< သုတ္တံကျမ်း 21 >
1 ၁ ရှင်ဘုရင်၏ စိတ်နှလုံးသည် ရေချောင်းကဲ့သို့ ဖြစ်၍၊ ထာဝရဘုရား၏ လက်တော်၌ရှိသဖြင့်၊ အလို တော်ရှိသည်အတိုင်း လှည့်စေတော်မူ၏။
HE mau auwai ka naau o ke alii, iloko o ka lima o Iehova, Nana e hookahe ae e like me kona makemake.
2 ၂ လူတို့သည်မိမိတို့ ကျင့်သမျှသော အကျင့်တို့ကို နှစ်သက်တတ်၏။ ထာဝရဘုရားမူကား၊ စိတ်နှလုံးတို့ကို ချိန်တော်မူ၏။
O na aoao a pau o ke kanaka, ua pololei ia i kona maka iho, Hoao ae la o Iehova i na naau.
3 ၃ ယဇ်ပူဇော်ခြင်းကို နှစ်သက်သည်ထက် ဖြောင့် မတ်စွာပြုခြင်း၊ တရားသဖြင့် စီရင်ခြင်းကို ထာဝရဘုရား သည် သာ၍နှစ်သက်တော်မူ၏။
O ka hana ana i ka pono a me ka pololei, Ua makemakeia e Iehova mamua o ka mohai.
4 ၄ ထောင်လွှားသောမျက်နှာ၊ မာနကြီးသောနှလုံး၊ မတရားသောသူတို့၏အလင်းသော်လည်း အပြစ်ပါ၏။
O ka maka haaheo, o ka naau hookiekie, O ka pomaikai ana hoi o ka poe hewa he pono ole no ia.
5 ၅ လုံ့လဝိရိယပြုသောသူ၏အကြံအစည်သည် ကြွယ်ဝခြင်းနှင့်၎င်း၊ သမ္မာသတိမရှိသော သူ၏အကြံ အစည်သည် ဆင်းရဲခြင်းနှင့်၎င်း ဆိုင်ပေ၏။
O ka manao o ka mea hana mau, pili no ia i ka lako; O ko ka mea wikiwiki wale, pili no ia i ka nele.
6 ၆ မုသာစကားအားဖြင့် ဘဏ္ဍာကိုဆည်းဖူးခြင်း အမှုသည် သေမင်းကျော့ကွင်းတို့တွင် ပျောက်လွင့်သော အနတ္တဖြစ်၏။
O ka imi ana i ka waiwai ma ke elelo wahahee, He opala i hoopuehuia e ka poe e imi ana i ka make.
7 ၇ မတရားသော သူတို့သည် တရားသဖြင့်မစီရင် လိုသောကြောင့်၊ မိမိညှဉ်းဆဲခြင်းအပြစ်သည် မိမိကို ဖျက်ဆီးလိမ့်မည်။
O ke kaili wale o ka poe hewa, e kaili aku ia ia lakou; No ka mea, hoole lakou, aole e hana ma ka hoopono.
8 ၈ လမ်းလွှဲသွားသောသူသည် ကွာဝေးရာသို့ ရောက်တတ်၏။ စင်ကြယ်သော သူပြုသောအမှုမူကား မှန်ပေ၏။
He kekee ka aoao o ke kanaka, a he ano e hoi; O ka mea maemae hoi, ua pololei kana hana.
9 ၉ ရန်တွေ့တတ်သောမိန်းမနှင့် အတူလူများသော အိမ်၌နေသည်ထက်၊ အိမ်မိုးပေါ်ထောင့်ထဲမှာ နေသော် သာ၍ကောင်း၏။
E aho ka noho ma ke kihi maluna o ka hale, Aole hoi me ka wahine hakaka ma ka hale kanaka.
10 ၁၀ မတရားသောသူသည် မနာလိုသောစိတ်ရှိ၏။ အိမ်နီးချင်း၌ ကျေးဇူးပြုချင်သော အလိုမရှိ။
O ka uhane o ka mea hewa, makemake no ia i ka hewa; Aole ona lokomaikai mai i kona hoanoho.
