< နေဟမိ 11 >
1 ၁ ထိုအခါလူများတို့တွင် မင်းလုပ်သော သူတို့သည် ယေရုရှလင်မြို့၌ နေကြ၏။ ကြွင်းသောသူတို့သည် သန့်ရှင်းသောအရပ်၊ ယေရုရှလင်မြို့၌ တကျိပ်တွင် တယောက်၊ အခြားသောမြို့တို့၌ ကိုးယောက် နေရမည် အကြောင်း စာရေးတံပြုကြ၏။
Les notables parmi le peuple s’établirent à Jérusalem; le reste du peuple désigna, par la voie du sort, un sur dix pour habiter Jérusalem, la ville sainte, neuf dixièmes restant dans les autres villes.
2 ၂ ယေရုရှလင်မြို့၌နေခြင်းငှါ အလိုလို ဝန်ခံသော သူအပေါင်းတို့ကို၊ လူများတို့သည် ကောင်းကြီးပေးကြ၏။
Le peuple bénit tous les hommes qui s’offraient d’eux-mêmes à habiter Jérusalem.
3 ၃ ယုဒမြို့ရွာတို့တွင် ဣသရေလလူ၊ ယဇ်ပုရော ဟိတ်၊ လေဝိသား၊ ဘုရားကျွန်၊ ရှောလမုန့်၏ ကျွန် အမျိုးသားအသီးအသီးတို့သည် မိမိတို့ ဆိုင်ရာအရပ်၌ နေကြ၏။ ယေရုရှလင်မြို့၌နေသော ပြည်သူပြည်သား အကြီးအကဲ၊ မင်းအရာရှိဟူမူကား၊
Voici les chefs de la province qui se fixèrent à Jérusalem; quant aux villes de Juda, chacun s’était établi dans sa propriété, dans sa ville respective, Israélites, prêtres, Lévites, serviteurs du temple et descendants des esclaves de Salomon.
4 ၄ ယုဒအမျိုး၊ ဖာရက်၊ မဟာလေလ၊ ရှေဖတိ၊ အာမရိ၊ ဇာခရိ၊ ဩဇိတို့မှ ဆင်းသက်သော အသာယ တပါး၊
A Jérusalem s’établirent donc une partie des enfants de Juda et des enfants de Benjamin des enfants de Juda: Ataïa, fils d’Ouzzia, fils de Zacharie, fils d’Amaria, fils de Chefatia, fils de Mahalalel, descendants de Péreç;
5 ၅ ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတပါးနှင့်တကွ၊
Maassèya, fils de Baruch, fils de Kol-Hozé, fils de Hazaïa, fils d’Adaïa, fils de Yoyarib, fils de Zacharie, fils de Chiloni.
6 ၆ ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲလေးရာခြောက်ဆယ်ရှစ်ယောက်တည်း။
Tous les descendants de Péreç, établis à Jérusalem, étaient au nombre de quatre-cent soixante-huit, tous hommes vaillants.
7 ၇ ဗင်္ယာမိန်အမျိုး၊ ယေရှာယ၊ ဣသေလ၊ မာသေယ၊ ကောလာယ၊ ပေဒါယ၊ ယောဒ၊ မေရှုလံတို့မှ ဆင်းသက်သော သလ္လု၊
Voici les enfants de Benjamin: Sallou, fils de Mechoullam, fils de Joëd, fils de Pedaïa, fils de Kolaïa, fils de Maassèya, fils d’Itiël, fils d’Isaïe;
8 ၈ သုနောက်၊ ဂဗ္ဗဲနှင့်သလ္လဲ အစရှိသော ကိုးရာ နှစ်ဆယ်ရှစ်ယောက်တည်း။
après lui, Gabbaï, Sallaï, au nombre de neuf cent vingt-huit;
9 ၉ ဇိခရိသား ယောလသည် ဗင်္ယာမိန် အမျိုးအုပ် ဖြစ်၏။ သေနွာသားယုဒသည် ပြင်မြို့ကိုအုပ်ရ၏။
Joël, fils de Zikhri, était leur chef, et Juda, fils de Hassenoua, commandait la ville en second.
