< တောလည်ရာ 16 >

1 လေဝိအမျိုး၊ ကောဟတ်သားဣဇဟာ၏ သားကောရသည်၊ ရုဗင်အမျိုးဧလျာဘ၏သား ဒါသန်နှင့် အဘိရံ၊ ပေလက်၏သား ဩနတို့ကို ခေါ်ပြီးလျှင်၊
လေ​ဝိ​အ​နွယ်​ဝင်၊ ကော​ဟတ်​၏​သား​ချင်း​စု​မှ ဣ​ဇ​ဟာ​၏​သား​ကော​ရ​သည်​မော​ရှေ​ကို​ပုန် ကန်​လေ​၏။ သူ​နှင့်​ကြံ​ရာ​ပါ​များ​မှာ​ရု​ဗင် အ​နွယ်​ဝင်​သုံး​ဦး​တို့​ဖြစ်​ကြ​သည်။ ထို​သူ တို့​မှာ​ဧ​လျာ​ဘ​၏​သား​များ​ဖြစ်​သော ဒါ​သန်​နှင့်​အ​ဘိ​ရံ၊ ပေ​လက်​၏​သား​သြ​န တို့​ဖြစ်​ကြ​သည်။ သူ​တို့​ဘက်​တွင်​ဣ​သ​ရေ​လ အ​မျိုး​သား​ခေါင်း​ဆောင်​နှစ်​ရာ့​ငါး​ဆယ် လည်း​ပါ​ဝင်​သည်။-
2 ပရိသတ်၌ ကျော်စော၍ ဂုဏ်အသရေရှိသော သူ၊ အစည်းအဝေး၌ မင်းပြုသောသူ၊ ဣသရေလအမျိုး သားနှစ်ရာငါးဆယ်နှင့်တကွ၊ မောရှေကို ပုန်ကန်၍၊
3 မောရှေနှင့် အာရုန်တဘက်၌ စုဝေးလျက်၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ်ရှိ သမျှအပေါင်းတို့သည် သန့်ရှင်းကြ၏။ ထာဝရဘုရား သည် သူတို့တွင်ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား၏ပရိသတ်အပေါ်မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ် ချီးမြှောက်ရသနည်းဟု ဆိုလေ၏။
ထို​သူ​အ​ပေါင်း​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန် တို့​ရှေ့​တွင်​စု​ရုံး​ရောက်​ရှိ​လာ​၍``သင်​တို့​၏ အ​ပြု​အ​မူ​မှာ​လွန်​ကဲ​လေ​ပြီ။ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​ကို​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​၍ ထာ​ဝ​ရ​ဘု​ရား​သည် တစ်​မျိုး​သား​လုံး​နှင့်​အ​တူ​ရှိ​တော်​မူ​၏။ သို့ ဖြစ်​၍​မော​ရှေ​သည်​အ​ဘယ်​ကြောင့်​ထာ​ဝ​ရ ဘု​ရား​၏​ပ​ရိ​သတ်​အ​ပေါ်​မှာ​မိ​မိ​ကိုယ် ကို​ချီး​မြှောက်​ရ​ပါ​သ​နည်း'' ဟု​ဆို​ကြ​၏။
4 ထိုစကားကို မောရှေကြားလျှင် ပြပ်ဝပ်လျက် နေ၏။
မော​ရှေ​သည်​သူ​တို့​ပြော​ဆို​သော​စ​ကား ကို​ကြား​လျှင် မြေ​ပေါ်​တွင်​ပျပ်​ဝပ်​၍​ဆု တောင်း​လေ​၏။-
5 တဖန်မောရှေက၊ အဘယ်သူသည် ထာဝရ ဘုရား၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်းသည်ကို ၎င်း၊ အဘယ်သူကို ချဉ်းကပ်စေမည်ကို၎င်း၊ နက်ဖြန်နေ့၌ ထာဝရဘုရား ပြတော်မူမည်။ ရွေးကောက်တော်မူသောသူကိုလည်း အနီးအပါးသို့ ချဉ်း ကပ်စေတော်မူမည်။
ထို​နောက်​သူ​သည်​ကော​ရ​နှင့်​အ​ပေါင်း​ပါ​တို့ အား``နက်​ဖြန်​နေ့​နံ​နက်​တွင်​ထာ​ဝ​ရ​ဘု​ရား သည်​မည်​သူ့​ကို​ရွေး​ကောက်​ကြောင်း​ပြ​တော် မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​ရွေး​ကောက် သော​သူ​အား​ကိုယ်​တော်​၏​ယဇ်​ပလ္လင်​အ​နီး သို့​ချဉ်း​ကပ်​စေ​တော်​မူ​မည်။-
6 အိုကောရနှင့် ကောရ၏အပေါင်းအသင်းရှိသမျှ တို့၊ သင်တို့ပြုရမည်အမှုဟူမူကား၊ လင်ပန်းတို့ကို ယူ၍၊
