< နေဟမိ 8 >

1 သတ္တမလရောက်မှ၊ မြို့ရွာအရပ်ရပ်၌နေသော ဣသရေလ အမျိုးသားလူအပေါင်းတို့သည် လာ၍ ရေတံခါးလမ်းတွင် စည်းဝေးကြ၏။ ဣသရေလအမျိုး၌ ထာဝရဘုရားထားတော်မူသော မောရှေပညတ္တိကျမ်း စာကို ဆောင်ခဲ့ပါဟု ကျမ်းတတ်ဆရာ ဧဇရကို တောင်း သည်အတိုင်း၊
Кынд а венит луна а шаптя, копиий луй Исраел ерау ын четэциле лор. Атунч, тот попорул с-а стрынс ка ун сингур ом пе локул дескис динаинтя Порций Апелор. Ау зис кэртурарулуй Езра сэ се дукэ сэ я картя Леӂий луй Мойсе, датэ де Домнул луй Исраел.
2 နားထောင်နားလည်နိုင်သမျှသော ပရိသတ် ယောက်ျား မိန်းမတို့ ရှေ့သို့ သတ္တမလ ပဌမနေ့ရက်တွင်၊ ပညတ္တိကျမ်းစာကို ယဇ်ပုရောဟိတ် ဧဇရသည် ဆောင်ခဲ့ ၍၊
Ши преотул Езра а адус Леӂя ынаинтя адунэрий алкэтуите дин бэрбаць ши фемей ши дин тоць чей че ерау ын старе с-о ынцелягэ. Ера ынтыя зи а луний а шаптя.
3 နားလည်နိုင်သောသူ၊ ယောက်ျားမိန်းမတို့ ရှေ့မှာ နံနက်အချိန်မှ စ၍ မွန်းတည့်အချိန်တိုင်အောင် ရေတံခါးလမ်းတွင် ဘတ်ရွတ်လေ၏။ လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို စေ့စေ့နားထောင်ကြ၏။
Езра а читит ын карте де диминяцэ пынэ ла амязэ, пе локул дескис динаинтя Порций Апелор, ын фаца бэрбацилор ши фемеилор ши ын фаца челор че ерау ын старе с-о ынцелягэ. Тот попорул а фост ку луаре аминте ла читиря кэрций Леӂий.
4 သူတို့လုပ်ကြသော တရားဟောရာသစ်သား ပလ္လင်ပေါ်မှာ၊ ကျမ်းတတ်ဆရာဧဇရသည် ရပ်၍ မတ္တိသ၊ ရှေမ၊ အနာယ၊ ဥရိယ၊ ဟိလခိ၊ မာသေယတို့သည် လက်ျာဘက်၌၎င်း၊ ပေဒါယ၊ မိရှေလ၊ မာလခိ၊ ဟာရှုံ၊ ဟာရှဗဒါန၊ ဇာခရိ၊ မေရှုလံတို့သည် လက်ဝဲဘက်၌၎င်း ရပ်နေကြ၏။
Кэртурарул Езра стэтя пе ун скаун де лемн, ридикат ку прилежул ачеста. Лынгэ ел, ла дряпта, стэтяу: Матития, Шема, Аная, Урие, Хилкия ши Маасея, ши ла стынга: Педая, Мишаел, Малкия, Хашум, Хашбадана, Захария ши Мешулам.
5 ထိုသို့ ဧဇရသည် လူအပေါင်းတို့ထက်သာ၍ မြင့်လျက်၊ လူအပေါင်းတို့ရှေ့မှာ ကျမ်းစာကို ဖွင့်သောအခါ၊ ဠူအပေါင်းတို့သည် ထကြ၏။
Езра а дескис картя ынаинтя ынтрегулуй попор, кэч стэтя май сус декыт тот попорул. Ши, кынд а дескис-о, тот попорул с-а скулат.
6 ဧဇရသည် မြတ်စွာဘုရားသခင် ထာဝရဘုရား ကို ကောင်းကြီးပေး၏။ လူအပေါင်းတို့က အာမင်၊ အာမင်ဟု လက်တို့ကို ချီလျက်၊ ဝန်ခံ၍ ဦးချပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။
Езра а бинекувынтат пе Домнул Думнезеул чел маре, ши тот попорул а рэспунс ридикынд мыниле: „Амин! Амин!” Ши с-ау плекат ши с-ау ынкинат ынаинтя Домнулуй, ку фаца ла пэмынт.
