< တောလည်ရာ 17 >
1 ၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
RAB Musa'ya şöyle dedi:
2 ၂ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့် ဆိုပြီးမှ၊ ဘိုးဘအဆွေအမျိုးအလိုက် ဣသရေလ ဆယ်နှစ် မျိုး၌ မင်းပြုသောသူအသီးအသီးပေးရသော လှံတံဆယ် နှစ်ချောင်းတို့ကို ယူ၍၊ လူတိုင်းအမည်ကို သူ့လှံတံပေါ်မှာ ရေးထားလော့။
“İsrail halkına her oymak önderi için bir tane olmak üzere on iki değnek getirmesini söyle. Her önderin adını kendi değneğinin üzerine yaz.
3 ၃ လေဝိအမျိုး၏လှံတံပေါ်မှာ အာရုန်အမည်ကို ရေးထားလော့။ ဘိုးဘအဆွေအမျိုးသူကြီးတဦးလျှင် လှံတံတချောင်းစီရှိရမည်။
Levi oymağının değneği üzerine Harun'un adını yazacaksın. Her oymak önderi için bir değnek olacak.
4 ၄ ထိုလှံတံတို့ကို ငါဗျာဒိတ်ပေးရာ အရပ်၊ ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ သက်သေခံချက်ရှေ့မှာ တင်ထားလော့။
Değnekleri Buluşma Çadırı'nda sizinle buluştuğum Levha Sandığı'nın önüne koy.
5 ၅ ငါရွေးကောက်သောသူ၏ လှံတံသည် အပွင့် ပွင့်လိမ့်မည်။ ထိုသို့ပြုမှ ဣသရေလအမျိုးသားတို့သည် သင်၌ အပြစ်တင်၍ မြည်တမ်းခြင်းကို နောက်တဖန် ငါနားမငြီးရာဟု မိန့်တော်မူသည်အတိုင်း၊
Seçeceğim kişinin değneği filiz verecek. İsrail halkının sizden sürekli yakınmasına son vereceğim.”
6 ၆ မောရှေသည် ဣသရေလအမျိုးသားတို့အား ဆင့်ဆို၍၊ မင်းအပေါင်းတို့သည် ဘိုးဘအဆွေအမျိုး အလိုက်၊ မင်းတဦးလျှင် လှံတံတချောင်းစီ လှံတံဆယ်နှစ် ချောင်းတို့ကို ပေးကြ၏။ အာရုန်၏လှံတံသည် လှံတံများ ၌ ပါသတည်း။
Musa İsrail halkıyla konuştu. Halkın önderleri, her oymak önderi için bir tane olmak üzere on iki değnek getirdiler. Harun'un değneği de aralarındaydı.
7 ၇ မောရှေသည် ထိုလှံတံတို့ကို သက်သေခံချက် တဲတော်အတွင်း၊ ထာဝရဘုရားရှေ့တော်၌ တင်ထား လေ၏။
Musa değnekleri Levha Sandığı'nın bulunduğu çadırda RAB'bin önüne koydu.
8 ၈ နက်ဖြန်နေ့၌ သက်သေခံချက်တဲတော်အတွင်း သို့ မောရှေဝင်သောအခါ၊ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှံတံသည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့် လျက်၊ ဗာတံသီးကို သီးလျက်ရှိ၏။
Ertesi gün Musa Levha Sandığı'nın bulunduğu çadıra girdi. Baktı, Levi oymağını temsil eden Harun'un değneği filiz vermiş, tomurcuklanıp çiçek açmış, badem yetiştirmiş.
9 ၉ မောရှေသည် လှံတံရှိသမျှတို့ကို ထာဝရဘုရား ထံတော်က ဣသရေလအမျိုးသားတို့ ရှေ့သို့ ထုတ်ဆောင် သဖြင့်၊ သူတို့သည် ကြည့်ရှု၍၊ လူတိုင်း မိမိလှံတံကို ယူပြန် လေ၏။
Musa bütün değnekleri RAB'bin önünden çıkarıp İsrail halkına gösterdi. Halk değneklere baktı, her biri kendi değneğini aldı.
10 ၁၀ ထာဝရဘုရားကလည်း၊ ပုန်ကန်သောသူတို့ တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ အာရုန်၏ လှံတံကို သက်သေခံချက်ရှေ့၌ ပြန်ထား၍ အမြဲရှိစေလော့။ ထိုသို့ သူတို့သည် သေဘေးနှင့် လွတ်မည်အကြောင်း၊ သူတို့ အပြစ်တင်၍ မြည်တမ်းခြင်းကို ငါနားမငြီးရာဟု၊
RAB Musa'ya, “Başkaldıranlara bir uyarı olsun diye Harun'un değneğini saklanmak üzere Levha Sandığı'nın önüne koy” dedi, “Onların benden yakınmalarına son vereceksin; öyle ki, ölmesinler.”
11 ၁၁ မောရှေအား မှာထားတော်မူသည်အတိုင်း၊ မောရှေသည် ပြုလေ၏။
Musa RAB'bin buyruğu uyarınca davrandı.
12 ၁၂ ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့ သည် သေကြေပျက်စီးကြပါ၏။ တယောက်မျှမကြွင်း ပျက်စီးရကြပါ၏။
İsrailliler Musa'ya, “Yok olacağız! Öleceğiz! Hepimiz yok olacağız!” dediler,
13 ၁၃ ထာဝရဘုရား၏ တဲတော်ကို ချဉ်းကပ်သော သူ တိုင်း သေပါလိမ့်မည်။ အကျွန်ုပ်တို့ ရှိသမျှသည် သေဘေး သင့်၍ ဆုံးရှုံးခြင်းသို့ ရောက်ရကြပါဦးမည်လောဟု မောရှေအား လျှောက်ဆိုကြ၏။
“RAB'bin Konutu'na her yaklaşan ölüyor. Hepimiz mi yok olacağız?”