< နေဟမိ 9 >
1 ၁ ထိုလနှစ်ဆယ်လေးရက်နေ့တွင်၊ ဣသရေလ အမျိုးသားတို့သည် အစာရှောင်လျက်၊ လျှော်တေအဝတ် ကိုဝတ်လျက်၊ ကိုယ်၌ မြေမှုန့်ကို တင်လျက် စည်းဝေး ကြ၏။
Потом двадесет четвртог дана тог месеца скупише се синови Израиљеви постећи и у кострети и посувши се земљом.
2 ၂ ထိုအခါ ဣသရေလအမျိုးစစ်ဖြစ်သောသူတို့ သည် တပါးအမျိုးသားရှိသမျှတို့နှင့် ကွာ၍၊ ကိုယ်အပြစ် နှင့် ဘိုးဘေးတို့၏ အပြစ်များကို ဘော်ပြတောင်းပန် ကြ၏။
И одвоји се семе Израиљево од свих туђинаца, и стадоше те исповедаху грехе своје и безакоња отаца својих.
3 ၃ မိမိတို့နေရာ၌ ရပ်နေ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရား၏ ပညတ္တိကျမ်းစာကို နေ့လေးစုတစု ဘတ်ကြ၏။ အပြစ်ကို ဘော်ပြတောင်းပန်၍၊ မိမိတို့ ဘုရားသခင် ထာဝရဘုရားကို နေ့လေးစုတစုကို ကိုးကွယ်ကြ၏။
И стајаху на свом месту, те им се читаше закон Господа Бога њиховог четврт дана, а други четврт исповедаху се и поклањаху се Господу Богу свом.
4 ၄ ထိုအခါ လေဝိသားယောရှု၊ ဗာနိ၊ ကပ်မျေလ၊ ရှေဗနိ၊ ဗုန္နိ၊ ရှေရဘိ၊ ဗာနိ၊ ခေနနိတို့သည် ပလ္လင် ပေါ်မှာရပ်၍၊ သူတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြီးစွာသောအသံနှင့် ကြွေးကြော်ကြ၏။
А Исус и Ваније, Кадмило, Севанија, Вуније, Серевија, Ваније и Хананије попевши се на место подигнуто за Левите вапијаху гласом великим ка Господу Богу свом.
5 ၅ တဖန်လေဝိသားယောရှု၊ ကပ်မျေလ၊ ဗာနိ၊ ဟာရှဗနိ၊ ရှေရဘိ၊ ဟောဒိယ၊ ရှေဗနိ၊ ပေသဟိတို့က ထကြလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အစဉ်အမြဲ မင်္ဂလာရှိတော်မူစေသတည်းဟု ကောင်း ကြီးပေးကြလော့။ ကောင်းကြီးပေးခြင်း၊ ချီးမွမ်းခြင်း အမျိုးမျိုးထက် ကြီးမြင့်၍ ဘုန်းကြီးသော ကိုယ်တော်၏ နာမသည် မင်္ဂလာရှိပါစေသတည်း။
И рекоше Левити Исус и Кадмило, Ваније, Асавнија, Серевија, Одија, Севанија и Петаја: Устаните, благосиљајте Господа Бога свог од века до века: и да се благосиља име Твоје славно и узвишено сврх сваког благослова и хвале.
6 ၆ ကိုယ်တော်သာလျှင် ထာဝရဘုရား ဖြစ်တော် မူ၏။ အမြင့်ဆုံးသော ကောင်းကင်နှင့် ကောင်းကင် ဗိုလ်ခြေအပေါင်းတို့ကို၎င်း၊ မြေကြီးနှင့်မြေကြီးပေါ်မှာ ရှိရှိသမျှတို့ကို၎င်း၊ ပင်လယ်နှင့်ပင်လယ်၌ပါသမျှတို့ကို ၎င်း ဖန်ဆင်းတော်မူ၏။ အလုံးစုံတို့ကို စောင့်မတော် မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကို ကိုးကွယ်ကြပါ၏။
Ти си сам Господ; Ти си створио небо, небеса над небесима и сву војску њихову, земљу и све што је на њој, мора и све што је у њима, и Ти оживљаваш све то, и војска небеска Теби се клања.
