< တောလည်ရာ 31 >

1 တဖန် ထာဝရဘုရားက၊ မိဒျန်အမျိုးသားတို့ သည် ဣသရေလအမျိုးသားတို့ကို ပြစ်မှားသောအပြစ် အလျောက် ဣသရေလအမျိုးသားဘက်၌ နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်း ဝေးရာသို့ သွားရမည်ဟု မောရှေအား မိန့်တော်မူ၏။
Og Herren tala til Moses, og sagde:
2
«Du skal taka hemn for det som midjanitarne hev gjort Israels-borni; sidan skal du fara til federne dine.»
3 မောရှေသည်လည်း လူများတို့ကိုခေါ်၍၊ အချို့တို့သည် လက်နက်ကို ကိုင်လျက်၊ မိဒျန်အမျိုးသား တို့သို့ စစ်ချီ၍ ထာဝရဘုရားဘက်၌ တရားစီရင်စေ။
Då tala Moses til folket, og sagde: «Lat nokre av mannskapet dykkar bu seg til herferd! Dei skal koma yver midjanitarne, og føra Herrens hemn yver Midjan.
4 ဣသရေလအမျိုးအနွယ်တို့တွင် တမျိုးတမျိုး ထဲက၊ လူတထောင်စီရွေး၍ စစ်ချီစေဟု စီရင်သည် အတိုင်း၊
Tusund mann frå kvar av Israels-ætterne skal de senda ut i herferd.»
5 ဣသရေလအမျိုးသား အထောင်အသောင်းတို့ တွင် တမျိုးတမျိုးထဲက၊ စစ်တိုက်လက်နက်ပါသောသူ တထောင်စီ၊ လူပေါင်း တသောင်းနှစ်ထောင်ကို အပ်၍၊
Av dei mange tusund i Israel baud dei då ut tusund mann frå kvar ætt, tolv tusund herbudde menner.
6 မောရှေသည် ထိုသူတို့ကို၎င်း၊ သန့်ရှင်းသော လက်နက်နှင့်တကွ၊ မှုတ်ရာတံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကို၎င်း စစ်ချီ စေ၏။
Deim sende Moses ut i herferd, tusund mann frå kvar ætt, og med deim sende han Pinehas, son åt Eleazar, øvstepresten; han hadde med seg dei heilage gognerne og stridslurarne.
7 မောရှေအား ထာဝရဘုရား မှာထားတော်မူ သည်အတိုင်း၊ ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျားအပေါင်းတို့ကို သတ်ကြ၏။
Og dei gjorde ei herferd mot Midjan, so som Herren hadde sagt med Moses, og slo i hel alle karmenner.
8 အသေသတ်ခြင်းကို ခံရသောသူတို့တွင် ဧဝိ၊ ရေကင်၊ ဇုရ၊ ဟုရ၊ ရေဘတည်းဟူသော မိဒျန်မင်းကြီး ငါးပါးပါကြ၏။ ဗောရသား ဗာလမ်ကိုလည်း ထားနှင့် သတ်ကြ၏။
Og millom deim som dei drap, var kongarne i Midjan, Evi og Rekem og Sur og Hur og Reba, dei fem Midjans-kongarne; og Bileam, son åt Beor, fall og for sverdet deira.
9 ဣသရေလအမျိုးသားတို့သည်၊ မိဒျန်မိန်းမများ၊ သူငယ်များတို့ကို လက်ရသိမ်းယူ၍၊ သိုး၊ ဆိတ်၊ နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။
So tok dei konorne og borni åt midjanitarne og klyvdyri og bufeet deira og alt det dei åtte;
10 ၁၀ မိဒျန်အမျိုးသားတို့ နေသောမြို့ရွာရှိသမျှတို့ကို မီးရှို့ကြ၏။
og alle borgarne i det landet dei hadde slege seg ned i og alle tjeldlægri deira, sette dei eld på.
