< နေဟမိ 6 >
1 ၁ ထိုအခါ မြို့တံခါးတို့ကို မထူထောင်သေးသော် လည်း၊ မြို့ရိုးတည်၍ လုံကြောင်းကို သမ္ဘာလတ်၊ တောဘိ၊ အာရပ်လူ ဂေရှင်မှစ၍ ကြွင်းသော ရန်သူတို့သည် သိတင်းကြားသောအခါ၊
၁ငါတို့သည်မြို့တံခါးများကိုမတပ်ဆင် ရကြသေးသော်လည်း မြို့ရိုးကိုတည်ဆောက် ပြီးကြောင်းကိုလည်းကောင်း၊ မြို့ရိုးတွင်ပေါက် ပျက်နေသည့်နေရာများလည်းမရှိတော့ ကြောင်းကိုလည်းကောင်းသမ္ဘာလတ်၊ တောဘိ၊ ဂေရှင်နှင့်အခြားရန်သူများကြားသိ ကြ၏။-
2 ၂ သမ္ဘာလတ်နှင့် ဂေရှင်တို့က လာပါ။ ဩနောချိုင့် တွင် ခေဖိရိမ် ရွာမှာတွေ့ကြကုန်အံ့ဟု မကောင်းသော အကြံရှိ၍ ငါ့ကို မှာလိုက်ကြ၏။
၂သို့ဖြစ်၍သမ္ဘာလတ်နှင့်ဂေရှင်တို့သည်သြ နောလွင်ပြင်ရှိရွာတစ်ရွာတွင် သူတို့နှင့်လာ ရောက်တွေ့ဆုံရန်ငါ့အားမှာကြားကြ၏။ ဤသို့မှာကြားခြင်းမှာငါ့ကိုအန္တရာယ် ပြုရန်လှည့်စားမှုသာဖြစ်ပေသည်။-
3 ၃ ငါကလည်း၊ ငါသည်ကြီးသောအမှုကို ဆောင် ရွက်ရသောကြောင့် မဆင်းမလာနိုင်။ ထိုအမှုကို မဆောင် ရွက်ဘဲ သင်တို့ရှိရာသို့ ဆင်းသွား၍၊ အဘယ်ကြောင့် အမှုပြတ်ရမည်နည်းဟု တမန်တို့ကို စေလွှတ်၍ ပြန်ပြော ၏။
၃ငါသည်သူတို့ထံသို့လူစေလွှတ်၍``ငါသည် ဤအရပ်တွင်အရေးကြီးသည့်အလုပ်ကို လုပ်ဆောင်လျက်နေရသဖြင့် ထိုအရပ်သို့ မလာနိုင်။ သင်တို့နှင့်လာရောက်တွေ့ဆုံရန် ကိစ္စတစ်ခုတည်းအတွက်ဤအလုပ်ကိုရပ် ဆိုင်း၍မထားနိုင်ပါ'' ဟုပြန်ကြားပေး လိုက်၏။
4 ၄ ထိုသို့လေးကြိမ်တိုင်အောင် မှာလိုက်၍၊ ငါသည် လည်း ယခင်ကဲ့သို့ ပြန်ပြော၏။
၄သူတို့သည်လေးကြိမ်တိုင်တိုင်မှာကြားသ ဖြင့် ငါသည်ထိုသို့ပင်လေးကြိမ်တိုင်တိုင် ပြန်ကြားလိုက်၏။
5 ၅ နောက်ပဥ္စမအကြိမ်၌ သမ္ဘာလတ်သည် ယခင် ကဲ့သို့ မိမိကျွန်ကို စေလွှတ်၍၊ ကျွန်တွင် တံဆိပ်မခတ် သောစာပါ၏။
၅ထိုနောက်ငါးကြိမ်မြောက်သမ္ဘာလတ်စေ လွှတ်သောအစေခံ၌ချိပ်မနှိပ်သောစာ ပါရှိ၏။-