10 ၁၀ ယဇ်ပုရောဟိတ်မူကား ယေဒါယ၊ ယောယရိပ်၊ ယာခိန်နှင့်တကွ၊
Parmi les prêtres: Yedaïa, fils de Joyarib, Yakhîn;
11 ၁၁ အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာ ယ အစရှိသော၊
Seraïa, fils de Hilkia, fils de Mechoullam, fils de Çadok, fils de Meraïot, fils d’Ahitoub préposé au temple de Dieu;
12 ၁၂ အိမ်တော်အမှုကို ဆောင်ရွက်သော အမျိုးသား ချင်း ရှစ်ရာနှစ်ဆယ်နှစ်ယောက်တည်း။ ထိုမှတပါး၊ မာလခိ၊ ပါရှုရ၊ ဇာခရိ၊ အာမဇိ၊ ပေလလိ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယအစရှိသော၊
leurs frères, chargés de la besogne du temple, au nombre de huit cent vingt-deux; Adaïa, fils de Yeroham, fils de Pelalia, fils d’Amci, fils de Zacharie, fils de Pachhour, fils de Malkia;
13 ၁၃ အဆွေအမျိုး သူကြီးအမျိုးသားချင်း နှစ်ရာလေး ဆယ်နှစ်ယောက်တည်း။ ဣမေရ၊ မေရှိလမုတ်၊ အဟာသဲ၊ အာဇရေလတို့မှ ဆင်းသက်သော အာမရှဲအစရှိသော၊
ses frères, chefs de famille, au nombre de deux cent quarante-deux; Amachsaï, fils d’Azarel, fils d’Ahzaï, fils de Mechillêmot, fils d’Immêr;
14 ၁၄ ခွန်အားကြီးသော သူရဲအမျိုးသားချင်း တရာ နှစ်ဆယ်ရှစ်ယောက်တည်း။ ဟဂဒေါလိမ်သား ဇာဗ ဒေလသည် သူတို့ကို အုပ်ရ၏။
leurs frères, tous hommes vaillants, au nombre de cent vingt-huit. Le chef qui les dirigeait était Zabdiêl, fils de Haggedolîm.
15 ၁၅ လေဝိသားမူကား၊ ဗုန္နိ၊ ဟာရှဘိ၊ အာဇရိကံ၊ ဟာရှုပ်တို့မှ ဆင်းသက်သော ရှေမာယတပါး၊
Parmi les Lévites: Chemaïa, fils de Hachoub, fils d’Azrikâm, fils de Hachabia, fils de Bounni;
16 ၁၆ လေဝိသားအကြီး ရှဗ္ဗေသဲနှင့် ယောဇဗဒ်တို့ သည် ဘုရားသခင်၏အိမ်တော်၌ ပြင်အမှုကို ကြည့်ရှု စီရင်ရကြ၏။
Chabbetaï, Yozabad, préposés aux travaux extérieurs de la maison de Dieu, comme faisant partie des chefs des Lévites;
17 ၁၇ အာသပ်၊ ဇာဗဒိ၊ မိက္ခာတို့မှ ဆင်းသက်သော မဿနိသည် ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့် ဆုတောင်း ခြင်းအမှုမှာ အကြီးလုပ်သော သူဖြစ်၏။ ဗာကဗုကိသည် အပေါင်းအဘော်တို့တွင် ဒုတိယသူဖြစ်၏။ ထိုမှတပါး၊ ယေဒုသုန်၊ ဂလာလ၊ ရှမွာတို့မှ ဆင်းသက်သော ဩဗဒိ ရှိ၏။
Mattania, fils de Mikha, fils de Zabdi, fils d’Assaph qui était le coryphée entonnant les eulogies pendant la prière Bakboukia, son second parmi ses frères, Abda, fils de Chammoua, fils de Galal, fils de Yedouthoun.
18 ၁၈ သန့်ရှင်းသောမြို့၌နေသော လေဝိသားပေါင်း ကား နှစ်ရာနှစ်ဆယ်လေးယောက်တည်း။
Tous les Lévites, dans la ville sainte, étaient au nombre de deux cent quatre-vingt-quatre.
19 ၁၉ တံခါးစောင့်အက္ကုပ်၊ တာလမုန်အစရှိသော တံခါးကို စောင့်သော အမျိုးသားချင်း ပေါင်းကားတရာ ခုနစ်ဆယ်နှစ်ယောက်တည်း။
Les portiers, Akkoub, Talmôn et leurs frères, qui étaient de garde aux portes, atteignaient le nombre de cent soixante-douze.
20 ၂၀ ကြွင်းသော ဣသရေလအမျိုးသား၊ ယဇ်ပုရော ဟိတ်၊ လေဝိသားတို့သည် ယုဒမြို့ရွာတို့တွင်၊ မိမိတို့ ပိုင်ရင်းအရပ်၌နေကြ၏။
Le reste des Israélites, les prêtres, les Lévites demeuraient dans toutes les villes de Juda, chacun dans sa propriété.
