< တောလည်ရာ 9 >
1 ၁ အဲဂုတ္တုပြည်မှ ထွက်၍ ဒုတိယနှစ်၊ ပဌမလ၌ သိန်တောတွင် ထာဝရဘုရားသည် မောရှေအားမိန့်တော် မူသည်ကား
Waaqayyo erga isaan Gibxii baʼanii booddee jiʼa jalqabaa kan waggaa lammaffaatti Gammoojjii Siinaa keessatti akkana jedhee Museetti dubbate;
2 ၂ ဣသရေလအမျိုးသားတို့သည်၊ ချိန်းချက်သော ကာလအချိန်၌ ပသခါပွဲကို ခံရကြမည်။
“Israaʼeloonni yeroo murtaaʼetti Faasiikaa haa ayyaaneffatan.
3 ၃ စီရင်ထုံးဖွဲ့သမျှသော ထုံးစံအတိုင်း၊ ချိန်းချက် သော ကာလအချိန်တည်းဟူသော ယခုလ တဆယ်လေး ရက်နေ့ ညဦးယံ၌ စောင့်ရကြမည်ဟု မိန့်တော်မူ၏။
Isin akkuma seeraa fi dambii ayyaana kanaa hundaatti yeroo murtaaʼetti jiʼa sana keessa, dimimmisa galgala guyyaa kudha afuraffaatti ayyaaneffadhaa.”
4 ၄ ဣသရေလအမျိုးသားတို့သည် ပသခါပွဲကို ခံရမည်အကြောင်း၊ မောရှေဆင့်ဆိုသည်အတိုင်း၊
Museen akka isaan Faasiikaa ayyaaneffatan Israaʼelootatti hime;
5 ၅ သိန်တောတွင် ပဌမလ တဆယ်လေးရက်နေ့ ညဦးယံ၌ ပသခါပွဲကိုခံရကြ၏။ မောရှေအား ထာဝရ ဘုရားမှာ ထားတော်မူသမျှအတိုင်း၊ ဣသရေလအမျိုး သားတို့သည် ပြုကြ၏။
isaanis jiʼa jalqabaa keessa dimimmisa galgala guyyaa kudha afuraffaatti Gammoojjii Siinaa keessatti ayyaaneffatan. Sabni Israaʼel akkuma Waaqayyo Musee ajajetti waan hunda godhe.
6 ၆ ထိုနေ့၌ ပသခါပွဲကိုမခံရမည်အကြောင်း၊ လူအသေကောင်အားဖြင့် ညစ်ညူးခြင်းသို့ ရောက်သော လူအချို့တို့သည်၊ ထိုနေ့၌ မောရှေနှင့်အာရုန်ထံသို့ ချဉ်းကပ်၍၊
Isaan keessaa namoonni tokko tokko sababii reeffa tuqanii xuraaʼaniif guyyaa sana Faasiikaa ayyaaneffachuu hin dandeenye. Isaan guyyuma sana gara Musee fi Aroonii dhufanii,
7 ၇ အကျွန်ုပ်တို့သည် လူအသေကောင်အားဖြင့် ညစ်ညူးခြင်း ရှိပါ၏။ ချိန်းချက်သောအချိန်၌ ဣသရေလ အမျိုးသားတို့နှင့်အတူ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို မပြုစေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက်ကြ၏။
Museedhaan akkana jedhan; “Nu sababii reeffa namaa tuqneef xuroofneerra; garuu maaliif yeroo murtaaʼe sanatti Israaʼeloota kaan wajjin aarsaa Waaqayyoo dhiʼeessuu dhowwamne?”
8 ၈ မောရှေကလည်း၊ နေကြဦးလော့။ သင်တို့အမှု၌ ထာဝရဘုရားမိန့်တော်မူသော စကားကို ငါနားထောင်ဦး မည်ဟု ပြန်ဆို၏။
Museenis, “Hamma ani waan Waaqayyo waaʼee keessan ajaju dhagaʼutti turaa” jedheen.
9 ၉ ထိုအခါ မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Waaqayyos Museedhaan akkana jedhe;
10 ၁၀ သင်တို့ အမျိုးသားသည် အသေကောင်အားဖြင့် ညစ်ညူးခြင်းရှိသော်၎င်း၊ ဝေးသောအရပ်သို့ ခရီးသွား သော်၎င်း၊ ထာဝရဘုရားအဘို့ ပသခါပွဲကိုခံရမည်။
“Israaʼelootaan akkana jedhi: ‘Isin keessaa yookaan ilmaan keessan keessaa namni tokko yoo reeffa tuqee xuraaʼe yookaan karaa fagoo deeme, inni amma iyyuu Faasiikaa Waaqayyoo ayyaaneffachuu ni dandaʼa.
