< သုတ္တံကျမ်း 23 >
1 ၁ မင်းနှင့်အတူထိုင်၍ စားသောက်သောအခါ သင့်ရှေ့မှာ အဘယ်သူရှိသည်ကို စေ့စေ့ဆင်ခြင်လော့။
Кад седнеш да једеш с господином, пази добро шта је пред тобом.
2 ၂ သင်သည် စားကြူးတတ်သောသူဖြစ်လျှင်၊ သင်၏လည်ချောင်းကို ထားနှင့်ရွယ်လော့။
Иначе би сатерао себи нож у грло, ако би био лаком.
3 ၃ ထိုမင်း၏ခဲဘွယ်စားဘွယ်တို့ကို အလိုမရှိနှင့်။ လှည့်စားတတ်သောအစာဖြစ်၏။
Не жели преслачке његове, јер су лажна храна.
4 ၄ ငွေရတတ် ခြင်းငှါ မကြိုးစားနှင့်။ ကိုယ်ဥာဏ်ကို အမှီမပြုနှင့်။
Не мучи се да се обогатиш, и прођи се своје мудрости.
5 ၅ ပျောက်တတ်သောအရာကို စေ့စေ့မျက်မှောက် ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုဃ်းကောင်းကင်သို့ ပျံတတ်သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ပျံသွားတတ်၏။
Хоћеш ли бацити очи своје на оно чега брзо нестаје? Јер начини себи крила и као орао одлети у небо.
6 ၆ မနာလိုသောသူ၏ အစာကိုမစားနှင့်။ သူ၏ ခဲဘွယ်စားဘွယ်ကို အလိုမရှိနှင့်။
Не једи хлеба у завидљивца, и не жели преслачака његових.
7 ၇ သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ စား သောက်တော့ဟု ဆိုသော်လည်း စေတနာစိတ်မရှိ။
Јер како он тебе цени у души својој тако ти јело његово. Говориће ти: Једи и пиј; али срце његово није с тобом.
8 ၈ သင်သည် စားသောအစာကို တဖန်အန်ရ လိမ့်မည်။ သင်ချိုသော စကားလည်းယိုယွင်းလိမ့်မည်။
Залогај што поједеш избљуваћеш, и изгубићеш љубазне речи своје.
9 ၉ မိုက်သောသူကြားအောင် စကားမပြောနှင့်။ သင်၏စကား၌ ပါသောပညာကို မထီမဲ့မြင်ပြုလိမ့်မည်။
Пред безумним не говори, јер неће марити за мудрост беседе твоје.
10 ၁၀ အရိပ်စိုက်သော မြေမှတ်တိုင်ကိုမရွှေ့နှင့်။ မိဘမရှိသော သူတို့၏ လယ်ကိုမသိမ်းနှင့်။
Не помичи старе међе, и не ступај на њиву сирочади.
11 ၁၁ အကြောင်းမူကား၊ ထိုသူတို့ကို ရွေးတော်မူသော သူသည် တန်ခိုးကြီး၍၊ သင့်တဘက်၌ သူတို့အမှုကို စောင့်တော်မူလိမ့်မည်။
Јер је јак осветник њихов; браниће ствар њихову од тебе.
12 ၁၂ ဆုံးမဩဝါဒ၌ စိတ်နှလုံးစွဲလမ်း၍၊ ပညာ အတတ် စကားကို နာခံလော့။
Обрати к науци срце своје и уши своје к речима мудрим.
13 ၁၃ သူငယ်ကို မဆုံးမဘဲမနေနှင့်။ ကြိမ်လုံးနှင့်ရိုက် သော်လည်း သူသည် မသေ။
Не ускраћуј кар детету; кад га бијеш прутом, неће умрети.
14 ၁၄ ကြိမ်လုံးနှင့်ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏနိုင်ငံမှ ကယ်နှုတ်ရမည်။ (Sheol )
Ти га биј прутом, и душу ћеш му избавити из пакла. (Sheol )
15 ၁၅ ငါ့သား၊ သင့်နှလုံး၌ပညာရှိလျှင် ငါ့နှလုံးနှင့် ငါ့ကိုယ်တိုင်သည် ဝမ်းမြောက်လိမ့်မည်။
Сине мој, ако буде мудро срце твоје, веселиће се срце моје у мени;
16 ၁၆ သင့်နှုတ်သည် မှန်သောစကားကို ပြောသော အခါ၊ ငါ့ကျောက်ကပ်ရွှင်လန်းလိမ့်မည်။
И играће бубрези моји кад усне твоје стану говорити што је право.
17 ၁၇ အပြစ်ထင်ရှားသော သူတို့ကို ငြူစူသော စိတ်မရှိစေနှင့်။ တနေ့လုံးထာဝရဘုရားကို ကြောက်ရွံ့ သောသဘော ရှိစေလော့။
Срце твоје нека не завиди грешницима, него буди у страху Господњем увек.
18 ၁၈ အကယ်စင်စစ် အမှုဆုံးဖြတ်ချိန်သည် ရောက် လိမ့်မည်။ သင့်မြော်လင့်ခြင်းအကြောင်း မပျက်ရာ။
Јер има плата, и надање твоје неће се затрти.
19 ၁၉ ငါ့သား၊ ငါ့စကားကို နားထောင်၍ ပညာရှိသ ဖြင့်၊ ကိုယ်စိတ်နှလုံးကို လမ်းမ၌ပဲ့ပြင်လော့။
Слушај, сине мој, и буди мудар и управи путем срце своје.
20 ၂၀ စပျစ်ရည်သောက်ကြူးသောသူ၊ အမဲသားစား ကြူးသော သူတို့ကို အပေါင်းအဘော်မလုပ်နှင့်။
Не буди међу пијаницама ни међу изјелицама.
