< တောလည်ရာ 36 >
1 ၁ ယောသပ်အမျိုးဖြစ်သော မနာရှေနှင့် မာခိရတို့ မှ ဆင်းသက်သော ဂိလဒ်၏သား အဆွေအမျိုးသူကြီး တို့သည်၊ မောရှေအစရှိသော ဣသရေလအမျိုးသား အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊
Atsogoleri a mabanja a fuko la Giliyadi, mwana wa Makiri, mwana wa Manase omwe anali ochokera ku fuko la ana a Yosefe anabwera ndi kuyankhula ndi Mose, atsogoleri ndi akuluakulu a mabanja a Aisraeli.
2 ၂ အကျွန်ုပ်တို့သခင်သည် စာရေးတံချသဖြင့်၊ ဣသရေလအမျိုးသားတို့အား ခါနာန်ပြည်ကို အမွေပေး စေခြင်းငှါ၎င်း၊ အကျွန်ုပ်တို့အစ်ကို ဇလောဖဒ်၏ အမွေမြေကို သူ၏သမီးတို့အား ပေးစေခြင်းငှါ၎င်း၊ ထာဝရဘုရားအမိန့်တော် ရှိပါ၏။
Iwo anati, “Pamene Yehova analamula mbuye wanga kuti apereke dziko ngati cholowa kwa Aisraeli mwa maere, anakulamulani inu kupereka cholowa cha mʼbale wathu Zelofehadi kwa ana ake aakazi.
3 ၃ ထိုမိန်းမတို့သည် မိမိအမျိုးမှတပါး၊ အခြားသော ဣသရေလအမျိုးသားနှင့် စုံဘက်လျှင်၊ သူတို့အမွေမြေကို အကျွန်ုပ်တို့ မိဘအစဉ်အဆက် အမွေမှနှုတ်၍ သူတို့ ဝင်သောအမျိုး၏ အမွေထဲ၌ ပါသွားသဖြင့်၊ အကျွန်ုပ်တို့ အမွေမြေသည် လျော့ပါလိမ့်မည်။
Tsopano ngati akwatiwa ndi aamuna ochokera ku mafuko ena a mitundu ya Aisraeli, cholowa chawo chidzatengedwa kuchoka pa cholowa cha makolo athu ndipo adzachiwonjezera ku fuko limene akwatiwakolo. Ndipo gawo lina la cholowacho, lopatsidwa kwa ife lidzatengedwa.
4 ၄ ဣသရေလအမျိုးသား တို့၌ ယုဘိလနှစ်ရောက်သောအခါ၊ သူတို့အမွေမြေသည် သူတို့ဝင်သောအမျိုး၏ အမွေ၌ အမြဲတည်သဖြင့်၊ အကျွန်ုပ်တို့၏ မိစဉ်ဘဆက် အမွေမှ အစဉ်နှုတ်လျက် ရှိပါလိမ့်မည်ဟု လျှောက်ထားကြ၏။
Pamene chaka cha chikondwerero cha zaka makumi asanu, cha Aisraeli chafika, cholowa chawo chidzawonjezeredwa ku fuko limene iwo akwatiwako. Ndipo katundu wawo adzachotsedwa pa cholowa cha fuko la makolo athu.”
5 ၅ ထိုအခါ မောရှေသည် ထာဝရဘုရား၏ အမိန့် တော်အတိုင်း၊ ဣသရေလအမျိုးသားတို့အား မှာထားလေ သည်မှာ၊ ယောသပ်အမျိုးသားတို့၏ စကားသည် လျောက်ပတ်ပေ၏။
Tsono mwa lamulo la Yehova, Mose anapereka lamulo ili kwa Aisraeli: “Zimene ana a Yosefe akunena ndi zoona.
6 ၆ ဇလောဖဒ်သမီးတို့၏ အမှု၌ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် အလိုရှိသောသူနှင့် စုံဘက်ပါလေစေ။ သို့ရာတွင် မိစဉ်ဘဆက် အမျိုးသားမှ တပါး၊ အခြားသူနှင့် စုံဘက်ခြင်းကို မပြုစေနှင့်။
Izi ndi zimene Yehova akulamula kwa ana aakazi a Zelofehadi: Atha kukwatiwa ndi aliyense amene angakondweretsedwe naye koma zingakhale bwino atakwatiwa mʼfuko la abambo awo
7 ၇ ဣသရေလအမျိုးသားတို့၏ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အပေါင်းတို့သည်၊ အသီးအသီး မိမိတို့မိစဉ်ဘဆက် အမွေမြေ၌ မေရကြမည်။
kuti cholowa cha Israeli chisapite ku fuko lina, pakuti Mwisraeli aliyense ayenera kusunga cholowa cha fuko la makolo ake.
8 ၈ ဣသရေလအမျိုး တစုံတမျိုး၌ အမွေမြေရှိ သော မိန်းမသည် မိမိတို့ မိစဉ်ဘဆက် အမျိုးသားနှင့် စုံဘက်ရမည်။ ထိုသို့ ဣသရေလအမျိုးသား အသီး အသီးတို့သည် မိမိတို့ မိစဉ်ဘဆက်အမွေမြေကို ခံစား ရကြမည်။
Mwana wamkazi aliyense amene adzalandira cholowa cha dziko la fuko lililonse la Israeli ayenera kukwatiwa ndi munthu wa fuko la abambo ake.
9 ၉ အမွေမြေသည် တမျိုးမှတမျိုးသို့ မပြောင်းရ။ ဣသရေလအမျိုးသား အသီးအသီးတို့သည် မိမိတို့အမွေ မြေ၌ နေကြရမည်ဟု မိန့်တော်မူ၏။
Cholowa chilichonse mu Israeli sichiyenera kupita ku fuko lina, popeza fuko lililonse la Israeli liyenera kusunga cholowa chimene linalandira.”
10 ၁၀ ထာဝရဘုရားသည် မောရှေအား မှာထားတော် မူသည်အတိုင်း၊ ဇလောဖဒ်၏ သမီး မလာ၊
Choncho ana aakazi a Zelofehadi anachita monga Yehova analamulira Mose.
11 ၁၁ တိရဇာ၊ စောဂလာ၊ မိလကာ၊ နောအာတို့သည် ပြု၍၊ ဘကြီးသား၊ ဘထွေသားတို့နှင့် စုံဘက်ကြ၏။
Ana aakazi a Zelofehadi amene ndi Mahila, Tiriza, Hogila, Milika ndi Nowa, anakwatiwa ndi asuweni awo a ku mbali ya abambo awo.
12 ၁၂ ထိုသို့ ယောသပ်တွင်မြင်သော မနာရှေသား အဆွေအမျိုး၌ စုံဘက်ခြင်းအမှုကို ပြု၍၊ သူတို့အမွေမြေ သည် သူတို့မိစဉ်ဘဆက်အမျိုး တည်နေ၏။
Anakwatiwa mʼmafuko a zidzukulu za Manase mwana wa Yosefe, ndipo cholowa chawo chinakhalabe mʼfuko la abambo awo.
13 ၁၃ ဤရွေ့ကား၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား ယေရိခေါမြို့တဘက်၌ ထာဝရဘုရားသည် မောရှေအား ဖြင့် ဣသရေလအမျိုးသားတို့အား ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
Awa ndi malamulo ndi malangizo amene Yehova anapereka kwa Aisraeli kupyolera mwa Mose ku chigwa cha Mowabu mʼmbali mwa Yorodani, ku Yeriko.