< သုတ္တံကျမ်း 17 >
1 ၁ တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။
melior est buccella sicca cum gaudio quam domus plena victimis cum iurgio
2 ၂ ပညာရှိသောကျွန်သည် အရှက်ခွဲသောသားကို အုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေခံတတ်၏။
servus sapiens dominabitur filiis stultis et inter fratres hereditatem dividet
3 ၃ ငွေစစ်စရာဘို့မိုက်ကို၎င်း၊ ရွှေစစ်စရာဘို့ မီးဖိုကို ၎င်း သုံးတတ်၏။ စိတ်နှလုံးကိုကား၊ ထာဝရဘုရား စစ်တော်မူ၏။
sicut igne probatur argentum et aurum camino ita corda probat Dominus
4 ၄ မတရားသဖြင့်ပြုသော သူသည် မုသာစကားကို ယုံတတ်၏။ မုသာသုံးသော သူသည်လည်း ဆိုးညစ်သော စကားကို နားထောင်တတ်၏။
malus oboedit linguae iniquae et fallax obtemperat labiis mendacibus
5 ၅ ဆင်းရဲသားတို့ကို မထီလေးစားပြုသော သူသည် ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏။ သူတပါး၌ ဘေး ရောက်လျှင် ဝမ်းမြောက်တတ်သော သူသည်လည်း အပြစ်ဒဏ်နှင့် မလွတ်ရ။
qui despicit pauperem exprobrat factori eius et qui in ruina laetatur alterius non erit inpunitus
6 ၆ မြေးတို့သည် အသက်ကြီးသောသူ၏ သရဖူဖြစ် ၏။ သားတို့၏ဘုန်းကား အဘတည်း။
corona senum filii filiorum et gloria filiorum patres sui
7 ၇ မြတ်သောစကားသည် မိုက်သောသူနှင့် မတော် မသင့်။ ထိုမျှမက၊ မုသာစကားသည် မင်းနှင့်မတော် မသင့်။
non decent stultum verba conposita nec principem labium mentiens
8 ၈ လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မြတ်ကဲ့သို့ ဖြစ်၍၊ မျက်နှာပြုလေရာရာ၌ အောင်တတ်၏။
gemma gratissima expectatio praestolantis quocumque se verterit prudenter intellegit
9 ၉ သူတပါးပြစ်မှားသော အမှုကိုဝှက်ထားသော သူသည် မေတ္တာကို ပြုစု၏။ ကြားပြောသောသူမူကား၊ မိတ်ဆွေတို့ကို ကွဲပြားစေ၏။
qui celat delictum quaerit amicitias qui altero sermone repetit separat foederatos
10 ၁၀ မိုက်သောသူသည် ဒဏ်ချက်တရာကို အမှုထား သည်ထက်၊ ပညာရှိသောသူသည် ဆုံးမသော စကားကို သာ၍ အမှုထားတတ်၏။
plus proficit correptio apud prudentem quam centum plagae apud stultum
11 ၁၁ ပုန်ကန်သောသူသည် မတရားသောအမှုကိုသာ ပြုစုတတ်၏။ ထိုကြောင့်ကြမ်းကြုတ်သော တမန်ကို သူ့ဆီသို့စေလွှတ်ရ၏။
semper iurgia quaerit malus angelus autem crudelis mittetur contra eum
12 ၁၂ မိုက်သောစိတ်ထဆဲရှိသော လူမိုက်နှင့်မတွေ့ပါ စေနှင့်။ သားငယ်ပျောက်သော ဝံမနှင့်သာ၍ တွေ့ပါစေ သော။
expedit magis ursae occurrere raptis fetibus quam fatuo confidenti sibi in stultitia sua
13 ၁၃ အကြင်သူသည် ကျေးဇူးကိုမသိ၊ မကောင်းသော အမှုနှင့် ဆပ်၏၊ ထိုသူ၏အိမ်သည် မကောင်းသော အမှုနှင့်မကင်းမလွတ်ရ။
qui reddit mala pro bonis non recedet malum de domo eius
14 ၁၄ ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မှီတွေ့စရာ အကြောင်းကို ရှောင်လော့။
