< တောလည်ရာ 25 >
1 ၁ ဣသရေလ အမျိုးသားတို့သည် ရှိတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့နှင့် မတရား သော မေထုန်ကိုပြုကြ၏။
Isarel teh shittim kho a sak navah, taminaw pueng teh Moab napui koe kâyo hanlah a kamtawng awh.
2 ၂ ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ် ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့ သည် ယဇ်သားကို စား၍ ထိုဘုရား ရှေ့မှာ ဦးချကြ၏။
A cathut koe thuengnae a sak navah, ouk a coun awh. Taminaw pueng ni a canei awh teh, a cathut koe ouk a tabo awh.
3 ၃ ထိုသို့ဣသရေလ အမျိုးသားတို့သည်၊ ဗာလ ပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာဝရဘုရား သည် အမျက်ထွက်တော်မူ၏။
Isarel teh, Peor e hmuen koe Baal hoi a kâkuet awh teh, Isarel koe BAWIPA lungkhueknae teh a kâan.
4 ၄ ထာဝရဘုရားကလည်း၊ ငါသည်ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုးမှ လွဲစေခြင်းငှာ၊ ဣသရေလမင်းအပေါင်းတို့ကို ခေါ်၍၊ ပြစ်မှားသော သူတို့ကို ဘုရားရှေ့မှာ ထင်ရှားစွာ ဆွဲထားလော့ဟု မောရှေအား မိန့်တော်မူ၏။
BAWIPA ni Mosi koevah takikatho poung e BAWIPA lungkhueknae teh, Isarel koe lahoi a roum thai nahanlah tamimaya kahrawinaw pueng hah a ceikhai awh teh, kanîthun vah, kâtapoenaw pueng hah BAWIPA hmalah kamcengcalah kaithi sak haw telah a ti.
5 ၅ မောရှေ့သည် ဣသရလမင်းတို့ကို ခေါ်၍၊ ဗာလပေဂုရ ဘုရားကို ဆည်းကပ်သော သူတို့ကို သင်တို့ အသီးသီးဆိုင်သည်အတိုင်း ကွပ်မျက်ကြလော့ဟု မှာထားလေ၏။
Hatdawkvah, Mosi ni Isarel lawkcengkungnaw koevah, Peor hmuen koe Baal kabawknaw pueng koung thet awh telah a ti.
6 ၆ ထိုအခါ ဣသရေလ အမျိုးသားတယောက် သည်၊ မောရှေ့ရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးနားမှာ ငိုကြွေးသော ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိညီအစ်ကိုတို့ ထံသို့ဆောင်ခဲ့လေ၏။
Khenhaw! Isarel catounnaw thung dawk tami buet touh ni kamkhuengnae lukkareiim takhang koe a khuika navah, Mosi mithmu hoi Isarel catoun tamimaya mithmu vah, Midian napui buet touh a hmaunawnghanaw koe a thokhai.
7 ၇ ထိုအမှုကို ယဇ်ပုရောဟိတ်အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာ ထ၍ လှံကိုကိုင်လျက်၊
Vaihma Aron e capa Eleazar capa Phinahas ni a hmu toteh, tamimaya koehoi a thaw teh tahroe hah a la.
8 ၈ ထိုဣသရေလလူကို တဲအတွင်းသို့ လိုက်ပြီးမှ၊ ယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ဝမ်းပေါက်အောင်၎င်း ထိုးလေ၏။ ထိုသို့ပြုသောအားဖြင့် ဣသရေလအမျိုးသားတို့တွင် ဘေးငြိမ်းလေ၏။
Isarelnaw teh lukkareiim thung vah a pâlei teh kahni touh roi hoi pawkkayawng lah a thut. Isarel tami hoi napui teh a vawn dawk a thut teh, Isarel catounnaw koe lacik hah a roum.
9 ၉ ထိုဘေးဖြင့် သေသောလူပေါင်းကား၊ နှစ်သောင်း လေးထောင်ရှိသတည်း။
Hote lacik hoi kadoutnaw teh 24000 touh a pha.
