< နေဟမိ 13 >
1 ၁ ထိုနေ့ရက်ကာလ၌ မောရှေ၏ပညတ္တိကျမ်းစာကို လူများရှေ့မှာ ဘတ်ရွတ်သောအခါ၊ အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားသည် ဘုရားသခင်၏ ပရိသတ်တော်ထဲ သို့ ဝင်ရသောအခွင့် အစဉ်မရှိဟု တွေ့ကြ၏။
On that day there was a reading from the book of Moses in the hearing of the people; and they saw that it said in the book that no Ammonite or Moabite might ever come into the meeting of God;
2 ၂ အကြောင်းမူကား၊ သူတို့သည် ဣသရေလ အမျိုးသားတို့ကို လုပ်ကျွေးခြင်းငှါမကြိုဆို၊ ကျိန်ဆဲစေ ခြင်းငှါ ဗာလံကိုငှါးကြ၏။ သို့ရာတွင် ငါတို့၏ ဘုရား သခင်သည် ကျိန်ဆဲသော စကားကို ကောင်းကြီးပေး သော စကားဖြစ်စေတော်မူ၏။
Because they did not give the children of Israel bread and water when they came to them, but got Balaam to put a curse on them: though the curse was turned into a blessing by our God.
3 ၃ ထိုတရားကို ကြားသောအခါ၊ အမျိုးမစစ်သော သူ ရှိသမျှတို့ကို ဣသရေလအမျိုးမှ ပယ်ရှားကြ၏။
So after hearing the law, they took out of Israel all the mixed people.
4 ၄ အရင်တခါ ငါတို့ဘုရားသခင်၏ အိမ်တော်ပြင် ခန်းကို အုပ်သော ယဇ်ပုရောဟိတ်ဧလျာရှိပ်သည် တောဘိနှင့် ပေါက်ဘော်တော်သည် ဖြစ်၍၊
Now before this, Eliashib the priest, who had been placed over the rooms of the house of our God, being a friend of Tobiah,
5 ၅ ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ တန်ဆာ မျိုးကို၎င်း၊ ပညတ်တော်အတိုင်း လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်တို့အား ပေးရသော ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို၎င်း၊ ယဇ်ပုရောဟိတ်တို့အား လှူရ သော အလှူတို့ကို၎င်း၊ သိုထားမြဲရှိသော အခန်းကြီးကို တောဘိအဘို့ ပြင်ဆင်၏။
Had made ready for him a great room, where at one time they kept the meal offerings, the perfume, and the vessels and the tenths of the grain and wine and oil which were given by order to the Levites and the music-makers and the door-keepers, and the lifted offerings for the priests.
6 ၆ ထိုကာလပတ်လုံး ငါသည် ယေရုရှလင်မြို့၌မရှိ။ ဗာဗုလုန် ရှင်ဘုရင် အာတဇေရဇ် နန်းစံ သုံးဆယ်နှစ် နှစ်တွင် အထံတော်သို့ သွားရ၏။ အင်တန်ကာလ ကြာပြီးမှ၊ ရှင်ဘုရင်ထံတော်၌ အခွင့်ရ၍၊
But all this time I was not at Jerusalem: for in the thirty-second year of Artaxerxes, king of Babylon, I went to the king; and after some days, I got the king to let me go,
7 ၇ ယေရုရှလင်မြို့သို့ရောက်သောအခါ၊ ဧလျာရှိပ် သည် ဘုရားသခင်၏ အိမ်တော်တန်တိုင်းထဲမှာ အခန်းကို တောဘိအဘို့ ပြင်ဆင်၍ ဒုစရိုက်ပြုကြောင်းကို ငါကြားသိရ၏။
And I came to Jerusalem; and it was clear to me what evil Eliashib had done for Tobiah, in making ready for him a room in the buildings of the house of God.
8 ၈ ထိုအခါ ငါသည် အလွန်နာကြင်သောစိတ်ရှိ၍ တောဘိဥစ္စာ ပရိကံရှိသမျှကို အခန်းထဲက ထုတ်ပစ်ပြီးမှ၊
And it was evil in my eyes: so I had all Tobiah's things put out of the room.
