< တောလည်ရာ 31 >
1 ၁ တဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ၏။
Opet reèe Gospod Mojsiju govoreæi:
Osveti sinove Izrailjeve na Madijancima, pak æeš se onda pribrati k rodu svojemu.
3 ၃ မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။
I Mojsije reèe narodu govoreæi: opremite izmeðu sebe ljude na vojsku da idu na Madijance da uèine osvetu Gospodnju na Madijancima,
4 ၄ ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည် အတိုင်း၊
Po tisuæu od plemena, od svakoga plemena Izrailjeva opremite na vojsku.
5 ၅ ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ်၍၊
I dadoše od tisuæa Izrailjevijeh po tisuæu od svakoga plemena, dvanaest tisuæa opremiše na vojsku.
6 ၆ မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။
I posla Mojsije po tisuæu od svakoga plemena na vojsku, i s njima Finesa sina Eleazara sveštenika, i u njega bjehu sudi sveti i trube.
7 ၇ မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
I zavojštiše na Madijance, kako zapovjedi Gospod Mojsiju, i pobiše sve muškinje.
8 ၈ အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ၏။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။
Pobiše i careve Madijanske, s drugima koje im pobiše, Evina i Rokoma i Sura i Ura i Rovoka, pet careva Madijanskih, i Valama sina Veorova ubiše maèem.
9 ၉ ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
I zarobiše sinovi Izrailjevi žene Madijanke i djecu njihovu, i zaplijeniše svu stoku njihovu, krupnu i sitnu, i sve blago njihovo.
10 ၁၀ မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
A mjesta njihova u kojima življahu i gradove njihove sve popališe ognjem.
11 ၁၁ ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား၍၊
I sve roblje i sav plijen, ljude i stoku, uzeše;
12 ၁၂ မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရော ဟိတ် ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
I povedoše k Mojsiju i Eleazaru svešteniku i ka zboru sinova Izrailjevijeh, i roblje i ostali plijen i dobit u oko na polju Moavskom, koje je na Jordanu prema Jerihonu.
13 ၁၃ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။
A Mojsije i Eleazar sveštenik i svi knezovi od zbora izidoše im na susret iz okola.
14 ၁၄ မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊
I Mojsije se razgnjevi na vojvode, na tisuænike i stotinare, koji se vraæahu s vojske;
15 ၁၅ သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း။
I reèe im Mojsije: a što ostaviste u životu sve žene?
16 ၁၆ ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
Ta one po rijeèi Valamovoj navratiše sinove Izrailjeve da zgriješe Gospodu s Fegora, te doðe ona pogibija na narod Gospodnji.
17 ၁၇ ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို၎င်း၊ သတ်ကြလော့။
Zato sada pobijte svu djecu mušku, i sve žene pobijte, koje su poznale èovjeka.
18 ၁၈ ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။
A djevojke, koje ne poznaše èovjeka, ostavite u životu.
19 ၁၉ သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။
A vi ostanite izvan okola sedam dana; svaki koji je ubio koga i koji se dotakao ubijenoga, oèistite se treæi dan i sedmi dan, sebe i roblje svoje.
20 ၂၀ သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။
I sve haljine i sve stvari kožne i sve što je od kostrijeti i sve sudove drvene oèistite.
21 ၂၁ ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊
I reèe Eleazar sveštenik vojnicima, koji bijahu išli na vojsku: ovo je naredba i zakon što je Gospod zapovjedio Mojsiju:
22 ၂၂ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊
Zlato, srebro, mjed, gvožðe, kositer i olovo,
23 ၂၃ မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။
Što god podnosi vatru, propustite kroz vatru, i oèistiæe se, ali pošto se oèisti vodom oèišæenja; a što god ne podnosi vatre, propustite kroz vodu.
24 ၂၄ သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ် ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။
I operite haljine svoje sedmi dan, i biæete èisti; i onda æete uæi u oko.
25 ၂၅ ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊
Još reèe Gospod Mojsiju govoreæi:
26 ၂၆ ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊
Izbroj sve što je zaplijenjeno, ljude i stoku, ti i Eleazar sveštenik i poglavari od plemena narodnijeh.
27 ၂၇ ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ပေးဝေလော့။
I razdijeli sve zaplijenjeno na dvoje: na vojnike koji su išli na vojsku i na sav zbor.
28 ၂၈ စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင်၊
I uzmi dio za Gospoda od vojnika koji su išli na vojsku, po jednu dušu od pedeset, i od ljudi i od goveda i od magaraca i od ovaca.