6 ၆ စာချက်ဟူမူကား၊ သင်နှင့်ယုဒလူတို့သည် ပုန်ကန်မည်အကြံရှိသည်ဟု လူအမျိုးမျိုး ပြောဆိုကြ၏။ ဂေရှင်လည်း သက်သေခံ၏။ ထိုစကားနှင့်အညီ သင် သည် ယုဒရှင်ဘုရင်ဖြစ်လိုသောငှါ၊ မြို့ရိုးကို တည်၏။
၆ထိုစာတွင် ``သင်နှင့်ယုဒအမျိုးသားတို့သည်ပုန်ကန် ရန်အကြံနှင့်မြို့ရိုးကိုတည်ဆောက်လျက်နေ ကြောင်းနီးနားဝန်းကျင်ရှိလူမျိုးတို့ပြော ဆိုနေကြသည်ဟူသောသတင်းကိုဂေရှင် ထံမှငါကြားသိရပါသည်။ သင်သည်မင်း လုပ်လိုသဖြင့်၊-
7 ၇ ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကို ရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အားကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။
၇ယေရုရှလင်မြို့တွင်မိမိအားယုဒဘုရင် အဖြစ်ကြေညာရန် ပရောဖက်အချို့နှင့်စီစဉ် ထားကြောင်းကိုလည်းငါ့အားဂေရှင်ပြောပြ ပါသည်။ ဘုရင်မင်းမြတ်သည်ဤသတင်းကို ဧကန်မုချကြားသိတော်မူလိမ့်မည်။ ထို ကြောင့်ငါနှင့်တိုင်ပင်ရန်လာပါလော့'' ဟု ဖော်ပြပါရှိ၏။
8 ၈ ငါကလည်း၊ သင်ပြောသောစကားတခွန်းမျှ မမှန်၊ ကိုယ်စိတ်ထဲ မှာ အချည်းနှီးထင်တတ်သည်ချည်းဟု စေလွှတ်၍ ပြန်ပြော၏။
၈ငါကလည်း``သင်ပြောသမျှတို့သည်မဟုတ် မမှန်။ သင်ကိုယ်တိုင်လုပ်ကြံပြောဆိုခြင်း သာဖြစ်၏'' ဟုပြန်ကြားလိုက်၏။
9 ၉ အကြောင်းမူကား၊ သူတို့က ထိုအလုပ်ကို လက်စမသတ်နိုင်အောင် သူတို့သည် အားလျော့ကြ လိမ့်မည်ဟု ဆိုလျက်ငါတို့ကို ခြိမ်းချောက်ကြ၏။ သို့ရာ တွင် ထိုစကားကြောင့် ငါသာ၍အားရှိ၏။
၉မြို့ရိုးတည်ဆောက်မှုရပ်ဆိုင်းသွားစေရန်သူ တို့အားလုံးသည်ငါတို့အားခြိမ်းခြောက် လျက်နေကြ၏။ သို့ရာတွင်``အို ဘုရားသခင်၊ ယခုအကျွန်ုပ်အားခွန်အားကြီးမားစေ တော်ပါ'' ဟုဆုတောင်း၏။
10 ၁၀ ထိုအခါ မဟေတဗေလသားဖြစ်သော ဒေလာ ယ၏သားရှေမာယသည်၊ ပုန်းရှောင်လျက်နေသော အိမ်သို့ ငါသွားလျှင်၊ သူကဘုရားသခင်၏ အိမ်တော် အတွင်းခန်းထဲမှာ ငါတို့သည် စုဝေး၍၊ ဗိမာန်တော် တံခါးတို့ကို ပိတ်ထားကြကုန်အံ့။ ကိုယ်တော်ကို သတ်အံ့ သောငှါ လာကြလိမ့်မည်။ ယနေ့ညဉ့်၌ပင် လာကြလိမ့် မည်ဟု ဆို၏။