နက်​ဖြန်​နေ့​နံ​နက်​တွင်​သင်​နှင့်​သင်​၏​နောက် လိုက်​တို့​သည်​မီး​ကျီး​ခံ​အိုး​များ​တွင်​မီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ကို​ထည့်​၍​ယဇ်​ပလ္လင်​သို့​ယူ ဆောင်​သွား​လော့။ ထို​အ​ခါ​မည်​သူ့​အား ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​ကြောင်း ကို​သိ​ရ​ကြ​လိမ့်​မည်။ လေ​ဝိ​အ​နွယ်​ဝင် ဖြစ်​သော​သင်​တို့​သာ​လျှင်​လွန်​ကဲ​သော အ​မှု​ကို​ပြု​သူ​များ​ဖြစ်​သည်'' ဟု​ဆို လေ​၏။
7 နက်ဖြန်နေ့၊ ထာဝရဘုရားရှေ့တော်၌ မီးနှင့် လောဗန်ကို တင်ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက်တော်မူသော သူသည်၊ သန့်ရှင်းသောသူ ဖြစ်စေ။ အိုလေဝိသားတို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆိုလေ၏။
8 တဖန်မောရှေက၊ အိလေဝိသားတို့၊ နားထောင် ကြပါလော့။
တစ်​ဖန်​မော​ရှေ​သည်​ကော​ရ​အား``လေ​ဝိ အ​နွယ်​ဝင်​တို့၊ နား​ထောင်​လော့။-
9 သင်တို့သည် ထာဝရဘုရား၏ တဲတော်အမှုကို ဆောင်ရွက်၍၊ ပရိသတ်ရှေ့မှာ ရပ်လျက်၊ သူတို့အမှုကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင်သည်၊ သင်တို့ကို အနီးအပါးသို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလအမျိုး ပရိသတ်နှင့် ခွဲထား၍၊
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​သည် သင်​တို့​ကို​ထာ​ဝရ​ဘု​ရား​ထံ တော်​သို့​ချဉ်း​ကပ်​ရန် ထာ​ဝ​ရ​ဘု​ရား​၏ တဲ​တော်​တွင်​အ​မှု​ထမ်း​ရန်​နှင့် တစ်​မျိုး သား​လုံး​၏​အ​မှု​ကို​ဆောင်​ရွက်​ရန်​သီး သန့်​ရွေး​ချယ်​တော်​မူ​၏။ ဤ​အ​ခွင့်​အ​ရေး သည်​သေး​သိမ်​သော​အ​ခွင့်​အ​ရေး​မ​ဟုတ်။-
10 ၁၀ သင့်ကို၎င်း၊ သင့်ညီအစ်ကို လေဝိသားအပေါင်း တို့ကို၎င်း၊ အနီးအပါး၌ နေရာချတော်မူသော ကျေးဇူး တော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ်အရာကိုလည်း ရှာကြသည်တကား။
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​သင်​နှင့်​တ​ကွ​အ​ခြား သော​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား ဤ​အ​ခွင့် အ​ရေး​ကို​ပေး​ထား​ပါ​လျက်​နှင့်​ယ​ခု​သင် တို့​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​ကို​တောင်း​ဆို လာ​ကြ​ပါ​သည်​တ​ကား။-
11 ၁၁ ထိုကြောင့် သင်နှင့်သင်၏အပေါင်းအသင်းရှိ သမျှတို့သည် ထာဝရဘုရားတဘက်၌ စုဝေးကြပြီ တကား။ အာရုန်ကို အပြစ်တင်၍ မြည်တမ်းရမည် အကြောင်း၊ သူသည် အဘယ်သို့သော သူဖြစ်သနည်းဟု ကောရအား ဆိုပြီးမှ၊
၁၁သင်​နှင့်​သင်​၏​နောက်​လိုက်​အ​ပေါင်း​တို့​က အာ​ရုန်​ကို​အ​ပြစ်​တင်​ကြ​ခြင်း​သည်​စင်​စစ် အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ကို​ပုန်​ကန်​ခြင်း ပင်​ဖြစ်​သည်'' ဟု​ပြော​လေ​၏။
12 ၁၂ ဧလျာဘသား ဒါသန်နှင့် အဘိရံတို့ကို ခေါ်ခြင်း ငှါ စေလွှတ်လေ၏။ သူတို့ကလည်း ငါတို့မလာ။
၁၂ထို​နောက်​မော​ရှေ​သည်​ဒါ​သန်​နှင့်​အ​ဘိ​ရံ တို့​ကို​ဆင့်​ခေါ်​သော်​လည်း သူ​တို့​သည်​မ လာ​ကြ။-
