< တောလည်ရာ 27 >

1 ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေ အမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှ ဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
Men Selofhads døtre - han var sønn av Hefer, Gileads sønn, som igjen var sønn av Makir, Manasses sønn, av Manasses, Josefs sønns ætt, og hans døtre hette Mahla, Noa og Hogla og Milka og Tirsa -
2 ပရိသတ်စည်းဝေးရာ တဲတော်တံခါး နား၊ မောရှေနှင့် ယဇ်ပုရော ဟိတ် ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ ရှေ့မှာရပ်လျက်၊
de gikk frem for Moses og Eleasar, presten, og høvdingene og hele menigheten ved inngangen til sammenkomstens telt og sa:
3 အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရား တဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌ မပါ။ မိမိအပြစ်ကြောင့် သေပါ၏။ သူ၌ သားယောက်ျား မရှိပါ။
Vår far døde i ørkenen, og han var ikke med i den flokk som satte sig op mot Herren - i Korahs flokk - men han døde for sin egen synds skyld, og han hadde ingen sønner.
4 ထိုသို့ သားယောက်ျားမရှိ သောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေ အမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အား အမွေပေးပါဟု လျှောက်ကြ၏။
Hvorfor skal vår fars navn gå ut av hans ætt, fordi om han ingen sønn hadde? Gi oss eiendom blandt vår fars brødre!
5 သူတို့အမှုကို မောရှေသည် ထာဝရဘုရားရှေ့ တော်၌ ထားလေ၏။
Og Moses førte deres sak frem for Herrens åsyn.
6 ထာဝရဘုရားကလည်း၊ ဇလောဖဒ် သမီးတို့၏ စကားသည် လျောက်ပတ်ပေ၏။
Da sa Herren til Moses:
7 အကယ်စင်စစ် သူတို့အဘ၏ ညီအစ်ကိုတို့နှင့် အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ ရောက်စေရ မည်။
Selofhads døtre har rett i det de sier; du skal gi dem eiendom til arv blandt deres fars brødre og la deres fars arv gå over til dem.
8 သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
Og til Israels barn skal du tale således: Når en mann dør, og han ingen sønn har, da skal I la hans arv gå over til hans datter.
9 သမီးမရှိလျှင်၊ သူ၏ အမွေဥစ္စာကို သူ၏ ညီအစ်ကိုတို့အား ပေးရမည်။
Og dersom han ingen datter har, så skal I gi hans brødre hans arv.
10 ၁၀ ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီး ဘထွေး တို့အား ပေးရမည်။
Og dersom han ingen brødre har, så skal I gi hans fars brødre hans arv.
11 ၁၁ ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌ နီးစပ်ရင်းခြာသော ပေါက်ဘော်အား ပေး၍၊ ထိုသူသည် ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအား မိန့်တော်မူ၏။
Men dersom hans far ingen brødre har, så skal I gi hans arv til den nærmeste frende i ætten; han skal arve den. Dette skal være gjeldende rett blandt Israels barn, således som Herren har befalt Moses.
12 ၁၂ တဖန် ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ် တောင်ပေါ်သို့ တက်လော့။ ဣသရေလအမျိုးသားတို့ အား ငါပေးသောပြည်ကို ကြည့်ရှုလော့။
Siden sa Herren til Moses: Stig op på Abarim-fjellet her og se utover landet som jeg har gitt Israels barn!
13 ၁၃ သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုး စည်းဝေးရာသို့ သွားသကဲ့သို့၊ သင်သည်လည်း သွားရ မည်။
Og når du har sett det, da skal du og samles til dine fedre likesom din bror Aron blev samlet til sine fedre,
14 ၁၄ အကြောင်းမူကား၊ ပရိသတ်တို့သည် ဇိနတော၊ ကာဒေရှအရပ်၊ မေရိဘစမ်းရေအနား၌ ရုန်းရင်းခတ်ပြု ကြသောအခါ၊ သင်တို့သည် ငါ့စကားကို ဆန့်ကျင်ဘက် ပြု၍၊ သူတို့ရှေ့မှာ ငါ့ကို မရိုမသေပြုသော အပြစ်ရှိ သည်ဟု မောရှေအား မိန့်တော်မူ၏။
fordi I var. gjenstridige mot mitt ord i ørkenen Sin, dengang menigheten kivedes med mig, og I skulde helliget mig ved å la vann strømme frem for deres øine. Det er Meribas vann ved Kades i ørkenen Sin.