11 ၁၁ မထီမဲ့မြင်ပြုသောသူသည် အပြစ်ဒဏ်ကို ခံရသောအခါ၊ ဥာဏ် တိမ်သောသူသည်သတိရတတ်၏။ သတိရသောသူသည်လည်း သွန်သင်ခြင်းကိုခံသောအခါ၊ ပညာတိုးပွါးတတ်၏။
Ma ka hoopaiia mai o ka mea hoowahawaha, e hoonaauaoia'i ka mea ike ole; I ke ao ana aku i ka mea akamai, e loaa no ia ia ka ike.
12 ၁၂ တရားသောသူသည် မတရားသောသူ၏အိမ်ကို ပညာစိတ်နှင့် ဆင်ခြင်တတ်၏။ မတရားသောသူတို့ မူကား၊ မိမိတို့ပြုသောဒုစရိုက်အားဖြင့် ပျက်စီးခြင်းသို့ ရောက်တတ်ကြ၏။
Noonoo nui ka mea pono i ka hale o ka mea hewa; Ua hookahuliia ka poe hewa no ka hana hewa ana.
13 ၁၃ ဆင်းရဲသောသူ၏အော်ဟစ်သံကို မကြားလို၍၊ နားကိုပိတ်သော သူသည် ကိုယ်တိုင်အော်ဟစ်၍၊ အဘယ် သူမျှမကြားရ။
O ka mea i papani i kona pepeiao i ka uwe ana o ka mea nele, E hea aku no oia, aohe mea e hoolohe mai.
14 ၁၄ တိတ်ဆိတ်စွာ ပေးသောလက်ဆောင်သည် သူ့စိတ်ကို၎င်း၊ ရင်ခွင်၌ချထားသော လက်ဆောင်ပဏ္ဏာ သည် ပြင်းစွာသော အမျက်ကို၎င်း ဖြေတတ်၏။
O ka makana malu, pale ae no ia i ka huhu; Pela hoi ka makana poli i ka inaina ikaika.
15 ၁၅ ဖြောင့်မတ်သောသူသည် တရားသဖြင့်စီရင်၍ ဝမ်းမြောက်တတ်၏။ အဓမ္မအမှုကိုပြုသောသူမူကား၊ ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
He olioli i ka mea pono ke hana ma ka pololei; He make no ko ka poe hana hewa.
16 ၁၆ ဥာဏ်ပညာလမ်းမှ လွှဲသွားသော သူသည် သင်္ချိုင်းသား အစုအဝေး၌ နေရာကျလိမ့်မည်။
O ke kanaka hele hewa mai ka aoao ae o ka naauao, E noho no oia ma ke anaina o ka poe malu make.
17 ၁၇ ကာမဂုဏ်၌ မွေ့လျော်သောသူသည် ဆင်းရဲ ခြင်းသို့ ရောက်လိမ့်မည်။ စပျစ်ရည်နှင့်ဆီကို ကြိုက်သော သူသည်လည်း ငွေကိုမရတတ်ရ။
O ka mea makemake i ka lealea, e ilihune auanei ia, O ka mea makemake i ka waina a me ka aila, aole ia e waiwai.
18 ၁၈ မတရားသောသူသည် တရားသောသူအဘို့၊ လွန်ကျူးသော သူသည်ဖြောင့်မတ်သောသူအဘို့ ရွေးရန် ဖြစ်၏။
Pani ka mea hewa i ka hakahaka no ka mea pono; Pela ka mea lawe hala no ka mea pololei.
19 ၁၉ စိတ်တို၍ရန်တွေ့တတ်သောမိန်းမနှင့် နေသည် ထက်၊ တောလွင်ပြင်၌ နေသော်သာ၍ကောင်း၏။
E aho ka noho noho ana ma ka waoakua. Aole me ka wahine huhu a me ka hakaka.
20 ၂၀ ပညာရှိသောသူ၏အိမ်၌ နှစ်သက်ဘွယ်သော ဘဏ္ဍာနှင့် ဆီရှိတတ်၏။ မိုက်သောသူမူကား၊ ကုန်စေ တတ်၏။
Aia ka waiwai i makemakeia a me ka aila ma ka hale o ka mea naauao; A o ke kanaka lapuwale, moni iho la oia ia mea.
