< တောလည်ရာ 5 >

1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှါ၊
ငါ နေ သော တပ် ကို မ ညစ်ညူး စေခြင်းငှါ၊ ဣသရေလ အမျိုးသား တို့သည်၊ နူ သောသူ၊ ရိနာစွဲ သောသူ၊ အသေကောင် ထိ၍ မစင်ကြယ် သောသူယောက်ျား မိန်းမ အပေါင်း တို့ကို၊ တပ် ပြင် မှာ နေရာ ချထားရမည်အကြောင်း ဆင့်ဆို လော့ဟု၊
3 ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာ စွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာ နေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု
4 မောရှေအား မိန့်တော်မူသည်အတိုင်း ဣသ ရေလအမျိုးသားတို့သည် ပြုကြ၏။
မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
5 တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
6 လူပြုတတ်သော ဒုစရိုက်ကိုပြု၍၊ ထာဝရဘုရား ကို ပြစ်မှားသဖြင့် အပြစ်ရောက်သော ယောက်ျားမိန်းမ သည်၊
လူ ပြုတတ်သော ဒုစရိုက် ကိုပြု ၍၊ ထာဝရဘုရား ကို ပြစ်မှား သဖြင့် အပြစ် ရောက်သော ယောက်ျား မိန်းမ သည်၊
7 ထိုအပြစ်ကို ဘော်ပြ၍ တောင်းပန်ရမည်။ ပြစ် မှားသောအတွက်၊ ငါးစုတစုကိုထပ်၍ ပြစ်မှားခံသော သူအားပေးရမည်။
ထို အပြစ် ကို ဘော်ပြ ၍ တောင်းပန်ရမည်။ ပြစ်မှား သောအတွက်၊ ငါးစုတစု ကိုထပ်၍ ပြစ်မှား ခံသောသူ အား ပေး ရမည်။
8 ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည်။
ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသား ချင်းမ ရှိလျှင် ၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား အား ပူဇော် ရမည်။ ထိုမှတပါး၊ အပြစ် ဖြေစေခြင်းငှါ၊ အပြစ် ဖြေရာယဇ်ဘို့၊ သိုး တကောင်ကို ပူဇော်ရမည်။
9 ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရော ဟိတ်၏ဥစ္စာ ဖြစ်ရမည်။
ယဇ်ပုရောဟိတ် အား ဣသရေလ အမျိုးသား ပူဇော်၍ သန့်ရှင်း သောအရာရှိသမျှ တို့သည်၊ ယဇ်ပုရောဟိတ် ၏ဥစ္စာ ဖြစ် ရမည်။
10 ၁၀ လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူ သမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့ သည်လည်း ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။
၁၀လူ တိုင်းသန့်ရှင်း စေ၍ ယဇ်ပုရောဟိတ် အား လှူ သမျှတို့သည်လည်း၊ ယဇ်ပုရောဟိတ် ၏ ဥစ္စာဖြစ် ရမည်ဟု မိန့် တော်မူ၏။
11 ၁၁ တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
၁၁တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
12 ၁၂ လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊
၁၂လင်ရှိသောမိန်းမ သည် အခြားတပါးသော ယောက်ျား နှင့် မှားယွင်း ၍ လင် ကို ပြစ်မှား လျှင် ၎င်း ၊ မှားယွင်း စဉ်တွင်သူတပါးမ တွေ့ မိ၊ သက်သေ မ ရှိ၊ သီလပျက် သော်လည်း ၊ ထိုအမှုကိုဝှက် ထား၍ လင် မသိ လျှင်၎င်း၊
13 ၁၃ မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား၍ လင်မသိလျှင်၎င်း၊
၁၃
14 ၁၄ သီလပျက်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ၊ လင် သည် မယားကို မယုံလျှင်၎င်း
၁၄သီလ ပျက်သည်ဖြစ်စေ၊ မပျက်သည်ဖြစ်စေ၊ လင်သည် မယား ကိုမ ယုံလျှင် ၎င်း၊
