< တောလည်ရာ 32 >

1 ရုဗင်အမျိုးသားနှင့် ဂဒ်အမျိုးသားတို့သည် အလွန်များပြားသော တိရစ္ဆာန်တို့နှင့် ကြွယ်ဝသည်ဖြစ်၍၊ ယာဇာပြည်၊ ဂိလဒ်ပြည်တို့၌ တိရစ္ဆာန် ကျက်စားစရာကို ကောင်းသည်ကို မြင်ကြလျှင်၊-
Un Rūbena un Gada bērniem bija ļoti daudz lopu, un tie aplūkoja Jaēzeras un Gileādas zemi, un raugi, šī vieta bija vieta priekš ganāmiem pulkiem.
2 မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာ အစရှိ သော ပရိသတ်တို့တွင် မင်းများတို့ထံသို့ လာ၍၊
Tad Gada bērni un Rūbena bērni nāca un runāja uz Mozu un uz priesteri Eleazaru un uz tiem draudzes virsniekiem un sacīja:
3 အတရုတ်၊ ဒိဘုန်၊ ယာဇာ၊ နိမရ၊ ဟေရှဘုန်၊ ဧလာလေ၊ ရှေဘံ၊ နေဗော၊ ဗောန တည်းဟူသော၊
Atarota un Dibona un Jaēzera un Nimra un Hešbona un Eleale un Sebana un Neba un Beona,
4 ဣသရေလပရိသတ်ရှေ့မှာ ထာဝရဘုရား လုပ်ကြံတော်မူသော ဤပြည်သည် တိရစ္ဆာန်နှင့် တော်လျော်ပါ၏။ ကိုယ်တော် ကျွန်တို့၌လည်း တိရစ္ဆာန် များပြားပါ၏။
Tā zeme, ko Tas Kungs ir sitis Israēla draudzes priekšā, tā ir zeme priekš ganāmiem pulkiem, un mums, taviem kalpiem, ir ganāmi pulki.
5 သို့ဖြစ်၍ ကျွန်တော်တို့သည် ရှေ့တော်၌ မျက်နှာရလျှင်၊ ဤပြည်ကို ကိုယ်တော် ကျွန်တို့အား အပိုင်ပေးတော်မူပါ။ ကျွန်တော်တို့ကို ယော်ဒန်မြစ်တဘက်သို့ ပို့ဆောင်တော်မမူပါနှင့်ဟု လျှောက်ကြ၏။
Un tie sacīja: ja mēs žēlastību esam atraduši tavās acīs, tad lai šī zeme top dota taviem kalpiem par īpašumu un neliec mums iet pāri pār Jardāni.
6 မောရှေကလည်း၊ သင်တို့သည် ဤအရပ်၌ နေရစ်၍၊ သင်တို့ ညီအစ်ကိုများတို့သည် စစ်တိုက်သွား ရမည်လော။
Bet Mozus sacīja uz Gada bērniem un uz Rūbena bērniem: vai tad jūsu brāļi ies karā un jūs paliksiet še?
7 ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မကူးမသွားမည် အကြောင်း၊ သူတို့စိတ်ကို အဘယ်ကြောင့် ဖျက်ကြ သနည်း။
Kāpēc jūs Israēla bērniem sirdi novēršat, nenoiet uz to zemi, ko Tas Kungs viņiem devis? -
8 ပြည်တော်ကို ကြည့်ရှုစေခြင်းငှါ၊ သင်တို့ အဘ တို့ကို ကာဒေရှဗာနာအရပ်က ငါစေလွှတ်သောအခါ ထိုသို့ပြုကြ၏။
Tā jūsu tēvi darīja, kad es tos no Kādeš Barneas sūtīju, to zemi aplūkot.
