< တောလည်ရာ 8 >
1 ၁ ထာဝရဘုရားကလည်း၊ သင်သည် အာရုန်အား ဆင့်ဆိုရမည်မှာ၊
Ubangiji ya ce wa Musa,
2 ၂ မီးခွက်များကို ထွန်းသောအခါ၊ မီးခွက်ခုနစ်လုံး တို့သည် မီးခုံတဘက်တချက်၌ ထွန်းလင်းရမည်ဟု၊
“Yi magana da Haruna, ka ce masa, ‘Sa’ad da za ka shisshirya fitilun nan bakwai, ka shirya su yadda za su fuskanci gaba domin haskensu yă haskaka ta gaba.’”
3 ၃ မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန်ပြု၍ မီးခုံတဘက်တချက်၌ မီးခွက်များကို ထွန်းလေ၏။
Haka kuwa Haruna ya yi; ya shisshirya fitilun yadda za su fuskanci gaba a kan wurin ajiye fitilan, kamar dai yadda Ubangiji ya umarci Musa.
4 ၄ မီးခုံမူကား၊ ထာဝရဘုရားသည် မောရှေအား ပြတော်မူသော ပုံနှင့်အညီ မီးခုံတိုင်မှစ၍ ကြာပွင့်တိုင် အောင် ရွှေဖြင့် တစပ်တည်းထုလုပ်သော မီးခုံဖြစ်သ တည်း။
Ga yadda aka yi wurin ajiye fitilan. An ƙera shi da zinariya daga gindinsa har zuwa sama inda ya buɗu. Aka ƙera wurin ajiye fitilan yadda Ubangiji ya nuna wa Musa.
5 ၅ ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား
Ubangiji ya ce wa Musa,
6 ၆ လေဝိသားတို့ကို၊ ဣသရေလအမျိုးသားတို့ အထဲက ရွေးကောက်၍ စင်ကြယ်စေလော့။
“Keɓe Lawiyawa daga sauran Isra’ilawa, ka tsarkake su.
7 ၇ စင်ကြယ်စေခြင်းငှါ ပြုရမည်အမှုဟူမူကား၊ စင်ကြယ်ခြင်း မင်္ဂလာရေကို သူတို့အပေါ်မှာဖြန်း၍၊ သူတို့ သည် တကိုယ်လုံးကို အမွေးရိတ်ခြင်း၊ အဝတ်လျှော်ခြင်း ကို ပြုသဖြင့် စင်ကြယ်စေရမည်။
Ga yadda za ka tsarkake su, ka yayyafa musu ruwan tsarkakewa; ka sa su aske jikunansu duka su kuma wanke tufafinsu, ta haka za su tsarkake kansu.
8 ၈ ဆီရောသော မုန့်ညက်တည်းဟူသော ဘောဇဉ် ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးတကောင်၊ အပြစ်ဖြေရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင် ကို ယူပြီးလျှင်၊
Ka sa su ɗauki ɗan bijimi tare da lallausan garin hadaya, kwaɓaɓɓe da mai; sa’an nan, kai kuma ka ɗauki ɗan bijimi na biyu na hadaya don zunubi.
9 ၉ လေဝိသားတို့ကို ပရိသတ်စည်းဝေးရာ တဲတော် ရှေ့သို့ခေါ်ခဲ့၍၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်း တို့ကို စည်းဝေးစေပြီးမှ၊
Ka kawo Lawiyawa a gaban Tentin Sujada, ka kuma kira taron Isra’ilawa duka.
10 ၁၀ လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်သို့ ဆောင်ခဲ့၍၊ သူတို့ခေါင်းပေါ်မှာ ဣသရေလအမျိုးသား တို့သည် လက်ကိုတင်သဖြင့်၊
Za ka kawo Lawiyawa a gaban Ubangiji, Isra’ilawa kuma za su ɗibiya musu hannuwansu.