11 ၁၁ ဘမ်းရသောလူ၊ တိရစ္ဆာန်နှင့်တကွ၊ လက်ရဥစ္စာ အလုံးစုံတို့ကို သိမ်းသွား၍၊
Og alt herfanget og alt folket og feet dei hadde teke,
12 ၁၂ မောဘလွင်ပြင် ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ တပ်ချလျက်နေသော မောရှေ၊ ယဇ်ပုရော ဟိတ် ဧလာဇာ၊ ဣသရေလအမျိုးသား ပရိသတ်တို့ထံသို့ ဆောင်ခဲ့ကြ၏။
førde dei dit som Moses og Eleazar, øvstepresten, og heile Israels-lyden var - til lægret på Moabmoarne ved Jordan, midt for Jeriko - både fangarne og feet og alt det andre herfanget.
13 ၁၃ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။
Og Moses og Eleazar, øvstepresten, og alle dei høgste i lyden gjekk til møtes med deim utanfor lægret.
14 ၁၄ မောရှေသည် စစ်တိုက်ရာမှ ပြန်လာသော တပ်မှူးများ၊ ဗိုလ်မင်းများတို့ကို အမျက်ထွက်၍၊
Men Moses var vond på hovdingarne som kom heim frå stridsferdi, både dei som stod yver tusund og dei som stod yver hundrad mann,
15 ၁၅ သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ် ကြောင့် အသက်ရှင်စေကြသနည်း။
og han sagde til deim: «Hev de spart alle kvinnorne?
16 ၁၆ ဣသရေလအမျိုးသား တို့သည်၊ ပေဂုရဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ၊ ဤမိန်းမတို့သည် ဗာလမ်းပေးသောအကြံကို လိုက်၍ ပြုကြသောကြောင့်၊ ထာဝရဘုရား၏ ပရိသတ်၌ ဘေးရောက်လေသည် တကား။
Det var då dei som lydde Bileams råd og lokka Israels-sønerne til å svika Herren for Peors skuld, so sotti kom yver Herrens lyd.
17 ၁၇ ထိုကြောင့်၊ သူငယ်ယောက်ျားအပေါင်းကို၎င်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်း ကို၎င်း၊ သတ်ကြလော့။
Slå no i hel alle sveinborn, og alle kvinnor som hev ått mann eller havt med karfolk å gjera!
18 ၁၈ ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို၊ မိမိတို့အဘို့ အသက်ချမ်းသာပေးကြလော့။
Men alle ungmøyar som ikkje hev havt med karfolk å gjera, skal de spara, og dei skal høyra dykk til.
19 ၁၉ သင်တို့သည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရကြမည်။ လူကို သတ်သောသူ၊ အသေကောင်ကို ထိသောသူ အပေါင်းတို့ ကိုယ်ကို၎င်း၊ သိမ်းယူသော သူတို့ကို၎င်း၊ တတိယနေ့၊ သတ္တမနေ့၌ စင်ကြယ်စေ ကြလော့။
Og so lyt de halda dykk utanfor lægret i sju dagar, og alle som hev slege nokon i hel eller kome nær nokon som er i helslegen, lyt reinsa seg for synd den tridje og den sjuande dagen, både dei og fangarne deira.
20 ၂၀ သင်တို့အဝတ်နှင့် သားရေတန်ဆာရှိသမျှ၊ ဆိတ်မွေးဖြင့် ရက်သောအရာ၊ သစ်သားဖြင့် လုပ်သော အရာရှိသမျှတို့ကို စင်ကြယ်စေကြလော့ဟု မှာထား လေ၏။
Og alle klæde, og alt som er gjort av ler eller geiteragg, og alle trekjerald lyt de reinsa.»
