< သုတ္တံကျမ်း 10 >
1 ၁ ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။
Süleymanın məsəlləri: Hikmətli oğul atasını sevindirər, Axmaq oğul anasına dərd gətirər.
2 ၂ မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။
Şər yolla yığılan xəzinədən fayda götürmək olmaz, Amma salehlik insanı ölümdən qurtarar.
3 ၃ ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။
Rəbb saleh insanı ac qoymaz, O, acgöz pisləri doydurmaz.
4 ၄ ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။
Tənbəlin əlləri onu yoxsullaşdırar, Çalışqanın əli sərvət qazanar.
5 ၅ အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။
Ağıllı oğul yayda məhsul yığar, Biçin vaxtı yatan oğul rüsvay olar.
6 ၆ တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
Saleh insanın başından bərəkət yağar, Şər adamın dili zorakılığı gizli saxlar.
7 ၇ တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။
Saleh insanın adı xeyir-dua ilə çağırılar, Şər adamın adı isə çürüyər.
8 ၈ လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။
Qəlbən hikmətli olan əmrləri qəbul edər, Səfeh boşboğazlığı üzündən itib-batar.
9 ၉ ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
Kamalla gəzib-dolaşan dinc yaşar, Yolu əyri olanlar üzə çıxar.
10 ၁၀ မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ်၏။
Göz vuran başına bəla açar, Səfeh boşboğazlığı üzündən itib-batar.
11 ၁၁ ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။
Salehin ağzı həyat qaynağı olar, Amma şər adamın dili zorakılığı gizli saxlar.
12 ၁၂ မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။
Nifrət nifaq yaradar, Lakin məhəbbət bütün günahları örtər.
13 ၁၃ ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။
Dərrakəlinin dilindən hikmət tökülər, Qanmaz kürəyindən kötəklənər.
14 ၁၄ ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။
Hikmətli adamlar bilik toplar, Səfehin boşboğazlığı onu bəlaya yaxınlaşdırar.
15 ၁၅ ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။
Zənginin var-dövləti ona qalalı şəhərdir, Kasıbı yoxsulluq bəlaya salar.
16 ၁၆ ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။
Salehin mükafatı həyatdır, Şər adamınsa qazancı günahdır.
17 ၁၇ နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။
Tərbiyəyə bağlanan həyat yolunda olar, Məzəmməti rədd edən yolunu azar.
18 ၁၈ အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
Nifrətini gizlədən yalan danışar, Axmaq hər yana böhtanlar yayar.
19 ၁၉ စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။
Çox sözlərlə günahı azaltmaq olmaz, Dilini saxlayan ağıllıdır.
20 ၂၀ ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ ၏။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက်။
Saleh insanın dili saf gümüşə oxşar, Şər adamın qəlbinin dəyəri az olar.
21 ၂၁ ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။
Saleh öz dili ilə çox adamı doydurar, Səfeh qanmazlığı üzündən həlak olar.
22 ၂၂ ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။
Rəbbin xeyir-duası insana sərvət gətirər, Daha ona qüssə verməz.
23 ၂၃ မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။
Axmaq üçün şər iş görmək bir əyləncədir, Dərrakəlininsə hikməti var.
24 ၂၄ မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။
Şər adam nədən qorxursa, başına gələr, Saleh isə muradına çatar.
25 ၂၅ မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။
Qopan tufan şəri süpürüb aparar, Salehin təməli əbədi qalar.
26 ၂၆ ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။
Dişlərə sirkə, gözlərə tüstü necə təsir edirsə, Tənbələ iş buyuran bunu elə hiss edər.
27 ၂၇ ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။
Rəbb qorxusu ömür uzadar, Şər insanların ömründən illər azalar.
28 ၂၈ ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
Salehləri sevinc gözlər, Şər insanların ümidi boşa çıxar.
29 ၂၉ ထာဝရဘုရား၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည်။
Kamilin pənahı Rəbbin yoludur. Şər iş görənin başı bəla ilə doludur.
30 ၃၀ ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။
Saleh heç vaxt sarsılmaz, Şər insanlar yer üzündə qalmaz.
31 ၃၁ ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။
Salehin ağzı hikmətlə çiçəklənər, Hiyləli dillər kəsilər.
32 ၃၂ ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။
Saleh insanın dili razı salmağı bacarar, Şər insanın ağzından hiyləli sözlər çıxar.