13 ၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လို၍ နို့နှင့် ပျားရည်စီးသော ပြည်မှ ဆောင်ခဲ့သော်လည်း၊ ငါတို့ အပေါ်၌ လုံးလုံးမင်းမပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
၁၃သူ​တို့​က``သင်​သည်​ငါ​တို့​ကို​တော​ကန္တာ​ရ​၌ သေ​ကုန်​စေ​ခြင်း​ငှာ အ​စာ​ရေ​စာ​ပေါ​ကြွယ်​ဝ သော​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​ပြီ​မ​ဟုတ် လော။ ယ​ခု​သင်​သည်​ငါ​တို့​အ​ပေါ်​တွင်​မင်း မူ​လို​ပါ​သ​လော။-
14 ၁၄ ထိုမှတပါး နို့နှင့် ပျားရည်စီးသော ပြည်သို့ ငါတို့ကို မဆောင်၊ လယ်ယာများ၊ စပျစ်ဥယျာဉ်များကို မပေးဘဲ၊ ဤလူတို့၏မျက်စိကို ဖောက်ချင်သလော။ ငါတို့သည် သင့်ထံသို့ မလာဟု ပြန်ဆို၏။
၁၄သင်​သည်​ငါ​တို့​ကို​အ​စာ​ရေ​စာ​ပေါ​ကြွယ် ဝ​သော​ပြည်​သို့​မ​ပို့​ဆောင်​နိုင်​သေး​သည်​သာ မ​က ငါ​တို့​ပိုင်​ဆိုင်​ရန်​လယ်​ယာ​မြေ​နှင့်​စ​ပျစ် ဥ​ယျာဉ်​များ​ကို​လည်း​မ​ပေး​နိုင်။ သင်​သည် ငါ​တို့​အား​လှည့်​စား​ဦး​မည်​ကြံ​သ​လော။ ငါ​တို့​သင့်​ထံ​သို့​မ​လာ'' ဟု​ဆို​ကြ​၏။
15 ၁၅ မောရှေသည် အလွန်အမျက်ထွက်၍၊ ဤသူတို့ ပူဇော်သက္ကာကို ပမာဏပြုတော်မမူပါနှင့်။ သူတို့ဥစ္စာ မြည်းတကောင်ကိုမျှ အကျွန်ုပ်မသိမ်းပါ။ သူတို့တွင် တယောက်ကိုမျှ မညှဉ်းဆဲပါဟု ထာဝရဘုရားအား လျှောက်၍၊
၁၅ထို​အ​ခါ​မော​ရှေ​သည်​သူ​တို့​ကို​အ​လွန် အ​မျက်​ထွက်​၍ ထာ​ဝ​ရ​ဘု​ရား​အား``ဤ​သူ တို့​ဆက်​သ​သော​ပူ​ဇော်​သကာ​ကို​လက်​ခံ တော်​မ​မူ​ပါ​နှင့်။ အ​ကျွန်ုပ်​သည်​သူ​တို့​တစ် ဦး​တစ်​ယောက်​ကို​မျှ​မ​တော်​မ​တ​ရား​မ​ပြု လုပ်​ခဲ့​ပါ။ သူ​တို့​ထံ​မှ​မြည်း​တစ်​ကောင်​မျှ မ​သိမ်း​မ​ယူ​ခဲ့​ပါ'' ဟု​လျှောက်​ထား​လေ​၏။
16 ၁၆ ကောရအားလည်း၊ အာရုန်နှင့် သင်အစရှိသော သင်၏အပေါင်းအသင်းရှိသမျှတို့သည်၊ နက်ဖြန်နေ့ ထာဝရဘုရားရှေ့တော်၌ ရှိကြလော့။
၁၆မော​ရှေ​က​ကော​ရ​အား``နက်​ဖြန်​နေ့​တွင် သင်​နှင့်​တ​ကွ သင်​၏​နောက်​လိုက်​သူ​နှစ်​ရာ့ ငါး​ဆယ်​တို့​သည်​တဲ​တော်​သို့​လာ​ရ​ကြ မည်။ အာ​ရုန်​သည်​လည်း​တဲ​တော်​တွင်​ရှိ လိမ့်​မည်။-
17 ၁၇ လူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများကို ယူ၍ လောဗန်ကို တင်ပြီးမှ၊ သင်နှင့် အာရုန်သည်လည်း မိမိတို့ လင်ပန်းပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာငါးဆယ်တို့ကို ထာဝရဘုရား ရှေ့တော်သို့ ဆောင်ခဲ့ ကြလော့ဟု ဆိုသည်အတိုင်း၊
၁၇သင်​တို့​အ​သီး​သီး​သည်​ယဇ်​ပလ္လင်​၌​ဆက် သ​ရန် မိ​မိ​၏​မီး​ကျီး​ခံ​အိုး​တွင်​နံ့​သာ ပေါင်း​ထည့်​၍​ယူ​ခဲ့​ရ​မည်'' ဟု​ဆို​၏။-
18 ၁၈ ထိုသူအသီးအသီးတို့သည် မိမိတို့ လင်ပန်းများ ကို ယူ၍ မီးနှင့်လောဗန်ကို တင်ပြီးမှ၊ မောရှေ၊ အာရုန်နှင့် အတူ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ်နေ ကြ၏။
