< တောလည်ရာ 13 >
1 ၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့် တော်မူသည်ကား၊
上主訓示梅瑟說:「
2 ၂ ဣသရေလ အမျိုးသားတို့အား ငါပေးသော ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ၊ အမျိုးအနွယ်အသီး အသီးထဲက အဆွေအမျိုးသူကြီးဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ်လော့ဟု၊
你要派遣一些人去窺探我要賜給以色列子民的客納罕地;每一宗族支派應派遣一人去,個個都應是他們中的領袖。」
3 ၃ ထာဝရဘုရားမှာ ထားတော်မူသည်အတိုင်း၊ မောရှေသည် လူတို့ကို ပါရန်တောက စေလွှတ်လေ၏။ စေလွှတ်သောသူအပေါင်းတို့သည် ဣသရေလအမျိုး၌ အကဲအမှူးဖြစ်ကြ၏။
梅瑟就依照上主的命令,從帕蘭曠野派遣他們去了;這些人全是以色列民的首領。
4 ၄ သူတို့အမည်ကား၊ ရုဗင်အမျိုး၊ ဇက္ကုရသားရှမွာ။
以下是他們的名字:勒烏本支派是匝雇爾的兒子沙慕亞;
5 ၅ ရှိမောင်အမျိုး၊ ဟောရိသား၊ ရှာဖတ်။
西默盎支派是曷黎的兒子沙法特;
6 ၆ ယုဒအမျိုး၊ ယေဖုန္နသားကာလက်၊
猶大支派是耶孚乃的兒子加肋布;
7 ၇ ဣသခါမအမျိုး၊ ယောသပ်သားဣဂါလ။
依撒加爾支派,是若瑟的兒子依卡耳;
8 ၈ ဧဖရိမ်အမျိုး၊ နုန်သားဩရှေ
厄弗辣因支派是農的兒子曷舍亞;
9 ၉ ဗင်္ယာမိန်အမျိုး၊ ရာဖုသားပါလတိ။
本雅明支派是辣富的兒子帕耳提;
10 ၁၀ ဇာဗုလုန်အမျိုး၊ သောဒိသား ဂါဒျေလ။
則步隆支派是索狄的兒子加狄耳;
11 ၁၁ ယောသပ်သားတွင် မနာရှေအမျိုး၊ သုသိသား ဂဒ္ဒိ။
若瑟支派,即默納協支派是穌息的兒子加狄;
12 ၁၂ ဒန်အမျိုး၊ ဂေမလ္လိသားအမျေလ။
丹支派是革瑪里的兒子阿米耳;
13 ၁၃ အာရှာအမျိုး၊ မိက္ခေလသား သေသုရ။
阿協爾支派是米加耳的兒子色突爾;
14 ၁၄ နဿလိအမျိုး၊ ဝါဖသိသားနာဘိ၊
納斐塔里支派是沃斐息的兒子納赫彼;
15 ၁၅ ဂဒ်အမျိုး မာခိသားဂွေလတည်းဟူသော၊
加得支派是瑪基的兒子革烏耳:
16 ၁၆ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်သော သူတို့၏အမည်တည်း။ နုန်၏သားဩရှေကို ယောရှုဟူသောအမည်ဖြင့် မောရှေမှည့်လေ၏။
以上是梅瑟派去窺探那地方的人名;梅瑟給農的兒子曷舍亞起名叫若蘇厄。
17 ၁၇ ခါနာန်ပြည်ကို စူးစမ်းစေခြင်းငှါ မောရှေ စေလွှတ်လျက်၊ သင်တို့သည် တောင်မျက်နှာလမ်းဖြင့် သွား၍ တောင်ရိုးပေါ်သို့ တက်ကြလော့။
當梅瑟派遣他們窺探客納罕地時,向他們說:「你們由此上乃革布去,然後上山區去,
18 ၁၈ ထိုပြည်သည် အဘယ်သို့သော ပြည်ဖြစ် သနည်း။ ပြည်သားတို့သည် အားကြီးသလော၊ အား နည်းသလော။ များသလော၊ နည်းသလော။
窺看那地方怎樣,看住在那地方的人民是強盛或是軟弱,是稀少或是眾多;
19 ၁၉ သူတို့နေသောပြည် သည် ကောင်းသလော၊ မကောင်းလော။ သူတို့နေသော မြို့ရွာတို့သည် အဘယ်သို့နည်း တဲနှင့်နေကြသလော။ ခိုင်ခံ့သော မြို့နှင့်နေကြသလော။
他們住的地方是好,或是壞;他們居住的城鎮是不設防,或是設防的;
20 ၂၀ ထိုမြေသည် ကောင်းသလော၊ မကောင်းလော၊ တောများသလော၊ နည်းသလောဟုကြည့်ရှုကြလော့။ ရဲရင့်သောစိတ်ရှိကြလော့။ သစ်သီးအချို့ကိုလည်း ယူခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလသည် စပျစ်သီး မှည့်စကာလဖြစ်သတည်း။
有什麼土壤,是肥沃或是貧瘠;在那裏有沒有樹木。你們應勇敢,帶些那地方的果子來。」那時是葡萄初熟的時節。
21 ၂၁ ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန် ပြည်ကို စူးစမ်းကြ၏။
他們遂上去,窺探了那地方,從親曠野直到勒曷布,哈瑪特關口。
22 ၂၂ တောင်မျက်နှာ၌ ရှောက်သွား၍ အာနက အမျိုး သားအဟိမန်၊ ရှေရှဲ တာလမဲနေသော ဟေဗြုန်မြို့သို့ ရောက်ကြ၏။ ဟေဗြုန်မြို့ကား၊ အဲဂုတ္တုပြည်၌ ဇောနမြို့ မတည်မှီ ခုနစ်နှစ်ကတည်းသော မြို့ဖြစ်သတည်း။
