< တောလည်ရာ 29 >
1 ၁ သတ္တမလ၊ ပဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။ တံပိုးမှုတ်ခြင်းကို ပြုရသောနေ့ဖြစ်၏။
၁သင်တို့သည်သတ္တမလ၊ ပထမနေ့တွင် စုဝေး ဝတ်ပြုရမည်။ ထိုနေ့တွင်အလုပ်မလုပ်ရ။ ထိုနေ့တွင်တံပိုးခရာများကိုမှုတ်ရမည်။-
2 ၂ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။
၂ထာဝရဘုရားအားအပြစ်အနာကင်းသော နွားထီးပျိုတစ်ကောင်၊ သိုးထီးတစ်ကောင်နှင့် တစ်နှစ်သားအရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ်ရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။-
3 ၃ နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင် နှစ်ဩမဲ၊
၃မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
4 ၄ သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
၄သိုးကလေးတစ်ကောင်စီနှင့်အတူ မုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
5 ၅ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကိုလည်း ပူဇော်ရမည်။
၅ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ် ထီးတစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤ နည်းအားဖြင့်လူတို့အတွက်သန့်စင်မှု ဝတ်ကိုပြုရမည်။-
6 ၆ ထိုသို့ ထုံးစံရှိသည့်အတိုင်း၊ လဆန်းနေ့မီးရှို့ရာ ယဇ်နှင့် သူ၏ဘောဇဉ်ပူဇော်သက္ကာ၊ နေ့တိုင်းပြုသော မီးရှို့ရာယဇ်နှင့် သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့နှင့် မီးဖြင့်ပြုသော ယဇ်ပူဇော်သက္ကာ ကို ပူဇော်ရမည်။
၆လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
7 ၇ ၎င်းလ၊ ဒသမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြု၍ ခြိုးခြံစွာ ကျင့်ရမည်။ အဘယ်အလုပ်ကိုမျှ မလုပ်ရ။
၇သင်တို့သည်သတ္တမလတစ်ဆယ့်လေးရက် နေ့တွင် စုဝေးဝတ်ပြုရမည်။ ထိုနေ့၌အစား အစာမစားရ၊ အလုပ်မလုပ်ရ။-
8 ၈ ထိုနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ နှင့် မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်တို့ကို ပူဇော်ရမည်။
၈အပြစ်အနာကင်းသောနွားထီးတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကို ထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
9 ၉ နွားတကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲ၊ သိုးတကောင်လျှင်နှစ်ဩမဲ၊
၉မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရော သောမုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော် ရမည်။ နွားထီးနှင့်အတူမုန့်ညက်ခြောက်ပေါင် ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့်ညက် လေးပေါင်ကိုလည်းကောင်း၊-
10 ၁၀ သိုးသငယ်ခုနစ်ကောင်စေ့အောင်၊ တကောင် လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရမည်။
၁၀သိုးကလေးတစ်ကောင်စီနှင့်အတူမုန့် ညက်နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
11 ၁၁ အပြစ်ဖြေခြင်းကို ပြုအံ့သောငှါ၊ အပြစ်ဖြေရာ ယဇ်ဘို့ ဆိတ်သငယ်တကောင်ကို ပူဇော်ရမည်။ ထိုသို့ အပြစ်ဖြေခြင်းငှါ အပြစ်ဖြေရာယဇ်၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်၊ သူ၏ဘောဇဉ် ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ ပြုရမည်။
၁၁ထို့အပြင်လူတို့သန့်စင်မှုဝတ်အတွက်ပူ ဇော်သောဆိတ်၊ နေ့စဉ်ပူဇော်သည့်မီးရှို့ရာ ယဇ်နှင့်တကွဘောဇဉ်သကာ၊ စပျစ်ရည် သကာတို့အပြင်အပြစ်ဖြေရာယဇ် အဖြစ်ဆိတ်ထီးတစ်ကောင်ကိုပူဇော် ရမည်။
