< တောလည်ရာ 15 >
1 ၁ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊
Jahve reče Mojsiju:
2 ၂ သင်တို့နေရာဖြစ်သော ငါပေးသော ပြည်သို့ ရောက်၍ နေကြသောအခါ
“Govori Izraelcima i reci im: 'Kad uđete u zemlju gdje ćete boraviti i koju vam ja dajem,
3 ၃ သစ္စာဂတိရှိ၍ ပူဇော်သော်၎င်း၊ အလိုလို ပူဇော် သော်၎င်း၊ ပွဲသဘင်ခံ၍ ပူဇော်သော်၎င်း၊ မီးရှို့ရာယဇ် အစရှိသော အခြားသောယဇ်ကို မီးဖြင့်ပူဇော်၍ သိုးနွား အားဖြင့် ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ကို ပြုခြင်းငှါအလိုရှိလျှင်၊
pa budete prinosili Jahvi paljenu žrtvu, paljenicu ili klanicu, zavjetnicu ili dragovoljnu žrtvu, ili žrtvu prigodom svojih svetkovina - praveći tako od krupne ili sitne stoke ugodan miris Jahvi -
4 ၄ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောသူသည်၊ သိုးသငယ်ကို ပူဇော်လျှင် မီးရှို့ရာယဇ်ဖြစ်စေ၊ အခြားသောယဇ်ဖြစ်စေ၊
neka prinositelj prinese svoj dar Jahvi: prinosnicu od desetine efe najboljeg brašna, zamiješena u četvrtini hina ulja.
5 ၅ ယဇ်နှင့်တကွ ဘောဇဉ်ပူဇော်သက္ကာကို ဆီသုံးလောဃရောသော မုန့်ညက်တဩမဲကို၎င်း။ သွန်းလောင်းရာ ပူဇော်သက္ကာကို စပျစ်ရည် သုံးလောဃကို၎င်း၊ ပြင်ဆင်၍ ဆောင်ခဲ့ရမည်။
Uz paljenicu ili uz klanicu prinesi čevrtinu hina vina za ljevanicu na svako janje.
6 ၆ သိုးကိုပူဇော်လျှင်၊ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေ ခြင်းငှါ၊
Povrh ovna prinesi kao prinosnicu dvije desetine efe najboljeg brašna, zamiješena u jednoj trećini hina ulja;
7 ၇ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီလေး လောဃရောသော မုန့်ညက်နှစ်ဩမဲကို ပြင်ဆင်၍ သွန်းလောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည်လေးလောဃကို ပူဇော်ရမည်။
i vina za ljevanicu prinesi trećinu hina na ugodan miris Jahvi.
8 ၈ ထာဝရဘုရားအား မီးရှို့ရာယဇ်၊ သစ္စာဂတိရှိ၍ ပူဇော်သောယဇ်၊ မိဿဟာယယဇ်ဘို့ နွားကို ပြင်ဆင်လျှင်၊
Ako Jahvi prinosiš junca kao paljenicu ili kao klanicu da izvršiš zavjet ili kao pričesnicu,
9 ၉ မီးဖြင့်ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင် သော အနံ့ရှိစေခြင်းငှါ၊
neka se onda uz junca prinesu tri desetine efe najboljeg brašna, zamiješena u pola hina ulja,
10 ၁၀ နွားနှင့်တကွ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီ ခြောက်လောဃရောသော မုန့်ညက်သုံးဩမဲကို၎င်း၊ သွန်း လောင်းရာ ပူဇော်သက္ကာဘို့ စပျစ်ရည် ခြောက်လောဃ ကို၎င်း ဆောင်ခဲ့ရမည်။
a za ljevanicu prinesi pola hina vina kao paljenu žrtvu na ugodan miris Jahvi.
11 ၁၁ နွားတကောင်၊ သိုးတကောင်၊ သိုးသငယ်တကောင်၊ ဆိတ်သငယ်တကောင်ကို ယဇ်ပူဇော်သောအခါ ထိုသို့ပြုရမည်။
Neka se tako postupi uza svakoga vola i uza svakoga ovna, uza svaku glavu sitne stoke, ovce ili koze:
12 ၁၂ ပြင်ဆင်သော သိုး နွားအရေအတွက်သို့ လိုက်၍၊ တကောင် ကောင်ကို ထိုသို့ပြုရမည်။
koliko ih god prinesete, za svako pojedino tako učinite, već prema njihovu broju.