၁၈ထို​ကြောင့်​လူ​တိုင်း​ပင်​မိ​မိ​၏​မီး​ကျီး​ခဲ နှင့်​နံ့​သာ​ပေါင်း​ထည့်​၍​မော​ရှေ၊ အာ​ရုန်​တို့ နှင့်​အ​တူ​တဲ​တော်​တံ​ခါး​ဝ​၌​ရပ်​နေ ကြ​သည်။-
19 ၁၉ ကောရသည်လည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ပရိသတ်အပေါင်းတို့ကို မောရှေနှင့် အာရုန်တဘက်၌ စုဝေးစေပြီးမှ၊ ထာဝရဘုရား၏ ဘုန်းတော်သည် ပရိသတ်အပေါင်းတို့၌ ထင်ရှားလေ၏။
၁၉ကော​ရ​သည်​လူ​အ​ပေါင်း​တို့​ကို​စု​ဝေး​စေ ၍​တဲ​တော်​တံ​ခါး​ဝ​တွင် မော​ရှေ​နှင့်​အာ​ရုန် တို့​ကို​မျက်​နှာ​ချင်း​ဆိုင်​၍​ရပ်​နေ​စေ​သည်။ ထို​ခ​ဏ​ချင်း​တွင်​လူ​အ​ပေါင်း​တို့​ရှေ့​၌ ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​လေ​သည်။-
20 ၂၀ ထာဝရဘုရားကလည်း၊ ဤပရိသတ်တို့နှင့် ခွာ၍ တခြားစီနေလော့။
၂၀ထာဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-
21 ၂၁ ငါသည် သူတို့ကို ချက်ခြင်း ဖျက်ဆီးမည်ဟု မောရှေနှင့် အာရုန်အား မိန့်တော်မူလျှင်၊
၂၁ဤ​သူ​တို့​အ​နီး​အ​ပါး​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့​ကို​ယ​ခု​ချက်​ချင်း​ဖျက် ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။
22 ၂၂ သူတို့က ပြပ်ဝပ်လျက်၊ အိုဘုရားသခင်၊ ခပ် သိမ်းသော သတ္တဝါတို့၏ အသက်ဝိညာဉ်များကို အစိုးရ တော်မူသော အပြစ်ကြောင့် ပရိသတ်အပေါင်းတို့ကို အမျက်ထွက်တော်မူမည်လောဟု လျှောက်ဆိုလေ၏။
၂၂သို့​ရာ​တွင်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ ပေါ်​တွင်​ပျပ်​ဝပ်​၍`အို ဘု​ရား​သ​ခင်၊ ကိုယ် တော်​သည်​လူ​သတ္တ​ဝါ​အ​ပေါင်း​တို့​၏​အ​သက် သ​ခင်​ဖြစ်​တော်​မူ​ပါ​၏။ လူ​တစ်​ဦး​တစ် ယောက်​၏​အ​ပြစ်​ကြောင့်​တစ်​မျိုး​သား​လုံး ကို​အ​မျက်​ထွက်​တော်​မူ​မည်​လော'' ဟု လျှောက်​ထား​လေ​သည်။
23 ၂၃ ထာဝရဘုရားကလည်း၊ ကောရ၊ ဒါသန်၊ အဘိရံ တို့၏ တဲများကို ရှောင်၍ နေစေခြင်းငှါ၊
၂၃ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
24 ၂၄ ပရိသတ်တို့အား ဆင့်ဆိုလော့ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
၂၄``လူ​အ​ပေါင်း​တို့​ကို​ကော​ရ၊ ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​၍ နေ​ကြ​ရန်​ဆင့်​ဆို​လော့'' ဟု​မိန့်​တော်​မူ​၏။
25 ၂၅ မောရှေထ၍ ဣသရေလအမျိုး အသက်ကြီးသူ တို့နှင့်တကွ၊ ဒါသန်၊ အဘိရံနေရာသို့ သွားပြီးမှ၊
၂၅ထို​အ​ခါ​မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး သား​ခေါင်း​ဆောင်​တို့​နှင့်​အ​တူ​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​ထံ​သို့​သွား​လေ​သည်။-
26 ၂၆ ဤလူဆိုးတို့၏နေရာ တဲများကို ရှောင်၍ နေကြ ပါလော့။ သူတို့၏ဥစ္စာတစုံတခုကိုမျှ မထိကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူတို့အပြစ်ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ်တို့အား ဆင့်ဆို လျှင်၊