21 ၂၁ ဖြောင့်မတ်ခြင်းတရားနှင့်ကရုဏာတရားကို ရှာသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဂုဏ် အသရေထင်ရှားခြင်းကို တွေ့တတ်၏။
O ka mea hahai mahope o ka pono, a me ka lokomaikai, E loaa ia ia ke ola a me ka pono a me ka nani.
22 ၂၂ ပညာရှိသောသူသည် ခိုင်ခံ့သောမြို့ရိုးကို တက် ၍၊ မြို့သားကိုးစားစရာခွန်အားကို ရှုတ်ချတတ်၏။
Pii ae ka mea naauao maluna o ke kulanakauhale o ka poe ikaika, Hoohiolo oia i ka ikaika a lakou i paulele ai.
23 ၂၃ မိမိနှုတ်နှင့်လျှာကိုစောင့်သော သူသည် မိမိ စိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှါ စောင့်ရာရောက် ၏။
O ka mea malama i kona waha a me kona alelo, Oia ka i hoopakele i kona uhane i ka popilikia.
24 ၂၄ ပြင်းစွာသော ဒေါသအမျက်၌ ကျင်လည်သော သူကို၊ ထောင်လွှားစော်ကားသောသူ၊ မထီမဲ့မြင်ပြုသော သူဟူ၍ သမုတ်အပ်၏။
O ka haaheo, o ka hookano, o ka hoowahawaha, Oia ka inoa o ka mea hana ma ka huhu ikaika.
25 ၂၅ ပျင်းရိသောသူသည် အလုပ်မလုပ်ချင်သော ကြောင့်၊ မိမိတပ်မက်သောအားဖြင့် သေတတ်၏။
O ka makemake o ka mea palaualelo oia kona mea e make ai; No ka mea, hoole kona mau lima i ka hana.
26 ၂၆ တနေ့လုံးတပ်မက်အားကြီးတတ်၏။ ဖြောင့်မတ် သော သူမူကား မနှမြောဘဲစွန့်ကြဲတတ်၏။
Kuko wale aku no ia a po ka la; Haawi aku hoi ka mea pono me ka aua ole.
27 ၂၇ မတရားသော သူပူဇော်သော ယဇ်သည် စက်ဆုပ်ရွံ့ရှာဘွယ်ဖြစ်၏။ ထိုမျှမက၊ မတရားသော စိတ်နှင့်ပူဇော်လျှင် သာ၍ဖြစ်၏။
O ka mohai o ka poe hewa, he hoopailua ia; Ua oi aku hoi ka hewa, ke lawe oia ia mea me ka manao ino.
28 ၂၈ မမှန်သော သက်သေသည် ပျက်တတ်၏။ ကိုယ်တိုင်ကြားသောသူမူကား၊ တည်ကြည်စွာ ပြော တတ်၏။
O ka mea hoike wahahee, e make no ia; O ke kanaka hoolohe, oia ke olelo mau.
29 ၂၉ မတရားသောသူသည် မိမိမျက်နှာကို ခိုင်မာ စေတတ်၏။ ဖြောင့်မတ်သောသူမူကား၊ မိမိသွားရာလမ်း ကို ပြင်ဆင်တတ်၏။
Hoopaakiki ke kanaka hewa i kona maka; O ka mea pololei hoi, hoopololei oia i kona aoao.
30 ၃၀ ထာဝရဘုရားတဘက်၌ ဥာဏ်မတည်၊ ပညာ မတည်၊ အကြံတစုံတခုမျှ မတည်နိုင်။
Aohe akamai, aohe noonoo; Aole hoi oleloao e hiki ai ke ku e aku ia Iehova.
31 ၃၁ စစ်တိုက်ရာကာလအဘို့မြင်းများကို ပြင်ဆင် သော်လည်း၊ ထာဝရဘုရား၏ကျေးဇူးတော်ကြောင့် ချမ်းသာရပါ၏။
Ua hoomakaukauia ka lio no ka la e kaua ai; Aka, ia Iehova no ka hoopakele ana.