9 ဧရှကောလချောင်းသို့ သွား၍ ပြည်တော်ကို ကြည့်မြင်ပြီးမှ၊ ထာဝရဘုရားပေးတော်မူသော ပြည်သို့ ဣသရေလအမျိုးသားတို့သည် မသွားမည်အကြောင်း သူတို့စိတ်ကို ဖျက်ကြ၏။
Kad tie bija nākuši pie Eškoles upes un to zemi bija izlūkojuši, tad tie novērsa Israēla bērnu sirdi, ka tie negribēja iet uz to zemi, ko Tas Kungs viņiem gribēja dot.
10 ၁၀ ထိုအခါ ထာဝရဘုရားသည် အမျက်တော်ထွက် လျက်၊ အကယ်စင်စစ် အာဗြဟံ၊ ဣဇာတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပြည်ကို၊ အဲဂုတ္တုပြည်မှ ထွက်လာသောသူတို့တွင် ကေနက်အမျိုး ယေဖုန္နာ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစုံတယောက်မျှ မမြင်ရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကြ ပြီဟု ကျိန်ဆိုတော်မူ၏။
Tad Tā Kunga bardzība iedegās tai dienā un Viņš zvērēja un sacīja:
11 ၁၁
Tiem vīriem, kas no Ēģiptes zemes ir nākuši, kam divdesmit gadi un pāri, tiem nebūs redzēt to zemi, ko Es viņu tēviem Ābrahāmam, Īzakam un Jēkabam esmu zvērējis, jo tie Man nav paklausījuši;
12 ၁၂
Tik vien Kālebs, Jefunna dēls, tas ķenaisietis, un Jozuas, Nuna dēls, jo tie Tam Kungam ir paklausījuši.
13 ၁၃ ထိုသို့ ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှု ကို ပြုသောလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တော၌ လှည့်လည်စေ တော်မူ၏။
Tā Tā Kunga bardzība iedegās pret Israēli un lika tiem maldīties tuksnesī četrdesmit gadus, tiekams viss tas augums izmira, kas bija ļaunu darījis priekš Tā Kunga acīm.
14 ၁၄ ယခုမူကား၊ ထာဝရဘုရားသည် ဣသရေလ အမျိုးသားတို့ကို သာ၍ ပြင်းစွာအမျက်တော်ထွက်စေ မည်အကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကြပြီတကား။
Un nu redzi, jūs savu tēvu vietā esat nākuši, grēcīgu ļaužu dzimums, vairodami Tā Kunga bargo dusmību pret Israēli.
15 ၁၅ သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွှဲသွား ကြလျှင်၊ တဖန် ဣသရေလအမျိုးသားတို့ကို တော၌ စွန့်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကြလိမ့်မည်ဟု ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသားတို့ အား ပြန်ပြော၏။
Jo ja jūs nogriezīsities no Viņa, tad Viņš šiem vēl liks palikt tuksnesī, un jūs nomaitāsiet visus šos ļaudis.
16 ၁၆ ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခြံတို့ကို၎င်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မြို့တို့ကို၎င်း တည်ပါမည်။
Tad tie pie viņa piegāja un sacīja: mēs šeit gribam laidarus taisīt priekš saviem ganāmiem pulkiem un pilsētas priekš saviem bērniem;
17 ၁၇ သို့ရာတွင် ဣသရေလအမျိုးသားတို့ကို သူတို့ နေရာအရပ်သို့ မပို့မဆောင်မှီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရှေ့မှာ သွားပါမည်။ ဤပြည်၌ ကျန်ကြွင်းသေးသော လူတို့ကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမြို့၌ နေရပါမည်။
Bet mēs paši steigšus apbruņosimies Israēla bērnu priekšā, tiekams tos būsim aizveduši viņu vietā; bet mūsu bērni lai paliek stiprās pilsētās to zemes iedzīvotāju dēļ.
18 ၁၈ ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသောမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပြန်မလာပါ။
Mēs negriezīsimies atpakaļ uz savām mājām, tiekams Israēla bērni nebūs dabūjuši ikviens savu daļu.
