< သုတ္တံကျမ်း 21 >
1 ၁ ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
Ɔhene koma da Awurade nsam; ɔkyerɛ no ɔkwan te sɛ asuten ma ɔkɔ baabiara a ɔpɛ.
2 ၂ လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
Onipa akwan nyinaa teɛ wɔ nʼani so, nanso Awurade na ɔkari koma.
3 ၃ ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
Sɛ woyɛ ade pa ne ade a ɛteɛ a, ɛsɔ Awurade ani sen afɔrebɔ.
4 ၄ ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။
Ani a ɛtra ntɔn ne ahomaso koma, ne amumɔyɛfo asetena nyinaa yɛ bɔne!
5 ၅ လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
Nsiyɛfo nhyehyɛe de mfaso ba, sɛnea ntɛmpɛ kowie ohia no.
6 ၆ မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။
Ahonya a nkontompo tɛkrɛma de ba no, ɛyɛ omununkum a etwa mu kɔ, na ɛsan yɛ owu afiri.
7 ၇ မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
Amumɔyɛfo basabasayɛ bɛtwe wɔn akɔ, efisɛ wɔmpɛ sɛ wɔyɛ nea ɛteɛ.
8 ၈ လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ်၏။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ၏။
Onipa a odi fɔ no akwan yɛ kɔntɔnkye, na nea ne ho nni asɛm no nneyɛe teɛ.
9 ၉ ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။
Suhyɛ twɔtwɔw ase baabi tena ye sen sɛ wo ne ɔyere tɔkwapɛfo bɛtena fie.
10 ၁၀ မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။
Omumɔyɛfo kɔn dɔ bɔne; onni ahummɔbɔ mma ne yɔnko.
11 ၁၁ မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဥာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။
Sɛ wɔtwe ɔfɛwdifo aso a, ntetekwaafo hu nyansa, sɛ wɔkyerɛkyerɛ onyansafo a, onya nimdeɛ.
12 ၁၂ တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
Ɔtreneeni no hu nea ɛrekɔ so wɔ omumɔyɛfo fi, na ɔde omumɔyɛfo no kɔ ɔsɛe mu.
13 ၁၃ ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
Sɛ onipa sisiw nʼaso wɔ mmɔborɔni su ho a, ɔno nso besu afrɛ, na wɔrennye no so.
14 ၁၄ တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။
Kokoa mu adekyɛ dwudwo koma, kɛtɛasehyɛ nso pata abufuwhyew.
15 ၁၅ ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
Sɛ wubu atɛntrenee a, atreneefo ani gye, nanso ɛyɛ ahunahuna ma abɔnefo.
16 ၁၆ ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။
Onipa a ɔman fi nhumu kwan so no bɛhome wɔ awufo fekuw mu.
17 ၁၇ ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။
Nea odi ahosɛpɛw akyi no bɛyɛ ohiani; nea ɔpɛ nsa ne ngo no rennya ne ho da.
18 ၁၈ မတရားသောသူသည် တရားသောသူအဘို့၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ်၏။
Amumɔyɛfo de wɔn nkwa to hɔ ma atreneefo, na atorofo yɛ saa ma wɔn a wɔyɛ pɛ.
19 ၁၉ စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။
Eye sɛ wobɛtena sare so, sen sɛ wo ne ɔyere tɔkwapɛfo a ne koma haw no no bɛtena.
20 ၂၀ ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။
Nnuan pa ne ngo ayɛ onyansafo fi ma, nanso ɔkwasea di nea ɔwɔ nyinaa.
21 ၂၁ ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
Nea otiw trenee ne ɔdɔ no nya nkwa, yiyedi ne anuonyam.
22 ၂၂ ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။
Onyansafo tow hyɛ ahoɔdenfo kuropɔn so, na odwiriw abandennen a wɔn werɛ hyɛ mu no gu fam.
23 ၂၃ မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။
Nea ɔkora nʼano ne ne tɛkrɛma no twe ne ho fi amanenya ho.
24 ၂၄ ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။
Ɔhantanni a ɔma ne ho so no, ne din ne “Ɔfɛwdifo” ɔde ahantan ntraso yɛ ade.
25 ၂၅ ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။
Nea ɔkwadwofo kɔn dɔ no bɛyɛ owu ama no, efisɛ ne nsa mpɛ adwumayɛ.
26 ၂၆ တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
Da mu nyinaa ɔpere sɛ obenya bebree, nanso ɔtreneeni de, ɔma a ɔnnodow ho.
27 ၂၇ မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
Omumɔyɛfo afɔrebɔ yɛ akyiwade, ne titiriw ne sɛ ɔde adwemmɔne bata ho.
28 ၂၈ မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။
Ɔdansekurumni bɛyera, na wɔbɛsɛe obiara a otie no no nso.
29 ၂၉ မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။
Amumɔyɛfo di akakabensɛm, na ɔtreneeni de, osusuw nʼakwan ho.
30 ၃၀ ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
Nyansa, nhumu ne nhyehyɛe biara nni hɔ a ebetumi ayɛ yiye atia Awurade.
31 ၃၁ စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
Wosiesie apɔnkɔ ma ɔko da, nanso nkonimdi yɛ Awurade dea.