21 ၂၁ ယဇ်ပုရောဟိတ် ဧလာဇာသည်လည်း၊ စစ်တိုက် သွားသော စစ်သူရဲတို့ကိုခေါ်၍၊ မောရှေ၌ ထာဝရဘုရား ထားတော်မူသော ပညတ်တရားဟူမူကား၊
Og Eleazar, øvstepresten, sagde til dei mennerne som hadde vore med i herferdi: «Denne fyresegni hev Herren gjeve Moses:
22 ၂၂ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ ကြေးဖြူ၊ ခဲ အစရှိသော၊
Gull og sylv, kopar og jarn, tin og bly,
23 ၂၃ မီးကိုခံနိုင်သောအရာရှိသမျှတို့ကို မီးအလယ် ၌ သွားစေ သဖြင့် စင်ကြယ်စေရမည်။ သို့ရာတွင် စင်ကြယ်စေသောရေ ဖြင့်လည်း စင်ကြယ်စေရမည်။ မီးမခံနိုင်သောအရာ ရှိသမျှတို့ကို ရေအလယ်၌ သွားစေရမည်။
alt som toler eld, skal de hava i elden, so vert det reint; de lyt berre etterpå skira det med vigslevatn; men alt som ikkje toler eld, skal de hava i vatn.
24 ၂၄ သတ္တမနေ့၌ မိမိအဝတ်ကို လျှော်ပြီးမှ၊ စင်ကြယ် ခြင်းရှိ၍၊ တပ်ထဲသို့ဝင်ရကြမည်ဟု မှာထားလေ၏။
Og den sjuande dagen skal de två klædi dykkar, so vert de reine, og sidan kann de koma inn i lægret.»
25 ၂၅ ထာဝရဘုရားကလည်း၊ သင်နှင့် ယဇ်ပုရောဟိတ် ဧလာဇာ၊
Og Herren sagde til Moses:
26 ၂၆ ပရိသတ်အဆွေအမျိုး သူကြီးတို့သည်၊ ယခု လက်ရသိမ်းယူခဲ့သော ဥစ္စာ၊ လူ၊ တိရစ္ဆာန်အပေါင်းတို့ကို ယူ၍၊
«Du og Eleazar, øvstepresten, og ættehovdingarne i lyden skal taka tal på alt folket og feet som er fanga,
27 ၂၇ ထက်ဝက်ခွဲပြီးလျှင် တဝက်ကို စစ်မှုထမ်း၍ အတိုက်သွားသော သူတို့အား၎င်း၊ တဝက်ကို ပရိသတ် အပေါင်းတို့အား၎င်း ပေးဝေလော့။
og skifta det likt millom stridsmennerne som var med i herferdi og alt hitt folket.
28 ၂၈ စစ်တိုက်သွားသော စစ်သူရဲတို့သည်၊ ထာဝရ ဘုရားအား ပေးရသောအခွန်ကို ခွဲ၍ လူ၊ နွား၊ မြည်း၊ သိုးအကောင်းငါးရာတွင် တကောင်ကို ကောက်ယူပြီးလျှင်၊
Og du skal taka ei avgift av stridsmennerne: eitt liv for kvart femhundrad, både av folk og av storfe og asen og småfe;
29 ၂၉ သူတို့ခံရသော ထက်ဝက်အဘို့ထဲကနှုတ်၍၊ ထာဝရဘုရားရှေ့တော်၌ ချီမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ ယဇ်ပုရောဟိတ် ဧလာဇာအား ပေးရမည်။
det skal de taka av den helvti som fell på herfolket, og gjeva det til Eleazar, øvstepresten; det skal vera ei reida til Herren.
30 ၃၀ ဣသရေလအမျိုးသား ခံရသော ထက်ဝက် အဘို့ထဲကလည်း လူ၊ နွား၊ မြည်း၊ သိုးအစရှိသော တိရစ္ဆာန်မျိုး အကောင်ငါးဆယ်တို့တွင် တကောင်ကို ကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေပိသားတို့အား ပေးရမည်ဟု၊
Og av den helvti som fell på dei hine Israels-sønerne, skal du taka ut eit liv for kvart halvhundrad, både av folk og av kyr og asen og sauer - av alt feet - og gjeva deim til levitarne som hev umsut med alt det som skal gjerast i Herrens hus.»
31 ၃၁ မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့ သည် ပြလေ၏။
Moses og Eleazar, øvstepresten, gjorde som Herren hadde sagt til Moses.
