< တောလည်ရာ 10 >
1 ၁ တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား
And Jehovah spake unto Moses, saying,
2 ၂ သင်သည် ပရိသတ်စည်းဝေးစေခြင်းငှါ၎င်း၊ တပ်တို့ကို ချီစေခြင်းငှါ၎င်း၊ မှုတ်ရသော ငွေတံပိုးနှစ်လုံး ကို၊ တလုံးလျှင် ငွေတတုံးစီဖြင့် မဆက်ဘဲလုပ်ရမည်။
Make thee two trumpets of silver; of beaten work shalt thou make them: and thou shalt use them for the calling of the congregation, and for the journeying of the camps.
3 ၃ တံပိုးမှုတ်သောအခါ၊ ပရိသတ်အပေါင်းတို့သည် ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၊ သင့်ထံ၌ စည်းဝေးရကြမည်။
And when they shall blow them, all the congregation shall gather themselves unto thee at the door of the tent of meeting.
4 ၄ တံပိုးတလုံးတည်းကို မှုတ်လျှင်၊ ဣသရေလ အမျိုး၌ လူတထောင်ကို အုပ်သောမင်းတို့သည် သင့်ထံ၌ စည်းဝေးရကြမည်။
And if they blow but one, then the princes, the heads of the thousands of Israel, shall gather themselves unto thee.
5 ၅ နှိုးဆော်သံနှင့်မှုတ်သောအခါ၊ အရှေ့တပ်တို့ သည် ချီသွားရကြမည်။
And when ye blow an alarm, the camps that lie on the east side shall take their journey.
6 ၆ ဒုတိယအကြိမ်နှိုးဆော်သံနှင့် မှုတ်သောအခါ၊ တောင်တပ်တို့ သည် ချီသွားရကြမည်။ တတိယအကြိမ် နှိုးဆော်သံနှင့် မှုတ်သောအခါ၊ အနောက်တပ်တို့သည် ချီသွားရကြမည်။ စတုတ္ထအကြိမ်နှိုးဆော်သံနှင့် မှုတ်သော အခါ၊ မြောက်တပ်တို့သည် ချီသွားရကြမည်။ အစဉ်အတိုင်း ချီသွားစေခြင်းဌာနှိုးဆောင်သံနှင့်မှုတ်ရ မည်။
And when ye blow an alarm the second time, the camps that lie on the south side shall take their journey: they shall blow an alarm for their journeys.
7 ၇ ပရိသတ်စည်းဝေးစေခြင်းငှါ နှိုးဆော်သံကို မပြု ဘဲ တံပိုးမှုတ်ရမည်။
But when the assembly is to be gathered together, ye shall blow, but ye shall not sound an alarm.
8 ၈ အာရုန်၏ သား၊ ယဇ်ပုရောဟိတ်တို့သည် ထိုတံပိုးကို မှုတ်ရကြမည်။ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
And the sons of Aaron, the priests, shall blow the trumpets; and they shall be to you for a statute for ever throughout your generations.
9 ၉ သင်တို့သည် ကိုယ်ပြည်၌ နေသောအခါ၊ တိုက် လာသောရန်သူတို့ကို စစ်ချီလျှင်၊ နှိုးဆော်သံနှင့် တံပိုး မှုတ်ရမည်။ ထိုအခါ သင်တို့၏ ဘုရားသခင်ထာဝရဘုရား သည် သင်တို့ကို အောက်မေ့၍၊ ရန်သူလက်မှ ကယ်တင် တော်မူမည်။
And when ye go to war in your land against the adversary that oppresseth you, then ye shall sound an alarm with the trumpets; and ye shall be remembered before Jehovah your God, and ye shall be saved from your enemies.
10 ၁၀ သင်တို့သည် ရွှင်လန်းခြင်းကို ပြုသောနေ့၊ ပွဲ သဘင်နေ့လဆန်း နေ့တို့၌ သင်တို့ဘုရားသခင် အောက် မေ့တော်မူဘို့ရာ၊ သင်တို့ မီးရှို့ရာယဇ်၊ မိဿဟာယဇ် ပူဇော်သက္ကာများ၊ အပေါ်မှာ တံပိုးမှုတ်ရကြမည်။ ငါ သည် သင်တို့၏ဘုရားသခင်၊ ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
Also in the day of your gladness, and in your set feasts, and in the beginnings of your months, ye shall blow the trumpets over your burnt-offerings, and over the sacrifices of your peace-offerings; and they shall be to you for a memorial before your God: I am Jehovah your God.