21 ၂၁ ဘုရားကျွန်တို့သည် ဩဖေလအရပ်၌နေ၍၊ ဇိဟနှင့် ဂိသပတို့ သည် ဘုရားကျွန်အုပ် ဖြစ်ကြ၏။
Les serviteurs du temple étaient établis sur la colline fortifiée, leurs chefs étant Ciha et Ghichpa.
22 ၂၂ မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
Le chef des Lévites à Jérusalem était Ouzzi, fils de Bâni, fils de Hachabia, fils de Mattania, fils de Mikha, faisant partie des descendants d’Assaph, les chanteurs, chargés du service intérieur de la maison de Dieu;
23 ၂၃ အကြောင်းမူကား၊ သီချင်းသည်တို့သည် နေ့ရက် အစဉ်အတိုင်း စားစရာရိက္ခာကို ခံရမည်အကြောင်း ရှင်ဘုရင် အမိန့်တော်ရှိ၏။
car il existait un règlement royal à leur égard et un contrat assurant aux chanteurs l’entretien de chaque jour.
24 ၂၄ ယုဒအမျိုး ဇာရအနွှယ်မေရှဇ ဗေလသား ပေသဟိသည်လည်း ရှင်ဘုရင်အခွင့်နှင့် ပြည်သားတို့ကို အုပ်၍ အရေးတော်ပိုင်မင်းဖြစ်၏။
Petahia, fils de Mechêzabel, des descendants de Zérah, fils de Juda, était le mandataire du roi en tout ce qui concernait le peuple.
25 ၂၅ ယုဒလူအချို့တို့သည် မြို့ရွာကျေးလက်တည်း ဟူသော ကိရယသာဘမြို့ရွာ၊ ဒိဘုန်မြို့ရွာ၊ ယေကပ် ဇေလမြို့ရွာ၊
Quant aux bourgades avec leur banlieue, des descendants de Juda occupaient Kiryath-Arba et ses dépendances, Dibôn et ses dépendances, Yekabceêl et ses villages;
26 ၂၆ ယေရွှ၊ မောလဒ၊ ဗက်ပါလက်၊
Yêchoua, Molada et Beth-Pélet;
27 ၂၇ ဟာဇာရွှာလ၊ ဗေရရှေဘ မြို့ရွာများ၊
Haçar-Choual, Bersabée et ses dépendances;
28 ၂၈ ဇိကလတ်၊ မေကောနမြို့ရွာများ၊
Ciklag, Mekhona et ses dépendances;
29 ၂၉ အင်ရိမ္မုန်၊ ဇာရ၊ ယာမုတ်၊
En-Rimmôn, Çorea et Yarmout:
30 ၃၀ ဇာနော၊ အဒုလံ မြို့ရွာများ၊ လာခိရှမြို့နှင့် ကျေးလက်များ၊ အဇေကာမြို့ရွာများ၊ ဗေရရှေဘ မြို့မှ စ၍ ဟိန္နုံချိုင့်တိုင်အောင် အနှံ့အပြားနေကြ၏။
Zanoah, Adoullam et leurs villages, Lakhich avec sa banlieue, Azêka avec ses dépendances; ils occupaient donc le pays depuis Beer Sheva jusqu’à la vallée de Hinnom.
31 ၃၁ ဗင်္ယာမိန် အမျိုးသားတို့သည်လည်း ဂေဗ၊ မိတ်မတ်၊ အာဣ၊ ဗေသလမြို့ရွာတို့၌၎င်း၊
Les descendants de Benjamin occupaient, en partant de Ghéba, Mikhmach, Aïa, Béthel et ses dépendances;
32 ၃၂ အာနသုတ်၊ နောဗ၊ အာနနိ၊
Anatot, Nob, Anania;
33 ၃၃ ဟာဇော်၊ ရာမ၊ ဂိတ္တိမ်၊
Haçor, Rama, Ghittaïm;
34 ၃၄ ဟာဒိဒ်၊ ဇေဘိုင်၊ နေဗလ္လတ်၊
Hadid, Ceboïm, Neballat;
35 ၃၅ လေဒ၊ ဩနောမြို့များ၌၎င်း၊ ဆရာသမားချိုင့်၌၎င်း နေကြ၏။
Lod, Ono, la vallée des artisans.
36 ၃၆ လေဝိသား အသင်းအပေါင်းအချို့တို့သည် ယုဒပြည်၊ အချို့တို့သည် ဗင်္ယာမိန်ပြည်၌နေကြ၏။
Quelques-uns des Lévites demeuraient dans des parties de Juda rattachées à Benjamin.