11 ၁၁ ဒုတိယလတဆယ်လေးရက်နေ့ညဦးယံ၌ ပွဲခံ၍၊ သိုးသငယ်အသားကို တဆေးမပါသော မုန့်၊ ခါးသော ဟင်းသီးဟင်းရွက်နှင့် စားရမည်။
Isaanis jiʼa lammaffaa keessa guyyaa kudha afuraffaa dimimmisa galgala Faasiikaa haa ayyaaneffatan. Faasiikaa sanas Maxinoo fi baala hadhaaʼaa wajjin haa nyaatan.
12 ၁၂ ထိုအသားကို နံနက်တိုင်အောင် မကြွင်းစေရ။ အရိုးကိုလည်း မချိုးရ။ ပသခါပွဲနှင့် ဆိုင်သောအထုံးအဖွဲ့ ရှိသမျှတို့ကို လိုက်၍ ပွဲခံရသော အခွင့်ရှိ၏။
Isaanis wantoota kanneen keessaa tokko iyyuu hamma ganamaatti hambisuu yookaan lafee isaa keessaa tokko iyyuu cabsuu hin qaban. Isaan yommuu Faasiikaa ayyaaneffatanitti dambiiwwan hunda duukaa buʼuu qabu.
13 ၁၃ ညစ်ညူးခြင်းမရှိ၊ အခြားတပါးသို့ ခရီးမသွား သော သူသည် ပသခါပွဲကို မခံပဲနေလျှင် ထိုသူကို သူ၏ အမျိုးမှပယ်ရှင်းရမည်။ ချိန်းချက်သော အချိန်၌ ထိုသူ သည် ထာဝရဘုရားအဘို့ ပူဇော်သက္ကာကို မဆောင်ခဲ့ သောကြောင့် မိမိအပြစ်ကို ခံရမည်။
Garuu namni qulqulluu taʼee karaa hin deemin yoo Faasiikaa ayyaaneffachuu baate inni sababii yeroo murtaaʼetti aarsaa Waaqayyoo hin dhiʼeessiniif saba isaa keessaa haa balleeffamu. Namichi sun gatii cubbuu isaa ni argata.
14 ၁၄ သင်တို့ထံမှာ တည်းခိုသော တပါးအမျိုးသား သည် ထာဝရဘုရားအဘို့ ပသခါပွဲကို ခံခြင်းငှါ အလိုရှိ လျှင်၊ စီရင်ထုံးဖွဲ့၍ ခံရသော ထုံးစံအတိုင်း ပွဲခံရမည်။ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား၊ ဖြစ်သောသူ၊ အမျိုးသားချင်းဖြစ်သောသူတို့သည် ထုံးစံတပါးတည်း သော ရှိရကြမည်ဟုမိန့်တော်မူ၏။
“‘Alagaan isin gidduu jiraatu kan Faasiikaa Waaqayyoo ayyaaneffachuu fedhu tokko akkuma seeraa fi dambii Faasiikaatti haa ayyaaneffatu. Isinis alagaa fi dhalataa biyyaatiif seeruma tokkicha qabaadhaa.’”
15 ၁၅ တဲတော်ကို ထူထောင်သောနေ့၌၊ မိုဃ်းတိမ်သည် တဲတောင်ပေါ်မှာ တည်၍၊ သက်သေခံချက် တဲတော်ကို ဖုံးအုပ်လေ၏။ ညဦးမှစ၍ နံနက်တိုင်အောင် တဲတော်ပေါ်မှာ မီးကဲ့သို့ ထင်လေ၏။
Gaafa dunkaanni qulqulluun dhaabame sana duumessi dunkaana sana jechuunis dunkaana dhuga baʼumsaa haguuge. Duumessi dunkaana qulqulluudhaan olii sunis galgalaa hamma ganamaatti ibidda fakkaata ture.
16 ၁၆ ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုဃ်းတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။
Wanni kunis yeroo hunda akkanuma ture; guyyaa duumessi isa haguuga ture; halkan immoo duumessi sun ibidda fakkaata ture.