19 ၁၉ ကျွန်တော်တို့သည် ယော်ဒန်မြစ်တဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ ခံရာမြေသည် ယော်ဒန် မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက် ပြန်ကြ၏။
Jo mēs neņemsim līdz ar viņiem savu daļu viņā Jardānes pusē, vai tālāki, bet mūsu daļa mums nāksies šai Jardānes pusē pret rītiem.
20 ၂၀ မောရှေကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှေ့တော်၌ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊
Tad Mozus uz tiem sacīja: ja jūs šo lietu tā gribat darīt, ka jūs apbruņojaties Tā Kunga priekšā uz karu,
21 ၂၁ ထာဝရဘုရားသည် ရန်သူတို့ကို ရှေ့တော်မှ နှင်ထုတ်၍ ထိုပြည်ကို အောင်တော်မမူမှီတိုင်အောင်၊
Un ikviens no jums, kam bruņas, iesiet pār Jardāni Tā Kunga priekšā, kamēr Viņš Savus ienaidniekus Savā priekšā izdzīs, un tā zeme priekš Tā Kunga būs uzvarēta,
22 ၂၂ သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ ယော်ဒန်မြစ်တဘက်သို့ ကူးသွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုး သားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။
Tad jūs pēc tam varat iet atpakaļ un būsiet nenoziedzīgi Tā Kunga un Israēla priekšā, un šī zeme jums būs par daļu Tā Kunga priekšā.
23 ၂၃ ထိုသို့မပြုလျှင်မူကား၊ သင်တို့သည် ထာဝရ ဘုရားကို ပြစ်မှားခြင်းရှိသည်အတိုင်း၊ ထိုအပြစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။
Bet ja jūs tā nedarīsiet, redzi, tad jūs pret To Kungu grēkosiet un jūs samanīsiet savus grēkus, kad tie jūs atradīs.
24 ၂၄ သူငယ်များအဘို့ မြို့တို့ကို၎င်း၊ သိုးများအဘို့ သိုးခြံတို့ကို၎င်း၊ တည်လုပ်ကြလော့။ ယခုပြောသမျှ အတိုင်း ပြုကြလော့ဟုဆိုလျှင်၊
Uztaisat sev pilsētas priekš saviem bērniem un laidarus priekš saviem sīkiem lopiem un dariet pēc tā vārda, kas no jūsu mutes izgājis.
25 ၂၅ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိန့်တော်မူသည်အတိုင်း ပြုပါ မည်။
Tad Gada bērni un Rūbena bērni runāja uz Mozu un sacīja: tavi kalpi darīs, kā mans kungs pavēl.
26 ၂၆ ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးနွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့တို့၌ နေရစ်ရပါမည်။
Mūsu bērni, mūsu sievas, mūsu ganāmie pulki un visi mūsu lopi paliks tur Gileādas pilsētās;
27 ၂၇ ကိုယ်တော် ကျွန်အပေါင်းတို့မူကား၊ သခင် မိန့်တော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ စစ်တိုက်ခြင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကြ၏။
Bet tavi kalpi, visi apbruņoti, noies karā Tā Kunga priekšā, kā mans kungs ir runājis.
28 ၂၈ ထိုအမှုကြောင့်၊ မောရှေသည် ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှု အစရှိသော ဣသရေလ အမျိုးသား အဆွေအမျိုး သူကြီးများတို့ကို ခေါ်၍၊
Tad Mozus viņu dēļ pavēlēja priesterim Eleazaram un Jozuam, Nuna dēlam, un Israēla cilšu tēvu virsniekiem, un Mozus uz tiem sacīja:
29 ၂၉ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တဘက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကို အောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
Ja Gada bērni un Rūbena bērni, ikviens kam bruņas, līdz ar jums ies karā pār Jardāni Tā Kunga priekšā, un tā zeme jūsu priekšā būs uzvarēta, tad dodat tiem Gileādas zemi par daļu.