13 ၁၃ ပြည်သားအပေါင်းတို့သည် မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သော အနံ့ရှိစေခြင်းငှါ၊ ထိုသို့နှင့်အညီ ပြုရကြမည်။
Svaki domorodac neka postupa ovako kad prinosi žrtvu paljenu na ugodan miris Jahvi.
14 ၁၄ သင်တို့တွင် တည်းခိုသော တပါးအမျိုးသား ဖြစ်စေ၊ အခြားတပါးသောသူဖြစ်စေ၊ မီးဖြင့် ပူဇော်၍ ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ အလို ရှိလျှင်၊ သင်တို့ပြုသည်နည်းတူ သူသည်လည်း ပြုရမည်။
I ako koji stranac koji živi među vama, ili će biti među vašim potomcima, htjedne prinijeti žrtvu paljenu na ugodan miris Jahvi, neka radi kako i vi radite.
15 ၁၅ ပရိသတ်အဝင်ဖြစ်သောသူ၊ သင်တို့တွင် တည်း ခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည်၊ သင်တို့ အမျိုးအစဉ်အဆက်စောင့်ရသော တပါးတည်းသော ထုံးစံရှိ၍၊ ထာဝရဘုရားရှေ့တော်၌ သင်တို့သည် ဖြစ် သည်နည်းတူ သူသည်လည်း ဖြစ်ရမည်။
Neka je jedan zakon i za vas i za stranca koji s vama boravi. To je trajan zakon za vaše naraštaje: pred Jahvom, kako je s vama, tako neka bude i sa strancem.
16 ၁၆ သင်တို့ကိုယ်တိုင်မှစ၍ သင်တို့တွင် တည်းခို သော တပါးအမျိုးသားတို့သည် တပါးတည်းသော တရား၊ တပါးတည်းသော ထုံးစံရှိရကြမည်ဟု မိန့်တော်မူ၏။
Jedan zakon i jedno pravo neka vrijedi za vas i za stranca koji s vama boravi.'”
17 ၁၇ တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Jahve reče Mojsiju:
18 ၁၈ ငါပို့ဆောင်သော ပြည်သို့ သင်တို့သည် ရောက်၍၊
“Govori Izraelcima i reci im: 'Kad dođete u zemlju u koju vas vodim
19 ၁၉ ထိုပြည်၌ဖြစ်သော မုန့်ကို စားကြသောအခါ၊ ထာဝရဘုရားအား ချီးမြှောက်ရာ ပူဇော်သက္ကာကို ဆက်ရ မည်။
i budete jeli kruh te zemlje, prinesite podizanicu Jahvi.
20 ၂၀ အဦးနယ်သော မုန့်စိမ်းဖြင့် လုပ်သော မုန့်ပြား ကို ချီမြှောက်ရာ ပူဇော်သက္ကာပြု၍ ကောက်နယ်တလင်း ထဲက ချီမြှောက်ရာ ပူဇော်သက္ကာကို ပြုသကဲ့သို့ ချီမြှောက် ရမည်။
Kao prvinu iz svojih naćava prinesite jedan kolač kao podizanicu; prinesite ga kao i podizanicu s gumna.
21 ၂၁ သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ အဦးနယ် သော မုန့်စိမ်းထဲက ချီမြှောက်ရာ ပူဇော်သက္ကာကိုထာဝရ ဘုရားအား ဆက်ရကြမည်။
Od prvine svojih naćava davajte Jahvi podizanicu od naraštaja do naraštaja.'”
