းငှါ အလျင်အမြန် ပြုသောသူမူကား၊ အပြစ်နှင့်မလွတ်ရ။
Umuntu wothembeko lonke uzavama ngezibusiso, kodwa ophangisa ukunotha kayikuba msulwa.
21 ၂၁ လူမျက်နှာကို မထောက်ကောင်း။ သို့သော် လည်း၊ လူသည် မုန့်တဖဲ့ကိုရခြင်းငှါ ဒုစရိုက်ကို ပြုလိမ့် မည်။
Ukuhlonipha ubuso kakulunganga, ngoba umuntu uzakona ngenxa yocezu lwesinkwa.
22 ၂၂ ငွေရတတ်ခြင်းငှါ အလျင်အမြန်ပြုသော သူ သည် မနာလိုသောသဘောရှိတတ်၏။ နောက်တဖန် ဆင်းရဲခြင်းသို့ ရောက်မည်ဟု မအောက်မေ့တတ်။
Ophangisa ukunotha ungumuntu olelihlo elibi, njalo engazi ukuthi ubuyanga buzamehlela.
23 ၂၃ ချော့မော့သောစကားကို ပြောသောသူသည် ကျေးဇူးကို ခံရသည်ထက်၊ ဆုံးမပြစ်တင်သောသူသည် နောက်တဖန် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။
Okhuza umuntu uzathola umusa emuva okwedlula okhohlisayo ngolimi.
24 ၂၄ အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကို လုယူသော သူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဘော်ဖြစ်၏။
Ophanga uyise kumbe unina, athi: Akusiso isiphambeko; ungumngane womchithi.
25 ၂၅ စိတ်မြင့်သောသူသည် ခိုက်ရန်ကို နှိုးဆော်တတ် ၏။ ထာဝရဘုရားကို ခိုလှုံသောသူမူကား၊ ကြွယ်ဝတတ် ၏။
Ongasuthisekiyo udunga ingxabano, kodwa othemba eNkosini uzakhuluphaliswa.
26 ၂၆ မိမိစိတ်နှလုံးကို ကိုးစားသောသူသည် လူမိုက် ဖြစ်၏။ ပညာသတိနှင့် ကျင့်သောသူမူကား၊ ဘေးလွတ် တတ်၏။
Othemba enhliziyweni yakhe uyisithutha, kodwa ohamba ngenhlakanipho uzakhululwa.
27 ၂၇ ဆင်းရဲသားတို့အား စွန့်ကြဲသောသူသည် ကိုယ် တိုင်မဆင်းရဲရာ။ လွှဲရှောင်သောသူမူကား၊ များစွာသော ကျိန်ဆဲခြင်းကို ခံရလိမ့်မည်။
Opha umyanga kayikuswela, kodwa ofihla amehlo akhe uzakuba leziqalekiso ezinengi.
28 ၂၈ မတရားသောသူတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သောအခါ၊ လူတို့သည် ပုန်းရှောင်၍ နေရကြ၏။ ပျက်စီးခြင်းသို့ ရောက်သောအခါ၊ ဖြောင့်မတ်သောသူတို့ သည် ပွားများတတ်ကြ၏။
Nxa abakhohlakeleyo bephakanyiswa, umuntu uyacatsha, kodwa nxa bebhubha, abalungileyo bayanda.

< သုတ္တံကျမ်း 28 >