9 ၉ အခန်းများကို စင်ကြယ်စေခြင်းငှါစီရင်၍၊ တဖန်ဘုရားသခင်၏ အိမ်တော်တန်ဆာများ၊ ဘောဇဉ် ပူဇော်သက္ကာ၊ နံ့သာပေါင်းကို ဆောင်ခဲ့၍ သိုထား၏။
Then I gave orders, and they made the rooms clean: and I put back in them the vessels of the house of God, with the meal offerings and the perfume.
10 ၁၀ အမှုတော်စောင့်၊ လေဝိသား၊ သီချင်းသည် တို့သည် အသီးအသီး မိမိတို့လယ်ယာသို့ ပြေးသွားကြ သည်ကို ငါထောက်၍၊ သူတို့ခံအပ်သော စားစရာ ရိက္ခာကို မံမရကြောင်းကို ငါရိပ်မိလျက်၊
And I saw that the Levites had not been given what was needed for their support; so that the Levites and the music-makers, who did the work, had gone away, everyone to his field.
11 ၁၁ ဘုရားသခင်၏ အိမ်တော်ကို အဘယ်ကြောင့် စွန့်ပစ်ကြသနည်းဟု မင်းတို့ကို အပြစ်တင်၍၊ လေဝိသား တို့ကို စုဝေးစေပြီးမှ၊ သူတို့နေရာ၌ ခန့်ထားပြန်၏။
Then I made protests to the chiefs, and said, Why has the house of God been given up? And I got them together and put them in their places.
12 ၁၂ ထိုအခါ ယုဒလူအပေါင်းတို့သည် ဆန်စပါး၊ စပျစ်ရည်၊ ဆီဆယ်ဘို့တဘို့ကို ဘဏ္ဍာတော်တိုက်သို့ ဆောင်ခဲ့ပြန်ကြ၏။
Then all Judah came with the tenth part of the grain and wine and oil and put it into the store-houses.
13 ၁၃ ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။
And I made controllers over the store-houses, Shelemiah the priest and Zadok the scribe, and of the Levites, Pedaiah: and with them was Hanan, the son of Zaccur the son of Mattaniah: they were taken to be true men and their business was the distribution of these things to their brothers.
14 ၁၄ အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်၏ ဘုရား သခင့် အိမ်တော်အဘို့၊ အိမ်တော်အမှုစောင့်ခြင်းအဘို့ အကျွန်ုပ်ပြုသော ကျေးဇူးကို ချေတော်မမူပါနှင့်။
Keep me in mind, O my God, in connection with this, and do not let the good which I have done for the house of my God and its worship go from your memory completely.
15 ၁၅ ထိုကာလ၊ ယုဒပြည်မှာ အချို့တို့သည် ဥပုသ်နေ့ ၌ စပျစ်သီးကို နယ်လျက်၊ ကောက်လှိုင်းကိုသွင်းလျက်၊ မြည်းပေါ်မှာ ဝန်ကိုတင်လျက် လုပ်ဆောင်ကြသည်ကို၎င်း၊ ဥပုသ်နေ့၌စပျစ်ရည်၊ စပျစ်သီး၊ သင်္ဘော သဖန်းသီး အစရှိသည်တို့ကိုတင်၍ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြ သည်ကို၎င်း ငါမြင်၍၊ ဤမည်သော နေ့ရက်၌သာ စားစရာများကို ရောင်းအပ်သည်ဟု သူတို့အကြား ပြော၏။
In those days, I saw in Judah some who were crushing grapes on the Sabbath, and getting in grain and putting it on asses; as well as wine and grapes and figs and all sorts of goods which they took into Jerusalem on the Sabbath day: and I gave witness against them on the day when they were marketing food.
16 ၁၆ ထိုအရပ်၌နေသော တုရုမြို့သားတို့သည်လည်း၊ ငါးအစရှိသည်တို့ကို ယေရုရှလင်မြို့သို့ဆောင်ခဲ့၍၊ ဥပုသ် နေ့၌ ယုဒအမျိုးသားတို့အား ရောင်းတတ်ကြ၏။
And there were men of Tyre there, who came with fish and all sorts of goods, trading with the children of Judah and in Jerusalem on the Sabbath.