12 ၁၂ ၎င်းလ တဆယ်ငါးရက်နေ့၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ဘဲ ခုနစ်ရက် ပတ်လုံး ထာဝရဘုရားအဘို့ ပွဲခံရမည်။
၁၂သင်တို့သည်သတ္တမလတစ်ဆယ့်ငါးရက်နေ့ တွင် စုဝေးဝတ်ပြုရမည်။ ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းသောဤပွဲတော်ကိုခုနစ် ရက်တိုင်တိုင်ကျင်းပရမည်။ ထိုရက်များတွင် အလုပ်မလုပ်ရ။-
13 ၁၃ ပဌမနေ့၌ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြုသော မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီးဆယ်သုံး ကောင်၊ သိုးထီးနှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ်လေးကောင်တို့ကို ပူဇော်ရမည်။
၁၃ပထမနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်သုံးကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့်လေး ကောင်တို့ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
14 ၁၄ နွားဆယ်သုံးကောင်စေ့အောင်၊ တကောင်လျှင် ဆီရောသောမုန့်ညက် သုံးဩမဲစီ၊ သိုးနှစ်ကောင်စေ့ အောင်၊ တကောင်လျှင် နှစ်ဩမဲစီ၊
၁၄မီးရှို့ရာယဇ်နှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကို ဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးတစ်ကောင်စီနှင့် အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
15 ၁၅ သိုးသငယ်ဆယ်လေးကောင်စေ့အောင်၊ တကောင်လျှင် တဩမဲစီနှင့် ဘောဇဉ်ပူဇော်သက္ကာပြုရ မည်။
၁၅သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်း၊ လိုအပ်သောစပျစ် ရည်သကာများကိုလည်းကောင်းပူဇော်ရမည်။-
16 ၁၆ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး ထပ်၍ ပူဇော်ရမည်။
၁၆ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
17 ၁၇ ဒုတိယနေ့၌၊ အသက်ပျိုသော နွားထီးဆယ်နှစ် ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
၁၇ဒုတိယနေ့တွင်အပြစ်အနာကင်းသောနွား ထီးပျိုတစ်ဆယ့်နှစ်ကောင်၊ သိုးထီးနှစ်ကောင် နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ်ဆယ့် လေးကောင်ကိုပူဇော်ရမည်။-
18 ၁၈ သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်း လောင်းရာ ပူဇော်သက္ကာကို၎င်း၊
၁၈ထို့အပြင်ပထမနေ့တွင်ပူဇော်ရသည့် သကာများကိုလည်းပူဇော်ရမည်။
19 ၁၉ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ် တကောင်ကို ၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
၁၉
20 ၂၀ တတိယနေ့၌၊ နွားထီးဆယ်တကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
၂၀တတိယနေ့တွင်အပြစ်အနာကင်းသော နွားထီးပျိုတစ်ဆယ့်တစ်ကောင်၊ သိုးထီးနှစ် ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီးတစ် ဆယ့်လေးကောင်ကိုပူဇော်ရမည်။-
21 ၂၁ သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
၂၁ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
22 ၂၂ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
၂၂
23 ၂၃ စတုတ္ထနေ့၌ နွားထီးဆယ်ကောင်၊ သိုးထီး နှစ်ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
၂၃စတုတ္ထနေ့တွင်အပြစ်အနာကင်းသောနွားပျို ဆယ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
24 ၂၄ သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
၂၄ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
25 ၂၅ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
၂၅
26 ၂၆ ပဥ္စမနေ့၌ နွားထီးကိုးကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