22 ၂၂ ထာဝရဘုရားသည် မောရှေကို မှာထားသော နေ့မှစ၍၊ မောရှေအားဖြင့် သင်တို့၌ ထားတော်မူသော ပညတ်၊
“Ako nehotice pogriješite te ne budete obdržavali koju od zapovijedi što ih je Jahve objavio po Mojsiju -
23 ၂၃ သင်တို့အမျိုးအစဉ်အဆက်၌ ထားတော်မူလတံ့ သော ပညတ်အလုံးစုံတို့ကို သင်တို့သည် မစောင့် မှား ယွင်းခြင်းသို့ ရောက်ကြသည်အမှုမှာ၊
sve što vam je Jahve zapovjedio po Mojsiju, odonda kad vam je izdao zapovijedi pa dalje od koljena do koljena -
24 ၂၄ ပရိသတ်အပေါင်းတို့သည် မသိဘဲ သတိလစ်၍ မှားယွင်းခြင်းသို့ရောက်လျှင်၊ ပရိသတ်အပေါင်းတို့သည် ထာဝရဘုရားအဘို့ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှါ၊ ထုံးဖွဲ့သော ထုံးစံရှိသည်အတိုင်း ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ အသက်ပျိုသော နွားထီးဖြင့် မီးရှို့ရာယဇ်ကို၎င်း၊ ဆိတ်ဖြင့် အပြစ်ဖြေရာ ယဇ်ကို၎င်း ပူဇော်ရကြမည်။
onda: ako je to počinjeno nepažnjom zajednice, neka sva zajednica prinese jednoga junca kao paljenicu na ugodan miris Jahvi s propisanom prikaznicom i ljevanicom i jednoga jarca kao okajnicu.
25 ၂၅ ယဇ်ပုရောဟိတ်သည်၊ ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့အဘို့ အပြစ်ဖြေခြင်းကို ပြုရသဖြင့်၊ သူတို့သည် သတိလစ်၍ ပြစ်မှားသောကြောင့်၊ ထိုအပြစ် ကို လွှတ်ရလိမ့်မည်။ သူတို့သည်လည်း သတိလစ်သော အပြစ်ကြောင့်၊ အပြစ်ဖြေရာယဇ်နှင့်တကွ၊ မီးဖြင့်ပြုသော ပူဇော်သက္ကာကို ထာဝရဘုရားထံတော်သို့ ဆောင်ခဲ့ရ ကြမည်။
Neka svećenik obavi obred pomirenja nad svom izraelskom zajednicom, pa će im biti oprošteno. Bila je samo nepažnja, a oni su prinijeli svoj dar - paljenu žrtvu Jahvi - i okajnicu pred Jahvom za svoju nepažnju.
26 ၂၆ ထိုသို့ပြုလျှင်၊ လူအပေါင်းတို့သည် ပြစ်မှားသော် လည်း၊ သတိလစ်၍ ပြစ်မှားသောကြောင့်၊ ဣသရေလ အမျိုးသားပရိသတ်အပေါင်းကို၎င်း၊ သူတို့ထံမှာ တည်းခို သော တပါးအမျိုးသားကို၎င်း ထိုအပြစ်မှ လွှတ်ရလိမ့် မည်။
Bit će oprošteno svoj izraelskoj zajednici, a tako i strancu koji među njima boravi, jer se sav narod iz nepažnje ogriješio.
27 ၂၇ လူတစုံတယောက်သည် သတိလစ်၍ ပြစ်မှား လျှင်၊ အပြစ်ဖြေရာ ယဇ်ဘို့အခါမလည်သော ဆိတ်မ တကောင်ကို ဆောင်ခဲ့ရမည်။
Pogriješi li iz nepažnje pojedinac, neka prinese jedno žensko kozle od godine dana kao okajnicu.
28 ၂၈ ထာဝရဘုရားရှေ့တော်၌ သတိလစ်၍ ပြစ်မှား မိသော ထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်း ကို ပြုရသဖြင့် ထိုအပြစ်ကို လွှတ်ရလိမ့်မည်။
Neka svećenik obavi obred pomirenja pred Jahvom nad osobom koja je nehotice pogriješila od nepažnje. Kad nad njom obavi obred pomirenja, bit će joj oprošteno.
29 ၂၉ ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခို သော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကို စောင့်ရ ကြမည်။
Kada tko pogriješi nepažnjom, neka vam jedan zakon vrijedi i za domoroca i za stranca koji boravi među vama.