30 ၃၀ သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးမသွားလျှင်၊ ခါနာန်ပြည်၌ သင်တို့ တွင် ကိုယ်ပိုင်ရာမြေကို ခံယူရကြမည်ဟု မှာထားလေ၏။
Bet ja tie ar jums nenoies apbruņoti, tad tiem savu daļu būs dabūt jūsu starpā Kanaāna zemē.
31 ၃၁ ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း၊ ကျွန်တော်တို့သည် ပြုကြပါမည်။
Tad Gada bērni un Rūbena bērni atbildēja un sacīja: ko Tas Kungs uz taviem kalpiem runājis, tā mēs darīsim.
32 ၃၂ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေခံရပါမည် အကြောင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ခါနာန်ပြည်သို့ ကူးသွားပါ မည်ဟု ပြန်လျှောက်ကြ၏။
Mēs aiziesim apbruņoti Tā Kunga priekšā uz Kanaāna zemi un savu iemantojamo īpašumu turēsim šai Jardānes pusē.
33 ၃၃ ထိုအခါ မောရှေသည် အာမောရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဃ၏ နိုင်ငံဆိုင်သမျှသောနယ်မြေ မြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှ ဆင်းသက် သော မနာရှေအမျိုးသား တဝက်၌ အပ်ပေးလေ၏။
Tad Mozus viņiem deva, Gada bērniem un Rūbena bērniem un Manasus, Jāzepa dēla, pusciltij Sihona, Āmoriešu ķēniņa, valsti un Oga, Basanas ķēniņa, valsti, to zemi ar tām pilsētām viņu robežās, tās zemes pilsētas visapkārt.
34 ၃၄ ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတရုတ်၊ အာရော်၊
Un Gada bērni uztaisīja Dibonu un Atarotu un Arveru
35 ၃၅ အာတရုတ်၊ ရှောဖန်၊ ယာဇာ၊ ယုမ္ဘေဟ၊
Un Atarot-Zovanu un Jaēzeru, Jogabeū
36 ၃၆ ဗက်နိမရာ၊ ဗေသာရန်မြို့များကို၎င်း၊ သိုးခြံများ ကို၎င်း တည်လုပ်ကြ၏။
Un Bet-Nimru un Betaranu, stipras pilsētas un sīku lopu laidarus.
37 ၃၇ ရုဗင်အမျိုးသားတို့သည် ဟေရှဘုန်၊ ဧလာလေ၊ ကိရယသိမ်၊
Un Rūbena bērni uztaisīja Hešbonu un Eleali un Ķīriataīmu
38 ၃၈ နေဗော၊ ဗာလမောန၊ ရှိဗမမြို့များကို အသစ် သောအမည်ဖြင့် သမုတ်၍ တည်ကြ၏။
Un Nebu un Baāl-Meonu ar citiem vārdiem un Sibmahu, un tie nosauca tās pilsētas, ko tie uztaisīja, ar citiem vārdiem.
39 ၃၉ မနာရှေမှ ဆင်းသက်သော မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင် မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
Un Mahira, Manasus dēla bērni, gāja uz Gileādu un to uzņēma un izdzina tos Amoriešus, kas tur bija.
40 ၄၀ မောရှေသည် ဂိလဒ်မြို့ကို မနာရှေ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နေကြ၏။
Tā Mozus Gileādu deva Mahiram, Manasus dēlam, un viņš tur dzīvoja.
41 ၄၁ မနာရှေအမျိုးသား ယာဣရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီးမှ၊ ဟာဝုတ်ယာဣရ အမည် ဖြင့် သမုတ်လေ၏။
Un Jaīrs, Manasus dēls, gāja un uzņēma viņu ciemus un tos nosauca Avot-Jaīru.
42 ၄၂ နောဗာသည်လည်း သွား၍ ကေနတ်မြို့ရွာတို့ကို သိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟု သမုတ် လေ၏။
Un Nobus gāja un uzņēma Kenatu ar viņas piederīgām vietām un to nosauca Nobu pēc sava vārda.

< တောလည်ရာ 32 >