< တောလည်ရာ 36 >
1 ၁ ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
Na ka whakatata nga ariki o nga whare o nga matua o nga hapu o nga tama a Kireara tama a Makiri, tama a Manahi, no nga hapu o nga tama a Hohepa, ka korero ki te aroaro o Mohi, ki te aroaro ano o nga rangatira, o nga ariki o nga whare o nga matua o nga tama a Iharaira:
2 ၂ အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။
Ka mea, I whakahau a Ihowa i toku ariki kia hoatu te whenua hei kainga tupu mo nga tama a Iharaira, he mea rota: i whakahaua ano toku ariki e Ihowa kia hoatu te wahi o Teropehara, o to matou teina ki ana tamahine.
3 ၃ ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။
Na ki te marenatia ratou ki etahi atu o nga tama o era iwi o nga tama a Iharaira, na ka titorehia to ratou wahi i te wahi o o matou matua, a ka tapiritia ki te wahi o te iwi e riro atu ai ratou, a ka titorehia i te wahi i meatia hei kainga tupu m o matou.
4 ၄ ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
A, i te takanga hoki o te tiupiri a nga tama a Iharaira, na ka tapiritia atu to ratou wahi ki te wahi o te iwi e riro atu ai ratou, a ka titorehia to ratou kainga i te kainga o te iwi o o matou matua.
5 ၅ ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။
Na ka whakahau a Mohi ki nga tama a Iharaira, he mea ki mai na Ihowa, a ka mea, He tika nga kupu a te iwi o nga tama a Hohepa.
6 ၆ ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။
Ko ta Ihowa tenei i whakahau ai mo nga tamahine a Teropehara; e mea ana, Me marena ratou ki a ratou e pai ai; otiia me marena ki te hapu o te iwi o to ratou papa.
7 ၇ ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။
A e kore e riro ke te kainga tupu o tetahi iwi i tetahi iwi atu i roto i nga tama a Iharaira: ka whai hoki nga tama a Iharaira, tera, tera, ki te kainga o te iwi o o ratou matua.
8 ၈ ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။
Me marena ano nga tamahine katoa, i a ratou nei tetahi kainga o tetahi o nga iwi o nga tama a Iharaira, ki tetahi o te hapu o te iwi o o ratou papa; kia mau ai te kainga tupu o ona matua i tenei, i tenei, o nga tama a Iharaira.
9 ၉ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။
Kei riro ke hoki te kainga tupu o tetahi iwi i tetahi atu iwi; engari me whai nga iwi o nga tama a Iharaira, ia tangata, ia tangata, ki o ratou kainga ake.
10 ၁၀ ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီး မလာ၊
Rite tonu ki ta Ihowa i whakahau ai ki a Mohi, i pera ta nga tamahine a Teropehara:
11 ၁၁ တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည် ပြု၍၊ ဘကြီးသား၊ ဘထွေသားတို့နှင့် စုံဘက်ကြ၏။
Ka riro hoki a Mahara, a Tirita, a Hokora, a Mirika, a Noa, nga tamahine a Teropehara, hei wahine ma nga tama a nga teina o to ratou papa.
12 ၁၂ ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။
I marenatia hoki ki nga hapu o nga tama a Manahi, tama a Hohepa, a i mau to ratou kainga tupu ki te iwi o te hapu o to ratou papa.
13 ၁၃ ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
Ko nga whakahau enei me nga whakaritenga a Ihowa i whakahaua e Mohi ki nga tama a Iharaira i nga mania o Moapa i te wahi o Horano, ki Heriko.