၂၆ပဉ္စမနေ့တွင်အပြစ်အနာကင်းသောနွားပျို ကိုးကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကို ပူဇော်ရမည်။-
27 ၂၇ သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
၂၇ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
28 ၂၈ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
၂၈
29 ၂၉ ဆဌမနေ့၌၊ နွားထီးရှစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ဆယ်လေးကောင်ကို၎င်း၊
၂၉ဆဋ္ဌမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုရှစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးတစ်ဆယ့်လေးကောင်ကိုပူဇော် ရမည်။-
30 ၃၀ သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
၃၀ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
31 ၃၁ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ပူဇော်ရမည်။
၃၁
32 ၃၂ သတ္တမနေ့၌ နွားထီးခုနစ်ကောင်၊ သိုးထီးနှစ် ကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ်ဆယ် လေးကောင်ကို၎င်း၊
၃၂သတ္တမနေ့တွင်အပြစ်အနာကင်းသောနွား ပျိုခုနစ်ကောင်၊ သိုးထီးနှစ်ကောင်နှင့်တစ်နှစ် သားအရွယ်သိုးထီးတစ်ဆယ့်လေးကောင် ကိုပူဇော်ရမည်။-
33 ၃၃ သိုး၊နွား၊ သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
၃၃ထို့ပြင်ပထမနေ့တွင်ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
34 ၃၄ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
၃၄
35 ၃၅ အဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
၃၅အဋ္ဌမနေ့တွင်သင်တို့သည်စုဝေးဝတ်ပြုရ မည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
36 ၃၆ ထိုနေ့၌ ထာဝရဘုရားဘို့ မွှေးကြိုင်သော အနံ့နှင့် မီးဖြင့်ပြု သော မီးရှို့ရာယဇ်ဘို့ နွားထီးတကောင်၊ သိုးထီးတကောင်၊ အခါမလည် အပြစ်မပါသော သိုးသငယ် ခုနစ်ကောင်ကို၎င်း၊
၃၆အပြစ်အနာကင်းသောနွားပျိုတစ်ကောင်၊ သိုး ထီးတစ်ကောင်နှင့်တစ်နှစ်သားအရွယ်သိုးထီး ခုနစ်ကောင်ကိုထာဝရဘုရားနှစ်သက်ဖွယ် ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
37 ၃၇ သိုး၊နွား၊သိုးသငယ် အနည်းအများအလိုက်၊ ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို၎င်း၊
၃၇ထို့ပြင်ပထမနေ့၌ပူဇော်ရသည့်သကာ များကိုလည်းပူဇော်ရမည်။
38 ၃၈ အပြစ်ဖြေရာယဇ်ဘို့ ဆိတ်တကောင်ကို၎င်း၊ အစဉ်အမြဲပြုသော မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော် သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာမှတပါး၊ ထပ်၍ ပူဇော်ရမည်။
၃၈
39 ၃၉ ထိုသို့ သစ္စာဂတိရှိ၍ ပြုသော ပူဇော်သက္ကာ၊၊ အလိုလိုပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာပူဇော်သက္ကာ၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်း ရာပူဇော်သက္ကာ၊ မိဿဟာယ ပူဇော်သက္ကာမှတပါး၊ ချိန်းချက်သော ပွဲတို့၌ ထာဝရဘုရားအား ထပ်၍ ပူဇော်ရမည်ဟု မိန့်တော်မူ၏။
၃၉ဤပြဋ္ဌာန်းချက်များကားသတ်မှတ်ထားသော ပွဲနေ့များ၌ ထာဝရဘုရားအားပူဇော်ရ မည့်မီးရှို့ရာသကာများ၊ ဘောဇဉ်သကာများ၊ စပျစ်ရည်သကာများနှင့်မိတ်သဟာယသကာ များနှင့်ဆိုင်သောပြဋ္ဌာန်းချက်များဖြစ်သည်။ ဤသကာများသည်ကတိဝတ်ဖြည့်သောသကာ၊ စေတနာအလျောက်ဆက်သသောသကာများ အပြင်ထာဝရဘုရားပြဋ္ဌာန်းသောသကာ များဖြစ်သည်။
40 ၄၀ ထိုသို့မောရှေသည်၊ မိမိအား ထာဝရဘုရား မှာထားတော်မူ သမျှတို့ကို၊ ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလေ၏။
၄၀သို့ဖြစ်၍မောရှေသည်ထာဝရဘုရားမိန့် မှာတော်မူသမျှကို ဣသရေလအမျိုး သားတို့အားကြားပြောလေ၏။