11 ၁၁ သူတို့သည် ထာဝရဘုရား၏ အမှုတော်ကို ထမ်း စေခြင်းငှါ၊ ဣသရေလအမျိုးသားတို့ပြုသော ပူဇော် သက္ကာတည်းဟူသော လေဝိသားတို့ကို အာရုန်သည် ထာဝရဘုရားအား ဆက်ရမည်။
Haruna zai miƙa Lawiyawa a gaban Ubangiji a matsayin hadaya ta kaɗawa daga Isra’ilawa, saboda a shirya su domin aikin Ubangiji.
12 ၁၂ လေဝိသားတို့သည်လည်း၊ နွားခေါင်းပေါ်မှာ မိမိ တို့လက်ကို တင်၍၊ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုလို သောငှါ၊ ထာဝရဘုရားရှေ့မှာ နွားတကောင်ကို အပြစ် ဖြေရာယဇ်၊ တကောင်ကို မီးရှို့ရာ ယဇ်ပြု၍ ပူဇော်ရကြ မည်။
“Bayan Lawiyawa sun ɗibiya hannuwansu a kan bijiman, sai ka yi amfani da ɗaya a matsayin hadaya don zunubi ga Ubangiji, ɗayan kuma domin hadaya ta ƙonawa, don yin kafara saboda Lawiyawa.
13 ၁၃ လေဝိသားတို့ကို၊ အာရုန်နှင့်သူ၏ သားတို့ရှေ့မှာ ထား၍ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည်။
Ka kuma sa Lawiyawa su tsaya a gaban Haruna da’ya’yansa, sai ka miƙa su kamar hadaya ta kaɗawa ga Ubangiji.
14 ၁၄ ထိုသို့ လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် တခြားစီခွဲထား၍၊ သူတို့သည် အထူးသဖြင့် ငါ့လူဖြစ်ရ ကြလိမ့်မည်။
Da haka za ka keɓe Lawiyawa daga sauran Isra’ilawa, Lawiyawa za su zama nawa.
15 ၁၅ ထိုနောက်မှ လေဝိသားတို့သည်၊ ပရိသတ် စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ရကြ လိမ့်မည်။ သူတို့ကို စင်ကြယ်စေ၍ ပူဇော်သက္ကာ၊ ပြုရ သော အကြောင်းဟူမူကား၊
“Bayan ka tsarkake Lawiyawa, ka kuma miƙa su kamar hadaya ta kaɗawa, sai su zo su yi aikinsu a Tentin Sujada.
16 ၁၆ ဣသရေလ အမျိုးထဲက သူတို့ကို ရွေးကောက်၍၊ ငါ့အား အပိုင်ပေးရမည်။ ဣသရေလအမျိုးတွင် အဦး ဘွားမြင်သော သားဦးများအတွက် သူတို့ကို ငါသိမ်း ယူ၏။
Gama dukansu an ba ni su daga cikin Isra’ilawa a maimakon dukan waɗanda suka fara buɗe mahaifa, wato, dukan’ya’yan farin Isra’ilawa. Na karɓi Lawiyawa su zama nawa.
17 ၁၇ အဲဂုတ္တုပြည်၌ သားဦးအပေါင်းတို့ကို ငါသည် ဒဏ်ခတ်သောအခါ ဣသရေလအမျိုးတွင်လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ကိုယ်အဘို့ သန့်ရှင်းစေသောကြောင့်၊ သားဦးအပေါင်းတို့ကို အထူး သဖြင့် ငါပိုင်ရမည်။
Kowane ɗan farin haihuwa, ko mutum, ko dabba a Isra’ila, nawa ne. Sa’ad da na kashe’ya’yan fari a Masar, na keɓe’ya’yan fari na Isra’ilawa wa kaina.
18 ၁၈ တဖန် ဣသရေလအမျိုးသားဦး အပေါင်းတို့ အတွက်၊ လေဝိသားတို့ကို ငါယူ၏။
Na kuma ɗauki Lawiyawa a maimakon dukan’ya’yan fari maza a Isra’ila.