7 ၇ အိုထာဝရ အရှင်ဘုရားသခင်၊ ကိုယ် တော်သည် အာဗြံကို ရွေးချယ်၍ ခါလဒဲပြည်၊ ဥရမြို့မှ ခေါ်ခဲ့ပြီးလျှင် အာဗြဟံဟူသော အမည်ကို ပေးတော် မူ၏။
Ти си Господ Бог, који си изабрао Аврама и извео из Ура халдејског и надео му име Авраам;
8 ၈ ရှေ့တော်၌ သူ့သဘောဖြောင့်သည်ကို တွေ့ သောကြောင့်၊ ခါနနိပြည်၊ ဟိတ္တိပြည်၊ အာမောရိပြည်၊ ဖေရဇိပြည်၊ ယေဗုသိပြည်၊ ဂိရဂါရှိပြည်တို့ကို အာဗြဟံအမျိုးအနွယ်အား ငါပေးမည်ဟု ဝန်ခံသည် အတိုင်း သစ္စာတော်မပျက်ပြုတော်မူ၏။
И нашао си срце његово верно пред собом, и учинио си с њим завет да ћеш дати земљу хананску, хетејску, аморејску, ферезејску и јевусејску и гергесејску, да ћеш дати семену његовом, и испунио си речи своје јер си праведан.
9 ၉ အဲဂုတ္တုပြည်၌ အကျွန်ုပ်တို့၏ ဘိုးဘေးများ ခံရသောညှဉ်းဆဲခြင်းကိုမြင်၍၊ ဧဒုံပင်လယ်နားမှာ သူတို့ အော်ဟစ်သောအသံကို ကြားတော်မူ၏။
Јер си погледао на муку отаца наших у Мисиру, и вику њихову видео си на мору црвеном;
10 ၁၀ ဖာရောဘုရင်နှင့် သူ၏ကျွန်များ၊ ပြည်သူ ပြည်သားအပေါင်းတို့သည် အကျွန်ုပ်တို့၏ ဘိုးဘေးတို့ကို စော်ကားစွာပြုသောကြောင့်၊ ကိုယ်တော်သည် ကြည့်ရှု၍ နေတော်မမူ။ ထိုပြည်သားတို့၌ နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို ပြတော်မူ၍၊ သိတင်းတော်သည် ယနေ့တိုင်အောင် ကျော်စောလျက်ရှိပါ၏။
И учинио си знаке и чудеса на Фараону и на свим слугама његовим и на свем народу земље његове, јер си знао да су обесно поступали с њима; и стекао си себи име, као што се види данас.
11 ၁၁ သူတို့သည် ပင်လယ်အလယ်၌ မြေပေါ်မှာ ရှောက်သွားမည်အကြောင်း သူတို့ရှေ့မှာ ပင်လယ်ကို ခွဲတော်မူ၏။ ညှဉ်းဆဲသော သူတို့ကိုကား၊ နက်သောရေထဲ သို့ ကျောက်ကိုပစ်သကဲ့သို့ ပစ်တော်မူ၏။
И море си раздвојио пред њима, те пређоше посред мора сувим, и бацио си у дубине оне који их гоњаху као камен у воду.
12 ၁၂ ထိုမှတပါး၊ နေ့အချိန်၌ မိုဃ်းတိမ်တိုင်အားဖြင့်၎င်း၊ ညဉ့်အချိန် ၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်၎င်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
И у ступу од облака водио си их дању, а ноћу у ступу огњеном светлећи им путем којим ће ићи.
13 ၁၃ ကိုယ်တော်တိုင်လည်း၊ သိနာတောင်ပေါ်သို့ ဆင်းသက်၍ မိုဃ်းကောင်းကင်ထဲက ဗျာဒိတ်သံကို လွှတ် သဖြင့်၊ ဟုတ်မှန်ဖြောင့်မတ်သော စီရင်ထုံးဖွဲ့ချက်ပညတ် တရားတို့ကို အပ်ပေးတော်မူ၏။
И сишао си на гору Синајску и говорио с њима с неба, и дао им судове праве и законе истините, уредбе и заповести добре.