၁၀ထိုအချိန်အတောအတွင်း၌မဟေတ ဗေလ၏မြေး၊ ဒေလာယ၏သားရှေမာယ သည်မိမိနေအိမ်မှမထွက်ခွာနိုင်သဖြင့် ငါသည်သူ့ထံသို့သွားရောက်ရာသူက``ငါ တို့သည်ဗိမာန်တော်သို့သွား၍သန့်ရှင်းရာ ဌာနတော်တွင်ပုန်းအောင်းကာတံခါးများ ကိုပိတ်ထားကြကုန်အံ့။ သူတို့သည်ကိုယ် တော်ကိုသတ်ရန်လာကြလိမ့်မည်။ အဘယ် ည၌မဆိုလာ၍ကိုယ်တော်ကိုသတ်ကြ လိမ့်မည်'' ဟုငါ့အားပြောကြား၏။
11 ၁၁ ငါကလည်း၊ ငါကဲ့သို့သောသူသည် ပြေးရ မည်လော။ ငါနှင့်တူသောသူသည် အသက်ချမ်းသာခြင်း ငှါ ဗိမာန်တော်ထဲသို့ ဝင်ရမည်လော။ ငါမဝင်ဟု ပြန်ပြော၏။
၁၁ထိုအခါငါက``ငါသည်ထွက်ပြေးတိမ်း ရှောင်တတ်သောသူမဟုတ်။ အသက်ချမ်းသာ ရရန်ဗိမာန်တော်ထဲတွင်ပုန်းအောင်းတတ် သူဟုသင်ထင်မှတ်ပါသလော။ ဗိမာန် တော်သို့ငါမသွား'' ဟုပြန်ပြောလိုက်၏။
12 ၁၂ ထိုသူကို ဘုရားသခင် စေလွှတ်တော်မမူ။ တောဘိနှင့် သမ္ဘာလတ် ငှါးသောကြောင့်၊ ထိုသို့ ငါ့တဘက်၌ ဟောပြောသည်ကို ငါရိပ်မိ၏။
၁၂ဤအမှုကိုငါစဉ်းစားဆင်ခြင်သောအခါ ယင်းသို့ရှေမာယငါ့အားသတိပေးသည် မှာ သူ့အားဘုရားသခင်မှာကြားထားတော် မူသောကြောင့်မဟုတ်။ တောဘိနှင့်သမ္ဘာလတ် တို့တံစိုးလက်ဆောင်ပေး၍ စေခိုင်းထားသော ကြောင့်ဖြစ်ကြောင်းရိပ်မိသည်။-
13 ၁၃ သူတို့သည်ငါ့ကို ကဲ့ရဲ့စရာအကြောင်းရှိစေ လျက်၊ ငါကြောက်၍ ထိုသို့ပြုသဖြင့်၊ ပြစ်မှားစေခြင်းငှါ ထိုသူကို ငှါးကြ၏။
၁၃ငါသည်အပြစ်ကူးလွန်ခြင်းအားဖြင့်အသ ရေပျက်၍ အရှက်ကွဲရလေအောင်သူတို့သည် ရှေမာယကိုငှားရမ်း၍ငါ့အားခြောက်လှန့် ခိုင်းကြ၏။
14 ၁၄ အို အကျွန်ုပ် ဘုရားသခင်၊ ထိုသို့ပြုတတ်သော တောဘိနှင့် သမ္ဘာလတ်ကို၎င်း၊ နောဒိအမည်ရှိသော ပရောဖက်မမှစ၍ အကျွန်ုပ်ကို ခြိမ်းချောက်သော ပရောဖက်တို့ကို၎င်း မှတ်တော်မူပါ။
၁၄``အို ဘုရားသခင်တောဘိနှင့်သမ္ဘာလတ်တို့ ပြုကြသည့်အမှုကိုသတိရတော်မူ၍ သူ တို့အားအပြစ်ဒဏ်ခတ်တော်မူပါ။ အကျွန်ုပ် ကိုခြောက်လှန့်ရန်ကြိုးစားသူ၊ အမျိုးသမီး ပရောဖက်နောဒိနှင့်အခြားပရောဖက်တို့ ကိုသတိရတော်မူပါ။
