< နေဟမိ 4 >
1 ၁ ထိုသို့ငါတို့သည် မြို့ရိုးတည်ကြောင်းကို၊ သမ္ဘာ လတ်သည် သိတင်းကြားသောအခါ၊ အလွန်ဒေါသ အမျက်ထွက်၍၊ ယုဒလူတို့ကို ပြက်ယယ်ပြုလျက်၊
А Санавалат, когато чу, че ние сме градили стената, разгневи се, много възнегодува, и присмя се на юдеите.
2 ၂ အားမရှိသော ထိုယုဒလူတို့သည် အဘယ်သို့ ပြုကြမည်နည်း။ ကိုယ်ကို ခိုင်ခံ့စေမည်လော။ ယဇ်ပူဇော် မည်လော။ တနေ့ခြင်းတွင် လက်စသတ်မည်လော။ ကျွမ်းလောင်သော ကျောက်တို့ကို အမှိုက်ပုံများထဲက ထုတ်၍ ပြုပြင်မည်လောဟု မိမိအမျိုးသားချင်း၊ ရှမာရိ တပ်သားရှေ့မှာ ပြောဆို၏။
И говори пред братята си и пред самарийската войска, казвайки: Що правят тия окаяни юдеи? ще се закрепят ли? ще жертвуват ли? ще свършат ли в един ден? ще съживят ли камъните от купищата пръст, като са изгорели?
3 ၃ သူ့အနားမှာရှိသော အမ္မုန်အမျိုးသား တောဘိ ကလည်း၊ သူတို့တည်သော ကျောက်ရိုးကို တောခွေး ထိခိုက်လျှင် ပြိုလဲလိမ့်မည်ဟု ပြန်ပြော၏။
А амонецът Товия, който бе при него, рече: Даже това що градят, лисица ако се покачи по него, ще събори каменната им стена.
4 ၄ အို အကျွန်ုပ်တို့ ဘုရားသခင်၊ နားထောင် တော်မူပါ။ အကျွန်ုပ်တို့သည် မထီမဲ့မြင်ပြုခြင်းကို ခံရပါ ၏။ သူတို့ကဲ့ရဲ့သောစကားသည်၊ သူတို့ ခေါင်းပေါ်သို့ ပြန်ရောက်ပါစေသော။ သိမ်းသွားခြင်းကိုခံရာ ပြည်၌ လုယက်ခြင်းကို ခံရကြပါစေသော။
Чуй, Боже наш, защото сме презрени, обърни укора им върху собствените им глави, и предай ги на разграбване в земя гдето ще са пленници.
5 ၅ သူတို့ပြုသော ဒုစရိုက်ကို ဖုံးအုပ်တော်မမူပါနှင့်။ ရှေ့တော်၌ သူတို့အပြစ်မပြေပါစေနှင့်။ မြို့ရိုးကို တည် သော သူတို့၏စိတ်ကို နာစေခြင်းငှါ၊ ပြောတတ်ကြပါသည် တကား။
Не покривай беззаконието им, и грехът им да се не изличи пред Тебе; защото Те разгневиха пред градящите.
6 ၆ သို့ရာတွင် ငါတို့သည် မြို့ရိုးကိုတည်ကြ၏။ တည်လုပ်သော သူတို့သည် စေတနာ ကြီးသောကြောင့်၊ မြို့ပတ်လည် မြို့ရိုးအမြင့် တဝက်တိုင်အောင် ပြီးလေ၏။
Така съградихме стената; и стената се свърза цяла до половината от височината си; защото людете имаха присърце работата.
7 ၇ ယေရုရှလင်မြို့ရိုးမြင့်၍ ပြိုပျက်ရာတို့ကို ပြင်စ ပြုကြသည်ဟု သမ္ဘာလတ်နှင့် တောဘိအစရှိသော အာရပ်လူ၊ အမ္မုန်လူ၊ အာဇုတ်လူတို့သည် ကြားသော အခါ၊ အလွန်ဒေါသစိတ်ရှိသဖြင့်၊
Но когато Санавалат, Товия, арабите, амонците и азотците чуха, че поправянето на ерусалимските стени напредвало, и че проломите почнали да се затварят, разгневиха се много;
8 ၈ ယေရုရှလင်မြို့ကို စစ်ချီ၍ တိုက်မည်။ ထိုအမှုကို ဖျက်မည်ဟု တညီတညွတ်တည်း တိုင်ပင်ကြ၏။
и всичките заедно се сговориха да дойдат и да воюват против Ерусалим и да му напакостят.