30 ၃၀ ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသား ဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေ ရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှ ပယ်ရှင်း ရမည်။
Ali onaj koji nešto učini naumice, bio on domorodac ili stranac, taj na Jahvu huli. Takav neka se istrijebi između svoga naroda
31 ၃၁ ထာဝရဘုရား၏စကားတော်ကို မထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်း ပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ ၏။
jer je prezreo Jahvinu riječ i prekršio njegovu zapovijed. Neka se takav iskorijeni. Neka njegova krivnja padne na nj!”
32 ၃၂ ဣသရေလအမျိုးသားတို့သည် တော၌ ရှိကြ သောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူ တယောက်ကို တွေ့လေ၏။
Kad su Izraelci bili u pustinji, nađu čovjeka kako kupi drva u subotnji dan.
33 ၃၃ တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ ရှေ့သို့ ခေါ်ခဲ့ကြ၏။
I oni koji su ga našli da kupi drva dovedu ga Mojsiju i Aronu i svoj zajednici.
34 ၃၄ သူ၏အမှုကို စီရင်ရာလမ်းမထင်ရှားသေးသော ကြောင့် ချုပ်ထားကြ၏။
Stave ga pod stražu, jer još nije bilo određeno što treba s njim učiniti.
35 ၃၅ ထာဝရဘုရားကလည်း၊ ထိုသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည် တပ်ပြင်မှာ သူ့ကို ကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အား မိန့်တော်မူ၍၊
“Toga čovjeka treba pogubiti!” - reče Jahve Mojsiju. “Neka ga kamenjem zaspe izvan tabora sva zajednica.”
36 ၃၆ ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့ သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့် ပစ်ကြသဖြင့် သူသည် အသေခံရ၏။
Sva ga zajednica izvede izvan tabora i zasu ga kamenjem te on poginu, kako je Jahve zapovjedio Mojsiju.
37 ၃၇ တဖန် မောရှေအား ထာဝရဘုရားက၊ သင် သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Reče Jahve Mojsiju:
38 ၃၈ သူတို့အမျိုး အစဉ်အဆက်တို့သည်၊ အဝတ်စွန်း တို့၌ ဆွဲစရာဘို့ ပန်းပွားတို့ကို လုပ်၍၊ ပြာသော ကြိုးနှင့် ချည်တွဲရကြမည်။
“Govori Izraelcima i reci im: neka od naraštaja do naraštaja prave rese na skutovima svojih haljina, a za resu svakoga skuta neka privezuju ljubičastu vrpcu.
39 ၃၉ ထိုပန်းပွားတို့ကို သင်တို့သည် ကြည့်မြင်သော အခါ၊ ထာဝရဘုရား ပညတ်တော်မူသမျှတို့ကို အောက် မေ့၍ ကျင့်ကြမည်အကြောင်း၊ အထက်က ကိုယ်အလိုသို့ လိုက်လျက်၊ ကိုယ်ဉာဏ်ကို မှီဝဲလျက် မှားယွင်းသကဲ့သို့ မလိုက် မမှီဝဲ၊
Imat ćete rese zato da vas pogled na njih sjeća svih Jahvinih zapovijedi. Vršite ih, a ne zanosite se svojim srcem i svojim očima, što vas tako lako zavode na bludnost.
40 ၄၀ ငါပညတ်သမျှတို့ကို အောက်မေ့၍ ကျင့်သဖြင့်၊ သင်တို့ ဘုရားသခင်အဘို့ သန့်ရှင်းမည်အကြောင်း ထိုသို့ ပြုရမည်။
Tako ćete se sjećati svih mojih zapovijedi, vršit ćete ih i bit ćete posvećeni svome Bogu.
41 ၄၁ ငါသည် သင်တို့၏ ဘုရားသခင်ဖြစ်ခြင်းငှါ၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သော သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Ja sam Jahve, Bog vaš, koji sam vas izveo iz zemlje egipatske da vam budem Bogom. Ja, Jahve, Bog vaš.”