< နေဟမိ 4 >

1 ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊
Kwathi uSanibhalathi esizwa ukuthi sasiwuvusa umduli, wazonda waze wagcwalelana. Wabahleka ulunya amaJuda,
2 အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
wasesithi phambi kwabakhula bakhe lebutho laseSamariya, “OkungamaJuda lokhu kuthi kwenzani kambe? Kungawuvusa umduli wakho na? Kuzayenza imihlatshelo na? Kuzawuqeda ngalanga linye? Kungakubuyisa na ukuphila ematsheni lawana azinqwaba zengcekeza etshe kanjeyana?”
3 သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
UThobhiya umʼAmoni, owayeseceleni kwakhe wathi, “Lokhu abakwakhayo, loba nje ikhanka lingakhwela phezu kwakho, lingawudiliza umduli wabo wamatshe!”
4 အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
Sizwe, Oh Nkulunkulu wethu, ngoba siyeyiswa. Phindisela kubo emakhanda izithuko zabo. Banikele babe yimpango elizweni lobugqili.
5 သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။
Ungaligubuzeli icala labo kumbe wesule izono zabo emehlweni akho, ngoba bebehlambaza abakhi.
6 သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
Ngakho sawakha umduli wonke waze waphakama okufika ingxenye yobude bawo, ngoba abantu basebenza ngenhliziyo yabo yonke.
7 ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
Kodwa kwathi ukuba uSanibhalathi, loThobhiya, lama-Arabhu, lama-Amoni lamadoda ase-Ashidodi besizwa ukuthi ukuvuselelwa kwemiduli yaseJerusalema kwasekuqhubekile njalo lezikhala zazivalwa bazonda kakhulu.
8 ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
Baceba ukuba beze bazohlasela iJerusalema bavuse uthuli kulo.
9 သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။
Kodwa sakhuleka kuNkulunkulu wethu sabeka abalindi emini lebusuku ukuthi balindele lokhukuhlaselwa.
10 ၁၀ ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ၏။
Kusenjalo, abantu bakoJuda bathi, “Amandla abasebenzi asededa, ikanti izibi zisezinengi okokuthi siyehluleka ukuqhubeka ngokwakha umduli.”
11 ၁၁ ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
Izitha zethu lazo zathi, “Besalibele nje futhi bengakasiboni, bazaqabuka sesiphakathi kwabo sesibabulala siwuphethe lumsebenzi.”
12 ၁၂ သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။
Kwasekusithi amaJuda ababehlala eduze labo beza bazasitshela baphindaphinda besithi, “Lingaze liqonde ngaphi bazalihlasela kuphela.”
13 ၁၃ ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်း လင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
Ngasengimisa abanye abantu ngezimuli zabo ezindaweni lapho umduli owawuphansi khona, ezazingeneka lula, behlomile ngezinkemba, lemikhonto langemitshoko.
14 ၁၄ ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
Ngemva kokuba sengiwuhlolisisile wonke umumo, ngasukuma ngathi ezikhulwini, lezinduna lakubantu bonke jikelele, “Lingabesabi. Khumbulani uThixo, omkhulu owesabekayo, lilwele abafowenu, amadodana lamadodakazi enu, abafazi benu lemizi yenu.”
15 ၁၅ ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
Kwathi izitha zethu sezizwile ukuthi sasesilazi icebo lazo lokuthi uNkulunkulu wayeselifubisile, sonke sabuyela kuwo umduli, ngulowo kowakhe umsebenzi.
16 ၁၆ နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
Kusukela ngalelolanga, ingxenye yamadoda engangilawo yenza umsebenzi, enye ingxenye yahloma ngemikhonto, lamahawu, lemitshoko lamabhatshi ensimbi. Izinduna zazimisa ngemva kwabo bonke abantu bakoJuda
17 ၁၇ မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။
ababesakha umduli. Labo ababethwala izinto zokwakha babesenza umsebenzi ngesandla esisodwa ngesinye umuntu ephethe isikhali,
18 ၁၈ တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
njalo ngulowo lalowo umakhi wayehlome inkemba ilengiswe eceleni kwakhe nxa esebenza. Kodwa indoda yokutshaya icilongo yahlala ikimi.
19 ၁၉ ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။
Ngasengisithi ezikhulwini, lezinduna lakubantu bonke jikelele, “Umsebenzi ubanzi usabalele, njalo sehlukene kakhulu omunye komunye kulandela umduli.
20 ၂၀ သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
Lingezwa ingabe kungaphi okukhala khona icilongo, phuthumani khona lize kithi. UNkulunkulu wethu uzasilwela!”
21 ၂၁ ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
Yikho sawuqhuba umsebenzi ingxenye yamadoda ihlomile ngemikhonto, kusukela emathathakusa kuze kuphume izinkanyezi.
22 ၂၂ ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။
Ngasonaleso isikhathi ngabuye ngathi ebantwini, “Akuthi yonke indoda kanye lomsizi wayo balale ngaphakathi kweJerusalema ebusuku, ukuze babengabalindi bethu ebusuku, babe ngabasebenzi emini.”
23 ၂၃ ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။
Mina labafowethu, lamadoda ayelami, labalindi ababelami kasizange sihlubule izigqoko zethu; ngulowo waphatha isikhali sakhe loba engena emanzini.

< နေဟမိ 4 >