14 ၁၄ သန့်ရှင်းသော ဥပုသ်နေ့ရက်တော်ကို ဘော်ပြ ၍၊ ကိုယ်တော် ကျွန်မောရှေအားဖြင့် နည်းနာဥပဒေသ ပညတ်တရားတို့ကိုလည်း ထားတော်မူ၏။
И обзнанио си им суботу своју свету, и дао им заповести и уредбе и закон преко Мојсија, слуге свог.
15 ၁၅ သူတို့မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းကို ပြေစေ ခြင်းငှါ၊ မိုဃ်းကောင်းကင်မုန့်နှင့် ကျောက်ထဲကထုတ်သော ရေကို ပေးတော်မူ၏။ သူတို့ပိုင်ဘို့ကျိန်ဆိုတော်မူသော ပြည်ထဲသို့ဝင်၍ သိမ်းယူမည်အကြောင်း မိန့်တော်မူ၏။
И хлеб с неба дао си им у глади њиховој, и воду из камена извео си им у жеђи њиховој, и рекао си им да иду и наследе земљу за коју си подигао руку своју да ћеш им је дати.
16 ၁၆ သို့ရာတွင် အကျွန်ုပ်တို့ဘိုးဘေးတို့သည် မာန ထောင်လွှား၍၊ ခိုင်မာသော လည်ပင်းနှင့် ပညတ်တော်ကို နားမထောင်ကြ။
Али они и оци наши узобестише се и отврднуше вратом својим и не слушаше заповести Твоје.
17 ၁၇ သူတို့တွင် ပြုတော်မူသော အံ့ဘွယ်သောအမှု တို့ကို မအောက်မေ့။ အာဏာတော်ကို ငြင်းဆန်လျက်၊ လည်ပင်းခိုင်မာသည် ဖြစ်၍၊ ကျွန်ခံရာ အဲဂုတ္တုပြည်သို့ ပြန်လိုသောငှါ၊ လူကြီးတဦးကိုချီးမြှောက်ကြ၏။ သို့ရာ တွင် ကိုယ်တော်သည် အပြစ်ကိုဖြေတတ်သောဘုရား၊ ချစ်သနားခြင်းမေတ္တာကရုဏာနှင့်ပြည့်စုံ၍၊ စိတ်ရှည် ခြင်း၊ ကျေးဇူးပြုခြင်းနှင့် ကြွယ်ဝသော ဘုရားဖြစ်တော်မူ သောကြောင့် သူတို့ကို စွန့်ပစ်တော်မမူ။
Не хтеше слушати, и не опомињаше се чудеса Твојих која си им чинио, него отврднуше вратом својим, и у одмету свом постављаше себи вође да се врате у ропство своје. Али Ти, Боже, који опрашташ који си жалостив и милостив, који дуго трпиш и велике си милости, ниси их оставио.
18 ၁၈ ထိုမျှမက သူတို့သည် နွားသငယ်အရုပ်ကို သွန်း ၍၊ အိုဣသရေလအမျိုး၊ ဤဘုရားသည် သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ ဘုရားဖြစ်တော်မူ၏ဟု ဆိုလျက်၊ အလွန်ပြစ်မှားသော်လည်း၊
И онда кад начинише себи теле ливено и рекоше: Ово је твој Бог који те је извео из Мисира, и хулише веома,
19 ၁၉ ကိုယ်တော်သည် အထူးသဖြင့် သနားတတ် သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော် မမူ။ နေ့အချိန်၌ လမ်းပြသော မိုဃ်းတိမ်တိုင်မပျောက်၊ ညဉ့်အချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင် လည်း မကွယ်။
Ни онда их ради велике милости своје ниси оставио у пустињи; ступ од облака није одступао од њих дању водећи их путем, нити ступ огњени ноћу светлећи им путем којим ће ићи.
