< တောလည်ရာ 13 >

1 တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
И рече Господь к Моисею, глаголя:
2 ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊
посли от себе мужы, и да соглядают землю Ханаанску, юже Аз даю сыном Израилевым во одержание: мужа единаго от племене, по сонмом отечеств их, да послеши их всякаго старейшину от них.
3 ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
И посла я Моисей от пустыни Фарани глаголголом Господним: вси мужи старейшины сынов Израилевых сии, и сия имена их:
4 သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။
от племене Рувимля Самуил сын Закхуров:
5 ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
от племене Симеоня Сафат сын Сурин:
6 ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
от племене Иудина Халев сын Иефонниин:
7 ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
от племене Иссахаря Игал сын Иосифль:
8 ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
от племене Ефремля Авсис сын Навин:
9 ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
от племене Вениаминя Фалтий сын Рафуов:
10 ၁၀ ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
от племене Завулоня Гудиил сын Судин:
11 ၁၁ ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
от племене Иосифля сынов Манассииных Гадди сын Сусин:
12 ၁၂ ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
от племене Данова Амиил сын Гамалин:
13 ၁၃ အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
от племене Асирова Сафур сын Михаиль:
14 ၁၄ နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
от племене Неффалимля Навий сын Савинь:
15 ၁၅ ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
от племене Гадова Гудиил сын Махииль.
16 ၁၆ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
Сия имена мужей, ихже посла Моисей соглядати землю: и прозва Моисей Авсиа сына Навина Иисус.
17 ၁၇ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
И посла я Моисей от пустыни Фарани соглядати земли Ханаанския, и рече к ним: взыдите пустынею сею, и взыдете на гору.
18 ၁၈ ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
И узрите землю, какова есть, и люди седящыя на ней, аще сильни суть, или немощни, мало ли их есть, или много?
19 ၁၉ သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
И какова земля, на нейже сии седят, добра ли есть, или зла? И какови гради, в нихже живут сии, ограждени ли суть, или не ограждени?
20 ၂၀ ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။
И какова земля, изюбилна ли, или не изюбилна? Суть ли на ней древеса, или ни? И укрепившеся, возмите от плодов земли. Дние же бяху весенни, предваряющии ягоды.
21 ၂၁ ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
И шедше соглядаша землю от пустыни Син даже да Роова, до входов Емаф.
22 ၂၂ တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
И идоша по пустыни, и приидоша до Хеврона: и тамо (живяше) Ахиман и Сессий и Феламин, роды Енаковы: и Хеврон создася седмию леты прежде Танина (града) Египетскаго.
23 ၂၃ ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
И приидоша до дебри Гроздныя, и соглядаша ю: и урезаша оттуду ветвь, и грозд винограда един на ней, и воздвигоша ю на жердь, и от шипков, и от смоквей.
24 ၂၄ ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။
И место оно назваша дебрь Гроздная, грозда ради, егоже урезаша оттуду сынове Израилтестии.
25 ၂၅ အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။
И возвратишася оттуду, соглядавше землю по четыредесяти днех.
26 ၂၆ မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
И ходивше приидоша к Моисею и Аарону и ко всему сонму сынов Израилевых в пустыню Фараню в Кадис: и поведаша им слово и всему сонму, и показаша им плод земный.,
27 ၂၇ မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
и поведаша ему, и рекоша: ходихом на землю, на нюже посылал еси нас, на землю кипящую млеком и медом, и сий плод ея:
28 ၂၈ သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
кроме яко людие сильни зело, иже на ней живут, и гради утверждени ограждением велицы зело, и род Енаков видехом тамо:
29 ၂၉ အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။
и Амалик живет в земли к югу: и Хеттей и Евей, и Иевусей и Аморрей живут в горах: и Хананей живет при мори и при Иордане реце.
30 ၃၀ ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည် ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟု ဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။
И утиши Халев люди пред Моисеом, и рече ему: никакоже, на восходя взыдем и приимем ю в наследие, яко сильни есмы преодолети им.
31 ၃၁ သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင်။ သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည်ဟူ၍၎င်း၊
И человецы ходившии с ним рекоша: не идем, яко не можем изыти противу языку (сему), яко крепльший есть паче нас.
32 ၃၂ ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
И изнесоша ужас земли, юже соглядаша, к сыном Израилевым, глаголюще: землю юже проидохом соглядающе, земля есть поядающи живущыя на ней, и вси люди, ихже видехом на ней, мужи превысоцыи:
33 ၃၃ ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။
и тамо видехом исполины, сыны Енаковы, и бехом пред ними яко прузи, и тако бехом пред ними.

< တောလည်ရာ 13 >