၂၆သူ​သည်​လူ​အ​ပေါင်း​တို့​အား``ဤ​ဆိုး​ယုတ် သော​သူ​တို့​၏​တဲ​များ​နှင့်​ဝေး​ဝေး​ခွာ​နေ ကြ​လော့။ သူ​တို့​နှင့်​ဆိုင်​သော​ပစ္စည်း​တစ်​စုံ တစ်​ခု​ကို​မျှ​လက်​ဖြင့်​မ​ထိ​ကြ​နှင့်။ ငါ ၏​စ​ကား​ကို​နား​မ​ထောင်​လျှင်​သင်​တို့ သည်​သူ​တို့​၏​အ​ပြစ်​ကြောင့် သူ​တို့​နှင့် အ​တူ​ပျက်​စီး​ကြ​ရ​လိမ့်​မည်'' ဟု သ​တိ​ပေး​လေ​၏။-
27 ၂၇ လူများတို့သည် ကောရ၊ ဒါသန်၊ အဘိရံတဲ ပတ်ဝန်းကျင်၌မနေဘဲ ရှောင်လွှဲ၍ သွားကြသဖြင့်၊ ဒါသန်၊ အဘိရံသည်၊ သားမယား အကလေးများနှင့်တကွ ထွက်၍ မိမိတို့တဲတံခါးဝ၌ ရပ်နေကြ၏။
၂၇သို့​ဖြစ်​၍​သူ​တို့​သည်​ကော​ရ၊ ဒါ​သန်၊ အ​ဘိ​ရံ​တို့​၏​တဲ​များ​မှ​ဝေး​ရာ​သို့ ခွာ​သွား​ကြ​လေ​သည်။ ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​သည်​သား​မ​ယား များ​နှင့်​အ​တူ​ထွက်​၍ မိ​မိ​တို့​တဲ​ဝ​၌​ရပ် နေ​ကြ​သည်။-
28 ၂၈ မောရှေကလည်း၊ ဤအမှုအလုံးစုံတို့ကို ငါသည် အလိုလိုမပြု၊ ထာဝရဘုရား စေခိုင်းတော်မူ၍ ငါပြုသည် အကြောင်းကို သင်တို့သည် အဘယ်သို့ သိရမည်နည်း ဟူမူကား၊
၂၈မော​ရှေ​က``ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​၍​ဤ အ​မှု​အ​လုံး​စုံ​တို့​ကို​ငါ​ပြု​လုပ်​ကြောင်း၊ ငါ့​အ​လို​အ​တိုင်း​ပြု​လုပ်​ခြင်း​မ​ဟုတ် ကြောင်း​ကို​သင်​တို့​သိ​နိုင်​မည့်​နည်း​မှာ​ဤ သို့​တည်း။-
29 ၂၉ ခပ်သိမ်းသော လူသတ္တဝါတို့ခံရသော သေခြင်း၊ ခပ်သိမ်းသော လူသတ္တဝါတို့ ခံရသော ဆုံးမခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရားသည် ငါ့ကို စေလွှတ် တော်မမူ။
၂၉ဤ​သူ​တို့​သည်​ဘု​ရား​သ​ခင်​ဒဏ်​ခတ်​သည် မ​ဟုတ်​ဘဲ​ဋ္ဌမ္မ​တာ​အ​လျောက် သေ​ဆုံး​သည်​ရှိ သော်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို​စေ​လွှတ် ခြင်း​မဟုတ်​ဟု​သိ​မှတ်​ကြ​လော့။-
30 ၃၀ သို့မဟုတ် ထာဝရဘုရားသည် အသစ်ဖန်ဆင်း တော်မူသဖြင့်၊ မြေကြီးကွဲပွင့်လျက် ဤလူတို့ကို၎င်း၊ သူတို့ နှင့်ဆိုင်သမျှကို၎င်း မျို၍၊ သူတို့သည် အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်းသွားလျှင်၊ ထာဝရဘုရား၌ ပြစ်မှား ကြောင်းကို သင်တို့သည် သိနားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
၃၀သို့​ရာ​တွင်​ထာ​ဝ​ရ​ဘုရား​သည်​ယ​ခင်​က မ​ကြား​စ​ဖူး​သော​အ​မှု​ကို​ပြု​တော်​မူ​ခြင်း အား​ဖြင့် သူ​တို့​နှင့်​တ​ကွ​သူ​တို့​ပိုင်​ဆိုင်​သ​မျှ ပစ္စည်း​များ​ကို​မြေ​မျို​လိုက်​သော​ကြောင့် သူ​တို့ သည်​အ​ရှင်​လတ်​လတ်​သေ​ဆုံး​ကြ​သော် သူ တို့​ကို​ထာ​ဝ​ရ​ဘု​ရား​ပစ်​ပယ်​သည်​ဟု​သိ မှတ်​ကြ​လော့'' ဟု​လူ​အ​ပေါင်း​တို့​အား​ပြော လေ​သည်။ (Sheol h7585)
31 ၃၁ ပြောဆိုပြီးသည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ၍၊
၃၁မော​ရှေ​၏​စ​ကား​ဆုံး​သည်​နှင့်​တစ်​ပြိုင်​နက် ဒါ​သန်​နှင့်​အ​ဘိ​ရံ​အောက်​တွင်​ရှိ​သော မြေ​သည်​ကွဲ​အက်​၍၊-
