< တောလည်ရာ 34 >
1 ၁ တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရ မည်မှာ၊
၁ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အားမိန့်မှာ တော်မူသည်ကား၊-
2 ၂ သင်တို့သည် ခါနာန်ပြည်သို့ ရောက်ကြသော အခါ၊ သင်တို့အမွေခံရသော ခါနာန်ပြည်နယ် အပိုင်း အခြားဟူမူကား၊
၂``သင်တို့သည်ငါပေးမည့်ခါနာန်ပြည်သို့ ဝင်ရောက်ကြသောအခါ သင်တို့ပိုင်နက် နယ်နိမိတ်ကိုဤသို့သတ်မှတ်ရမည်။-
3 ၃ တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည် အနား၌ ရှောက်လျှင်၊ သောဒုံအိုင် အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
၃တောင်ဘက်နယ်နိမိတ်သည်ဇိနတောကန္တာရ မှ ဧဒုံပြည်နယ်စပ်တစ်လျှောက်ဖြစ်၏။ ထို နယ်နိမိတ်သည် ပင်လယ်သေတောင်ဘက်စွန်း အရှေ့ဘက်မှအစပြုရမည်။-
4 ၄ တောင်ဘက်အပိုင်းအခြားသည် တောင် မျက်နှာမှလည်၍၊ အာကရဗ္ဗိမ်ကုန်းကို ရှောက်လျက် ဇိနရွာသို့ ရောက်ရမည်။ ထိုရွာကပြန်၍ ကာဒေရှဗာနာရွာ၊ ဟာဇ ရဒ္ဒါရွာ၊ အာဇမုန်ရွာကိုရှောက်သဖြင့်၊
၄ထိုမှတစ်ဖန်တောင်ဘက်သို့လှည့်၍အာက ရဗ္ဗိန်တောင်ကြားသို့သွားပြီးလျှင် ဇိနတော ကန္တာရကိုဖြတ်လျက်တောင်ဘက်ရှိကာဒေရှ ဗာနာသို့လည်းကောင်း၊ ထိုနောက်အနောက် မြောက်ဘက်ဟာဇရဒ္ဒါသို့လည်းကောင်း၊ တစ်ဖန် အာဇမုန်သို့လည်းကောင်း၊-
5 ၅ အာဇမုန်ရွာမှပြန်၍ အဲဂုတ္တုချောင်းကို လိုက် လျက် ပင်လယ်၌ ဆုံးရမည်။
၅ထိုနောက်ကွေ့၍အီဂျစ်ပြည်နယ်စပ်ရှိချိုင့် ဝှမ်းသို့လည်းကောင်းသွားပြီးလျှင် မြေထဲ ပင်လယ်ကမ်းခြေ၌အဆုံးသတ်ရမည်။
6 ၆ အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက် အပိုင်းအခြား ဖြစ်ရမည်။
၆``အနောက်ဘက်နယ်နိမိတ်သည် မြေထဲ ပင်လယ်ကမ်းခြေဖြစ်ရမည်။
7 ၇ မြောက်ဘက်အပိုင်းအခြားသည် ကြီးသော ပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
၇``မြောက်ဘက်နယ်နိမိတ်သည် မြေထဲပင်လယ် ကမ်းခြေမှဟောရတောင်သို့လည်းကောင်း၊-
8 ၈ ထိုတောင်မှ ဟာမတ်လမ်းဝ၊ ဇေဒဒ်ရွာ၊
၈ထိုမှတစ်ဆင့်ဟာမတ်တောင်ကြားသို့လည်း ကောင်း ဖြတ်သွား၍ထိုမှတစ်ဖန်ဇေဒဒ်နှင့် ဇိဖြုန်ကိုဖြတ်ပြီးလျှင်ဟာဇရေနန်၌ အဆုံးသတ်ရမည်။
9 ၉ ဇိဖြုန်ရွာကို ရှောက်၍ ဟာဇရေနန်ရွာ၌ ဆုံးရမည်။
၉
10 ၁၀ အရှေ့အပိုင်းအခြားသည် ဟာဇရေနန်ရွာမှ ထွက်၍ ရှေဖံရွာသို့ ရောက်ပြီးလျှင်၊
၁၀``အရှေ့ဘက်နယ်နိမိတ်သည် ဟာဇရေနန်မှ ရှေဖံသို့လည်းကောင်း၊-
11 ၁၁ အဣနရွာအရှေ့၌ ရှောက်၍ ရိဗလရွာသို့ သွား ရမည်။ ထိုရွာမှထွက်၍ ဂင်္နေသရက်အိုင် အရှေ့ကမ်းကို ရှောက်သဖြင့်၊
၁၁ထိုမှတစ်ဖန်တောင်ဘက်အဣနအရှေ့သို့ လည်းကောင်း၊ ထိုနောက်ဂါလိလဲအိုင်အရှေ့ ဘက်ကမ်းခြေရှိ တောင်ကုန်းများကိုဖြတ် ကျော်ပြီးလျှင်၊-
12 ၁၂ ယော်ဒန်မြစ်ကို လိုက်၍ သောဒုံအိုင်၌ ဆုံးရ မည်။ ဤရွေ့ကား၊ သင်တို့ အမွေခံရသော ပြည်နယ် အပိုင်းအခြားဖြစ်သတည်းဟု မိန့်တော်မူ၏။
၁၂တောင်ဘက်ယော်ဒန်မြစ်တစ်လျှောက်သွား၍ ပင်လယ်သေတွင်အဆုံးသတ်ရမည်။ ``သင်တို့ပြည်၏နယ်နိမိတ်တို့သည်ကား အထက်ဖော်ပြပါအတိုင်းဖြစ်သည်'' ဟူ ၍ဖြစ်၏။