9 ၉ သို့ရာတွင် ငါတို့သည် ငါတို့၏ ဘုရားသခင်ကို ဆုတောင်း၍၊ ရန်သူကြောင့် နေ့ညဉ့်မပြတ် ကင်းစောင့် ထားကြ၏။
А ние се помолихме на своя Бог, и поставихме стражи да пазят против тях денем и нощем, понеже се бояхме от тях.
10 ၁၀ ယုဒလူ အချို့ကလည်း၊ ဝန်ထမ်းသော သူတို့ သည် အားကုန်ကြပြီ။ အမှိုက်များလှ၏။ မြို့ရိုးပြီးစီး အောင် မတတ်နိုင်ကြဟု ဆိုကြ၏။
Но Юда рече: Силата на бременосците вече ослабна, а пръстта е много; ние не можем да градим стената.
11 ၁၁ ရန်သူတို့ကလည်း၊ သူတို့သည် အမှတ်တမဲ့၊ သတိမရှိဘဲနေစဉ်တွင်၊ ငါတို့သည် သူတို့အထဲသို့ဝင်၍ လုပ်ကြံသဖြင့်၊ ထိုအလုပ်ကို ဖျက်မည်ဟု ဆိုကြ၏။
А неприятелите ни рекоха: Няма да усетят, нито да видят докле дойдем всред тях, та ги избием и спрем работата.
12 ၁၂ သူတို့အနားမှာနေသော ယုဒလူတို့သည်လည်း၊ လာ၍ ရန်သူတို့သည် နေရာအရပ်ရပ်တို့က၊ သင်တို့ကို တိုက်လာကြလိမ့်မည်ဟု ငါတို့အား အထပ်ထပ် ဆိုကြ၏။
И като дойдоха юдеите, които живееха при тях, рекоха ни десет пъти: Към която страна и да се обърнете, от там ще дойдат върху нас.
13 ၁၃ ထိုကြောင့် မြို့ရိုးနောက်၊ နိမ့်သောအရပ်၊ ရှင်း လင်းသော အရပ်တို့၌ ထား၊ လှံ၊ လေးလက်နက်ပါသော လူများကို အဆွေအမျိုးအလိုက် ငါခန့်ထား၏။
Затова поставих зад по-ниските места в стената, зад по-изложените места - поставих людете по семействата им с мечовете им, с копията им и с лъковете им.
14 ၁၄ ထိုအမှုအလုံးစုံတို့ကို ကြည့်ရှု စီရင်ပြီးမှ မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အားခေါ်၍၊ ရန်သူတို့ကို မကြောက်ကြနှင့်။ ကြီးမြတ်၍ ကြောက်မက်ဘွယ် ဖြစ် တော်မူသော ထာဝရဘုရားကို အောက်မေ့ကြလော့။ ညီအစ်ကို သားမယားအိမ်ရာအဘို့ တိုက်ကြလော့ဟု ဆို၏။
И като разгледах, станах та рекох на благородните, на по-първите човеци и на другите люде: Не се бойте от тях; помнете великия и страшния Господ, и бийте се за братята си, за синовете си и дъщерите си, за жените си и за домовете си.
15 ၁၅ ထိုသို့ငါတို့သည် သတိရ၍၊ ရန်သူအကြံကို ဘုရားသခင် ဖျက်ဆီးတော်မူကြောင်းကို သူတို့ကြားသိ သောအခါ၊ ငါတို့ရှိသမျှသည် အသီးအသီး လုပ်ရာအရပ် မြို့ရိုးသို့ပြန်လုပ်ကြ၏။
А когато неприятелите ни чуха, че намерението им било известно нам, и че Бог осуетил проекта им, ние всинца се върнахме на стената, всеки на работата си.