32 ၃၂ မိမိခံတွင်းကို ဖွင့်သဖြင့်၊ သူတိုနှင့် သူတို့အိမ် များကို၎င်း၊ ကောရနှင့် ဆိုင်သမျှသော သူတို့နှင့် သူတို့ ဥစ္စာရှိသမျှကို၎င်း မျိုလေ၏။
၃၂သူ​တို့​နှင့်​တ​ကွ​သူ​တို့​၏​သား​မ​ယား​များ၊ ကော​ရ​၏​နောက်​လိုက်​များ​နှင့်​သူ​တို့​ပိုင်​ဆိုင် သ​မျှ​ပစ္စည်း​များ​ကို​မြေ​မျို​လေ​၏။-
33 ၃၃ ထိုသူတို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှသော သူတို့နှင့်တကွ၊ အသက်ရှင်လျက် သေမင်းနိုင်ငံသို့ ဆင်း သက်၍၊ သူတို့အပေါ်မှာ မြေစေ့ပြန်သဖြင့်၊ သူတို့သည် ပရိသတ်မှ ပယ်ရှင်းခြင်းကို ခံရကြ၏။ (Sheol h7585)
၃၃ထို​သို့​အား​ဖြင့်​သူ​တို့​ပိုင်​ဆိုင်​သ​မျှ​ပစ္စည်း တို့​နှင့်​အ​တူ သူ​တို့​သည်​သေ​မင်း​နိုင်​ငံ​သို့ အ​ရှင်​လတ်​လတ်​သက်​ဆင်း​ရ​ကြ​လေ​သည်။ သူ​တို့​သည်​မြေ​မျို​သ​ဖြင့်​ပျောက်​ကွယ် သွား​ကြ​လေ​၏။- (Sheol h7585)
34 ၃၄ သူတို့အော်ဟစ်သံကို ပတ်ဝန်းကျင်၌ရှိသော ဣသရေလအမျိုးသားတို့သည် ကြားလျှင်၊ ငါတို့ကိုလည်း မြေမျိုကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေးကြ၏။
၃၄ထို​အ​ရပ်​တွင်​ရှိ​သော​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​သည်​လည်း သူ​တို့​၏​အော် ဟစ်​သံ​ကို​ကြား​ရ​သော​အ​ခါ``ပြေး​ကြ၊ ငါ​တို့​လည်း​မြေ​မျို​ခံ​ရ​လိမ့်​မည်'' ဟု အော်​ဟစ်​ကြ​၏။
35 ၃၅ နံ့သာပေါင်းကို မီးရှို့၍ ပူဇော်သောသူ နှစ်ရာ ငါးဆယ်တို့ကိုလည်း၊ ထာဝရဘုရားထံတော်က မီးထွက်၍ လောင်လေ၏။
၃၅ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​လောင်​မီး​ကျ စေ​၍ နံ့​သာ​ပေါင်း​ဆက်​သ​သော​သူ​နှစ်​ရာ့ ငါး​ဆယ်​ကို​မီး​လောင်​ကျွမ်း​စေ​၏။
36 ၃၆ ထာဝရဘုရားကလည်း၊ ထိုသန့်ရှင်းသော လင်ပန်းတို့ကို မီးလောင်ရာထဲက ကောက်ယူ၍၊ မီးကို ပစ်ချပြီးမှ၊
၃၆ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
37 ၃၇
၃၇``ကြေး​ဝါ​မီး​ကျီး​ခံ​အိုး​များ​သည်​ဆက်​ကပ် ထား​သော​ပစ္စည်း​များ​ဖြစ်​သ​ဖြင့် ယဇ်​ပု​ရော ဟိတ်​အာ​ရုန်​၏​သား​ဧ​လာ​ဇာ​အား ထို​မီး ကျီး​ခံ​အိုး​များ​ကို​မီး​လောင်​သေ​ဆုံး​သူ​တို့ ထံ​မှ​သိမ်း​ယူ​ပြီး​လျှင်​မီး​ခဲ​များ​ကို​တစ် နေ​ရာ​တွင်​သွန်​ချ​စေ​လော့။-
38 ၃၈ ကိုယ်အသက်ကို သေစေခြင်းငှါ ပြစ်မှားသော သူတို့၏ လင်ပန်းတို့ဖြင့် ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာကို ဆင့်ဆိုလော့။ ထာဝရဘုရား ရှေ့တော်၌ ပူဇော်သောကြောင့်၊ ထိုလင်ပန်းတို့သည် သန့် ရှင်းသည်ဖြစ်၍၊ ဣသရေလအမျိုးသားတို့အား နိမိတ်ဖြစ် ရကြမည်ဟု မောရှေအား မိန့်တော်မူသည်အတိုင်း၊