15 ၁၅ အရက် ငါးဆယ်နှစ်ရက်ကြာမှ ဧလုလလ နှစ်ဆယ်ငါးရက်နေ့တွင် မြို့ရိုးကို လက်စသတ်ကြ၏။
၁၅အလုပ်လုပ်ရက်ငါးဆယ့်နှစ်ရက်ရှိသောအခါ ဧလုလ၊ လနှစ်ဆယ့်ငါးရက်နေ့၌မြို့ရိုးကို လက်စသတ်ကြ၏။-
16 ၁၆ ထိုသိတင်းကို ရန်သူတို့သည်ကြား၍၊ ပတ်လည် ဝန်းကျင်၌နေသော တပါးအမျိုးသားအပေါင်းတို့သည် မြို့ရိုးကို မြင်သောအခါ၊ ရှက်ကြောက်ခြင်းသို့ ရောက်ကြ ၏။ အကြောင်းမူကား၊ ထိုအမှုသည် ငါတို့၏ ဘုရားသခင့် အခွင့်နှင့်ပြီးကြောင်းကို ရိပ်မိကြ၏။
၁၆ဤသတင်းကိုပတ်ဝန်းကျင်နိုင်ငံများရှိငါ တို့ရန်သူများကြားကြသောအခါ မိမိတို့ အသရေပျက်ရပြီဖြစ်ကြောင်းသိရှိကြ၏။ အဘယ်ကြောင့်ဆိုသော်ဤအလုပ်ပြီးစီး သွားသည်မှာ ဘုရားသခင်ကူမတော်မူသော ကြောင့်ဖြစ်သည်ကိုလူတိုင်းပင်ရိပ်မိသော ကြောင့်ဖြစ်၏။
17 ၁၇ ထိုကာလတွင်၊ ယုဒမှူးမတ်တို့သည် များစွာ သော မေတ္တာစာကို တောဘိထံသို့ ပေးလိုက်၍၊ တောဘိ ပြန်ပေးသော စာအများကိုလည်း ရကြ၏။
၁၇ဤကာလအတောအတွင်း၌ယုဒအမျိုး သားခေါင်းဆောင်များသည် တောဘိနှင့်စာ အားဖြင့်ဆက်သွယ်လျက်နေခဲ့ကြ၏။-
18 ၁၈ တောဘိသည် အာရာသားရှေကနိ၏ သမက် ဖြစ်သောကြောင့်၎င်း၊ သူ၏သား ယောဟနန်သည် ဗေရ ခိသား မေရှုလံသမီးနှင့် စုံဘက်သောကြောင့်၎င်း၊ ယုဒလူ အများတို့သည် တောဘိထံ၌ သစ္စာကိုခံကြပြီ။
၁၈သူသည်အာရာ၏သား၊ရှေကနိ၏သမက် ဖြစ်သဖြင့် ယုဒအမျိုးသားအမြောက် အမြားပင်သူ၏ဘက်သို့ပါကြ၏။ ထို့ ပြင်သူ၏သားယောဟနန်သည်ဗေရခိ ၏သား၊ မေရှုလံ၏သမီးနှင့်အိမ်ထောင် ကျ၏။-
19 ၁၉ သူတို့သည် တောဘိပြုသောအမှုကောင်းတို့ကို ငါ့အား ပြန်ပြောကြ၏။ ငါ့စကားကိုလည်း သူ့အား ပြန်ပြောကြ၏။ သူသည်လည်း ငါကြောက်စေခြင်းငှါ စာပေးလိုက်လေ၏။
၁၉လူတို့သည်တောဘိကောင်းကြောင်းကိုငါ့ အားပြောဆိုတတ်ကြ၏။ ငါ့စကားကိုလည်း သူ့အားပြန်ပြောတတ်ကြ၏။ တောဘိသည် ငါ့ကိုခြောက်လှန့်ရန်စာများကိုဆက်လက် ပေးပို့လျက်နေ၏။