29 ၂၉ သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။
Od njihove polovine to uzmite, i podajte Eleazaru svešteniku za prinos Gospodu.
30 ၃၀ ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု၊
I od polovine koja dopade sinovima Izrailjevijem uzmi po jedno od pedeset, i od ljudi i od goveda i od magaraca i od ovaca i od svake stoke, i to podaj Levitima koji rade što treba za šator Gospodnji.
31 ၃၁ မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ၏။
I uèini Mojsije i Eleazar sveštenik kako zapovjedi Gospod Mojsiju.
32 ၃၂ စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊
I bješe plijena, što osta od plijena koji zaplijeni vojska: šest stotina i sedamdeset i pet tisuæa ovaca,
33 ၃၃ နွားခုနစ်သောင်းနှစ်ထောင်၊
I sedamdeset i dvije tisuæe goveda,
34 ၃၄ မြည်းခြောက်သောင်းတထောင်
I šezdeset i jedna tisuæa magaraca,
35 ၃၅ ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။
I ženskinja što ne bješe poznalo èovjeka, svega trideset i dvije tisuæe duša.
36 ၃၆ စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
A u polovini, u dijelu onijeh koji bijahu išli na vojsku, bješe na broj tri stotine i trideset i sedam tisuæa i pet stotina ovaca,
37 ၃၇ ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း။
A od toga dio Gospodu bješe šest stotina i sedamdeset i pet ovaca;
38 ၃၈ နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသော အခွန်ကား၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း။
I trideset i šest tisuæa goveda, a od toga dio Gospodu sedamdeset i dva;
39 ၃၉ မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရ ဘုရားခံရသော အခွန်ကား၊ မြည်းခြောက်ဆယ်တကောင် တည်း။
I trideset tisuæa i pet stotina magaraca, a od toga dio Gospodu šezdeset i jedan;
40 ၄၀ လူတသောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသော အခွန်ကား၊ လူသုံးဆယ် နှစ်ယောက်တည်း။
I šesnaest tisuæa duša ljudskih, a od toga dio Gospodu trideset i dvije duše.
41 ၄၁ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။
I dade Mojsije Eleazaru svešteniku dio za prinos Gospodu, kao što mu zapovjedi Gospod.
42 ၄၂ တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
A od druge polovine, koja dopade sinovima Izrailjevijem, koju uze Mojsije od ljudi koji bjehu išli na vojsku,
43 ၄၃ ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
A i u toj polovini, koja dopade zboru, bješe tri stotine i trideset i sedam tisuæa i pet stotina ovaca,
44 ၄၄ နွားသုံးသောင်းခြောက်ထောင်၊
Trideset i šest tisuæa goveda,
45 ၄၅ မြည်းသုံးသောင်းငါးရာ၊
Trideset tisuæa i pet stotina magaraca,
46 ၄၆ လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
I šesnaest tisuæa duša ljudskih)
47 ၄၇ ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး၏။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ၏။
Od te polovine, koja dopade sinovima Izrailjevijem, uze Mojsije po jedno od pedeset, i od ljudi i od stoke, i dade Levitima koji rade što treba za šator Gospodnji, kao što mu Gospod zapovjedi.
48 ၄၈ လူတရာ၊ တထောင်ကိုအုပ်သော တပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊
I pristupiše k Mojsiju vojvode, tisuænici i stotinari,
49 ၄၉ ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန်၍၊ လူတယောက်မျှ မလျော့ပါ။
I rekoše mu: sluge tvoje prebrojiše vojnike koji bijahu pod našom rukom, i nijednoga nije manje.
50 ၅၀ ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
Zato prinosimo Gospodu prinos, svaki što je ko zadobio, zlatnijeh zaklada, kopaèa, narukvica, prstena, obodaca i lanèiæa, da bi se oèistile duše naše pred Gospodom.
51 ၅၁ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။
I uze Mojsije i Eleazar sveštenik od njih zlato, svakojake zaklade.
52 ၅၂ ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ၍၊
A bješe svega zlata prinesenoga, što prinesoše Mojsiju tisuænici i stotinari, šesnaest tisuæa i sedam stotina i pedeset sikala.
53 ၅၃ တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း။
A vojnici zadržaše sebi što koji bješe zaplijenio.
54 ၅၄ တပ်မှူးများ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထား ကြ၏။
I uzevši Mojsije i Eleazar zlato od tisuænika i stotinara, unesoše ga u šator od sastanka za spomen sinovima Izrailjevijem pred Gospodom.