32 ၃၂ စစ်သူရဲတို့သည် လက်ရသိမ်းယူခဲ့၍ ကျန်ကြွင်း သော ဥစ္စာပေါင်းကား သိုးခြောက်သိန်း ခုနစ်သောင်း ငါးထောင်၊
Og herfanget, det som var att av alt det stridsfolket hadde teke, det var: sauer og geiter: seks hundrad og fem og sytti tusund;
33 ၃၃ နွားခုနစ်သောင်းနှစ်ထောင်၊
uksar og kyr: tvo og sytti tusund;
34 ၃၄ မြည်းခြောက်သောင်းတထောင်
asen: ein og seksti tusund;
35 ၃၅ ယောက်ျားနှင့် မဆက်ဆံဘူးသောမိန်းမ သုံးသောင်းခုနစ်ထောင် ရှိသတည်း။
av folk - kvinnor som ikkje hadde vore nær nokon karmann - var det i alt tvo og tretti tusund.
36 ၃၆ စစ်တိုက်သွားသော သူတို့ခံရသော ထက်ဝက် အဘို့ကား၊ သိုး သုံးသောင်းခုနစ်ထောင်ငါးရာ ရှိသည်ဖြစ်၍၊
Helvti av dette, den luten som fall på hermennerne, var då: småfe: tri hundrad og sju og tretti tusund og fem hundrad i talet,
37 ၃၇ ထာဝရဘုရားခံရသောအခွန်ကား၊ သိုးခြောက် ရာခုနစ်ဆယ်ငါးကောင်တည်း။
so avgifti til Herren av sauerne og geiterne vart seks hundrad og fem og sytti;
38 ၃၈ နွားသုံးသောင်းခြောက်ထောင်ရှိသည်ဖြစ်၍၊ ထာဝရဘုရားခံရသော အခွန်ကား၊ နွားခုနစ်ဆယ် ခုနစ်ကောင်တည်း။
uksar og kyr: seks og tretti tusund; av deim var avgifti til Herren tvo og sytti;
39 ၃၉ မြည်းသုံးသောင်းငါးရာရှိသည်ဖြစ်၍ ထာဝရ ဘုရားခံရသော အခွန်ကား၊ မြည်းခြောက်ဆယ်တကောင် တည်း။
asen: tretti tusund og fem hundrad, og avgifti av deim til Herren ein og seksti;
40 ၄၀ လူတသောင်းခြောက်ထောင် ရှိသည်ဖြစ်၍ ထာဝရဘုရားခံရသော အခွန်ကား၊ လူသုံးဆယ် နှစ်ယောက်တည်း။
fangar: sekstan tusund, og av deim i avgift til Herren tvo og tretti ungmøyar.
41 ၄၁ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ မောရှေသည် ရှေ့တော်၌ ချီးမြှောက်ရာ ပူဇော်သက္ကာပြု ဘို့ရာ အခွန်ကို ယဇ်ပုရောဟိတ် ဧလာဇာအား အပ်ပေး လေ၏။
Og Moses gav avgifti, det som skulde vera reida åt Herren, til Eleazar, øvstepresten, som Herren hadde sagt med honom.
42 ၄၂ တဖန် စစ်တိုက်သောသူတို့လက်မှ မောရှေယူ၍၊ ဣသရေလအမျိုးသား၊
Den helvti som kom på dei hine Israels-sønerne, og som Moses hadde skift ifrå hermennerne,
43 ၄၃ ပရိသတ်တို့ခံရသော ထက်ဝက်အဘို့ကား၊ သိုးသုံးသိန်းသုံးသောင်း ခုနစ်ထောင်ငါးရာ၊
den helvti som lyden fekk, det var: tri hundrad og sju og tretti tusund og fem hundrad sauer og geiter,
44 ၄၄ နွားသုံးသောင်းခြောက်ထောင်၊
og seks og tretti tusund uksar og kyr,
45 ၄၅ မြည်းသုံးသောင်းငါးရာ၊
og tretti tusund og fem hundrad asen,
46 ၄၆ လူတသောင်းခြောက်ထောင်ရှိသည်ဖြစ်၍
og sekstan tusund fangar.