15 ၁၅ ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။
၁၅ထိုမိန်းမ ပြုရသော ပူဇော်သက္ကာ ဘို့မုယော မုန့်တဩမဲ ပါလျက်၊ သူ့ကိုယဇ်ပုရောဟိတ် ထံသို့ ခေါ် သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီ ကိုမ လောင်း ရ။ လောဗန် ကိုမ တင် ရ။ မယားကိုမ ယုံခြင်းပူဇော်သက္ကာ ၊ အပြစ် ကိုဖေါ် တင်ရာပူဇော်သက္ကာ ဖြစ်၏။
16 ၁၆ ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကို ယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
၁၆ယဇ်ပုရောဟိတ် သည်၊ ထိုပူဇော်သက္ကာကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။
17 ၁၇ ယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ရေကို မြေအိုး၌ လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကို ယူ၍ ရေထဲမှာ ထည့်ရမည်။
၁၇ယဇ်ပုရောဟိတ် သည် သန့်ရှင်း သော ရေ ကို မြေ အိုး ၌ လောင်း ပြီးလျှင် ၊ တဲ တော်၌ရှိသောမြေမှုန့် ကို ယူ ၍ ရေ ထဲမှာ ထည့် ရမည်။
18 ၁၈ ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။
၁၈ထိုမိန်းမ ကို ထာဝရဘုရား ရှေ့ တော်မှာထား ပြီးလျှင် ၊ ခေါင်း ၌ အချည်းစည်း ရှိစေ၍၊ မယားကိုမ ယုံခြင်းပူဇော်သက္ကာ တည်းဟူသော သတိပေး ရာပူဇော်သက္ကာကို မိန်းမ လက် ၌ ထည့် ရမည်။ ကျိန် ခြင်းဘေးကိုဖြစ်စေသော ရေ ခါး ကို၊ ယဇ်ပုရောဟိတ် ကိုယ်တိုင်ကိုင် ရမည်။
19 ၁၉ ထိုအခါ ယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကို အကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှ တပါး အခြားသော ယောက်ျားနှင့် မှားယွင်းခြင်း ညစ်ညူးခြင်း မရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။
၁၉ထိုအခါ ယဇ်ပုရောဟိတ် သည်၊ ထိုမိန်းမ ကို အကျိန် တိုက်လျက်၊ သင်သည် ကိုယ် ခင်ပွန်း မှတပါး အခြားသောယောက်ျား နှင့် မှားယွင်း ခြင်း၊ ညစ်ညူး ခြင်းမ ရှိလျှင် ၊ ကျိန် ခြင်းဘေးကိုဖြစ်စေသော၊ ဤရေ ခါး နှင့် ကင်းလွတ် စေသတည်း။
20 ၂၀ ကိုယ်ခင်ပွန်းမှ တပါးအခြားသော ယောက်ျား နှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊
၂၀ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျား နှင့် မှားယွင်း ၍ ညစ်ညူး ခြင်းရှိလျှင် ၊
21 ၂၁ ထာဝရဘုရားသည်၊ သင်၏ပေါင်ကို ပိန်စေ၍ ဝမ်းကိုလည်း ရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။
၂၁ထာဝရဘုရား သည်၊ သင် ၏ပေါင် ကို ပိန် စေ၍ ဝမ်း ကိုလည်း ရောင် စေသဖြင့်၊ သင့် ကိုကျိန် အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူ များကျိန်ဆို ခြင်းကို ခံရသောသူဖြစ် စေခြင်းငှါစီရင်တော်မူစေသတည်း။
22 ၂၂ ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင်၏ ဝမ်းထဲသို့ ဝင်၍ ဝမ်းရောင်းခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟု ဝန်ခံရမည်။
၂၂ကျိန် ခြင်းဘေး ဖြစ်စေသော ဤ ရေ သည်သင် ၏ ဝမ်း ထဲသို့ ဝင် ၍ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ် သည် ကျိန် ခြင်းအကျိန် တိုက် လျှင် ၊ မိန်းမ က၊ အာမင် ၊ အာမင် ဟု ဝန်ခံ ရမည်။