17 ၁၇ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ မိုဃ်းတိမ်တည်လေရာရာ၌လည်း၊ တဲများကို ဆောက်ပြန်ကြ၏။
Yeroo duumessi sun dunkaana irraa kaʼu Israaʼeloonni kaʼanii deemu turan; lafa duumessi buʼu immoo Israaʼeloonni ni qubatu.
18 ၁၈ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ခရီးသွားကြ၏။ ထာဝရဘုရား မိန့်တော်မူသည် အတိုင်းလည်း တဲများကို ဆောက်ကြ၏။ မိုဃ်း တိမ်သည် တဲတော်အပေါ်မှာ တည်နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ၌နေကြ၏။
Israaʼeloonni ajaja Waaqayyootiin kaʼanii deemu; ajajuma isaatiinis qubatu. Yeroo duumessi dunkaana qulqulluun ol jiru isaanis qubata keessa turan.
19 ၁၉ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် ကြာမြင့်စွာတည်နေသောအခါ၊ ဣသရေလ အမျိုးသားတို့ သည် ခရီးမသွားဘဲ ထာဝရဘုရားထံတော်၌ စောင့်နေ ကြ၏။
Yoo duumessi sun guyyaa hedduu dunkaana gubbaa tures Israaʼeloonni seera Waaqayyootiif waan ajajamaniif iddoo sanaa kaʼanii hin deeman ture.
20 ၂၀ မိုဃ်းတိမ်သည် တဲတော်အပေါ်မှာ နေ့ရက် အနည်းငယ်မျှ တည်နေသောအခါ၊ ထာဝရဘုရား အမိန့် တော်အတိုင်း၊ သူတို့သည် တဲ၌ နေကြ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းလည်း၊ ခရီးသွားကြ၏။
Yeroo tokko tokko duumessi sun guyyaa xinnaadhaaf dunkaana qulqulluu gubbaa oolee bula ture; isaanis ajaja Waaqayyootiin qubatu; ajajuma isaatiinis kaʼanii deemu.
21 ၂၁ ညဦးယံမှစ၍ နံနက်အချိန်တိုင်အောင် မိုဃ်း တိမ်တည်နေ၍ နံနက်အချိန်၌ မြောက်သောအခါ ခရီး သွားကြ၏။ နေ့ဖြစ်စေ၊ ညဖြစ်စေ၊ မိုဃ်းတိမ်မြောက် သောအခါ ခရီးသွားကြ၏။
Yeroo tokko tokko duumessi sun galgalaa hamma ganamaatti jiraata ture; yommuu duumessi ganamaan kaʼu isaanis kaʼanii deemu. Guyyaas taʼu halkan, yeroo duumessi kaʼu isaanis kaʼanii deemu.
22 ၂၂ နှစ်ရက်ဖြစ်စေ၊ တလဖြစ်စေ၊ တနှစ်ဖြစ်စေ၊ မိုဃ်းတိမ်သည် တဲတော်ပေါ်မှာ တည်နေသမျှသော ကာလပတ်လုံး ဣသရေလအမျိုးသားတို့သည် ခရီး မသွားဘဲ တဲ၌နေကြ၏။ တဖန်မိုဃ်းတိမ်မြောက်ပြန် သောအခါ ခရီးသွားကြ၏။
Yeroo duumessi sun guyyaa lamas taʼu jiʼa tokko yookaan waggaa tokko dunkaana qulqulluu irra turutti Israaʼeloonni qubatuma keessa turu malee kaʼanii hin deeman ture; yeroo duumessichi kaʼutti garuu kaʼanii deemu.
23 ၂၃ ထာဝရဘုရားအမိန့်တော်အတိုင်း တဲ၌ နေကြ ၏။ ထာဝရဘုရား အမိန့်တော်အတိုင်းတဲ၌ နေကြ၏။ ထာဝရဘုရားအမိန့်တော်အတိုင်းလည်း ခရီးသွားကြ၏။ ထာဝရဘုရားသည် မောရှေအားဖြင့် မိန့်တော်မူသည် အတိုင်း ထာဝရဘုရားအထံတော်၌ စောင့်နေကြ၏။
Isaan ajaja Waaqayyootiin qubatu; ajajuma Waaqayyootiinis kaʼanii deemu. Akkuma ajaja Waaqayyo karaa Museetiin kenne sanaattis seera isaatiif ajajamu.