qui dimittit aquam caput est iurgiorum et antequam patiatur contumeliam iudicium deserit
15 ၁၅ မတရားသောသူတို့ကို အပြစ်မှလွှတ်သော သူနှင့်၊ ဖြောင့်မတ်သောသူတို့ကို အပြစ်စီရင်သော သူနှစ်ယောက်လုံးတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာ တော်မူ၏။
et qui iustificat impium et qui condemnat iustum abominabilis est uterque apud Dominum
16 ၁၆ မိုက်သောသူသည် ပညာကိုအလိုမရှိသည် ဖြစ် ၍၊ ပညာအဘိုးကို အဘယ်ကြောင့် သူ၌အပ်ရသနည်း။
quid prodest habere divitias stultum cum sapientiam emere non possit
17 ၁၇ အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဘို့ မွေးဘွားလျက်ရှိ၏။
omni tempore diligit qui amicus est et frater in angustiis conprobatur
18 ၁၈ ဥာဏ်မဲ့သောသူသည် လက်ဝါးချင်းရိုက်၍၊ အဆွေ ခင်ပွန်းရှေ့မှာ အာမခံတတ်၏။
homo stultus plaudet manibus cum spoponderit pro amico suo
19 ၁၉ ရန်တွေ့ခြင်းကို နှစ်သက်သောသူသည် လွန် ကျူးခြင်းကိုလည်း နှစ်သက်တတ်၏။ မိမိတံခါးကို ချီးမြှင့် သော သူသည် ပျက်စီးခြင်းကို ရှာတတ်၏။
qui meditatur discordiam diligit rixas et qui exaltat ostium quaerit ruinam
20 ၂၀ သဘောကောက်သောသူသည် ကောင်းသော အကျိုးကို မတွေ့တတ်။ စကားလိမ်သောသူသည် ဘေး ဥပဒ်နှင့် တွေ့ကြုံတတ်၏။
qui perversi cordis est non inveniet bonum et qui vertit linguam incidet in malum
21 ၂၁ မိုက်သောသူကို ဖြစ်ဘွားစေသောသူသည် မိမိကို မိမိဝမ်းနည်းစေတတ်၏။ မိုက်သောသူ၏အဘ၌ ဝမ်းမြောက်စရာအကြောင်းမရှိ။
natus est stultus in ignominiam suam sed nec pater in fatuo laetabitur
22 ၂၂ စိတ်ရွှင်လန်းခြင်းသည် ကျန်းမာစေတတ်၏။ စိတ်ပျက်ခြင်းမူကား၊ အရိုးတို့ကိုသွေ့ခြောက်စေတတ်၏။
animus gaudens aetatem floridam facit spiritus tristis exsiccat ossa
23 ၂၃ မတရားသောသူသည် တရားလမ်းကိုဖျက်သော အဘိုးတံစိုးကို သူတပါး၏ ခါးပိုက်အိတ်ထဲက နှိုက်ယူ တတ်၏။
munera de sinu impius accipit ut pervertat semitas iudicii
24 ၂၄ ဥာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။
in facie prudentis lucet sapientia oculi stultorum in finibus terrae
25 ၂၅ မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။
ira patris filius stultus et dolor matris quae genuit eum
26 ၂၆ ဖြောင့်မတ်သော သူကို အပြစ်ဒဏ်မပေး ကောင်း။ တရားသဖြင့် စီရင်သော မင်းကိုလည်း မထိခိုက် ကောင်း။
non est bonum damnum inferre iusto nec percutere principem qui recta iudicat
27 ၂၇ သိပ္ပံအတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။
qui moderatur sermones suos doctus et prudens est et pretiosi spiritus vir eruditus
28 ၂၈ မိုက်သောသူပင် တိတ်ဆိတ်စွာနေလျှင် ပညာရှိ ဟူ၍၎င်း၊ မိမိနှုတ်ကိုမဖွင့်ဘဲ နေသောသူကို လည်း၊ ဥာဏ်ကောင်းသောသူဟူ၍၎င်းသူတပါး ထင်တတ်၏။
stultus quoque si tacuerit sapiens putabitur et si conpresserit labia sua intellegens