23 ၂၃ ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကို ရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊
၂၃ယဇ်ပုရောဟိတ် သည်လည်း၊ ထို အကျိန် တို့ကို ရေးမှတ် ၍ ၊ တဖန် ရေ ခါး နှင့်ချေ ပြီးမှ ၊
24 ၂၄ ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအား တိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။
၂၄ကျိန် ခြင်းဘေးဖြစ်စေသောရေ ခါး ကို မိန်းမ အား တိုက် ရမည်။ ထိုရေ သည် မိန်းမ ထဲသို့ ဝင် ၍ ခါး လိမ့်မည်။
25 ၂၅ ထိုအခါ ယဇ်ပုရောဟိတ်သည်၊ မယားကို မယုံ ခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှ ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊
၂၅ထိုအခါ ယဇ်ပုရောဟိတ် သည်၊ မယားကို မ ယုံ ခြင်းပူဇော်သက္ကာကို မိန်းမ လက် မှ ယူ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ချီ လွှဲလျက် ယဇ်ပလ္လင် ပေါ်မှာ ဆက် ပြီးလျှင်၊
26 ၂၆ မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော် သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို၍ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည်။
၂၆မုန့်ညက်တလက်ဆွန်း တည်းဟူသောပူဇော်သက္ကာ အတွက်အတာ ကို ယဇ်ပလ္လင် ပေါ်မှာ မီး ရှို့၍ ၊ ထိုနောက် အကျိန်ရေ ကို မိန်းမ သောက် စေရမည်။
27 ၂၇ ထိုမိန်းမသည် လက်ကိုပြစ်မှား၍ ညစ်ညူးခြင်း ရှိလျင် ကျိန်ခြင်း ဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန် ခြင်းသို့ရောက်၍ ထိမိန်းမသည် မိမိအမျိုး၌ ကျိန်အပ် သောသူဖြစ်လိမ့်မည်။
၂၇ထိုမိန်းမသည် လင် ကိုပြစ်မှား ၍ ညစ်ညူး ခြင်း ရှိလျှင် ၊ ကျိန်ခြင်းဘေးဖြစ်စေသော ရေ ကိုသောက် ပြီးမှ ၊ သူ့ အထဲ၌ ရေ ဝင် ၍ ခါး သဖြင့် ၊ ဝမ်း ရောင် ခြင်း၊ ပေါင် ပိန် ခြင်းသို့ရောက်၍ ထိုမိန်းမ သည် မိမိ အမျိုး ၌ ကျိန် အပ် သောသူဖြစ် လိမ့်မည်။
28 ၂၈ သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး၊ စင်ကြယ် ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသော အခွင့် ရှိလိမ့်မည်။
၂၈သို့မဟုတ် ထိုမိန်းမ သည် မ ညစ်ညူး ၊ စင်ကြယ် ခြင်းရှိလျှင် ၊ ဘေးနှင့်လွတ် ၍ ပဋိသန္ဓေ ယူသော အခွင့် ရှိလိမ့်မည်။
29 ၂၉ ဤရွှေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်း ရှိသော်၎င်း၊
၂၉ဤရွေ့ကား ၊ မိန်းမ သည် ကိုယ် ခင်ပွန်း မှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း ၍ ညစ်ညူး ခြင်း ရှိသော်၎င်း၊
30 ၃၀ ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ ထာဝရဘုရားရှေ့တော်၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့်၊
၃၀ယောက်ျား သည် မယားကို မ ယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသောတရား ပေတည်း။ ယောက်ျားသည် မယား ကိုမ ယုံ၊ ထာဝရဘုရား ရှေ့ တော်၌ ထား သောအခါ ၊ ယဇ်ပုရောဟိတ် သည် ဤ တရား အတိုင်း စီရင် သဖြင့်၊
31 ၃၁ ယောက်ျားသည် အပြစ်နှင့် ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်ဟု မိန့်တော်မူ၏။
၃၁ယောက်ျား သည် အပြစ် နှင့် ကင်းလွတ် ၍ မိန်းမ သည် မိမိ အပြစ် ကိုခံရ မည်ဟု မိန့်တော်မူ၏။

< တောလည်ရာ 5 >