< နေဟမိ 2 >
1 ၁ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လ တွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက် လေ၏။
I Nisan Maaned i Kong Artaxerxes's tyvende Regeringsaar, da jeg skulde sørge for Vin, bar jeg engang Vinen frem og rakte Kongen den. Jeg havde ikke før set modfalden ud, naar jeg stod for hans Ansigt.
2 ၂ အထက်ကတခါမျှ ရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
Og Kongen sagde til mig: »Hvorfor ser du saa modfalden ud? Du er jo ikke syg; det kan ikke være andet, end at du har en Hjertesorg!« Da blev jeg saare bange,
3 ၃ ငါသည်အလွန်ကြောက်၍၊ ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊
og jeg sagde til Kongen: »Kongen leve evindelig! Hvor kan jeg andet end se modfalden ud, naar den By, hvor mine Fædres Grave er, ligger øde, og dens Porte er fortæret af Ilden?«
4 ၄ ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း၊
Kongen spurgte mig da: »Hvad er det, du ønsker? Saa bad jeg til Himmelens Gud, «
5 ၅ ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင် ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီး မှ လျှောက်လေ၏။
og jeg sagde til Kongen: »Hvis Kongen synes, og hvis din Tjener er dig til Behag, beder jeg om, at du vil lade mig rejse til Juda, til den By, hvor mine Fædres Grave er, og lade mig bygge den op igen!«
6 ၆ ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ် လိုက်တော်မူ၏။
Da sagde Kongen til mig, medens Dronningen sad ved hans Side: »Hvor længe vil den Rejse vare, og hvornaar kan du vende tilbage?« Og da Kongen saaledes fandt for godt at lade mig rejse, opgav jeg ham en Tid.
7 ၇ တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ် အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
Og jeg sagde til Kongen: Hvis Kongen synes, saa lad mig faa Breve med til Statholderne hinsides Floden, saa de lader mig drage videre, til jeg naar Juda,
8 ၈ ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ၏။
og et Brev til Asaf, Opsynsmanden over den kongelige Skov, at han skal give mig Træ til Bjælkeværket i Tempelborgens Porte og til Byens Mur og det Hus, jeg tager ind i! Det gav Kongen mig, eftersom min Guds gode Haand var over mig.
9 ၉ ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကိုပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း။
Da jeg kom til Statholderne hinsides Floden, gav jeg dem Kongens Breve; desuden havde Kongen givet mig Hærførere og Ryttere med paa Rejsen.
10 ၁၀ ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။
Men da Horoniten Sanballat og den ammonitiske Træl Tobija hørte det, ærgrede de sig højligen over, at der var kommet en Mand for at arbejde paa Israeliternes Bedste.
11 ၁၁ ငါသည်လည်း၊ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေပြီးမှ၊
Saa kom jeg til Jerusalem, og da jeg havde været der i tre Dage,
12 ၁၂ ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညဉ့်အခါ ထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတယောက်အားမျှမပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ၊
brød jeg op ved Nattetide sammen med nogle faa Mænd uden at have sagt noget Menneske, hvad min Gud havde skudt mig i Sinde at gøre for Jerusalem; og der var intet andet Dyr med end det, jeg red paa.
13 ၁၃ ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊
Jeg red saa om Natten ud gennem Dalporten i Retning af Dragekilden og hen til Møgporten, idet jeg undersøgte Jerusalems Mure, der var nedrevet, og Portene, der var fortæret af Ilden;
14 ၁၄ စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
derpaa red jeg videre til Kildeporten og Kongedammen, men der var ikke Plads nok til, at mit Ridedyr kunde komme frem med mig.
15 ၁၅ တဖန်ထိုညဉ့်၌ ချောင်းနားတွင် ရှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန် လေ၏။
Saa red jeg om Natten op igennem Dalen og undersøgte Muren, forandrede Retning og red saa ind igennem Dalporten, hvorpaa jeg vendte hjem.
16 ၁၆ အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည် ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သော သူတစုံ တယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။
Forstanderne vidste ikke, hvor jeg var gaaet hen, eller hvad jeg foretog mig; og hverken Jøderne, Præsterne, Stormændene, Forstanderne eller de andre, der skulde have med Arbejdet at gøre, havde jeg endnu sagt noget.
17 ၁၇ နောက်တဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရု ရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက်၊
Men nu sagde jeg til dem: I ser den Ulykke, vi er i, hvorledes Jerusalem er ødelagt og Portene opbrændt; kom derfor og lad os opbygge Jerusalems Mur, saa vi ikke mere skal være til Spot!
18 ၁၈ ငါ၏ ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကို၎င်း၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို၎င်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍ တည်ကြ ကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော်ကြ၏။
Og da jeg fortalte dem, hvorledes min Guds gode Haand havde været over mig, og om de Ord, Kongen havde talt til mig, sagde de: Lad os gøre os rede og bygge! Og de tog sig sammen til det gode Værk.
19 ၁၉ ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင်၊ ပြက်ယယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။
Da Horoniten Sanballat, den ammonitiske Træl Tobija og Araberen Gesjem hørte det, spottede de os og sagde haanligt til os: Hvad er det, I der har for? Sætter I eder op mod Kongen?
20 ၂၀ ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။
Men jeg gav dem til Svar: »Himmelens Gud vil lade det lykkes for os, og vi, hans Tjenere, vil gøre os rede og bygge; men I har ingen Del eller Ret eller Ihukommelse i Jerusalem!«