< တောလည်ရာ 30 >
1 ၁ တဖန်ထာဝရဘုရားမိန့်တော်မူသော စကားကို မောရှေသည်၊ ဣသရေလ အမျိုးသားတို့တွင် အမျိုး အနွှယ်တို့၌ မင်းဖြစ်သောသူတို့အား ဆင့်ဆိုသည်ကား၊
Moses loh Israel ca rhoek koca kah boeilu rhoek te a voek tih BOEIPA loh a uen bangla ol he a thui pah.
2 ၂ လူယောက်ျားသည် ထာဝရဘုရားအား သစ္စာ ဂတိပြုသော်၎င်း၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်၍ ကျိန်ဆိုခြင်းကို ပြုသော်၎င်း၊ မိမိပြောသောစကားကို မဖျက်ဘဲ၊ မိမိနှုတ်ထွက်ရှိသည်အတိုင်း ပြုရမည်။
Tongpa he BOEIPA taengah olcaeng a caeng vaengah khaw, a hinglu dongah rhuikhih te khih ham olhlo a toemngam vaengah khaw a ol te poeih boel saeh. A ka lamloh a thoeng bangla boeih saii saeh.
3 ၃ မိန်းမသည် အဘအိမ်၌ အသက်ငယ်စဉ်အခါ၊ ထာဝရဘုရားအား သစ္စာဂတိပြုသော်၎င်း၊
Huta he BOEIPA taengah olcaeng a caeng tih a camoe ah a napa im kah rhuikhih loh a khih mai ni.
4 ၄ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို အဘသည် ကြားလျက် တိတ်ဆိတ်စွာ နေလျှင် ထိုသစ္စာစကားရှိသမျှတို့နှင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော စကားဟူသမျှတို့သည် တည်ရကြမည်။
A hinglu dongah a khih a olcaeng neh a rhuikhih te a napa loh a yaak dae a napa loh anih te a ngam tak. Te vaengah a olcaeng boeih te cak vetih a hinglu dongah a khih rhuikhih boeih te khaw cak ni.
5 ၅ သို့မဟုတ် အဘသည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကားမည်မျှ၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား မည်မျှမတည်ရ။ အဘမြစ်တား သောကြောင့်၊ ထာဝရဘုရား လွှတ်တော်မူမည်။
A napa loh a yaak hnin ah anih te khaban koinih a olcaeng boeih neh a hinglu dongkah a khih a rhuikhih te cak mahpawh. Te vaeng daengah napa loh anih te a khaban dae BOEIPA loh anih te khodawk a ngai ni.
6 ၆ မိန်းမသည် လင်ရှိလျက်၊ သစ္စာဂတိပြု၍ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းငှာ နှုတ်မြွက်သော အခါ၊
A va taengah om khaw om mai tih amah sokah a olcaeng neh a hmuilai kah olhlo te a hinglu dongah a khih khaming.
7 ၇ လင်သည် ကြားလျှင်၎င်း၊ ကြားသောနေ့၌ တိတ်ဆိတ်စွာနေလျှင်၎င်း၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သောစကား တည်ရမည်။
Te vaengah a va loh a yaak tih a yaak hnin ah pataeng anih te hil a phah tak atah a olcaeng te cak vetih a hinglu dongah a khih a rhuikhih te cak ni.
8 ၈ သို့မဟုတ် လင်သည် ကြားသောနေ့၌ မြစ်တား လျှင်၊ ထိုသစ္စာစကား၊ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သောစကားကို လင်သည်ပယ်၍၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
Tedae a va loh a yaak hnin ah anih te a khaban khaming. Te vaengah amah sokah a olcaeng neh a hinglu dongah a khih a hmuilai kah olhlo khaw a phae coeng dongah BOEIPA loh anih te khodawk a ngai ni.
9 ၉ လင်သေသောမိန်းမ၊ လင်နှင့်ကွာသော မိန်းမ သည် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်သော သစ္စာဂတိ အလုံးစုံတို့သည် တည်ရကြမည်။
Nuhmai olcaeng neh vama kah a hinglu dongah a khih boeih boeih tah amah soah pai ni.