17 ၁၇ ထိုအခါငါက၊ သင်တို့သည် ဥပုသ်နေ့ကို ဖျက်၍ ပြုသော ဒုစရိုက်ကား အဘယ်သို့နည်း။
Then I made protests to the chiefs of Judah, and said to them, What is this evil which you are doing, not keeping the Sabbath day holy?
18 ၁၈ ဘိုးဘေးတို့သည် ထိုသို့ပြုသောကြောင့်၊ ဤမျှ လောက်ကြီးစွာသော ဆင်းရဲခြင်းကို ငါတို့၌၎င်း၊ ဤမြို့၌ ၎င်း ဘုရားသခင် ရောက်စေတော်မူသည်မဟုတ်လော။ သင်တို့သည် ဥပုသ်နေ့ကို ဖျက်သောအားဖြင့် သာ၍ ပြင်းစွာသော အမျက်တော်ကို ဣသရေလအမျိုး၌ ရောက်စေဦးမည်လောဟု ယုဒမှူးမတ်တို့ကို အပြစ် တင်လျက်၊
Did not your fathers do the same, and did not our God send all this evil on us and on this town? but you are causing more wrath to come on Israel by not keeping the Sabbath holy.
19 ၁၉ အဘိတ်နေ့တွင် နေရောင်ကွယ်၍ ဥပုသ်နေ့ လွန်သည်တိုင်အောင်၊ ယေရုရှလင်မြို့တံခါးတို့ကို ပိတ် ထားရမည်အကြောင်း စီရင်၍၊ ဥပုသ်နေ့၌ဝန်များကို မြို့ထဲသို့ မသွင်းစေခြင်းငှါ မိမိကျွန်အချို့တို့ကို တံခါးတို့၌ ခန့်ထား၏။
And so, when the streets of Jerusalem were getting dark before the Sabbath, I gave orders for the doors to be shut and not to be open again till after the Sabbath: and I put some of my servants by the door so that nothing might be taken in on the Sabbath day.
20 ၂၀ ထိုနောက် ကုန်သည်များ၊ ဥစ္စာမျိုးကို ရောင်း သောသူများတို့သည်၊ ယေရုရှလင်မြို့ပြင်မှာ တခါနှစ်ခါ အိပ်ကြ၏။
So the traders in all sorts of goods took their night's rest outside Jerusalem once or twice.
21 ၂၁ ငါကလည်း၊ မြို့ရိုးပတ်လည်၌အဘယ်ကြောင့် အိပ်ကြသနည်း။ နောက်တဖန်လာ၍ အိပ်လျှင် ဘမ်းဆီး မည်ဟု သူတို့အား သတိပေး၏။ ထိုအခါမှစ၍ ဥပုသ်နေ့ တွင် မလာဘဲနေကြ၏။
Then I gave witness against them and said, Why are you waiting all night by the wall? if you do so again I will have you taken prisoners. From that time they did not come again on the Sabbath.
22 ၂၂ လေဝိသားတို့သည်လည်း၊ ဥပုသ်နေ့ကို သန့်ရှင်း စေခြင်းငှါ၊ စင်ကြယ်သောကိုယ်နှင့်လာ၍ တံခါးတို့ကို စောင့်ရမည်အကြောင်း ငါမှာထား၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ထိုအမှုကြောင့် အကျွန်ုပ်ကို အောက်မေ့ တော်မူပါ။ ကရုဏာတော်များပြားသည်အတိုင်း အကျွန်ုပ် ကို ကယ်မသနားတော်မူပါ။
And I gave the Levites orders to make themselves clean and come and keep the doors and make the Sabbath holy. Keep this in mind to my credit, O my God, and have mercy on me, for great is your mercy.
23 ၂၃ ထိုကာလ၊ အာဇုတ်အမျိုး၊ အမ္မုန်အမျိုး၊ မောဘ အမျိုးသမီးနှင့် စုံဘက်သော ယုဒလူအချို့တို့ကို ငါမြင်၏။
And in those days I saw the Jews who were married to women of Ashdod and Ammon and Moab:
24 ၂၄ သူတို့သားသမီးတို့သည် ယုဒစကားကို မပြောတတ်။ အာဇုတ် စကားတဝက် အစရှိသော အသီးအသီး ဘာသာစကားကို ပြောတတ်ကြ၏။
And their children were talking half in the language of Ashdod; they had no knowledge of the Jews' language, but made use of the language of the two peoples.