21 ၂၁ သောက်ကြူးသောသူနှင့် စားကြူးသောသူသည် ဆင်းရဲခြင်းသို့ ရောက်လိမ့်မည်။ အိပ်ကြူးသော သဘော သည် လူကိုအဝတ်စုတ်နှင့် ခြုံတတ်၏။
Јер пијаница и изјелица осиромашиће, и спавач ходиће у ритама.
22 ၂၂ သင့်ကိုဖြစ်ဘွားစေသောအဘ၏ စကားကို နားထောင်လော့။ အသက်ကြီးသော အမိကို မထီမဲ့မြင် မပြုနှင့်။
Слушај оца свог који те је родио, и не презири матере своје кад остари.
23 ၂၃ သမ္မာတရားကို ဝယ်လော့။ မရောင်းနှင့်။ ပညာ ကို၎င်း၊ ဆုံးမဩဝါဒကို၎င်း၊ ဥာဏ်သတ္တိကို၎င်း ထိုအတူ ပြုလော့။
Купуј истину и не продаји је; купуј мудрост, знање и разум.
24 ၂၄ ဖြောင့်မတ်သောသူ၏အဘသည် အလွန်ဝမ်း မြောက်လိမ့်မည်။ ပညာရှိသော သားကို ဖြစ်ဘွားစေသော သူသည် ထိုသား၌ အားရဝမ်းမြောက်လိမ့်မည်။
Веома се радује отац праведников, и родитељ мудрога весели се с њега.
25 ၂၅ သင်၏မိဘတို့သည်ဝမ်းမြောက်၍၊ သင့်ကို မွေးဘွားသောသူသည် ရွှင်လန်းလိမ့်မည်။
Нека се, дакле, весели отац твој и мати твоја, и нека се радује родитељка твоја.
26 ၂၆ ငါ့သား၊ သင့်နှလုံးကို ငါ့အားပေးလော့။ သင့် မျက်စိတို့သည် ငါသွားသောလမ်းကို ကြည့်မှတ်ပါစေ။
Сине мој, дај ми срце своје, и очи твоје нека пазе на моје путе.
27 ၂၇ ပြည်တန်ဆာမသည် နက်သောကျုံးကဲ့သို့၎င်း၊ အမျိုးပျက်သော မိန်းမသည် ကျဉ်းသော မြေတွင်းကဲ့သို့ ၎င်း ဖြစ်၏။
Јер је курва дубока јама, а тесан студенац туђа жена.
28 ၂၈ သူသည် ထားပြကဲ့သို့ ချောင်းကြည့်တတ်၏။ လွန်ကျူးသော ယောက်ျားများပြားစေခြင်းငှါ ပြုတတ်၏။
Она и заседа као лупеж и умножава злочинце међу људима.
29 ၂၉ အဘယ်သူသည် ဝမ်းနည်းခြင်းရှိသနည်း။ အဘယ်သူသည် ညည်းတွားခြင်းရှိသနည်း။ အဘယ် သူသည် ရန်တွေ့ခြင်းရှိသနည်း။ အဘယ်သည် မြည် တမ်းခြင်းရှိသနည်း။ အဘယ်သူသည် အကျိုးအကြောင်း မရှိ၊ ထိခိုက်၍ နာခြင်းရှိသနည်း။ အဘယ်သူသည် မျက်စိနီခြင်းရှိသနည်း ဟူမူကား၊
Коме: Јаох? Коме: Куку? Коме свађа? Коме вика? Коме ране низашта? Коме црвен у очима?
30 ၃၀ စပျစ်ရည်ကို ကြာမြင့်စွာ သောက်လျက်နေ သောသူ၊ ဆေးနှင့်ရောသော စပျစ်ရည်ကို ရှာတတ်သော သူတို့သည် ထိုသို့သော လက္ခဏာရှိကြ၏။
Који седе код вина, који иду те траже растворено вино.
31 ၃၁ ဖလား၌နီလျက်၊ အရောင်တောက်လျက်၊ အချိုအမြိန်ဝင်လျက်ရှိသော စပျစ်ရည်ကို မကြည့်မရှုနှင့်။
Не гледај на вино кад се румени, кад у чаши показује лице своје и управо искаче.
32 ၃၂ နောက်ဆုံး၌ မြွေကဲ့သို့ကိုက်တတ်၏။ မြွေဆိုး ကဲ့သို့ နာစေတတ်၏။
На последак ће као змија ујести и као аспида упећи.
33 ၃၃ သင့်မျက်စိတို့သည် အမျိုးပျက်သောမိန်းမတို့ကို ကြည့်ရှု၍၊ သင့်နှလုံးသည်လည်း ကောက်သော စကားကို မြွက်ဆိုလိမ့်မည်။
Очи ће твоје гледати на туђе жене, и срце ће твоје говорити опачине.
34 ၃၄ အကယ်စင်စစ် သင်သည် ပင်လယ်အလယ်၌ အိပ်သောသူ၊ သင်္ဘောရွက်တိုင်ဖျားပေါ်မှာ အိပ်သော သူကဲ့သို့ ဖြစ်လိမ့်မည်။
И бићеш као онај који лежи усред мора и као онај који спава поврх једра.
35 ၃၅ သူတို့သည် ငါ့ကိုရိုက်ကြပြီ။ သို့သော်လည်း ငါမနာ။ ငါ့ကိုထိုးကြသော်လည်း ငါမသိ။ အဘယ်အချိန် မှ ငါနိုးရမည်နည်း။ တဖန်ငါရှာ ဦးမည်ဟု သင်ဆိုလိမ့် သတည်း။
Рећи ћеш: Избише ме, али ме не заболе; тукоше ме, али не осетих; кад се пробудим, ићи ћу опет да тражим то.