10 ၁၀ လင်အိမ်၌ ရှိစဉ်အခါ၊ သစ္စာဂတိပြုသော်၎င်း၊ ကျိန်ဆိုခြင်းအားဖြင့် ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင် သော်၎င်း၊
A va im kah a caeng mai akhaw, olhlo lamloh a hinglu dongah rhuikhih a khih akhaw,
11 ၁၁ လင်သည် ကြားသော်လည်း မမြစ်တား တိတ်ဆိတ်စွာနေလျှင်၊ ထိုသစ္စာဂတိရှိသမျှ ကိုယ်စိတ်ဝိညာဉ်၌ ချည်နှောင်ခြင်းရှိသမျှတို့သည် တည်ရကြမည်။
A va loh a yaak vaengah a taengah hil a phah tih anih khaban pawt daengah ni a olcaeng boeih cak vetih a hinglu dongah a khih a rhuikhih boeih khaw a cak eh.
12 ၁၂ သို့မဟုတ် လင်သည် ကြားသောနေ့၌ ရှင်းရှင်း ပယ်ဘူးလျှင်၊ သစ္စာဂတိနှင့်၎င်း၊ စိတ်ဝိညာဉ်၌ ချည် နှောင်ခြင်းနှင့်၎င်း ဆိုင်သော စကားမည်မျှ မတည်ရ။ လင်သည် ပယ်သောကြောင့်၊ ထာဝရဘုရားလည်း လွှတ်တော်မူမည်။
A va loh a yaak hnin ah te te a phae, a phae tih a hmuilai kah aka thoeng boeih, a olcaeng khaw, a hinglu dongkah rhuikhih khaw cak sak mai mahpawh. Te rhoek te a va loh a phae dongah BOEIPA loh huta te khodawk a ngai ni.
13 ၁၃ ခပ်သိမ်းသောသစ္စာဂတိ၊ ခြိုးခြံစွာ ကျင့်ခြင်းနှင့် ဆိုင်သမျှသော အချည်အနှောင်ကျိန်ဆိုခြင်းတို့ကို၊ လင်သည် တည်စေပိုင်သောအခွင့်၊ ပယ်ပိုင်သော အခွင့်ရှိ၏။
Olcaeng cungkuem neh, hinglu aka phaep ham rhuikhih olhlo cungkuem he a va loh a cak sak mai tih a va loh a phae mai thai.
14 ၁၄ လင်သည် တနေ့ထက်တနေ့ တိတ်ဆိတ်စွာနေ လျှင်၊ မယားပြုသော သစ္စာဂတိရှိသမျှတို့နှင့် မယား၌ ချည်နှောင်ခြင်း ရှိသမျှတို့ကို တည်စေ၏။ ကြားသောနေ့၌ တိတ်ဆိတ်စွာ နေသောကြောင့် တည်စေပြီ။
Tedae a taengah a va te a hnin hnin ah a ngam la ngam khaming. A yaak hnin ah pataeng a taengah a ngam dongah huta kah olcaeng boeih te cak tih a sokah a rhuikhih boeih cak.
15 ၁၅ ထိုစကားကို ကြားသောနေ့နောက်မှ၊ လင်သည် ပယ်အံ့သောငှါ ပြုလျှင်၊ မယားအပြစ်ကို ကိုယ်တိုင် ခံရမည်။
A yaak neh te te a phae la a phae atah huta kah amah lothaesainah te phueih saeh.
16 ၁၆ ဤရွေ့ကား၊ မယားနှင့်လင်စပ်ကြား၌၎င်း၊ အဘအိမ်မှာ အသက်နုငယ်သောသမီးနှင့် အဘစပ်ကြား ၌၎င်း၊ မောရှေအားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ်တရားဖြစ်သတည်း။
He oltlueh he tongpa laklo neh a yuu taengkah ham, pa laklo a camoe kah a napa im ah aka om a canu ham BOEIPA loh Moses te a uen pah.