11 ၁၁ ဒုတိယနှစ်၊ ဒုတိယလ အရက်နှစ်ဆယ်မြောက် သော နေ့ရက်၌၊ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော် မှ ကွာမြောက်သည်ဖြစ်၍၊
And it came to pass in the second year, in the second month, on the twentieth day of the month, that the cloud was taken up from over the tabernacle of the testimony.
12 ၁၂ ဣသရေလအမျိုးသားတို့သည် သိနာတောင်မှ ခရီးသွားကြ၏။ နောက်တဖန် မိုဃ်းတိမ်သည် ပါရန်တော ၌ တည်နေ၏။
And the children of Israel set forward according to their journeys out of the wilderness of Sinai; and the cloud abode in the wilderness of Paran.
13 ၁၃ ထိုသို့ထာဝရဘုရားသည် မောရှေအားဖြင့် မိန့် တော်မူသည်အတိုင်း၊ ပဌမခရီးသွားခြင်းကို ပြုကြ၏။
And they first took their journey according to the commandment of Jehovah by Moses.
14 ၁၄ ယုဒတပ်အစဉ်အတိုင်း အလုံးအရင်းတို့သည်၊ အလံနှင့်တကွ ရှေ့ဦးစွာ ချီသွားကြ၏။ ယုဒတပ်ကို၊ အမိနဒပ်သားနာရှုန်အုပ်ရ၏။
And in the first [place] the standard of the camp of the children of Judah set forward according to their hosts: and over his host was Nahshon the son of Amminadab.
15 ၁၅ ဣသခါတပ်ကို၊ ဇုအာသားနာသနေလအုပ်၏။
And over the host of the tribe of the children of Issachar was Nethanel the son of Zuar.
16 ၁၆ ဇာဗုလုန်တပ်ကို၊ ဟေလုန်သားဧလျာဘအုပ်ရ၏။
And over the host of the tribe of the children of Zebulun was Eliab the son of Helon.
17 ၁၇ တဲတော်ကိုဖြုတ်ချ၍ ဂေရရှုန်သား၊ မေရာရိသား တို့သည် တဲတော်ကို ထမ်းလျက်ချီသွားကြ၏။
And the tabernacle was taken down; and the sons of Gershon and the sons of Merari, who bare the tabernacle, set forward.
18 ၁၈ ရုဗင်တပ်အစဉ်အတိုင်း၊ အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ရုဗင်တပ်ကို ရှေဒုရသား ဧလိဇုရအုပ်ရ၏။
And the standard of the camp of Reuben set forward according to their hosts: and over his host was Elizur the son of Shedeur.
19 ၁၉ ရှိမောင်တပ်ကို ဇုရိရှဒ္ဒဲသားရှေလုမျေလအုပ် ရ၏။
And over the host of the tribe of the children of Simeon was Shelumiel the son of Zurishaddai.
20 ၂၀ ဂဒ်တပ်ကို ဒွေလသားဧလျာသပ်အုပ်ရ၏။
And over the host of the tribe of the children of Gad was Eliasaph the son of Deuel.
21 ၂၁ ကောဟတ်သားတို့သည် သန့်ရှင်းရာဌာန တန်ဆာတို့ကို ထမ်းလျက် ချီသွားကြ၏။ သူတို့မရောက်မှီ အရင်သွားသော သူတို့သည် တဲတော်ကို ထူထောင် ရကြ၏။
And the Kohathites set forward, bearing the sanctuary: and [the others] did set up the tabernacle against their coming.
22 ၂၂ ဧဖရိမ်တပ်အစဉ်အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ၏။ ဧဖရိမ်တပ်ကို အမိဟုဒ် သား ဧလိရှမာအုပ်ရ၏။
And the standard of the camp of the children of Ephraim set forward according to their hosts: and over his host was Elishama the son of Ammihud.
23 ၂၃ မနာရှေတပ်ကို ပေဒါဇုရသား ဂါမလျေလ အုပ်ရ၏။
And over the host of the tribe of the children of Manasseh was Gamaliel the son of Pedahzur.
24 ၂၄ ဗင်္ယာမိန်တပ်ကို ဂိဒေါနိသား အဘိဒန်အုပ် ရ၏။
And over the host of the tribe of the children of Benjamin was Abidan the son of Gideoni.
25 ၂၅ နောက်ဆုံးတပ်တည်းဟူသော ဒန်တပ်အစဉ် အတိုင်း အလုံးအရင်းတို့သည် အလံနှင့်တကွ ချီသွားကြ ၏။ ဒန်တပ်ကို အမိရှဒ္ဒဲသား အဟေဇာအုပ်ရ၏။
And the standard of the camp of the children of Dan, which was the rearward of all the camps, set forward according to their hosts: and over his host was Ahiezer the son of Ammishaddai.