15 ၁၅ မောရှေကလည်း၊ ထာဝရဘုရား၏ ပရိသတ် တို့သည် အထိန်းမရှိသော သိုးကဲ့သို့ မဖြစ်မမည် အကြောင်း၊ ခပ်သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ် ကို အစိုးရတော်မူသော ဘုရားသခင် ထာဝရဘုရားသည်၊ ဤပရိသတ်တို့ရှေ့၌ ထွက်ဝင်နိုင်သောသူ၊ ပြင်သို့ ထုတ် ခြင်း၊ အတွင်းသို့ သွင်းခြင်းအမှုကို တတ်နိုင်သောသူ တစုံတယောက်ကို သူတို့အပေါ်မှာ ခန့်ထားတော်မူပါစေ သောဟု ထာဝရဘုရားအား လျှောက်လေ၏။
Da talte Moses til Herren og sa:
16 ၁၆
Herre, du Gud som råder over livsens ånde i alt kjød, vil du ikke sette en mann over menigheten,
17 ၁၇
som kan gå ut og inn foran dem, og som kan føre dem ut og føre dem inn, så Herrens menighet ikke skal være som får uten hyrde!
18 ၁၈ ထာဝရဘုရားကလည်း၊ ဝိညာဉ်တော်ကိုရသော နုန်၏သား ယောရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ် မှာတင်လော့။
Og Herren sa til Moses: Ta Josva, Nuns sønn. Han er en mann som det er ånd i. Legg din hånd på ham,
19 ၁၉ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အ ပေါင်းတို့ရှေ့၌ သူ့ကိုထား၍ မှာခဲ့လော့။
og still ham frem for Eleasar, presten, og for hele menigheten og innsett ham i hans tjeneste for deres øine,
20 ၂၀ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သူ၏ စကားကို နားထောင်မည်အကြောင်း၊ သင်၏ ဘုန်း အသရေအချို့ကို သူ့အပေါ်၌ တင်ထားလော့။
og legg noget av din verdighet på ham, så hele Israels barns menighet må lyde ham!
21 ၂၁ ထိုသူသည် ယဇ်ပုရောဟိတ် ဧလာဇာရှေ့မှာ ရပ်သောအခါ၊ ယဇ်ပုရောဟိတ်သည် ထာဝရဘုရား ရှေ့တော်၌ ဥရိမ်စီရင်ဆုံးဖြတ်သော တရားအတိုင်း၊ သူ့အတွက် မေးမြန်းရမည်။ သူစီရင်သည်အတိုင်း၊ သူနှင့်အတူ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့ သည် ထွက်ဝင်ရကြမည်ဟု ထာဝရဘုရားသည် မောရှေ အား မှာထားတော်မူသည်အတိုင်း မောရှေပြုလျှက်၊ ယောရှုကိုခေါ်၍ ယဇ်ပုရောဟိတ် ဧလာဇာရှေ့၊ ပရိသတ် အပေါင်းတို့ရှေ့၌ ထားပြီးလျှင်၊
Og han skal stå frem for Eleasar, presten, og Eleasar skal for Herrens åsyn søke urims dom for ham; efter hans ord skal de gå ut, og efter hans ord skal de gå inn, han selv med alle Israels barn og hele menigheten.
22 ၂၂
Så gjorde Moses som Herren hadde befalt ham; han tok Josva og stilte ham frem for Eleasar, presten, og for hele menigheten,
23 ၂၃ သူ့အပေါ်မှာ လက်ကိုတင်၍ မှာခဲ့လေ၏။ ထိုသို့ ထာဝရဘုရားသည် မောရှေအားဖြင့် ပညတ်ထားတော် မူ၏။
og han la sine hender på ham og innsatte ham i hans tjeneste, således som Herren hadde talt ved Moses.

< တောလည်ရာ 27 >