< တောလည်ရာ 2 >
1 ၁ တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန် အား မိန့်တော်မူသည်ကား၊
Yehova anati kwa Mose ndi Aaroni:
2 ၂ ဣသရေလအမျိုးသားအသီးအသီးတို့သည် မိမိ တပ်နှင့်ဆိုင်သောအလံ မိမိအဆွေအမျိုးနှင့်ဆိုင်သော အလံ အနားမှာ ပရိသတ်စည်းဝေးရာ တဲတော်ကို ရှေ့ရှု ပြု၍ နေရာချရမည်။
“Aisraeli azimanga misasa yawo mozungulira tenti ya msonkhano motalikira pangʼono. Munthu aliyense amange pamene pali mbendera ya fuko lake.”
3 ၃ နေထွက်ရာ အရှေ့မျက်နှာ၌၊ ယုဒတပ်အလံနှင့် ဆိုင်သော အလုံးအရင်းသည် နေရာကျ၍ အမိနဒပ်သား နာရှုန်သည် ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Kummawa, kotulukira dzuwa, magulu a msasa wa Yuda amange pamene pali mbendera yawo. Mtsogoleri wa Ayudawo ndi Naasoni mwana wa Aminadabu.
4 ၄ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခုနစ်သောင်းလေးထောင်ခြောက်ရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 74,600.
5 ၅ ယုဒတပ်အနားမှာ၊ ဣသခါတပ်ချ၍ ဇုအာသား နာသနေလသည်။ ဣသခါအမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
Fuko la Isakara lidzamanga pafupi ndi Yuda. Mtsogoleri wa gulu la Isakara ndi Netanieli mwana wa Zuwara.
6 ၆ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းလေးထောင်လေးရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 54,400.
7 ၇ ထိုနောက်၊ ဇာဖုလုန်တပ်ချ၍ ဟေလုန်သား ဧလျာဘသည်၊ ဇာဗုလုန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
Lotsatira lidzakhala fuko la Zebuloni. Mtsogoleri wa gulu la Zebuloni ndi Eliabu mwana wa Heloni.
8 ၈ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်းခုနစ်ထောင်လေးရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 57,400.
9 ၉ ယုဒတပ်နှင့်ဆိုင်သော အလုံးအရင်းအရေအ တွက်ကား တသိန်းရှစ်သောင်း ခြောက်ထောင်လေးရာ ရှိသတည်း။ ဤသူတို့သည် တပ်ဦးအရာ၌ ချီရကြမည်။
Anthu onse aamuna mʼmisasa ya Yuda, chiwerengero chawo ndi 186,400 monga mwa magulu awo. Iwowo ndiwo aziyamba kusamuka.
10 ၁၀ တောင်မျက်နှာ၌၊ ရုဗင်တပ်အလုံးအရင်းသည် ရုဗင်အလံကိုထု၍ ရှေဒုရသားဧလိဇုရသည် ရုဗင်အမျိုး သားတို့တွင် ဗိုလ်လုပ်ရမည်။
Kummwera kudzakhala magulu a msasa wa Rubeni pamene pali mbendera yawo. Mtsogoleri wa gulu la Rubeni ndi Elizuri mwana wa Sedeuri.
11 ၁၁ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ခြောက်ထောင်ငါးရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 46,500.
12 ၁၂ ရုဗင်တပ်အနားမှာ ရှိမောင်တပ်ချ၍ ဇုရိရှဒ္ဒဲ သားရှေလုမျေလသည်၊ ရှိမောင်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Fuko la Simeoni lidzamanga pafupi ndi Rubeni. Mtsogoleri wa gulu la Simeoni ndi Selumieli mwana wa Zurisadai.
13 ၁၃ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း ကိုးထောင် သုံးရာရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 59,300.
14 ၁၄ ထိုနောက် ဂဒ်တပ်ချ၍၊ ဒွေလသားဧလျာသပ် သည်၊ ဂဒ်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Lotsatira lidzakhala fuko la Gadi. Mtsogoleri wa gulu la Gadi ndi Eliyasafu mwana wa Deuweli.
15 ၁၅ သူအုပ်ရသော အလုံးအရင်းအရေအတွက် ကား၊ လေးသောင်း ငါးထောင် ခြောက်ရာငါးဆယ် ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 45,650.
16 ၁၆ ရုဗင်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား တသိန်း ငါးသောင်းတထောင်လေးရာ ငါးဆယ် ရှိသတည်း။ ဤသူတို့သည် ဒုတိယ တပ်အရာ၌ ချီရကြမည်။
Anthu onse aamuna mu msasa wa Rubeni, chiwerengero chawo monga mwa magulu awo, ndi 151,450. Iwowo azikhala achiwiri posamuka.
17 ၁၇ ထိုအခါ၊ တပ်မအလယ်၌ ပရိသတ်စည်းဝေးရာ တဲတော်နှင့်တကွ လေဝိတပ်ချီရမည်။ တပ်ချသည် အတိုင်း လူအသီးသီးတို့သည် မိမိနေရာ၌ မိမိဆိုင်သော အလံနှင့်အတူ လိုက်လျက်ချီရကြမည်။
Tsono tenti ya msonkhano ndi msasa wa Alevi zidzakhala pakati pa misasayo. Iwo adzasamuka monga momwe anamangira misasa yawo, aliyense pa malo ake pamene pali mbendera yake.
