< တောလည်ရာ 36 >

1 ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
ယောသပ် အမျိုး ဖြစ်သော မနာရှေ နှင့် မာခိရ တို့ မှ ဆင်းသက်သော ဂိလဒ် ၏သား အဆွေအမျိုး သူကြီး တို့သည်၊ မောရှေ အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
2 အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။
အကျွန်ုပ် တို့သခင် သည် စာရေးတံချ သဖြင့်၊ ဣသရေလ အမျိုးသား တို့အား ခါနာန်ပြည် ကို အမွေ ပေး စေခြင်းငှါ ၎င်း၊ အကျွန်ုပ် တို့အစ်ကို ဇလောဖဒ် ၏ အမွေ မြေကို သူ ၏သမီး တို့အား ပေး စေခြင်းငှါ ၎င်း၊ ထာဝရဘုရား အမိန့် တော် ရှိပါ၏။
3 ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။
ထိုမိန်းမတို့သည် မိမိအမျိုး မှတပါး ၊ အခြားသော ဣသရေလ အမျိုးသား နှင့် စုံဘက် လျှင်၊ သူ တို့အမွေ မြေကို အကျွန်ုပ် တို့ မိဘ အစဉ်အဆက်အမွေ မှ နှုတ် ၍ သူတို့ ဝင် သော အမျိုး ၏ အမွေ ထဲ၌ ပါ သွားသဖြင့် ၊ အကျွန်ုပ် တို့ အမွေ မြေသည် လျော့ ပါလိမ့်မည်။
4 ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
ဣသရေလ အမျိုးသား တို့၌ ယုဘိလ နှစ်ရောက် သောအခါ ၊ သူ တို့အမွေ မြေသည် သူတို့ဝင် သော အမျိုး ၏ အမွေ ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ် တို့၏ မိစဉ်ဘဆက် အမွေ မှ အစဉ်နှုတ် လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
5 ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။
ထိုအခါ မောရှေ သည် ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဣသရေလ အမျိုးသား တို့အား မှာထား လေ သည်မှာ၊ ယောသပ် အမျိုးသား တို့၏ စကား သည် လျောက်ပတ် ပေ၏။
6 ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။
ဇလောဖဒ် သမီး တို့၏ အမှု၌ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် အလိုရှိ သောသူနှင့် စုံဘက် ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသား မှတပါး၊ အခြားသူနှင့် စုံဘက် ခြင်းကို မပြုစေနှင့်။
7 ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။
ဣသရေလ အမျိုးသား တို့၏ အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိ တို့မိစဉ်ဘဆက် အမွေ မြေ၌ နေ ရကြမည်။
8 ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။
ဣသရေလ အမျိုး တစုံတမျိုး၌ အမွေ မြေရှိသော မိန်းမ သည် မိမိ တို့ မိစဉ်ဘဆက် အမျိုးသား နှင့် စုံဘက် ရမည်။ ထိုသို့ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိတို့ မိစဉ်ဘဆက် အမွေ မြေကို ခံစား ရကြမည်။
9 အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။
အမွေ မြေသည် တမျိုး မှ တမျိုး သို့ မ ပြောင်း ရ။ ဣသရေလ အမျိုးသား အသီးအသီး တို့သည် မိမိ တို့အမွေ မြေ၌ နေ ရကြမည်ဟု မိန့်တော်မူ၏။
10 ၁၀ ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီး မလာ၊
၁၀ထာဝရဘုရား သည် မောရှေ အား မှာထား တော်မူ သည်အတိုင်း ၊ ဇလောဖဒ် ၏ သမီး မာလာ ၊
11 ၁၁ တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည် ပြု၍၊ ဘကြီးသား၊ ဘထွေသားတို့နှင့် စုံဘက်ကြ၏။
၁၁တိရဇာ ၊ ဟောဂလာ ၊ မိလကာ ၊ နောအာ တို့သည် ပြု ၍၊ ဘကြီး သား ၊ ဘထွေးသားတို့နှင့် စုံဘက် ကြ၏။
12 ၁၂ ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။
၁၂ထိုသို့ ယောသပ် တွင်မြင်သော မနာရှေ သား အဆွေအမျိုး ၌ စုံဘက် ခြင်းအမှုကို ပြု၍ ၊ သူ တို့အမွေ မြေ သည် သူ တို့မိစဉ်ဘဆက် အမျိုး တည် နေ၏။
13 ၁၃ ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
၁၃ဤရွေ့ကား ၊ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ယေရိခေါ မြို့တဘက်၌ ထာဝရဘုရား သည် မောရှေ အားဖြင့် ဣသရေလ အမျိုးသား တို့အား ထား တော်မူသော စီရင် ထုံးဖွဲ့ချက် ဖြစ်သတည်း။

< တောလည်ရာ 36 >