20 ၂၀ သူတို့အား သွန်သင်စရာဘို့ ကောင်းသော ဝိညာဉ်တော်ကို ပေးတော်မူ၏။ သူတို့စားရသော ကိုယ် တော်၏ မန္နကိုရုပ်သိမ်းတော်မမူ။ သူတို့ အငတ်ပြေစေ ခြင်းငှါ၊ ရေကိုလည်း ပေးတော်မူ၏။
И дао си им добри свој дух да их уразумљује, и мане своје ниси устегао од уста њихових, и воде си им дао у жеђи њиховој.
21 ၂၁ အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်း မဆင်းရဲစေခြင်းငှါ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။
И четрдесет година хранио си их у пустињи, ништа им није недостајало: одело им не оветша и ноге им не отекоше.
22 ၂၂ နောက်မှတပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများ ကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော် မူသဖြင့်၊ သူတို့သည် ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင် ဩဃအစိုးရသောပြည်တို့ကို သိမ်းယူ ကြ၏။
И дао си им царства и народе, и поделио си их по крајевим, јер наследише земљу Сионову, земљу цара есевонског, и земљу цара васанског;
23 ၂၃ သူတို့သားမြေးတို့ကို မိုဃ်းကောင်းကင်ကြယ် ကဲ့သို့ များပြားစေတော်မူ၏။ အကြင်ပြည်ထဲသို့ သူတို့ ဝင်၍ သိမ်းယူမည်အကြောင်း၊ သူတို့၏ ဘိုးဘေးတို့အား ဂတိထားတော်မူ၏။ ထိုပြည်ထဲသို့သွင်းတော်မူသဖြင့်၊
И умножио си синове њихове као звезде небеске, и увео си их у земљу за коју си рекао оцима њиховим да ће ући у њу и наследити је.
24 ၂၄ သားမြေးတို့သည်ဝင်၍ သိမ်းယူကြ၏။ သူတို့ ရှေ့မှာ ထိုပြည်သား ခါနာနိလူတို့ကို နှိပ်စက်တော်မူ၍၊ ရှင်ဘုရင်အစရှိသော ပြည်သူပြည်သားတို့ကို ပြုချင်သမျှ ပြုရသောအခွင့်နှင့် သူတို့လက်သို့ အပ်တော်မူ၏။
И уђоше синови њихови и наследише земљу, и покорио си им Хананеје, становнике земаљске и предао их у њихове руке, и цареве њихове и народе земаљске, да чине од њих шта им је воља.
25 ၂၅ ထိုသို့သူတို့သည် ခိုင်ခံ့သောမြို့များ၊ မြေကောင်း သောပြည်၊ ဥစ္စာနှင့် ပြည့်သောအိမ်၊ တူးပြီးသောရေတွင်း၊ များပြားသော စပျစ်ဥယျာဉ်၊ သံလွင်ဥယျာဉ်၊ အသီးသီး သော အပင်တို့ကိုသိမ်းယူ၍၊ ဝစွာစားသောက်လျက် အသားဆူဖြိုး၍ ကျေးဇူးတော်ကြွယ်ဝခြင်း၌ မွေ့လျော် ကြ၏။
И тако узеше тврде градове и земљу родну, и наследише куће пуне сваког добра, студенце ископане, винограде маслинике и воћке многе, и једоше и наситише се и угојише се, и благоваху по великој Твојој доброти.
26 ၂၆ သို့ရာတွင် အမိန့်တော်ကို နားမထောင်၊ ပုန်ကန် လျက် တရားတော်ကို ကျောနောက်သို့ ပစ်ထားကြ၏။ အထံတော်သို့ ပြန်လာစေခြင်းငှါ၊ ဆုံးမသော ကိုယ်တော် ၏ ပရောဖက်တို့ကို သတ်၍ အလွန်ပြစ်မှားခြင်းကို ပြုကြ ၏။
Али Те разгневише и одметнуше се од Тебе: бацише закон Твој за леђа и пророке Твоје побише, који им сведочаху да би их обратили ка Теби и хулише веома.