47 ၄၇ ဣသရေလအမျိုးသားခံရသော ထက်ဝက်အဘို့ လူ၊ တိရစ္ဆာန် အကောင်ငါးဆယ်တို့တွင် တကောင်ကို မောရှေကောက်ယူ၍ ထာဝရဘုရား၏ တဲတော်ကို စောင့်သော လေဝိသားတို့အား ပေး၏။ ထိုသို့ ထာဝရ ဘုရားမှာထားတော်မူ၏။
Av denne helvti - den som fall på Israels-sønerne - tok Moses ut eit liv for kvart halvhundrad av både folk og fe, og gav deim til levitarne som greidde det som skulde gjerast i Herrens hus, soleis som Herren hadde sagt med honom.
48 ၄၈ လူတရာ၊ တထောင်ကိုအုပ်သော တပ်မှူးများ၊ ဗိုလ်များတို့သည်လည်း၊ မောရှေထံသို့ ချဉ်းကပ်၍၊
So gjekk hovdingarne yver herflokkarne, både dei yver tusund og dei yver hundrad mann, fram for Moses
49 ၄၉ ကိုယ်တော် ကျွန်တို့သည် အုပ်သောစစ်သူရဲတို့ ကို စာရင်းယူပြန်၍၊ လူတယောက်မျှ မလျော့ပါ။
og sagde til honom: «Me hev teke tal på stridsmennerne som me hadde under oss, og det vantar ikkje ein mann.
50 ၅၀ ထိုကြောင့် ထာဝရဘုရားရှေ့တော်၌ အသက် အဘိုးကို ဖြေဘို့ ရာ လူအသီးအသီးရသော ရွှေတန်ဆာ၊ လည်ဆွဲ၊ လက်ကောက်၊ လက်စွပ်၊ နားတောင်း၊ နှာခေါင်း ဆွဲဘူးတို့ကို ထာဝရဘုရားအား ပူဇော်လျက် ဆောင်ခဲ့ ပါပြီဟု လျှောက်ဆိုလျှင်၊
Difor kjem me no kvar med det gullet me hev vunne: armringar og armband og fingerringar og øyreringar og kulelekkjor; det skal vera ei gåva til Herren og ein løysepening for livet vårt.»
51 ၅၁ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ ထိုရွှေတည်းဟူသော လုပ်ပြီးသောတန်ဆာ ရှိသမျှတို့ကို ခံယူကြ၏။
Og Moses og Eleazar, øvstepresten, tok imot gullet dei kom med; alt saman var det fint arbeidde ting.
52 ၅၂ ထိုသို့ စစ်သူရဲအသီးအသီးတို့သည် မိမိတို့အဘို့ သိမ်းယူ၍၊
Gullet som dei vigde åt Herren, var i alt elleve hundrad merker; det var gåva frå hovdingarne.
53 ၅၃ တပ်မှူးများ၊ ဗိုလ်များတို့သည် ထာဝရဘုရား အား ပူဇော်သော ရွှေချိန်ပေါင်းကား၊ တရာခြောက်ဆယ် ခုနှစ်ပိဿာနှင့် အကျပ်ငါးဆယ် ရှိသတည်း။
Men mannskapet hadde og vunne mykje gull, kvar åt seg.
54 ၅၄ တပ်မှူးများ၊ ဗိုလ်များ ပူဇော်သောရွှေကို မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်ယူ၍၊ ဣသရေလအမျိုးသားတို့ကို ထာဝရဘုရား အောက်မေ့ တော်မူဘို့ရာ ပရိသတ်စည်းဝေးရာတဲတော်၌ သွင်းထား ကြ၏။
Då Moses og Eleazar, øvstepresten, hadde teke imot gullet av hovdingarne, bar dei det inn i møtetjeldet og gøymde det der til ei minning for Herren um Israels-folket.

< တောလည်ရာ 31 >