26 ၂၆ အာရှာတပ်ကို ဩကရန်သားပါဂျေလအုပ် ရ၏။
And over the host of the tribe of the children of Asher was Pagiel the son of Ochran.
27 ၂၇ နဿလိတပ်ကိုဧနန်သားအဟိရအုပ်ရ၏။
And over the host of the tribe of the children of Naphtali was Ahira the son of Enan.
28 ၂၈ ထိုသို့ဣသရေလ အစဉ်အတိုင်း ချီ၍ ခရီးသွား ကြ၏။
Thus were the journeyings of the children of Israel according to their hosts; and they set forward.
29 ၂၉ မောရှေကလည်း၊ ထာဝရဘုရားသည် ဂတိ တော်အတိုင်း ငါတို့အား ပေးတော်မူမည်အရပ်သို့ ငါတို့ သည် ယခုခရီးသွားကြ၏။ ငါတို့နှင် အတူလိုက်၍လာပါ။ ငါတို့သည် ကျေးဇူးပြုပါမည်။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့၌ ကျေးဇူးပြုတော်မူမည် ဂတိရှိပါ၏ဟု မိမိယောက္ခမမိဒျန်အမျိုး၊ ရွေလသား၊ ဟောဗပ်အားဆိုလျှင်၊
And Moses said unto Hobab, the son of Reuel the Midianite, Moses’ father-in-law, We are journeying unto the place of which Jehovah said, I will give it you: come thou with us, and we will do thee good; for Jehovah hath spoken good concerning Israel.
30 ၃၀ ဟောဗပ်က ငါမလိုက်မသွားပါ၊ ငါ့နေရင်းပြည်၊ ငါ့အဆွေအမျိုးရှိရာ သို့ ပြန်သွားပါမည်ဟု မောရှေအား ဆို၏။
And he said unto him, I will not go; but I will depart to mine own land, and to my kindred.
31 ၃၁ မောရှေကလည်း၊ ငါတို့ကို စွန့်ပစ်၍ မသွားပါ နှင့်။ သင်သိသည်အတိုင်း ငါတို့သည်တော၌ စားခန်းချရမည်။ သင်သည် ငါတို့မျက်စိဖြစ် ရပါ၏။
And he said, Leave us not, I pray thee; forasmuch as thou knowest how we are to encamp in the wilderness, and thou shalt be to us instead of eyes.
32 ၃၂ ငါတို့နှင့် အတူလိုက်လျှင် ထာဝရဘုရားပြုတော် မူသော ကျေးဇူးတော်ကို ငါတို့သည် ခံရသည်အတိုင်း သင့်၌ကျေးဇူးပြုပါမည်ဟု ဆိုလေ၏။
And it shall be, if thou go with us, yea, it shall be, that what good soever Jehovah shall do unto us, the same will we do unto thee.
33 ၃၃ ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ တောင်တော်မှထွက်၍၊ သုံးရက်ကွာသော ခရီးကို သွားကြ ၏။ ထိုသုံးရက်ကွာသော ခရီးကိုသွားကြစဉ်၊ ထာဝရ ဘုရား၏ ပဋိညာဉ်သေတ္တာသည် သူတို့အဘို့ စားခန်း ချရာအရပ်ကို ရှာ၍ သူတို့ရှေ့ကသွားလေ၏။
And they set forward from the mount of Jehovah three days’ journey; and the ark of the covenant of Jehovah went before them three days’ journey, to seek out a resting-place for them.
34 ၃၄ သူတို့သည် နေ့အချိန်၌ တပ်ချီ၍ သွားသော အခါ၊ ထာဝရဘုရား၏ မိုဃ်းတိမ်သည် သူတို့အပေါ်မှာ ရှိလေ၏။
And the cloud of Jehovah was over them by day, when they set forward from the camp.
35 ၃၅ သေတ္တာတော်သွားသောအခါ၊ မောရှေက အိုထာဝရဘုရား ထတော်မူပါ။ ကိုယ်တော်၏ ရန်သူတို့ သည် လွင့်ကြပါစေသော။ ကိုယ်တော်ကို မုန်းသောသူတို့ သည် ရှေ့တော်မှ ပြေးကြပါစေသောဟူ၍၎င်း၊
And it came to pass, when the ark set forward, that Moses said, Rise up, O Jehovah, and let thine enemies be scattered; and let them that hate thee flee before thee.
36 ၃၆ သေတ္တာတော်မသွားဘဲ ရပ်နေသောအခါ၊ အမျိုးသားအထောင်၊ အသောင်းရှိရာသို့ ပြန်လာတော်မူ ပါဟူ၍၎င်း လျှောက်ဆိုလေ့ရှိ၏။
And when it rested, he said, Return, O Jehovah, unto the ten thousands of the thousands of Israel.