< သုတ္တံကျမ်း 24 >
1 ၁ မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။
Kötülere imrenme, Onlarla birlikte olmayı isteme.
2 ၂ သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
Çünkü yürekleri zorbalık tasarlar, Dudakları belalardan söz eder.
3 ၃ ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
Ev bilgelikle yapılır, Akılla pekiştirilir.
4 ၄ ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။
Bilgi sayesinde odaları Her türlü değerli, güzel eşyayla dolar.
5 ၅ ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။
Bilgelik güçten, Bilgi kaba kuvvetten üstündür.
6 ၆ ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
Savaşmak için yöntem, Zafer kazanmak için birçok danışman gerekli.
7 ၇ ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။
Ahmak için bilgelik ulaşılamayacak kadar yüksektir, Kent kurulunda ağzını açamaz.
8 ၈ မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။
Kötülük tasarlayan kişi Düzenbaz olarak bilinecektir.
9 ၉ မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
Ahmakça tasarılar günahtır, Alaycı kişiden herkes iğrenir.
10 ၁၀ သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။
Sıkıntılı günde cesaretini yitirirsen, Gücün kıt demektir.
11 ၁၁ သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
Ölüm tehlikesi içinde olanları kurtar, Ölmek üzere olanları esirge.
12 ၁၂ ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
“İşte bunu bilmiyordum” desen de, İnsanın yüreğindekini bilen sezmez mi? Senin canını koruyan anlamaz mı? Ödetmez mi herkese yaptığını?
13 ၁၃ ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
Oğlum, bal ye, çünkü iyidir, Süzme bal damağa tatlı gelir.
14 ၁၄ ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
Bilgelik de canın için öyledir, bilmiş ol. Bilgeliği bulursan bir geleceğin olur Ve umudun boşa çıkmaz.
15 ၁၅ အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
Ey kötü adam, doğru kişinin evine karşı pusuya yatma, Konutunu yıkmaya kalkma.
16 ၁၆ ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
Çünkü doğru kişi yedi kez düşse yine kalkar, Ama kötüler felakette yıkılır.
17 ၁၇ သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
Düşmanın düşüşüne keyiflenme, Sendelemesine sevinme.
18 ၁၈ ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။
Yoksa RAB görür ve hoşnut kalmaz Ve düşmanına duyduğu öfke yatışır.
19 ၁၉ မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။
Kötülük edenlere kızıp üzülme, Onlara özenme.
20 ၂၀ အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
Çünkü kötülerin geleceği yok, Çırası sönecek onların.
21 ၂၁ ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။
Oğlum, RAB'be ve krala saygı göster, Onlara başkaldıranlarla arkadaşlık etme.
22 ၂၂ သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။
Çünkü onlar ansızın felakete uğrar, İnsanın başına ne belalar getireceklerini kim bilir?
23 ၂၃ ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။
Şunlar da bilgelerin sözleridir: Yargılarken yan tutmak iyi değildir.
24 ၂၄ သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
Kötüye, “Suçsuzsun” diyen yargıcı Halklar lanetler, uluslar kınar.
25 ၂၅ ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။
Ne mutlu suçluyu mahkûm edene! Herkes onu candan kutlar.
26 ၂၆ မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
Dürüst yanıt Gerçek dostluğun işaretidir.
27 ၂၇ ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။
İlkin dışardaki işini bitirip tarlanı hazırla, Ondan sonra evini yap.
28 ၂၈ သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။
Başkalarına karşı nedensiz tanıklık etme Ve dudaklarınla aldatma.
29 ၂၉ သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။
“Bana yaptığını ben de ona yapacağım, Ödeteceğim bana yaptığını” deme.
30 ၃၀ ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဥာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊
Tembelin tarlasından, Sağduyudan yoksun kişinin bağından geçtiğimde
31 ၃၁ ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
Her yanı dikenlerin, otların Kapladığını gördüm; Taş duvar da yıkılmıştı.
32 ၃၂ ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။
Gördüklerimi derin derin düşündüm, Seyrettiklerimden ibret aldım.
33 ၃၃ ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊
“Biraz kestireyim, biraz uyuklayayım, Ellerimi kavuşturup şöyle bir uyuyayım” demeye kalmadan,
34 ၃၄ ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။
Yokluk bir haydut gibi, Yoksulluk bir akıncı gibi gelir üzerine.