25 ၂၅ သူတို့ကို ငါအပြစ်တင်၍ ကဲ့ရဲ့၏။ အချို့တို့ကို ရိုက်လျက်၊ ဆံပင်နှုတ်လျက် ဒဏ်ပေး၍၊ သင်တို့သည် ကိုယ်သမီးတို့ကို ပြည်သားတို့အား မပေးစားရ။ ပြည်သား သမီးတို့ကို ကိုယ်သားတို့အဘို့ မသိမ်းမယူရ။
And I took up the cause against them, cursing them and giving blows to some of them and pulling out their hair; and I made them take an oath by God, saying, You are not to give your daughters to their sons or take their daughters for your sons or for yourselves.
26 ၂၆ ဣသရေလရှင်ဘုရင် ရှောလမုန်သည် ထိုသို့ ပြု၍ ပြစ်မှားရာရောက်သည်မဟုတ်လော။ အတိုင်းတိုင်း အပြည်ပြည်၌ သူနှင့်တူသောရှင်ဘုရင်မရှိ။ ဣသရေလ ရှင်ဘုရင်အရာ၌ ဘုရားသခင် ခန့်ထားသည်တိုင်အောင် စိတ်တော်နှင့်တွေ့သောသူဖြစ်သော်လည်း၊ တပါးအမျိုး သားမိန်းမတို့သည် ပြစ်မှားစေသည်တကား။
Was it not in these things that Solomon, king of Israel, did wrong? among a number of nations there was no king like him, and he was dear to his God, and God made him king over all Israel: but even he was made to do evil by strange women.
27 ၂၇ ငါတို့သည် သင်တို့စကားကို နားထောင်၍ တပါးအမျိုးသား မိန်းမတို့နှင့် စုံဘက်သဖြင့်၊ ဤမျှလောက် ကြီးသော ဒုစရိုက်ကို ပြုလျက်၊ ငါတို့၏ ဘုရားသခင်ကို ပြစ်မှားရမည်လောဟု ဘုရားသခင်ကို တိုင်တည်၍ သူတို့ကိုကျိန်ဆိုစေ၏။
Are we then without protest to let you do all this great evil, sinning against our God by taking strange women for your wives?
28 ၂၈ ယဇ်ပုရောဟိတ်မင်း ဧလျာရှိပ်သားယောယဒ၏ သားတယောက်သည်၊ ဟောရနိလူ သမ္ဘာလတ် သမက်ဖြစ်သောကြောင့်၊ သူ့ကိုငါနှင်ထုတ်၏။
And one of the sons of Joiada, the son of Eliashib, the chief priest, was son-in-law to Sanballat the Horonite: so I sent him away from me.
29 ၂၉ အို အကျွန်ုပ်၏ ဘုရားသခင်၊ သူတို့သည် ယဇ် ပုရောဟိတ်အရာကို၎င်း၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ နှင့် ဖွဲ့သောပဋိညာဉ်တော်ကို၎င်း ရှုတ်ချသောကြောင့်၊ သူတို့ကို မှတ်တော်မူပါ။
Keep them in mind, O my God, because they have put shame on the priests' name and on the agreement of the priests and the Levites.
30 ၃၀ ထိုသို့ ယုဒအမျိုးသားတို့ကို တပါးအမျိုးသား အပေါင်းတို့နှင့် ကင်းစင်စေပြီးမှ၊ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့ကို အသီးအသီး မိမိတို့ အမှုစောင့်ရသည် အတိုင်း ငါခန့်ထား၍၊
So I made them clean from all strange people, and had regular watches fixed for the priests and for the Levites, everyone in his work;
31 ၃၁ ချိန်းချက်သောအချိန်၌ ထင်းပူဇော်သက္ကာနှင့် အဦးသီးသော အသီးကို ပူဇော်စေခြင်းငှါ စီရင်၏။ အို အကျွန်ုပ်၏ ဘုရားသခင်၊ ကျေးဇူးပြုပါမည်အကြောင်း၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။
And for the wood offering, at fixed times, and for the first fruits. Keep me in mind, O my God, for good.