10 ၁၀ ထာဝရဘုရားကလည်း၊ ငါသည် အမျက်ထွက်၍ ဣသရေလ အမျိုးသား တို့ကို မဖျက်ဆီးမည်အကြောင်း၊
BAWIPA ni Mosi hah a pato teh,
11 ၁၁ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏ သား၊ ဖိနဟတ်သည် သူတို့တွင် ငါ့ဘက်၌ စိတ်အားကြီး၍ ငါ့အမျက်ကို သူတို့မှလွှဲပြီ။
vaihma Aron capa Eleazar capa Phinehas ni Isarel catounnaw koe ka lungkhueknae ka roum sak toe. Bangkongtetpawiteh, ka lungkhueknae ni Isarel catounnaw a raphoe hoeh nahanelah, ahnimouh rahak ka dipmanae patetlah a kâdipma awh van han.
12 ၁၂ သို့ဖြစ်၍ သင်ပြောရသည်ကား၊ ငါ၏ချမ်းသာ ပဋိညာဉ်ကို သူ့အား ငါပေး၏။
Hatdawkvah, khenhaw! roumnae ka lawkkam teh, ama koevah ka poe.
13 ၁၃ သူသည် မိမိဘုရားသခင်ဘက်၌ စိတ်အားကြီး ၍ ဣသရေလအမျိုးသားတို့အဘို့ အပြစ်ဖြေခြင်းကို ပြုသောကြောင့်၊ သူမှစ၍ သားစဉ်မြေးဆက်တို့သည် ထိုပဋိညာဉ်တည်းဟူသော ထာဝရယဇ်ပုရောဟိတ် အရာနှင့်ဆိုင်သော ပဋိညာဉ်ကို ရပြီဟု မောရှေအား မိန့် တော်မူ၏။
Ama hoi a catounnaw hanlah, a yungyoe vaihma lah a onae lawkkam lah ao han. Bangkongtetpawiteh, dipma Cathut teh, Isarel catounnaw hanlah yonthanae a sak tet awh telah a ti.
14 ၁၄ မိဒျန်မိန်းမနှင့် အသေသတ်ခြင်းကိုခံရသော ဣသရေလလူ၏ အမည်ကား၊ ရှိမောင်အမျိုး၌ ထင်ရှား သော အဆွေအမျိုးတွင် အကဲအမှူးသာ လု၏သား ဇိမရိဖြစ်သတည်း။
Isarelnaw Midian napui hoi a thei awh e min teh Simeonnaw thung dawk imthungkhu kahrawikung Salu capa Zimri doeh.
15 ၁၅ အသေသတ်ခြင်းကိုခံရသော မိဒျန် မိန်းမ အမည်ကား၊ မိဒျန်အမျိုး၌ ထင်ရှားသော အဆွေအမျိုး တွင် အကဲအမှူးဇုရ၏ သမီး ကောဇဘိဖြစ် သတည်း။
Midian napui a thei awh e min teh Midian imthungkhu kahrawikung Zur canu Kozbi doeh.
16 ၁၆ ထာဝရဘုရားကလည်း၊ မိဒျန်အမျိုးသားတို့ကို နှောင့်ရှက်၍ လုပ်ကြံကြလော့။
BAWIPA ni Mosi a pato teh,
17 ၁၇ အကြောင်းမူကား၊ သူတို့သည် ပေဂုရဘုရား အမှု၌၎င်း၊ ပေဂုရဘုရားကြောင့် ဘေးရောက်သောနေ့၌ အသေသတ်ခြင်းကို ခံရသော သူတို့နှမ မိဒျန်မင်းသမီး ကောဇဘိ အမှု၌၎င်း၊ သင်တို့ကို ပရိယာယ်များ အားဖြင့် လှည့်စားနှောင့်ရှက်ကြပြီဟု မောရှေ့အား မိန့်တော်မူ၏။
Midiannaw teh reksaueng nateh tuk awh.
Bangkongtetpawiteh, Peor kecu dawk lacik a tho navah, a tawncanu, Midiannaw kahrawikung canu Kozbi a thei awh e kong dawkvah, nangmouh lathueng kalanhoehe hno sak hoi na tarawk awh toe telah ati.