< နေဟမိ 7 >
1 ၁ မြို့ရိုးကို လက်စသတ်သောအခါ၊ ငါသည် တံခါး တို့ကို ထူထောင်၍ တံခါးစောင့်၊ သီချင်းသည်၊ လေဝိသား တို့ကို ခန့်ထားပြီးမှ၊
Once the wall had been rebuilt and I had put up the doors, I appointed the gatekeepers, singers, and Levites.
2 ၂ သစ္စာရှိ၍ ဘုရားသခင်ကို အထူးသဖြင့် ရိုသေ သော ရဲတိုက်မှူးဟာနနိနှင့် ငါ့ညီဟာနန်တို့၌ ယေရု ရှလင်မြို့ကို အပ်လျက်၊
I put my brother Hanani in charge of Jerusalem, together with Hananiah the commander of the fortress, because he was an honest man who respected God more than many others.
3 ၃ နေမထွက်မှီ ယေရုရှလင်မြို့တံခါးတို့ကို မဖွင့်စေ နှင့်။ တံခါးစောင့်ရှိစဉ်၊ တံခါးတို့ကို ပိတ်၍ ကန့်လန့်ကျင် ထိုးစေ။ မြို့သူမြို့သားတို့သည် အသီးအသီး မိမိတို့အရပ် မိမိတို့အိမ်တဘက်တချက်၌ ကင်းစောင့်စေဟု စီရင်၏။
I told them, “Don't allow the gates of Jerusalem to be opened until the sun is hot, and make sure the guards shut and bolt the doors while they're still on duty. Appoint some of the residents of Jerusalem as guards, to be at their posts, standing in front of their own houses.”
4 ၄ အကြောင်းမူကား၊ မြို့သည် ကျယ်ဝန်းသော် လည်း နေသောသူနည်း၍ အိမ်များတို့ကို မတည် မဆောက်ကြသေး
In those times the city was large with plenty of space, but there weren't many people in it, and the houses hadn't been rebuilt.
5 ၅ ထိုအခါမှူးမတ်၊ မင်းအရာရှိ၊ ဆင်းရဲသားတို့ကို အဆွေအမျိုးအလိုက် စာရင်းယူခြင်းငှါ စုဝေးစေမည် အကြံကို ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို့ သွင်းပေးတော်မူ၏။
My God encouraged me to have everyone—the nobles, the officials, and the people—all come to be registered according to their family genealogy. I found the genealogical register of those who had returned first. This what I discovered written there.
6 ၆ တဖန်ငါတွေ့သောစာရင်းတည်းဟူသော၊
This is a list of the people of the province who returned from the captivity. These were the exiles who had been taken away to Babylon by King Nebuchadnezzar. They returned to Jerusalem and Judah, to their home towns.
7 ၇ ရှေ့ဦးစွာ ရောက်လာသောသူတို့၏ အဆွေ အမျိုးစာရင်းချက်ဟူမူကား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော လူစုထဲက ထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ အာဇရိ၊ ရာမိ၊ နာဟမာနိ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပေရက်၊ ဗိဂဝဲ၊ နေဟုံ၊ ဗာနာတို့နှင့်အတူ လိုက်လာ၍ ယေရုရှလင် မြို့အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာ သို့ရောက်သော နိုင်ငံတော်သား၊ ဣသရေလလူစာရင်း ဟူမူကား၊
They were led by Zerubbabel, Jeshua, Nehemiah, Azariah, Raamiah, Nahamani, Mordecai, Bilshan, Mispereth, Bigvai, Nehum, and Baanah. This is the number of men of the people of Israel:
8 ၈ ပါရုတ်အမျိုးသားနှစ်ထောင်တရာ ခုနစ်ဆယ် နှစ်ယောက်၊
The sons of Parosh, 2,172;