၃၈ထာ​ဝရ​ဘု​ရား​၏​ယဇ်​ပလ္လင်​တွင်​နံ့​သာ​ပေါင်း မီး​ရှို့​ဆက်​သ​ရာ မီး​ကျီး​ခံ​အိုး​များ​ကို အ​သုံး​ပြု​သော​ကြောင့် ယင်း​တို့​သည်​ဆက် ကပ်​ထား​သော​ပစ္စည်း​များ​ဖြစ်​၏။ သို့​ဖြစ်​၍ မိ​မိ​တို့​၏​အ​ပြစ်​ကြောင့်​သေ​ဆုံး​ရ​သူ တို့​ထံ​မှ မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​ပြီး လျှင်​အ​ပြား​ခတ်​၍​ယဇ်​ပလ္လင်​ကို​ဖုံး​အုပ် လော့။ ထို​ကြေး​ဝါ​ပြား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​သ​တိ​တ​ရား ရ​စေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
39 ၃၉ ယဇ်ပုရောဟိတ်ဧလာဇာသည်၊ မီးလောင်ခြင်း ကို ခံရသော သူတို့ ပူဇော်သော လင်ပန်းများကို ယူ၍ ယဇ်ပလ္လင်ကို ဖုံးအုပ်စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
၃၉ထို​ကြောင့်​ယဇ်​ပု​ရောဟိတ်​ဧ​လာ​ဇာ​သည် မီး​ကျီး​ခံ​အိုး​များ​ကို​ယူ​၍ ယဇ်​ပလ္လင် ကို​ဖုံး​ရန်​အ​ပြား​ခတ်​လေ​သည်။-
40 ၄၀ ထိုသို့ အာရုန်အမျိုးမဟုတ်။ အခြားတပါးသော အမျိုးသားသည်၊ ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်း ကို မီးရှို့၍ ပူဇော်သောအားဖြင့်၊ ကောရနှင့် သူ၏ အပေါင်းအသင်းကဲ့သို့ မဖြစ်စေမည်အကြောင်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားတော်မူသည် အတိုင်း၊ ထိုလင်ပန်းတို့သည် ဣသရေလအမျိုးသားတို့ အား သတိပေးရာနိမိတ်ဖြစ်ရကြ၏။
၄၀အာ​ရုန်​၏​အ​ဆက်​အ​နွယ်​မ​ဟုတ်​သူ​မည် သူ​တစ်​စုံ​တစ်​ယောက်​မျှ ထာ​ဝ​ရ​ဘု​ရား အား​နံ့​သာ​ပေါင်း​ကို​ပူ​ဇော်​ရန်​ယဇ်​ပလ္လင် သို့​မ​ချဉ်း​ကပ်​ရ​ဟု​ကြေး​ဝါ​အ​ဖုံး​က ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သ​တိ​ပေး ၏။ ဤ​ပ​ညတ်​ကို​မ​လိုက်​နာ​သူ​သည်​ကော​ရ နှင့်​သူ​၏​နောက်​လိုက်​များ​နည်း​တူ ပျက်​စီး ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ရှေ​မှ​တစ်​ဆင့် ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သ​မျှ တို့​ကို ဧ​လာ​ဇာ​ဆောင်​ရွက်​လေ​သည်။
41 ၄၁ နက်ဖြန်နေ့၌ ဣသရေလအမျိုးသား ပရိသတ် အပေါင်းတို့က၊ သင်တို့သည် ထာဝရဘုရား၏လူတို့ကို သတ်ကြပြီဟုဆိုလျက်၊ မောရှေနှင့် အာရုန်တို့ကို အပြစ် တင်၍ မြည်တမ်းကြ၏။
၄၁နောက်​တစ်​နေ့​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့​အား``သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး​တော်​ဝင် အ​ချို့​ကို​သတ်​ပစ်​ကြ​ပြီ'' ဟု​အ​ပြစ်​တင်​ကြ လေ​သည်။-
42 ၄၂ ပရိသတ်အပေါင်းတို့သည် မောရှေနှင့် အာရုန် တဘက်၌ စုဝေးကြသောအခါ၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ မြော်ကြည့်၍၊ မိုဃ်းတိမ်သည် တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် ထင်ရှား လေ၏။
၄၂သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​အ​ပြစ် တင်​ရန်​စု​ဝေး​လာ​ပြီး​နောက်​တဲ​တော်​ဘက်​သို့ မျှော်​ကြည့်​ရာ မိုး​တိမ်​သည်​တဲ​တော်​ကို​ဖုံး​လျက် ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​အ​သ​ရေ​တော်​ထွန်း တောက်​သည်​ကို​မြင်​ရ​လေ​သည်။-
43 ၄၃ မောရှေနှင့် အာရုန်တို့သည် ပရိသတ်စည်းဝေး ရာ တဲတော်ရှေ့သို့ ချဉ်းကပ်ကြ၏။