19 ၁၉ သူတို့သည်လည်း ပရိသတ်စည်းဝေးရာ တဲတော် ၌၊ ဣသရေလအမျိုးသားဆောင်ရွက်ရသော အမှုကို ဆောင်ရွက်စေခြင်းငှါ၎င်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာ ဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့် လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှာ၎င်း၊ ဣသရေလအမျိုးထဲက လေဝိ သားတို့ကို အာရုန်နှင့် သူ၏သားတို့အား စွန့်ကြဲပေးကမ်း သည်ဟု၊
Cikin dukan Isra’ilawa, na ba da Lawiyawa kyauta ga Haruna da’ya’yansa, su yi hidima a Tentin Sujada a madadin Isra’ilawa, su kuma yi kafara dominsu saboda kada annoba ta bugi Isra’ilawa sa’ad da suka je kusa da wuri mai tsarki.”
20 ၂၀ လေဝိသားအမှု၌၊ ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေနှင့် အာရုန် အစရှိသော ဣသလေရအမျိုးသား ပရိသတ် အပေါင်းတို့ သည် လေဝိသားတို့ကို ပြုကြလျှင်၊
Musa, Haruna da kuma dukan taron Isra’ilawa, suka yi da Lawiyawa yadda Ubangiji ya umarci Musa.
21 ၂၁ သူတို့သည် စင်ကြယ်ခြင်းသို့ရောက်၍ မိမိတို့ အဝတ်ကို လျှော်ကြ၏။ အာရုန်သည်လည်း၊ သူတို့ကို ထာဝရ ဘုရားအား ဆက်ကပ်၍ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသဖြင့် စင်ကြယ်စေလေ၏။
Lawiyawa suka tsarkake kansu, suka kuma wanke tufafinsu. Sai Haruna ya miƙa su kamar hadaya ta kaɗawa a gaban Ubangiji, ya kuma yi kafara saboda su don yă tsarkake su.
22 ၂၂ ထိုနောက်မှ လေဝိသားတို့သည် အာရုန်နှင့်သူ၏ သားတို့ရှေ့၌ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ခြင်းငှါ ဝင်ကြ၏။ လေဝိသားတို့အမှု၌ ထာဝရဘုရားသည် မောရှောအားမှာထားတော်မူသည် အတိုင်း လူအပေါင်းတို့သည် ပြုကြ၏။
Bayan haka, sai Lawiyawa suka zo don su yi aikinsu a Tentin Sujada, a ƙarƙashin Haruna da’ya’yansa. Suka yi da Lawiyawa kamar dai yadda Ubangiji ya umarci Musa.
23 ၂၃ တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
Ubangiji ya ce wa Musa,
24 ၂၄ လေဝိသားတို့သည် အသက်နှစ်ဆယ်ငါးနှစ် လွန်မှ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကို ဆောင်ရွက် ခြင်းငှါ ဝင်ရကြမည်။
“Wannan ya shafi Lawiyawa ne, wato, mazan da suka kai shekara ashirin da biyar, ko fiye, za su zo su yi aiki a Tentin Sujada,
25 ၂၅ အသက်ငါးဆယ်လွန်မှ အမှုလွတ်၍ နောက် တဖန် မဆောင်ရွက်ဘဲ ပရိသတ်စည်းဝေးရာ တဲတော်၌ မိမိညီအစ်ကိုတို့နှင်အတူ ကူညီ၍ အလှည့်လှည့်စောင့် ရကြမည်။ ထိုသို့ လေဝိသားများ စောင့်ရသောအမှုကို စီရင်ရမည်ဟု မိန့်တော်မူ၏။
amma in suka kai shekaru hamsin da haihuwa, dole su huta daga wannan aiki na yau da kullum, su kuma daina aiki.
Za su iya taimakon’yan’uwansu cikin tafiyar da ayyuka a Tentin Sujada, amma su kansu ba za su yi aikin ba. Haka fa za ka ba wa Lawiyawa aikinsu.”