16 ၁၆ နောက်မှ ငါ့ကျွန်တဝက်သည် အလုပ်လုပ်ကြ ၏။ တဝက်သည် လှံ၊ ဒိုင်း၊ လေး၊ သံချပ်တို့ကို ကိုင်ကြ၏။ မင်းတို့သည် ယုဒအမျိုးသားများနောက်မှာ နေကြ၏။
И от това време нататък, половината от слугуващите ми бяха на работата, а половината от тях държаха копията, щитчетата, лъковете и броните; и началниците насърчаваха целия Юдов дом.
17 ၁၇ မြို့ရိုးတည်သောသူ၊ ဝန်ထမ်းသောသူ၊ ဝန်ကို တင်သောသူအပေါင်းတို့သည် လက်တဘက်နှင့် လုပ်ကြ ၏။ လက်တဘက်နှင့် လက်နက်ကိုကိုင်ကြ၏။
Всеки един от ония, които градяха стената, и които носеха товарите, и които товареха, работеше работата си с едната си ръка, а с другата държеше оръжието;
18 ၁၈ တည်လုပ်သော သူအပေါင်းတို့သည်၊ ခါး၌ ထား ဆွဲလျက် တည်လုပ်ကြ၏။ တံပိုးမှုတ်သောသူသည် ငါ့အနားမှာ ရပ်နေ၏။
и всеки от зидарите имаше меча си опасан на кръста си и така градеше. А тоя, който свиреше с тръбата беше до мене.
19 ၁၉ ငါကလည်း၊ အလုပ်သည် ကြီးကျယ်လှ၏။ မြို့ရိုးပေါ်မှာ တယောက်တခြားစီ သူနှင့်ငါဝေးဝေး လုပ်ရ ၏။
И рекох на благородните, на по-първите човеци и на другите люде: Работата е по-голяма и обширна, а ние сме пръснати по стената далеч един от други;
20 ၂၀ သို့ဖြစ်၍၊ တံပိုးမှုတ်သံကို ကြားလေရာရာအရပ် မှ၊ ငါတို့ထံသို့ စည်းဝေးကြ။ ငါတို့၏ ဘုရားသခင်သည် ငါတို့ဘက်၌ စစ်ကူတော်မူမည်ဟု မှူးမတ်၊ မင်းအရာရှိ၊ ကြွင်းသောသူတို့အား ငါဆို၏။
затова, гдето чуете гласа на тръбата, там се стичайте при нас; нашият Бог воюва за нас.
21 ၂၁ ထိုသို့ ငါတို့သည် အလုပ်လုပ်ကြ၏။ လူတဝက် သည် မိုဃ်းလင်းသည်မှစ၍ ကြယ်ပေါ်သည်တိုင်အောင်၊ လှံလက်နက်တို့ကို ကိုင်ကြ၏။
Така карахме работата; половината от тях държаха копията от зазоряването до появяването на звездите.
22 ၂၂ ထိုအခါ၌လည်း၊ ငါကလူတိုင်း မိမိကျွန်နှင့် တကွညဉ့်အချိန်တွင်၊ ယေရုရှလင်မြို့ထဲမှာ အိပ်စေ။ သို့ပြုလျှင်၊ ကျွန်တို့သည် နေ့အခါ အလုပ်လုပ်လျက်၊ ညဉ့်အခါ အလှည့်လှည့်စောင့်လျက် ရှိကြလိမ့်မည်ဟု လူများတို့အား ဆို၏။
И в същото време казах на людете: Всеки със слугата си нека нощува всред Ерусалим, за да ни бъдат стражи нощем, а да работят денем.
23 ၂၃ ထိုသို့ ငါနှင့်ငါ့ညီ၊ ငါ့ကျွန်၊ ငါ့နောက်၌ လိုက် သောတပ်သားတို့သည်၊ ကိုယ်အဝတ်ကို မချွတ်ဘဲနေရ ကြ၏။
И тъй, нито аз, нито мъжете от стражата, които ме следваха, - никой от нас не събличаше дрехите си; всеки държеше оръжието си даже, когато отиваше на водата да се мие.