7 ယောရှု၊ ဗာနိ၊ ရှေရဘိ၊ ယာမိန်၊ အက္ကုပ်၊ ရှဗ္ဗေသဲ၊ ဟောဒိယ၊ မာသေယ၊ ကေလိတ၊ အာဇရိ၊ ယောဇဗဒ်၊ ဟာနန်၊ ပေလာယအစ ရှိသော လေဝိသားတို့သည်လည်း လူများတို့အား ပညတ္တိကျမ်းစာအနက်ကို ပြန်ကြားကြ၏။ လူများတို့သည်လည်း မိမိတို့နေရာ၌ နေကြ၏။
Иосуа, Бани, Шеребия, Иамин, Акуб, Шабетай, Ходия, Маасея, Келита, Азария, Иозабад, Ханан, Пелая ши левиций лэмуряу попорулуй Леӂя ши фиекаре стэтя ла локул луй.
8 ထိုသို့ဘုရားသခင်၏ ပညတ္တိကျမ်းစာကို သေချာစွာ ဘတ်ရွတ်၍ အနက်ကိုပြန်သဖြင့်၊ လူများ နားလည်စေခြင်းငှါ ပြုကြ၏။
Ей читяу деслушит ын картя Леӂий луй Думнезеу ши-й арэтау ынцелесул, ка сэ-й факэ сэ ынцелягэ че читисерэ.
9 လူအပေါင်းတို့သည် ပညတ္တိကျမ်းစကားကို ကြားသောအခါ ငိုကြွေးကြသည်ဖြစ်၍၊ ပြည်အုပ်မင်း နေဟမိ၊ ကျမ်းတတ်ဆရာ ယဇ်ပုရောဟိတ် ဧဇရ၊ လူများ တို့အား သွန်သင်သော လေဝိသားတို့က၊ ဤသည်နေ့ရက် သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းသော နေ့ဖြစ်၏။ ငိုကြွေးမြည်တမ်းခြင်းကို မပြုကြနှင့်။
Дрегэторул Неемия, преотул ши кэртурарул Езра ши левиций каре ынвэцау пе попор ау зис ынтрегулуй попор: „Зиуа ачаста есте ынкинатэ Домнулуй Думнезеулуй востру; сэ ну вэ бочиць ши сэ ну плынӂець!” Кэч тот попорул плынӂя кынд а аузит кувинтеле Леӂий.
10 ၁၀ သွားကြလော့၊ မြိန်စွာသော အစာကိုစားကြ လော့။ ချိုသော အရည်ကိုသောက်ကြလော့။ ဆင်းရဲသော သူတို့အား ဝေမျှကြလော့။ ဤသည်နေ့ရက်သည် ငါတို့ ဘုရားရှင်အဘို့ သန့်ရှင်း၏။ ဝမ်းမနည်းကြနှင့်၊ ထာဝရ ဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက် ကြလော့ဟု လူအပေါင်းတို့အား ဆိုကြ၏။
Ей ле-ау зис: „Дучеци-вэ де мынкаць кэрнурь грасе ши бець бэутурь дулчь ши тримитець кыте о парте ши челор че н-ау нимик прегэтит, кэч зиуа ачаста есте ынкинатэ Домнулуй ностру; ну вэ мыхниць, кэч букурия Домнулуй ва фи тэрия воастрэ.”
11 ၁၁ ထိုသို့ လေဝိသားတို့က၊ ဤသည်နေ့ရက်သည် သန့်ရှင်းသော နေ့ဖြစ်သောကြောင့် တိတ်ဆိတ်စွာ နေကြ လော့။ ဝမ်းနည်းမနေကြနှင့်ဟု ဆို၍ လူအပေါင်းတို့ကို ငြိမ်းစေကြ၏။
Левиций потоляу пе тот попорул зикынд: „Тэчець, кэч зиуа ачаста есте сфынтэ; ну вэ мыхниць!”
12 ၁၂ လူအပေါင်းတို့သည် ဟောပြောသော စကား များကို နားလည်သောကြောင့်၊ စားသောက်ခြင်း၊ သူတပါး တို့အား ဝေမျှခြင်း၊ အလွန်ပျော်မွေ့ခြင်းကို ပြုအံ့သောငှါ သွားကြ၏။
Ши тот попорул с-а дус сэ мэнынче ши сэ бя. Ши ау тримис кыте о парте ши алтора ши с-ау веселит мулт. Кэч ынцелесесерэ кувинтеле каре ли се тылкуисерэ.