27 ၂၇ ထိုကြောင့်၊ သူတို့ကို နှောင့်ရှက်သော ရန်သူ လက်သို့ အပ်လိုက် တော်မူ၏။ ဆင်းရဲခံရ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံကနားထောင်၍၊ ကရုဏာကျေးဇူးတော် ကြွယ်ဝသည်အတိုင်း၊ ရန်သူလက် မှ ကယ်လွှတ်သော ကျေးဇူးရှင်တို့ကို ပေါ်ထွန်းစေတော်မူ၏။
Зато си их давао у руке непријатељима њиховим који их мучаше. А кад у невољи својој викаше к Теби Ти си их услишио с неба и по великој милости својој давао си им избавитеље, који их избављаху из руку непријатеља њихових.
28 ၂၈ တဖန်ချမ်းသာရသောအခါ၊ ရှေ့တော်၌ ဒုစရိုက် ကို ပြုပြန်ကြသောကြောင့်၊ ရန်သူအစိုးရမည်အကြောင်း တဖန်အပ်တော်မူ၏။ သူတို့သည်ပြန်လာ၍ ကိုယ်တော်ကို အော်ဟစ်ကြသောအခါ၊ ကောင်းကင်ဘုံ ကနားထောင်၍၊ ကရုဏာတော်ရှိသည်အတိုင်း အထပ်ထပ် ကယ်တင် တော်မူ၏။
Али чим отпочинуше, опет чинише зло пред Тобом, зато си их остављао у рукама непријатеља њихових да владају њима; а кад се обраћаше и викаше к Теби, Ти си их услишио с неба и избављао их по милости својој много пута.
29 ၂၉ တရားတော်ကိုကျင့်ပြန်စေခြင်းငှါ ဆုံးမတော်မူ သော်လည်း၊ သူတို့သည် နားမထောင်၊ မာနထောင်လွှား ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ် သော စီရင်တော်မူချက်တို့ကို လွန်ကျူးကြ၏။ ခိုင်မာသော လည်ပင်းနှင့် ရုန်းလျက်နားမထောင်ဘဲ နေကြ၏။
И опомињао си их да би их обратио к закону свом, али они беху обесни и не слушаше заповести Твоје и грешише о Твоје законе које ко врши жив ће бити кроз њих; и измичући рамена своја отврднуше вратом својим и не слушаше.
30 ၃၀ နှစ်ပေါင်းများစွာ သူတို့ကိုသည်းခံ၍၊ ကိုယ်တော် ၏ ပရောဖက်တို့၌ရှိသော ကိုယ်တော်၏ ဝိညာဉ်အားဖြင့် ဆုံးမတော်မူသော်လည်း သူတို့သည် နားမထောင်သော ကြောင့်၊ ဤပြည်သူပြည်သားတို့လက်သို့ အပ်တော်မူ၏။
И трпео си их много година опомињући их духом својим преко пророка својих; али не слушаше; тада си их дао у руке народима земаљским.
31 ၃၁ သို့ရာတွင် ကိုယ်တော်သည် ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံသောဘုရားဖြစ်၍၊ ကရုဏာ တော် ကြွယ်ဝသောကြောင့်၊ သူတို့ကို ရှင်းရှင်းဖျက်ဆီး တော်မမူ။ စွန့်ပစ်တော်မမူ။
Али ради милости своје велике ниси дао да сасвим пропадну нити си их оставио, јер си Бог милостив и жалостив.
32 ၃၂ သို့ဖြစ်၍၊ အို အကျွန်ုပ်တို့၏ဘုရား၊ ကြီးမြတ်၍ မဟာတန်ခိုးနှင့် ပြည့်စုံလျက် ကြောက်မက်ဘွယ်သော ဘုရား၊ ကရုဏာပဋိညာဉ်တော်ကို စောင့်တော်မူသော ဘုရား၊ အာရှုရိရှင်ဘုရင်လက်ထက်မှစ၍ ယနေ့တိုင် အောင်၊ အကျွန်ုပ်တို့ ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ အဆွေအမျိုးသူကြီး၊ ကိုယ်တော်၏ လူ အပေါင်းတို့အပေါ်သို့ ရောက်သော ဘေးဒဏ်ရှိသမျှကို ပမာဏမပြုဘဲ နေတော်မမူပါနှင့်။
Сада дакле, Боже наш, Боже велики, силни и страшни, који чуваш завет и милост, немој да је мало пред Тобом што нас снађе сва ова мука, цареве наше, кнезове и свештенике наше и пророке наше и оце наше и сав народ Твој од времена царева асирских до данас.
