< သုတ္တံကျမ်း 2 >
1 ၁ ငါ့သား၊ သင်သည်ပညာစကားကို နားထောင်၍၊
My son, if thou dost accept my sayings, And my commands dost lay up with thee,
2 ၂ စေတနာစိတ်နှင့်ဥာဏ်ကို ရှာဖွေသည်တိုင်အောင်၊ ငါ့စကားကို နားခံ၍၊ ငါ့ပညတ်တို့ကို ကိုယ်အထဲ၌ သွင်းမိလျှင်၎င်း၊
To cause thine ear to attend to wisdom, Thou inclinest thy heart to understanding,
3 ၃ သိပ္ပံအတတ်ကိုခေါ်၍၊ ဥာဏ်နောက်သို့ အသံ ကိုလွှင့်လျှင်၎င်း၊
For, if for intelligence thou callest, For understanding givest forth thy voice,
4 ၄ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍၊ ဝှက်ထား သောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့၊ ဥာဏ်ကို စူးစမ်း လျှင်၎င်း၊
If thou dost seek her as silver, And as hid treasures searchest for her,
5 ၅ ထာဝရဘုရားကို ကြောက်သောသဘော၌ ကျင်လည်၍၊ ဘုရားသခင်ကိုသိသော ဥာဏ်နှင့်ပြည့်စုံ လိမ့်မည်။
Then understandest thou fear of Jehovah, And knowledge of God thou findest.
6 ၆ အကြောင်းမူကား၊ ထာဝရဘုရားသည်ပညာကို ပေးတော်မူတတ်၏။ နားလည်နိုင်သော ဥာဏ်သည် နှုတ်ကပတ်တော်အားဖြင့်သာဖြစ်တတ်၏။
For Jehovah giveth wisdom, From His mouth knowledge and understanding.
7 ၇ ဖြောင့်မတ်သောသူတို့အဘို့ ပညာရတနာကို သိုထားတော်မူ၏။ တရားသဖြင့်ကျင့်သောသူတို့ကို ကွယ်ကာတော်မူ၏။
Even to lay up for the upright substance, A shield for those walking uprightly.
8 ၈ မိမိသန့်ရှင်းသူတို့သည်တရားလမ်းကို စောင့် ရှောက်မည်အကြောင်း၊ သူတို့၏လမ်းခရီးကို လုံခြုံ စေတော်မူ၏။
To keep the paths of judgment, And the way of His saints He preserveth.
9 ၉ ကျေးဇူးတော်ကြောင့် သင်သည် ဖြောင့်မတ်စွာ ကျင့်ခြင်း။ တရားသဖြင့်စီရင်ခြင်း၊ လျစ်လျူစွာ ဆုံးဖြတ် ခြင်းမှစ၍၊ ကောင်းသောလမ်းရှိသမျှတို့ကို သိနားလည် လိမ့်မည်။
Then understandest thou righteousness, And judgment, and uprightness — every good path.
10 ၁၀ ပညာသည်သင်၏နှလုံးထဲသို့ဝင်၍၊ သင်သည် သိကြားခြင်း၌ မွေ့လျော်သောအခါ၊
For wisdom cometh into thy heart, And knowledge to thy soul is pleasant,
11 ၁၁ သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊
Thoughtfulness doth watch over thee, Understanding doth keep thee,
12 ၁၂ ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။ ကောက် သောစကားကို ပြောတတ်သောသူ၊
To deliver thee from an evil way, From any speaking froward things,
13 ၁၃ ဖြောင့်မတ်သောလမ်းကိုစွန့်၍၊ မိုက်မဲသော လမ်းသို့လိုက်သောသူ၊
Who are forsaking paths of uprightness, To walk in ways of darkness,
14 ၁၄ ဒုစရိုက်၌မွေ့လျော်၍ အဓမ္မလူ၏ ကောက်လိမ် ခြင်းကို အားရနှစ်သက်သောသူ၊
Who are rejoicing to do evil, They delight in frowardness of the wicked,
15 ၁၅ ဖြောင့်သောလမ်းသို့မလိုက်၊ ကောက်သော လမ်းသို့သာ လိုက်သောသူတို့၏လက်မှ၎င်း၊
Whose paths [are] crooked, Yea, they are perverted in their ways.
16 ၁၆ အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့်ချော့မော့တတ် သော ပြည်တန်ဆာမိန်းမ၊
To deliver thee from the strange woman, From the stranger who hath made smooth her sayings,
17 ၁၇ အသက်ငယ်စဉ်ပဲ့ပြင်သော ကျေးဇူးရှင်ကိုစွန့်၍၊ မိမိဘုရားသခင်၏ ပဋိညာဉ်တရားကို မေ့လျော့သော မိန်းမလက်မှ၎င်း၊ သင့်ကို ကယ်တင်လိမ့်မည်။
Who is forsaking the guide of her youth, And the covenant of her God hath forgotten.
18 ၁၈ ထိုမိန်းမ၏အိမ်သည် သေခြင်းနှင့်၎င်း၊ သူလိုက်သော လမ်းတို့သည် သင်္ချိုင်းသားနေရာနှင့်၎င်း စပ်ဆိုင် သဖြင့်၊
For her house hath inclined unto death, And unto Rephaim her paths.
19 ၁၉ သူ၏အိမ်သို့ဝင်သောသူ တစုံတယောက်မျှ မပြန်ရ။ အသက်လမ်းကို မမှီရ။
None going in unto her turn back, Nor do they reach the paths of life.
20 ၂၀ သင်သည် သူတော်ကောင်းတို့၏ လမ်းသို့ရှောက်၍၊ ဖြောင့်မတ်သော သူတို့၏ လမ်းခရီးထဲက မထွက်ဘဲ အစဉ်တစိုက်လိုက်ရမည်အကြောင်းတည်း။
That thou dost go in the way of the good, And the paths of the righteous dost keep.
21 ၂၁ ဖြောင့်မတ်သောသူတို့သည်ပြည်တော်၌နေ၍၊ စုံလင်သော သူတို့သည် နေရာကျကြလိမ့်မည်။
For the upright do inhabit the earth, And the perfect are left in it,
22 ၂၂ အဓမ္မလူတို့မူကား၊ ပြည်တော်မှပယ်ရှင်းခြင်း၊ လွန်ကျူးသော သူတို့သည် နှုတ်ပစ်ခြင်းကို ခံရကြလိမ့် မည်။
And the wicked from the earth are cut off, And treacherous dealers plucked out of it!