13 ၁၃ ဒုတိယနေ့ရက်တွင်၊ အဆွေအမျိုးသူကြီးများတို့ နှင့်တကွ ယဇ်ပုရောဟိတ် လေဝိသားတို့သည် ပညတ္တိ ကျမ်းစကားကို နားလည်အံ့သောငှါ၊ ကျမ်းတတ်ဆရာ ဧဇရထံ၌ စည်းဝေးကြ၏။
А доуа зи, капий де фамилие дин тот попорул, преоций ши левиций с-ау стрынс ла кэртурарул Езра ка сэ аудэ тылкуиря кувинтелор Леӂий.
14 ၁၄ သတ္တမလပွဲကိုခံကြစဉ်၊ ဣသရေအမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်ဟု မောရှေ အားဖြင့် ထာဝရဘုရားထားတော်မူသော ပညတ္တိ ကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
Ши ау гэсит скрис ын Леӂе кэ Домнул порунчисе прин Мойсе кэ фиий луй Исраел требуе сэ локуяскэ ын кортурь ын тимпул сэрбэторий луний а шаптя.
15 ၁၅ ထိုစကားကို ကြားသောအခါ၊ ကျမ်းစာ၌ ပါသည်အတိုင်း သစ်ခက်တဲတို့ကိုလုပ်ခြင်းငှါ တောင်သို့ သွားကြ။ သံလွင်ခက်၊ ထင်းရူးခက်၊ မုရတုခက်၊ စွန်ပလွံ ခက် အစရှိသော ထူထပ်သောအခက် အလက်မျိုးတို့ကို ဆောင်ခဲ့ကြဟု ယေရုရှလင်မြို့မှစ၍ ခပ်သိမ်းသော မြို့ရွာတို့၌ ကြော်ငြာကြ၏။
Атунч ау тримис сэ рэспындяскэ вестя ачаста ын тоате четэциле лор ши ла Иерусалим: „Дучеци-вэ ла мунте ши адучець рамурь де мэслин, рамурь де мэслин сэлбатик, рамурь де мирт, рамурь де финик ши рамурь де копачь стуфошь, ка сэ фачець кортурь, кум есте скрис.”
16 ၁၆ လူများတို့သည် ထွက်သွား၍၊ သစ်ခက်တို့ကို ဆောင်ခဲ့ပြီးလျှင် အိမ်မိုးပေါ်မှာ၎င်း၊ မိမိဝင်းထဲ၊ ဗိမာန် တော်တန်တိုင်းထဲမှာ၎င်း၊ ရေတံခါးလမ်းနှင့် ဧဖရိမ်တံခါး လမ်းမှာ၎င်း သစ်ခက်တဲများကို လုပ်ကြ၏။
Атунч, попорул с-а дус ши а адус рамурь ши ау фэкут кортурь пе акоперишул каселор лор, ын курциле лор, ын курциле Касей луй Думнезеу, пе локул дескис динаинтя Порций Апелор ши пе локул дескис де ла поарта луй Ефраим.
17 ၁၇ ထိုသို့သိမ်းသွားခြင်းကို ခံရရာထဲကထွက်လာ သော ပရိသတ်အပေါင်းတို့သည် သစ်ခက်တဲတို့ကို လုပ်၍ ထိုင်နေကြ၏။ နုန်သား ယောရှုလက်ထက်မှစ၍ ဣသ ရေလအမျိုးသားတို့သည် တခါမျှ ထိုသို့မပြုကြ။ အလွန် ဝမ်းမြောက်လျက်နေကြ၏။
Тоатэ адунаря челор че се ынторсесерэ дин робие а фэкут кортурь ши а локуит ын ачесте кортурь. Дин время луй Иосуа, фиул луй Нун, пынэ ын зиуа ачаста, ну май фэкусерэ копиий луй Исраел аша чева. Ши а фост фоарте маре веселие.
18 ၁၈ ပဌမနေ့မှစ၍ နောက်ဘုရားသခင်၏ ပညတ္တိ ကျမ်းစာကို ဘတ်ရွတ်ကြ၏။ ထိုပွဲကို ခုနစ်ရက်ပတ်လုံး ခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကိုလည်းခဲ့ကြ၏။
Ау читит ын картя Леӂий луй Думнезеу ын фиекаре зи, дин чя динтый зи пынэ ла чя дин урмэ. Ау прэзнуит сэрбэтоаря шапте зиле ши а фост о адунаре де сэрбэтоаре ын зиуа а опта, кум есте порунчит.

< နေဟမိ 8 >