33 ၃၃ ကိုယ်တော်မူကား အကျွန်ုပ်တို့အပေါ်သို့ရောက် စေသမျှသော အမှု၌တရားတော်မူ၏။ အကျွန်ုပ်တို့သည် မတရားသဖြင့် ပြုကြပါပြီ။ ကိုယ်တော်သည် တရား သဖြင့်သာ စီရင်တော်မူပြီ။
Ти си праведан у свему што нас је снашло, јер си Ти право учинио, а ми смо безбожно радили.
34 ၃၄ အကျွန်ုပ်တို့ရှင်ဘုရင်၊ မှူးမတ်၊ ယဇ်ပုရောဟိတ်၊ အဆွေအမျိုးသူကြီးတို့သည် တရားတော်ကိုမစောင့်။ ပေးထားတော်မူသော ပညတ်များနှင့် သက်သေခံချက် များတို့ကို နားမထောင်ကြ။
И цареви наши, кнезови наши и оци наши не извршаваше закон Твој нити марише за заповести Твоје и сведочанства Твоја, којима си им сведочио.
35 ၃၅ ကြီးသောကျေးဇူးကို ပြုလျက်အပ်ပေးတော်မူ၍၊ သူတို့ပိုင်သော နိုင်ငံ၊ သနားတော်မူသောပြည်ကြီး၊ ပြည် ကောင်း၌နေရသော်လည်း၊ အမှုတော်ကိုမဆောင်မရွက်၊ မိမိတို့ပြုသော ဒုစရိုက်ကို မရှောင်ဘဲနေကြပါ၏။
Јер у царству свом и у великом добру Твом које си им чинио, и у земљи пространој и родној коју си им дао, не служише Теби нити се повратише од злих дела својих.
36 ၃၆ ဘိုးဘေးတို့သည် အလွန်မြတ်သော အသီးအနှံ ကို စားရသော အခွင့်နှင့်သူတို့အား ပေးသနားတော် မူသော ပြည်၌ အကျွန်ုပ်တို့သည် ယနေ့ အစေခံကျွန် ဖြစ်ကြပါ၏။ သူ့ကျွန်ခံရကြပါ၏။
Ево, ми смо данас робови; и још у земљи, коју си дао оцима нашим да једу род њен и добра њена, ево ми смо робови у њој.
37 ၃၇ အကျွန်ုပ်တို့အပြစ်ကြောင့်၊ အကျွန်ုပ်တို့အပေါ် မှာ ခန့်ထားတော်မူသော ရှင်ဘုရင်တို့သည် ဤပြည်၌ ကြွယ်ဝစွာဖြစ်သော အသီးအနှံကို သိမ်းစားမြဲရှိကြပါ၏။ အကျွန်ုပ်တို့၏ ကိုယ်နှင့် တိရစ္ဆာန်များကို သူတို့သည် ကိုယ်အလိုအလျောက် အစိုးပိုင်၍၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခံလျက်နေရပါသည်ဟု မြွက်ဆိုကြ၏။
И она род свој обилати рађа царевима које си поставио над нама за грехе наше, и који господаре над нашим телима и над стоком нашом по својој вољи, те смо у великој тескоби.
38 ၃၈ ထိုအကြောင်းအရာများကို ငါတို့သည် ဆင်ခြင် ပြီးမှ၊ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက်၊ ငါတို့ အကြီးအကဲ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့သည် တံဆိပ် ခတ်ကြ၏။
А ради свега тога чинимо тврд завет и пишемо, а кнезови наши, Левити наши, свештеници наши печате.