他們上到乃革布,來到了赫貝龍。在那裏有阿納克的後裔阿希曼、舍瑟和塔耳買。──赫貝龍城比埃及左罕城早建七年。
23 ၂၃ ဧရှကောလချိုင့်သို့ ရောက်လျှင် အသီးတပြွတ် ပါသောစပျစ်နွယ်ပင် အခက်တခက်ကို ခုတ်၍ လူ နှစ်ယောက်တို့သည် ထမ်းဘိုးနှင့်ထမ်းကြ၏။ သလဲသီး၊ သင်္ဘောသဖန်းသီးများကိုလည်း ဆောင်ခဲ့ကြ၏။
他們一直來到厄市苛耳山谷,砍下了一枝只有一嘟嚕的葡萄,兩人用槓子抬著,又摘了些石榴和無花果。
24 ၂၄ ဣသရေလအမျိုးသားခုတ်ယူသော စပျစ်သီး ပြွတ်ကို ထောက်၍၊ ထိုချိုင့်ကို ဧရှကောလချိုင့်ဟူသော အမည်ဖြင့် မှည့်သတည်း။
人稱那地方為厄市苛耳山谷,因為以色列子民從那裏砍去了一嘟嚕葡萄。
25 ၂၅ အရက်လေးဆယ်လွန်မှ ခါနာန်ပြည်ကို စူးစမ်း သော အမှုပြီး၍ ပြန်လာကြ၏။
四十天後,他們由偵探的地方回來,
26 ၂၆ မောရှေနှင့် အာရုန်မှစ၍ ဣသရေလအမျိုး သားပရိသတ်အပေါင်းတို့နေရာ ပါရန်တော၊ ကာဒေရှ အရပ်သို့ ရောက်သောအခါ ပရိသတ်အပေါင်းတို့အား သိတင်းကြားပြော၍ ထိုပြည်၌ သီးသော အသီးကို ပြကြ၏။
到了帕蘭曠野的卡德士去見梅瑟、亞郎和以色列子民的全會眾,給他們和全會眾報告,叫他們看那地方的果子。
27 ၂၇ မောရှေအားလည်း၊ အကျွန်ုပ်တို့သည်ကိုယ်တော် စေလွှတ်သော ပြည်သို့ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည်စီးသော ပြည်ဖြစ်ပါ၏။ ဤအသီးတို့ ကား ထိုပြည်၌သီးသော အသီးဖြစ်ပါ၏။
他們向梅瑟報告說:「我們到了你派遣我們去的那個地方,實在是流奶流蜜的地方;這是那地方的出產。
28 ၂၈ သို့ရာတွင် ပြည်သူပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့သော မြို့ကြီးနှင့်နေကြပါ၏။ ထိုမျှမက အာနကအမျိုးသားတို့ကိုလည်း မြင်ရပါ၏။
只是住在那地方的人強盛,城鎮堅固廣大,而且我們在那裏也見到了阿納克的後裔。
29 ၂၉ အာမလက်အမျိုးသားတို့သည် တောင်ဘက် ၌၎င်း၊ ဟိတ္တိလူ၊ ယေဗုသိလူ၊ အာမောရိလူတို့သည် တောင်ရိုးပေါ်၌၎င်း၊ ခါနာနိလူတို့သည် ပင်လယ်နား ယော်ဒန်မြစ်နား၌၎င်း၊ နေကြပါသည်ဟု လျှောက်ဆိုကြ ၏။
阿瑪肋克人住在乃革布地方;赫特人、耶步斯人和阿摩黎人住在山區;客納罕人住在海濱和約但河沿岸一帶。」
30 ၃၀ ကာလက်ကလည်း ချက်ခြင်းချီသွား၍ ထိုပြည် ကို သိမ်းယူကြစို့။ အောင်နိုင်ကောင်းသည်ဟု ဆို၍ မောရှေရှေ့မှာ လူများတို့ကို ငြိမ်းစေ၏။
加肋布使百姓在梅瑟前鎮靜說:「我們儘管上去,必要佔領那地方。我們必能戰勝。」
31 ၃၁ သူနှင့်အတူလိုက်သွားသော သူတို့က ထိုပြည် သားတို့ကို ငါတို့ မတိုက်နိုင်။ သူတို့သည် ငါတို့ထက် သာ၍ အားကြီးကြသည်ဟူ၍၎င်း၊
但是與他同去的人卻說:「我們不能前去攻打那民族,因為他們比我們強盛。」
32 ၃၂ ငါတို့သွား၍ စူးစမ်းသောပြည်သည် မိမိသား တို့ကို ဖျက်ဆီးတတ်၏။ ငါတို့တွေ့မြင်သော ပြည်သား အပေါင်းတို့သည် အလွန်အရပ်မြင့်ကြ၏။
於是他們在以色列子民中,對所偵探的地方散佈謠言說:「我們偵探所經過的地方,是個吞噬當地居民的地方;我們在那裏所見到的民族,都是高大的人。
33 ၃၃ ကိုယ်ကြီးသော လူအမျိုးအနွယ် အာနကအမျိုး အနွယ်ဖြစ်၍ အလွန်ကြီးမားသော သူတို့ကိုလည်း မြင်ခဲ့ ကြပြီ။ သူတို့ရှေ့မှာ ငါတို့သည် ကိုယ်အထင်တိုင်း နှံကောင်ကဲ့သို့ဖြစ်ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်းသော ပြည်ကို ဣသရေလအမျိုးသားတို့အား မကောင်းသော သိတင်းကို ကြားပြောကြလေ၏။
在那裏還見到了巨人,即巨人的後裔,阿納克的子孫;我們看自己好像是蚱蜢;在他們看來,我們也實在如此。」