၄၃ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​တဲတော် ရှေ့​သို့​ချဉ်း​ကပ်​၍​ရပ်​နေ​ကြ​၏။-
44 ၄၄ ထာဝရဘုရားကလည်း၊
၄၄ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊
45 ၄၅ ဤပရိသတ်တို့ကိုရှောင်၍ နေကြလော့။ ငါ သည် သူတို့ကို ချက်ခြင်းဖျက်ဆီးမည်ဟု မောရှေအား မိန့်တော်မူလျှင်၊ သူတို့သည် ပြပ်ဝပ်လျက် နေကြ၏။
၄၅``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-
46 ၄၆ မောရှေကလည်း၊ သင်သည် လင်ပန်းကို ကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကို ယူထည့်ပြီးလျှင်၊ လောဗန်ကို လည်း တင်လျက်၊ ပရိသတ်ရှိရာသို့ အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကို ပြုလော့။ ထာဝရဘုရားထံတော်က အမျက်တော်ထွက်၍ ဘေးဥပဒ်ရောက်လျက် ရှိပြီဟု၊
၄၆မော​ရှေ​က​အာ​ရုန်​အား``သင်​၏​မီး​ကျီး​ခဲ များ​ကို​ယူ​၍​ထည့်​ပြီး​လျှင်​နံ့​သာ​ပေါင်း ကို​မီး​ကျီး​ခဲ​ပေါ်​တွင်​တင်​လော့။ ထို​နောက် မီး​ကျီး​ခံ​အိုး​ကို​လူ​အ​ပေါင်း​တို့​ထံ​သို့ အ​လျင်​အ​မြန်​ယူ​ဆောင်​သွား​ပြီး​လျှင်​သူ တို့​အ​တွက်​သန့်​စင်​ခြင်း​ဝတ်​ကို​ပြု​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ကို​အ​မျက် ထွက်​သ​ဖြင့်​သူ​တို့​တွင်​ရော​ဂါ​ဆိုက်​ရောက် စေ​ပြီ'' ဟု​ဆို​လေ​၏။-
47 ၄၇ အာရုန်အား မှာထားသည်အတိုင်း၊ အာရုန် သည် ယူ၍ ပရိသတ်ထဲသို့ ပြေးလေ၏။ ထိုအခါ လူတို့ ၌ ဘေးဥပဒ်ရောက်စရှိသည်ဖြစ်၍၊ လောဗန်ကို တင် သဖြင့် လူများတို့အဘို့ အပြစ်ဖြေခြင်းကို ပြု၏။
၄၇မော​ရှေ​စေ​ခိုင်း​သည်​အ​တိုင်း​အာ​ရုန်​သည် မီး​ကျီး​ခံ​အိုး​ကို​ယူ​၍​လူ​အ​စု​အ​ဝေး ထဲ​သို့​ပြေး​ဝင်​လေ​သည်။ သူ​သည်​လူ​တို့​တွင် ရော​ဂါ​ကပ်​ဆိုက်​ရောက်​လျက်​ရှိ​ကြောင်း​တွေ့ မြင်​လျှင်​မီး​ခဲ​များ​ပေါ်​၌​နံ့​သာ​ပေါင်း ကို​တင်​လျက်​သူ​တို့​အ​တွက်​သန့်​စင်​ခြင်း ဝတ်​ကို​ပြု​လေ​၏။-
48 ၄၈ အသက်ရှင်သောသူ၊ သေသောသူ စပ်ကြားမှာ ရပ်နေ၍၊ ဘေးဥပဒ် ငြိမ်းလေ၏။
၄၈ထို​အ​ခါ​ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား သ​ဖြင့် သူ​သည်​သေ​သူ​နှင့်​ရှင်​သူ​တို့​၏ အ​လယ်​တွင်​ရပ်​လျက်​ရှိ​၏။-
49 ၄၉ ကောရ အမှုကြောင့် သေသောသူတို့ကို ထား၍ ထိုဘေးဥပဒ်ဖြင့် သေသော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာ ရှိသတည်း။
၄၉ကော​ရ​ပုန်​ကန်​မှု​ကြောင့်​သေ​ဆုံး​သူ​များ အ​ပြင်​ရော​ဂါ​ကပ်​ကြောင့်​သေ​ဆုံး​သူ အ​ပေါင်း​မှာ​တစ်​သောင်း​လေး​ထောင့်​ခု​နစ် ရာ​ယောက်​ဖြစ်​သည်။-
50 ၅၀ ထိုဘေးဥပဒ်ငြိမ်းပြီးမှ၊ အာရုန်သည် ပရိသတ် စည်းဝေးရာ တဲတော်တံခါးဝ၊ မောရှေထံသို့ ပြန်လာ၏။
၅၀ရော​ဂါ​အန္တ​ရာယ်​ပ​ပျောက်​သွား​ပြီး​နောက် အာ​ရုန်​သည်​မော​ရှေ​ရှိ​ရာ​တဲ​တော်​တံ​ခါး​ဝ သို့​ပြန်​လာ​ခဲ့​လေ​သည်။

< တောလည်ရာ 16 >