9 ၉ ရှေဖတိအမျိုးသားသုံးရာခုနစ်ဆယ်နှစ်ယောက်၊
the sons of Shephatiah, 372;
10 ၁၀ အာရာအမျိုးသား ခြောက်ရာငါးဆယ်နှစ် ယောက်၊
the sons of Arah, 652;
11 ၁၁ ပါဟတ်မောဘအမျိုး၊ ယောရှုနှင့် ယွာဘ အမျိုး သားနှစ်ထောင်ရှစ်ရာ တဆယ်ရှစ်ယောက်၊
the sons of Pahath-moab, (the sons of Jeshua and Joab), 2,818;
12 ၁၂ ဧလံအမျိုးသား တထောင်နှစ်ရာ ငါးဆယ်လေး ယောက်၊
the sons of Elam, 1,254;
13 ၁၃ ဇတ္တုအမျိုးသားရှစ်ရာလေးဆယ်ငါးယောက်၊
The sons of Zattu, 845;
14 ၁၄ ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
the sons of Zaccai, 760;
15 ၁၅ ဗိနွိအမျိုးသား ခြောက်ရာလေးဆယ်ရှစ် ယောက်၊
the sons of Binnui, 648;
16 ၁၆ ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက်၊
the sons of Bebai, 628;
17 ၁၇ အာဇဂဒ်အမျိုးသား တထောင်သုံးရာနှစ်ဆယ် နှစ်ယောက်၊
the sons of Azgad, 2,322;
18 ၁၈ အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခုနစ်ယောက်၊
the sons of Adonikam, 667;
19 ၁၉ ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခုနစ် ယောက်၊
the sons of Bigvai, 2,067.
20 ၂၀ အာဒိန်အမျိုးသား ခြောက်ရာငါးဆယ်ငါး ယောက်၊
The sons of Adin, 655.
21 ၂၁ ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ် ယောက်၊
The sons of Ater, (sons of Hezekiah), 98;
22 ၂၂ ဟာရှုံအမျိုးသား သုံးရာနှစ်ဆယ်ရှစ်ယောက်၊
the sons of Hashum, 328;
23 ၂၃ ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်လေးယောက်၊
the sons of Bezai, 324;
24 ၂၄ ဟာရိပ်အမျိုးသား တရာတဆယ်နှစ်ယောက်၊
the sons of Hariph, 112;
25 ၂၅ ဂိဗောင်အမျိုးသား ကိုးဆယ်ငါးယောက်၊
the sons of Gibeon, 95;
26 ၂၆ ဗက်လင်မြို့၊ နေတောဖမြို့သား တရာရှစ်ဆယ် ရှစ်ယောက်၊
the people from Bethlehem and Netophah, 188;
27 ၂၇ အာနသုတ်မြို့သား တရာနှစ်ဆယ်ရှစ်ယောက်၊
the people from Anathoth, 128;
28 ၂၈ ဗေသာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
the people from Beth-azmaveth 42;
29 ၂၉ ကိရယတ်ယာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
the people from Kiriath-jearim, Chephirah, and Beeroth, 743;
30 ၃၀ ရာမမြို့၊ ဂါဗမြို့သား ခြောက်ရာနှစ်ဆယ် တယောက်၊
the people from Ramah and Geba, 621;
31 ၃၁ မိတ်မတ်မြို့သား တရာနှစ်ဆယ်နှစ်ယောက်၊
the people from Michmas, 122;
32 ၃၂ ဗေသလမြို့၊ အာဣမြို့သားတရာနှစ်ဆယ်သုံး ယောက်၊
the people from Bethel and Ai, 123;
33 ၃၃ အခြားသော နေဗောမြို့သား ငါးဆယ်နှစ် ယောက်၊
the people from the other Nebo, 52;
34 ၃၄ အခြားသော ဧလံမြို့သား တထောင်နှစ်ရာ ငါးဆယ် လေးယောက်၊
the sons of the other Elam, 1,254;
35 ၃၅ ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
the sons of Harim, 320;
36 ၃၆ ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
the sons of Jericho, 345;
37 ၃၇ လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာ နှစ်ဆယ်တယောက်၊
the sons of Lod, Hadid and Ono, 721;
38 ၃၈ သောနာမြို့သား သုံးထောင်ကိုးရာ သုံးဆယ် တည်း။
the sons of Senaah, 3,930.