18 ၁၈ အနောက်မျက်နှာ၌ ဧဖရိမ်တပ် အလုံးအရင်း သည်၊ ဧဖရိမ်အလံကိုထူ၍ အမိဟုဒ်သားဧလိရှမာသည်၊ ဧဖရိမ် အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Kumadzulo kudzakhala magulu a msasa wa Efereimu pamene pali mbendera yawo. Mtsogoleri wa Aefereimuwo ndi Elisama mwana wa Amihudi.
19 ၁၉ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း ငါးရာရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 40,500.
20 ၂၀ ဧဖရိမ်တပ်အနားမှာ မနာရှေတပ်ချ၍၊ ပေဒါ ဇုရသားဂါမလေလျလသည်၊ မနာရှေအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Fuko la Manase lidzakhala pafupi ndi Efereimu. Mtsogoleri wa Amanase ndi Gamalieli mwana wa Pedazuri.
21 ၂၁ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းနှစ်ထောင်နှစ်ရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 32,200.
22 ၂၂ ထိုနောက် ဗင်္ယာမိန်တပ်ချ၍၊ ဂိဒေါနိသား အဘိဒန်သည်၊ ဗင်္ယာမိန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရ မည်။
Lotsatira lidzakhala fuko la Benjamini. Mtsogoleri wa Abenjamini ndi Abidani mwana wa Gideoni.
23 ၂၃ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ သုံးသောင်းငါးထောင်လေးရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 35,400.
24 ၂၄ ဧဖရိမ်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်းရှစ်ထောင်တရာ ရှိသတည်း။ ဤသူတို့သည် တတိယတပ်အရာ၌ ချီရကြမည်။
Anthu onse aamuna mu msasa wa Efereimu, chiwerengero chawo ndi 108,100 monga mwa magulu awo. Iwowo azikhala achitatu posamuka.
25 ၂၅ တပ်များ မြောက်မျက်နှာ၌၊ ဒန်တပ်အလုံးအရင်း သည် ဒန်အလံကိုထူ၍ အမိရှဒွသား အဟေဇာသည်၊ ဒန်အမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Kumpoto kudzakhala msasa wa magulu a Dani pamene pali mbendera yawo. Mtsogoleri wa Adani ndi Ahiyezeri mwana wa Amisadai.
26 ၂၆ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ခြောက်သောင်း နှစ်ထောင်ခုနှစ်ရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 62,700.
27 ၂၇ ဒန်တပ်အနားမှာ၊ အာရှာတပ်ချ၍ ဩကရန် သားပါဂျေလသည်၊ အာရှာအမျိုးသားတို့တွင် ဗိုလ်လုပ် ရမည်။
Fuko la Aseri lidzamanga pafupi ndi iwowo. Mtsogoleri wa Aaseri ndi Pagieli mwana wa Okirani.
28 ၂၈ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ လေးသောင်း တထောင်ငါးရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 41,500.
29 ၂၉ ထိုနောက်၊ နဿလိတပ်ချ၍ ဧနန်သားအဟိရ သည်၊ နဿလိအမျိုးသားတို့တွင် ဗိုလ်လုပ်ရမည်။
Lotsatira lidzakhala fuko la Nafutali. Mtsogoleri wa Anafutali ndi Ahira mwana wa Enani.
30 ၃၀ သူအုပ်ရသော အလုံးအရင်းအရေအတွက်ကား၊ ငါးသောင်း သုံးထောင်လေးရာ ရှိသတည်း။
Chiwerengero cha gulu lake lankhondo ndi 53,400.
31 ၃၁ ဒန်တပ်နှင့်ဆိုင်သော အလုံးအရင်းအရေ အတွက်ကား၊ တသိန်း ငါးသောင်း ခုနစ်ထောင်ခြောက်ရာ ရှိသတည်း။ ဤသူတို့သည် မိမိတို့အလံပါလျက် နောက် ဆုံးတပ်အရာ၌ ချီရကြမည်။
Anthu onse aamuna mu msasa wa Dani chiwerengero chawo ndi 157,600. Iwo azidzanyamuka pomaliza, ndi mbendera zawo.
32 ၃၂ ထိုသို့နှင့်အညီ၊ အဆွေအမျိုးအလိုက် အရေ အတွက်သော ဣသရေလအမျိုးသားတပ် အလုံးအရင်း လူပေါင်းကား၊ ခြောက်သိန်း သုံးထောင်ငါးရာ ငါးဆယ် ရှိသတည်း။
Amenewa ndi Aisraeli monga mwa mabanja a makolo awo. Chiwerengero cha Aisraeli onse mʼmisasa chinali 603,550, mwa magulu awo.
33 ၃၃ ထာဝရဘုရားသည်၊ မောရှအား မှာထားတော်မူ သည်အတိုင်း လေဝိသားတို့ကို ဣသရေလအမျိုးသားတို့ နှင့် ရောနှော၍ မရေတွက်ရ။
Koma Alevi sanawawerenge pamodzi ndi Aisraeli enawo monga momwe Yehova analamulira Mose.
34 ၃၄ ထာဝရဘုရားသည်၊ မောရှေအား မှာထား တော်မူသည်အတိုင်း ဣသရေလအမျိုးသားအသီးသီး တို့သည် မိမိအလံအနားမှာ မိမိနေရာချခြင်းကို၎င်း၊ မိမိဘိုးဘ အမျိုးအလိုက် ချီခြင်းကို၎င်း ပြုရကြ၏။
Choncho Aisraeli anachita zonse zomwe Yehova analamulira Mose. Umo ndi momwe amamangira misasa yawo pamene panali mbendera zawo, ndipo ankasamuka monga mwa mafuko a makolo awo.