13 ၁၃ မောရှေကလည်း၊ ဤရွေ့ကား၊ သင်တို့သည် စာရေးတံချ၍ အမွေခံရသောပြည်၊ ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အမျိုးကိုးမျိုးနှင့် အမျိုး တဝက်၌ ဝေပေးရသော ပြည်ဖြစ်သတည်း။
၁၃သို့ဖြစ်၍မောရှေကဣသရေလအမျိုးသား တို့အား``ဤနယ်မြေသည်ထာဝရဘုရားက သင်တို့အနွယ်ကိုးနွယ်နှင့် အနွယ်တစ်ဝက်တို့ အားသတ်မှတ်ပေးသောနယ်မြေဖြစ်၍ သင်တို့ သည်မဲချယူကြရမည်။-
14 ၁၄ ရူဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုး သား တဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တဝက်တို့ သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တဘက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေ အမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
၁၄ရုဗင်အနွယ်၊ ဂဒ်အနွယ်နှင့်အရှေ့ပိုင်းမနာရှေ အနွယ်တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ယေရိခေါမြို့တစ်ဘက်ကမ်းရှိနယ်မြေကို မိမိ တို့၏သားချင်းစုအလိုက်ခွဲဝေကြပြီးဖြစ် သည်'' ဟုဆိုလေ၏။
16 ၁၆ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
၁၆ထာဝရဘုရားသည်မောရှေအား၊-
17 ၁၇ အမျိုးသားတမျိုးလျှင် မင်းတပါးစီရွေး၍၊ ထိုမင်းတို့သည် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သား ယောရှုတို့နှင့် ဝိုင်းလျက်၊
၁၇``ယဇ်ပုရောဟိတ်ဧလာဇာနှင့်နုန်၏သား ယောရှုတို့သည်မြေကိုခွဲဝေပေးရမည်။-
18 ၁၈ ခါနာန်ပြည်ကို ဝေ၍ သင်တို့အား အမွေပေးရကြ မည်။
၁၈ထို့ပြင်အနွယ်တစ်မျိုးမှခေါင်းဆောင်တစ်ဦး စီတို့ကိုရွေး၍ သူတို့အားကူညီစေရမည်'' ဟုမိန့်တော်မူ၏။-
19 ၁၉ ရွေးရသော မင်းတို့၏အမည်ကား၊ ယုဒအမျိုးသား ထဲက ယေဖုန္နာသား ကာလက်။
၁၉ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ခေါင်းဆောင် ယုဒ ယေဖုန္နာ၏သားကာလက် ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒဒ် ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖန် ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟုဒ် နဿလိ အမိဟုဒ်၏သားပေဒဟေလ
20 ၂၀ ရှိမောင်အမျိုးသားထဲက အမိဟုဒ်သား ရှေမွေလ။
၂၀
21 ၂၁ ဗင်္ယာမိန်အမျိုးထဲက ခိသလုန်သား ဧလိဒဒ်။
၂၁
22 ၂၂ ဒန်အမျိုးကို အုပ်စိုးသောသူ၊ ယောဂလိသား ဗုက္ကိ။
၂၂
23 ၂၃ ယောသပ်သားတို့တွင် မနာရှေအမျိုးကို အုပ်စိုး သောသူ၊ ဧဖုဒ်သား ဟံယေလ။
၂၃
24 ၂၄ ဧဖရိမ်အမျိုးကို အုပ်စိုးသောသူ၊ ရှိဖတန်သား ကေမွေလ။
၂၄
25 ၂၅ ဇာဗုလုန်အမျိုးကို အုပ်စိုးသောသူ၊ ပါနက်သား ဧလိဇဖန်။
၂၅
26 ၂၆ ဣသခါအမျိုးကို အုပ်စိုးသောသူ၊ အဇ္ဇန်သား ပါလတေလ။
၂၆
27 ၂၇ အာရှာအမျိုးကို အုပ်စိုးသောသူ၊ ရှေလောမိ သား အဘိဟုဒ်။
၂၇
28 ၂၈ နဿလိအမျိုးကို အုပ်စိုးသောသူ၊ အမိဟုဒ်သား ပေဒဟေလတည်း။
၂၈
29 ၂၉ ဤသူတို့သည် ခါနာန်ပြည်၌ ဣသရေလအမျိုး သားတို့အား အမွေမြေကို ဝေပေးစေခြင်းငှါ ထာဝရ ဘုရား ခန့်ထားတော်မူသောသူ ဖြစ်ကြသတည်း။
၂၉ဤသူတို့သည်ဣသရေလအမျိုးသားတို့ အား ခါနာန်ပြည်ကိုခွဲဝေပေးရန်ထာဝရ ဘုရားခန့်အပ်တော်မူသောပ္ဂိုလ်များဖြစ် ကြသည်။