39 ၃၉ ယဇ်ပုရောဟိတ်စာရင်းဟူမူကား၊ ယောရှုအမျိုး ထဲက ယေဒါယအမျိုးသားကိုးရာ ခုနစ်ဆယ်သုံးယောက်၊
This is the number of the priests: the sons of Jedaiah (through the family of Jeshua), 973;
40 ၄၀ ဣမေရအမျိုးသား တထောင်ငါးဆယ်နှစ် ယောက်၊
the sons of Immer, 1,052;
41 ၄၁ ပါရှုရအမျိုးသား တထောင်နှစ်ရာ လေးဆယ် ခုနစ်ယောက်၊
the sons of Pashhur, 1,247;
42 ၄၂ ဟာရိမ်အမျိုးသားတထောင် တဆယ်ခုနစ် ယောက်တည်း။
the sons of Harim, 1,017.
43 ၄၃ လေဝိသားစာရင်းဟူမူကား၊ ဟောဒေဝအမျိုးထဲ က ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသားခုနစ်ဆယ် လေးယောက်၊
This is the number of the Levites: the sons of Jeshua through Kadmiel (sons of Hodaviah), 74;
44 ၄၄ သီချင်းသည်၊ အာသပ်အမျိုးသား တရားလေး ဆယ်ရှစ်ယောက်၊
the singers of the sons of Asaph, 148;
45 ၄၅ တံခါးစောင့် ရှလ္လုံအမျိုးသား၊ အာတာအမျိုး သား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတ အမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တရာသုံးဆယ်ရှစ် ယောက်တည်း။
the gatekeepers of the families of Shallum, Ater, Talmon, Akkub, Hatita, and Shobai, 138.
46 ၄၆ ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုး သား၊ တဗ္ဗောက်အမျိုးသား၊
The descendants of these Temple servants: Ziha, Hasupha, Tabbaoth,
47 ၄၇ ကေရုတ်အမျိုးသား၊ သယအမျိုးသား၊ ပါဒုန် အမျိုးသား၊
Keros, Sia, Padon,
48 ၄၈ လေဗနအမျိုးသား၊ ဟာဂဗအမျိုးသား၊ ရှာလမဲ အမျိုးသား၊
Lebanah, Hagabah, Shalmai,
49 ၄၉ ဟာနန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊ ဂါဟာ အမျိုးသား၊
Hanan, Giddel, Gahar,
50 ၅၀ ရာယအမျိုးသား၊ ရေဇိန်အမျိုးသား၊ နေကောဒ အမျိုးသား၊
Reaiah, Rezin, Nekoda,
51 ၅၁ ဂဇ္ဇမ်အမျိုးသား၊ ဩဇအမျိုးသား၊ ပါသာ အမျိုးသား၊
Gazzam, Uzza, Paseah,
52 ၅၂ ဗေသဲအမျိုးသား၊ မုနိမ်အမျိုးသား၊ နေဖိရှေသိမ် အမျိုးသား၊
Besai, Meunim, Nephusim,
53 ၅၃ ဗာကဗုတ်အမျိုးသား၊ ဟာကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
Bakbuk, Hakupha, Harhur,
54 ၅၄ ဗာဇလိတ်အမျိုးသား၊ မေဟိဒအမျိုးသား၊ ဟာရရှအမျိုးသား၊
Bazluth, Mehida, Harsha,
55 ၅၅ ဗာရကုတ်အမျိုးသား၊ သိသရအမျိုးသား၊ တာမ အမျိုးသား၊
Barkos, Sisera, Temah,
56 ၅၆ နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
Neziah, and Hatipha.
57 ၅၇ ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရိဒအမျိုးသား
The descendants of King Solomon's servants: Sotai, Sophereth, Perida,
58 ၅၈ ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလ အမျိုးသား၊
Jaala, Darkon, Giddel,
59 ၅၉ ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခ ရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမုန်အမျိုးသား တည်း။
Shephatiah, Hattil, Pokereth-Hazzebaim and Amon.
60 ၆၀ ဘုရားကျွန်နှင့် ရှောလမုန်၏ ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
The total of the Temple servants and the descendants of Solomon's servants was 392.
61 ၆၁ ထိုမှတပါး၊ ဣသရေလအမျိုးမှန်သည် မမှန် သည်ကို၎င်း၊ မိမိတို့အဆွေအမျိုးကို၎င်း မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒုန်မြို့၊ ဣမေရမြို့မှ ထွက်သွားသော သူဟူမူကား၊
Those who came from the towns of Tel-melah, Tel-harsha, Kerub, Addan, and Immer could not prove their family genealogy, or even that they were descendants of Israel.
62 ၆၂ ဒေလာယအမျိုးသား၊ ပေါင်းခြောက်ရာ လေးဆယ်နှစ်ယောက်တည်း။
They included the families of Delaiah, Tobiah, and Nekoda, 642 in total.
63 ၆၃ ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယ အမျိုး သား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား၊ ဗာဇိလဲ သမီးတယောက်နှင့် စုံဘက်၍ ယောက္ခမအမည်ကို ရသော ဗာဇိလဲအမျိုးသားတို့သည်၊
In addition there three priestly families, sons of Hobaiah, Hakkoz, and Barzillai. (Barzillai had married a woman descended from Barzillai of Gilead, and he was called by that name.)
64 ၆၄ စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကိုရှာ၍ မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာ ကို မခံရကြ။
They searched for a record of them in the genealogies, but their names weren't found, so they were barred from serving as priests.
65 ၆၅ ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ်မပေါ်မှီ တိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
The governor instructed them not to eat anything from the sanctuary sacrifices until a priest could ask the Lord about the issue by using the Urim and Thummim.
66 ၆၆ ပရိသတ်ပေါင်းကား၊ လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
The total of number of people returning was 42,360.
67 ၆၇ ထိုမှတပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာသုံးဆယ်ခုနစ်ယောက်၊ သီချင်းသည် ယောက်ျား မိန်းမပေါင်းနှစ်ရာ လေးဆယ်ငါးယောက်၊
In addition there were 7,337 servants and 245 male and female singers.
68 ၆၈ မြင်းပေါင်းခုနစ်ရာသုံးဆယ်ခြောက်စီး၊ လား ပေါင်းနှစ်ရာ လေးဆယ်ငါးစီး၊
They had 736 horses, 245 mules,
69 ၆၉ ကုလားအုပ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်း ပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
435 camels, and 6,720 donkeys.
70 ၇၀ အဆွေအမျိုးသူကြီးအချို့တို့သည် အမှုတော်ကို ဆောင်ရွက်စရာ လှူကြ၏။ ပြည်အုပ်မင်းသည်လည်း ရွှေဒင်္ဂါးတထောင်၊ အင်တုံငါးဆယ်၊ ယဇ်ပုရောဟိတ် အဝတ်စုံ ငါးရာသုံးဆယ်ကို ဘဏ္ဍာတော်ထဲသို့ သွင်းလေ ၏။
Some of the family leaders made voluntary contributions toward the work. The governor presented to the treasury 1,000 gold darics, 50 bowls and 530 sets of clothes for the priests.
71 ၇၁ အဆွေအမျိုးသူကြီးသွင်းသော ရွှေငွေပေါင်းကား၊ ရွှေဒင်္ဂါးနှစ်သောင်း၊ ငွေအခွက်နှစ်သောင်းနှစ်ထောင် တည်း။
Some of the family leaders donated to the treasury for the work 20,000 darics of gold and 2,200 minas of silver.
72 ၇၂ ကြွင်းသော သူတို့သည်လည်း ရွှေဒင်္ဂါးနှစ် သောင်း၊ ငွေအခွက်နှစ်သောင်း၊ ယဇ်ပုရောဟိတ် အဝတ်စုံခြောက်ဆယ်ခုနစ်စုံကို သွင်းကြ၏။
The rest of the people donated 20,000 gold darics, 2,000 minas of silver, and 67 sets of clothes for the priests.
73 ၇၃ ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ သာမညလူအချို့၊ ဘုရားကျွန်အစရှိသော ဣသရေလပြည်သူပြည်သားအပေါင်းတို့သည်၊ မိမိတို့ နေရာ မြို့ရွာတို့၌ နေရာကျကြ၏။
The priests, Levites, gatekeepers, singers, and Temple servants, as well as some of the people and the rest of the Israelites, went back to live in their specific towns. By the seventh month the Israelites were living in their towns,